Skip to main content

သင်္ဘောသားများ လက်မှတ်အတု အလိမ်ခံရ- အတုအယောင် အိမ်အပြန် လေယာဥ်ပျံလက်မှတ်၊ သင်္ဘောသားများ လေဆိပ်ရောက်မှ သိရှိရ

14 Jun 2023
Press Release
Cheddi Jagan အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ Georgetown, Guyana - (Credit: မက်ထရို လေဆိပ် သတင်း)

အိန္ဒိယ သင်္ဘောသား ဆယ့်နှစ်ဦးသည် ၎င်းတို့က ထုထည်ကြီးတင် သင်္ဘောပေါ်တွင် ၉ လမှ ၁၃ လကြာ လုပ်ကိုင်ပြီးနောက် အိမ်အပြန်ခရီးစဉ် စတင်ချိန်၌ တောင်အမေရိက လေဆိပ်တွင် ငြင်းဆိုခံရသည်။  အကြောင်းပြချက်မှာ- ၎င်းတို့၏ အလုပ်ရှင်သည် လေယာဥ်လက်မှတ် အတုများကို ထုတ်ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။

တစ်ခါတစ်ရံ ‘သင်္ဘောသား အခြေခံ အခွင့်အရေး’ ဟုလည်းခေါ်ဝေါ်သော ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (ပြင်ဆင်ထားသည့် MLC 2006) အရ၊  သင်္ဘောပိုင်ရှင်သည် သင်္ဘောသားများအား ၎င်းတို့၏ သင်္ဘောမှ အသွားအပြန် ခရီးစရိတ်ကို ကျခံရန် သတ်မှတ်ထားပါသည်။

သင်္ဘော Med Sea Lion (IMO 9350331) မှ သင်္ဘောဝန်ထမ်းများသည် သိသာစွာဖြင့်ပင် ထိတ်လှန့်ခဲ့ပြီးနောက် သိရှိသည်မှာ မတ်လ၌ ၎င်းတို့၏ ကြာရှည်ခဲ့သည့် အလုပ်ကန်ထရိုက်အဆုံးသတ်ပြီး အိမ်ပြန်ပို့ပေးခံရမည့်အစား အိမ်မှ ကီလိုမီတာပေါင်း တစ်သောင်းလေးထောင် (14,000) နီးပါးဝေးကွာသည့် ဂူယာနာနိုင်ငံတွင် ပိတ်နေမိခဲ့ရသည်။

သင်္ဘောသားများသည် စိတ်သောကရောက်ပြီး ခြောက်ပတ်ကြာ စောင့်ဆိုင်းခဲ့ရ၍ ဆက်လက် မနေထိုင်နိုင်တော့ဘဲ ငွေကြေး အလျင်အမြန်ကုန်ခမ်းနေလျက်ရှိပါသည်။

အချိန်တိုင်းလိုလို သင်္ဘောပိုင်ရှင်ဖြစ်သည့် Sea Lion Shipping Co. ထံမှ မည်သည့်တုံ့ပြန်ချက်မျှ မရရှိပါ။ သင်္ဘောသားများ၏ အလုပ်ရှင်ဟောင်းမှာ သူတို့အား ထိရောက်စွာ ခြောက်ခြားစေခဲ့ပါသည်။ အပတ်အနည်းငယ် အကြာတွင် သင်္ဘောဝန်ထမ်းများအနက် တစ်ဦးက အိမ်ပြန်ရန် လက်မှတ်ဖိုးကို မိမိအတွက် မိမိပေးခဲ့သည်။ သို့သော် အားလုံးတော့ ထွက်ရပေါက် မတတ်နိုင်ခဲ့ပါ။

သို့သော်ငြားလည်း သင်္ဘောဝန်ထမ်းများသည် အခြားသူများထံမှ ပံ့ပိုးမှု စတင်ရရှိခဲ့ကြသည်။ ၎င်းတို့၏ အိမ်ပြန်ပို့ရေးကိစ္စကို စုံစမ်းမှုများ လုပ်လာခဲ့ကြသည်၊ ပထမသော် သင်္ဘောသားများ ကိုယ်တိုင်လုပ်ပြီး ယင်းနောက် သင်္ဘောအလံနိုင်ငံ St Kitts နှင့် Nevis ၊ ထိုမှတစ်ဖန် သင်္ဘောအာမခံကုမ္ပဏီဖြစ်သည့် Thomas Miller Speciality က စုံစမ်းပြီးနောက် အထိရောက်ဆုံးအားဖြင့် – အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) ထံမှ စုံစမ်းမှု ရရှိခဲ့ကြသည်။

ITF အနေဖြင့် အမှုအခင်း တစ်ရပ်တွင် ပါဝင်ပြီး မိမိ၏ အဖွဲ့ဝင် ပင်လယ်ရေကြောင်း အလုပ်သမား သမဂ္ဂများ ၂၀၀ ကျော်နှင့် ကမ္ဘာတစ်ဝန်း သင်္ဘောဆိပ်များတွင် ရှိနေသည့် သင်္ဘောစိစစ်ရေးမှူး အယောက် ၁၃၀ ကို အင်အားသုံးလိုက်သည်နှင့် သင်္ဘောသားများအပေါ် တာဝန်ကို ရှောင်ကွင်းသည့် တာဝန်မဲ့ အလုပ်ရှင်များအတွက် ပုန်းအောင်းစရာ မည်သည့် နေရာမျှ မရှိသည်ကို သင်္ဘောပိုင်ရှင် အများအပြားတို့က သိရှိကြပါသည်။

ကျန်ရှိနေသေးသည့် သင်္ဘောသား ၁၁ ဦးကို အိန္ဒိယနိုင်ငံသို့ ဧပြီလကုန်ဆုံးပိုင်းတွင် Sea Lion Shipping အား အတင်းအကျပ် အိမ်ပြန်ပို့ခိုင်းခဲ့ပါသည်။
 

 Crew from the Med Sea Lion are thankful for ITF support after they found their employer had provided them with fake tickets home after months at sea (Credit - ITF)
သင်္ဘော Med Sea Lion မှ သင်္ဘောသားများသည် ပင်လယ်ပြင်တွင် လပေါင်းများစွာ ကြာခဲ့ပြီးနောက် ၎င်းတို့၏ အလုပ်ရှင်က လေယာဥ်လက်မှတ် အတုများ ပေးခဲ့သည်ကို သိရှိပြီးနောက် ITF ၏ပံ့ပိုးမှုအတွက် ကျေးဇူးတင်ရှိပါသည် (ကရက်ဒစ်- ITF)

သို့သော်လည်း ITF အဖို့ ၎င်းမှာ မလုံလောက်ပါ။ ဤမျှလောက်ဖြင့် မလုံလောက်ပါ။

“Sea Lion Shipping Co အနေဖြင့် သင်္ဘောဝန်ထမ်းတွေကို အိမ်ပြန်ဖို့ လေယာဥ်လက်မှတ် အစစ်အမှန်အတွက် စောင့်ဆိုင်းနေရစဥ် သူတို့ရဲ့ ပေါ့ဆမှုကြောင့် စောင့်ဆိုင်းနေရတဲ့ကာလအတွက် သင်္ဘောသားတွေကို ယခု ပေးချေရမှာဖြစ်ပါတယ်၊” ဟု ဤအမှုအား ကိုင်တွယ်ဖြေရှင်းပေးနေသည့် Steve Trowsdale, ITF ၏ စိစစ်ရေးမှူးချုပ်ရုံး ညှိနှိုင်းရေးအရာရှိက ပြောလိုက်ပါသည်။

သူက ပြောလိုက်သည်မှာ ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (MLC) ပါ လမ်းညွှန်ချက်များသည် သင်္ဘောဝန်ထမ်း၏ လုပ်ခကို သင်္ဘောပေါ်မှဆင်းပြီး အိမ်ပြန်ရောက်သည့်နေ့အထိပေးရန် သင်္ဘောပိုင်ရှင်၌ တာဝန်ရှိသည်ဟု ပြဌာန်းထားပါသည်။
 

 

“ဘယ်လိုအကြောင်းပြချက်ဖြစ်ပါစေ၊ လက်မှတ်အတုတွေကို လက်ဦးထုတ်ပေးခဲ့တယ်၊ ပြီးတော့ အဆုံးမှာတော့ သင်္ဘောကုမ္ပဏီဟာ သင်္ဘောသားတွေကို အိမ်ပြန်ပို့ဖို့ တာဝန်တွေကို ဖြည့်ဆည်းပေးခဲ့တာ မဆိုင်ဘဲ၊ သင်္ဘောသားတွေအပေါ် သင်္ဘောပိုင်ရှင်က တင်ရှိတဲ့ အခြား တာဝန်တွေ ရှိနေသေးပါတယ်။ အဲ့ဒါတွေဟာ သင်္ဘောသားတွေကို အိမ်ပြန်မပို့ခဲ့တဲ့ ကာလတစ်ခုလုံးအတွက် သူတို့တွေကို လုပ်ခပေးဖို့ဖြစ်ပါတယ်၊” ဟု Trowsdale က ပြောလိုက်သည်။

Sea Lion သည် သင်္ဘောသားများထံမှ လုပ်ခငွေ $24,000 အနိုင်ကျင့်ယူရန် ကြိုးစားခဲ့သည်   

ITF ထံသို့ပို့ခဲ့သည့် စာရွက်စာတမ်းများက ယခု ဖော်ပြသည်မှာ Sea Lion Shipping ကုမ္ပဏီသည် သင်္ဘောသားများအား လှည့်စားရန် ကြိုးစားပြန်သည် – ဤတစ်ကြိမ်၌ အိမ်ပြန်ပို့ပေးရန်အတွက် အလှယ်အဖယ် လုပ်သည့်အနေဖြင့် သင်္ဘောသားတို့ ရရန်ရှိသည့် လုပ်ခများကို စွန့်လွှတ်ပေးရန်ဖြစ်ပါသည်။

ကုမ္ပဏီက လတ်တလောပြောဆိုခဲ့သည်မှာ လက်မှတ် အစစ်များကို စည်းကမ်းချက်ဖြင့် ထုတ်ပေးမည်ဖြစ်သည်၊ အဆိုပါ စည်းကမ်းချက်မှာ လက်ကျန် လုပ်ခများကို တောင်းခံမည့် သင်္ဘောသားများ၏ အခွင့်အရေးကို တရားဝင် စွန့်လွှတ်ကြောင်း လက်မှတ်ရေးထိုးရန်ဖြစ်သည်၊ ၎င်းတို့အိမ်ပြန်ချိန်၌ ရရန်ရှိသည့် လုပ်ခများမှာ စုစုပေါင်း အမေရိကန်ဒေါ်လာငွေ USD $24,000 ကျော်ဖြစ်ပါသည်။

ဖျားယောင်းသွေးဆောင်ခြင်းအပြင် အားထုတ်မှုများနှင့် အတင်းအကျပ် ဖိအားပေးခံရသော်လည်း သင်္ဘောသားများ သည် ကြံ့ကြံ့ခံနိုင်ခဲ့သည်။ ၎င်းတို့သည် ITF ၏ အကြံပေးချက်ကို သေချာနားထောင်၍ ၎င်းတို့၏ အခွင့်အရေးများ ကို တောင်းဆိုကြသည် – အိမ်ပြန်ပို့ပေးရန်ကိစ္စအပြင် ရရန်ရှိသည့် လုပ်ခများ နှစ်မျိုးလုံးအတွက် တောင်းဆိုကြပါသည်။

ကုမ္ပဏီသည် အရှုံးပေးခဲ့သည်၊ သင်္ဘောဝန်ထမ်းများမှာ  အိန္ဒိယနိုင်ငံရှိအိမ်သို့ မိမိတို့၏ အခွင့်အရေးများ လက်ကိုင်ထား၍ ပြန်ရောက်လာကြပါသည်။ ၎င်းတို့သည် ITF ၏ အကူအညီဖြင့် ကုမ္ပဏီထံမှ ငွေကို ဆက်လက်တောင်းခံလျက်ရှိသည်။

ITF ၏ Steve Trowsdale ဆိုသူက ပြောကြားခဲ့သည်မှာ လုပ်ငန်းကဏ္ဍအနေဖြင့် Sea Lion ကို ကြဥ်သင့်သည်၊ ကုမ္ပဏီသည် “လက်ဦးအနေနဲ့ သင်္ဘောသားတွေကို တစ်လုံးတစ်ဘာဒမှ မပြောဘဲ အပတ်ပေါင်းများစွာ ပစ်ထားခဲ့ပါတယ်၊ အဲ့ဒါဟာ အတော်ဆိုးဝါးပါတယ်။” ပြီးတော့ ငွေကိုယူမလား ဒါမှမဟုတ် မိသားစုဆီပြန်မလား ဆိုပြီး အတင်းအကျပ် ရွေးခိုင်းဖို့ ကြိုးစားပြန်သေးတယ် – ဒီကိစ္စဟာ ရိုင်းဆိုင်းပြီး ဥပဒေနဲ့ဆန့်ကျင်ပါတယ်။”

“Sea Lion Shipping Co ဟာ သင်္ဘောသားတွေအပေါ်မှာ ရိုင်းရိုင်းဆိုင်းဆိုင်း ဆက်ပြီး ဆက်ဆံပါတယ်။ သူတို့ဟာ ရှင်းရှင်းလင်းလင်း သင်္ခန်းစာ မယူခဲ့ကြပါဘူး။ ဒါကြောင့် ITF နဲ့ လုပ်ငန်းကဏ္ဍအနေနဲ့ သူတို့ကို သင်္ခန်းစာပေးကိုပေးရမယ်- အဲ့ဒါကတော့ ပင်လယ်ရေကြောင်း ကဏ္ဍမှာ လိမ်လည်တာတွေနဲ့ အနိုင်ကျင့်တာတွေကို လုံးဝ သည်းမခံဘူးဆိုတာပါဘဲ။”
 

St Kitts နှင့် ယိုယွင်းနေသည့် အလံငှါး သင်္ဘောစနစ်အတွက် မေးခွန်းများ

Trowsdale က ပြောလိုက်သည်မှာ ITF အနေဖြင့် ဤကိစ္စနှင့်ပတ်သက်၍ မှတ်ပုံတင်ထားသည့် သင်္ဘော၏ အလံနိုင်ငံသို့ စာရေးသားမည်ဖြစ်ပါသည်။

သင်္ဘောပိုင်ရှင်အား စုံစမ်းစစ်ဆေးပေးရန်နှင့် အလံစည်းမျဥ်းများကို ဖောက်ဖျက်ခြင်း ရှိမရှိ ဆုံးဖြတ်ပေးရန် အဖွဲ့ချုပ်သည် Saint Kitts နှင့် Nevis အား တောင်းဆိုပါမည်။  အကယ်၍ ဖောက်ဖျက်ကြောင်း တွေ့ရှိပါက Sea Lion Shipping Co သည် မိမိ၏ သင်္ဘောများကို Saint Kitts နှင့် Nevis အပြင် အခြား အလံငှါးနိုင်ငံတွင် မှတ်ပုံတင်ခြင်းကို ပိတ်ပင်ခံရသင့်သည်။

Trowsdale သည် Saint Kitts နှင့် Nevis အား မိမိကိုယ်တိုင် အနာဂတ် ဖောက်ဖျက်မှုများအတွက် စိစစ်စုံစမ်း ပေးရန်ကိုလည်း လုပ်ခိုင်းမည်ဖြစ်ပါသည်။

စည်းမျဥ်းကြီးကြပ်သူက သင်္ဘောများပေါ်တွင် ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (Maritime Labour Convention) လိုက်နာရန် သေချာစေခြင်းဖြင့် စွပ်စွဲသည့်အလျှောက် Saint Kitts နှင့် Nevis သည် Med Sea Lion သင်္ဘောပေါ်၌ သင်္ဘောဝန်ထမ်း ငါးဦးမှာ ၎င်းတို့၏ ခြောက်လ-အလုပ်ကန်ထရိုက် ကျော်လွန်၍ အလုပ်လုပ် ခဲ့ရသည်ကို ဖော်ထုတ်သင့်ပါသည်၊ ၎င်းကိစ္စကို  ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (MLC) က ခွင့်မပြုပါ။

အဆိုးဝါးဆုံးအားဖြင့် လက်မှတ်ကိစ္စဖြစ်ပွားချိန်၌ သင်္ဘောဝန်ထမ်းများအနက် တစ်ဦးမှာ သင်္ဘောပေါ်၌ ၁၃ လထက် ကျော်လွန်နေပြီဖြစ်သည်–စာချုပ်၏ အများဆုံးတစ်နှစ်ကို ရှင်းရှင်းလင်းလင်း ဖောက်ဖျက်မှုဖြစ်ပါသည်။

သင်္ဘောပေါ်၌ ပိုမိုကြာရှည်နေသည့်ကာလကြောင့် မောပန်းခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းသည် ပင်လယ်ရေကြောင်း မတော်တဆဖြစ်ရပ်များအပြင် သင်္ဘောပေါ် ထိခိုက်ဒဏ်ရာရမှု ပိုများရခြင်းတို့အတွက် အကြောင်းခံတစ်ရပ်အဖြစ် အတည်ပြုထားပြီးဖြစ်ပါသည်။

ဤအခြေအနေကို ဖြေရှင်းရန် ပျက်ကွက်ခြင်းကြောင့် အလံနိုင်ငံသည် သင်္ဘောဝန်ထမ်းများ၏ အသက်၊ ဖြတ်ကျော်သွားနေသည့် သင်္ဘောပေါ်ရှိသူများ၏အသက်၊ အပြင် ပင်လယ်ရေကြောင်း ပတ်ဝန်းကျင်အပေါ် အန္တရာယ်ဖြစ်ခဲ့သည်ဟု သူက ပြောကြားခဲ့သည်။

“ဒီကိစ္စဟာ အလံငှါးသင်္ဘောစနစ်က သင်္ဘောသားတွေအပေါ် ဆုံးရှုံးစေတဲ့ နောက်ဆုံးပေါ် နမူနာ တစ်ရပ်သာ ဖြစ်ပါတယ်။”  

St Kitts နှင့် Nevis မှတ်ပုံတင်သည် ထင်ပေါ်သော စျေးကွက်တွင်ရှိနေသော်ငြားလည်း ၎င်း၏ ထင်ပေါ်သော ဂုဏ်သတင်းမှာ သင်္ဘောပေါ်ရှိ သင်္ဘောဝန်ထမ်းများကြုံတွေ့ရသည့် လက်မခံနိုင်သော လုပ်ရပ်နှင့် မဟတ်စပ်ပါ။ (ကရက်ဒစ်- St Kitts နှင့် Nevis အပြည်ပြည်ဆိုင်ရာ မှတ်ပုံတင်)

ပြီးပြီ

မှတ်ချက်-

  • သတင်းဌာနမှ အခမဲ့ သုံးစွဲရန်အတွက် သင်္ဘောဝန်ထမ်း၊ လေဆိပ် ပုံရိပ်များကို ဤဝက်ဘ်ဆိုက်တွင် တွေ့နိုင်သည်-  https://we.tl/t-BJWzjzxRYq

မီဒီယာ အဆက်အသွယ်: media[at]itf.org.uk

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.