Skip to main content

IBF စေ့စပ်ဖြေရှင်းမှု ပြီးဆုံး- 250,000 သင်္ဘောသားများ လုပ်ခ 6% ရာခိုင်နှုန်းတိုးမြှင့်ရရှိ

03 Oct 2023
Press Release

သင်္ဘောသားများ၏ သမဂ္ဂများနှင့် ပင်လယ်ရေကြောင်း အလုပ်ရှင်များအကြား လေးနှစ်-သက်တမ်းရှိသော သဘောတူစာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့သည်၊ ၎င်းစာချုပ်အရ သင်္ဘော တစ်သောင်း (၁၀ ၀၀၀) ကျော်ပေါ်၌ အလုပ်လုပ်ကိုင်နေကြသည့် သင်္ဘောသား နှစ်သိန်း ငါးသောင်း (၂၅၀ ၀၀၀) တို့အတွက် သိသိသာသာ လုပ်ခတိုးမြှင့်မှုများနှင့် ဒါဇင်နှင့်ချီသော အလုပ်ခွင် အကာအကွယ်ပေးမှုများအပြင် အလုပ်ခွင်အခြေအနေ တိုးချဲ့ပေးမှုများကိုလုပ်ပေးရန် ချုပ်ဆိုထားပါသည်။

ကမ္ဘာ့အကြီးမားဆုံး တစ်ကမ္ဘာလုံးဆိုင်ရာ အလုပ်အကိုင်လုပ်ခ စုပေါင်း ညှိနှိုင်းရေး စာချုပ်ကို ညှိနှိုင်းချုပ်ဆိုပေးသည့်အဖွဲ့ဖြစ်သော အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းရေး ဟစ်တိုင် (The International Bargaining Forum (IBF)) သည် ယခင် အပတ်၌ ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့၌ ၂၀၂၄-၂၀၂၇ ခုနှစ်  IBF အခြေခံသဘောတရားစာချုပ်ပါ ပြဌာန်းသတ်မှတ်ချက်များကို သဘောတူခဲ့သည်။

အဆိုပါ စာချုပ်နှင့်အကျုံးဝင်သည့် သင်္ဘောသားများအနေဖြင့် လာမည့် နှစ်နှစ်အတွင်း လုပ်ခ တိုးမြှင့်မှုကို ၆ ရာခိုင်နှုန်း (၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ လုပ်ခနှင့် နစ်နာကြေးလုပ်ခ ၄ ရာခိုင်နှုန်းနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ လုပ်ခနှင့် နစ်နာကြေးလုပ်ခ ၄ ရာခိုင်နှုန်း) တိုးမြှင့်ရရှိပါမည်။

ထပ်ဆင့်၍ စာချုပ်တွင် သင်္ဘောသား အားလုံးအပေါ် အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုနှင့် အနှောင့်အယှက် ပြုမှု ကင်းစင်ပြီး အန္တရာယ်ကင်းသော လုပ်ငန်းခွင်နေရာများ ရရှိရန်အတွက် ပူးတွဲတာဝန်ကို ပြန်လည် တွန်းအားပေးသည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း၏ အကြမ်းဖက်မှုအပြင် အနှောင့်အယှက်ပြုမှုနှင့်ပတ်သက်သည့် စာချုပ် ၁၉၀ (ILO Convention 190 on Violence and Harassment) ရည်ညွှန်းချက်ကို ထည့်သွင်းထားပါသည်။ ထို့ပြင် မှားယွင်းသောလုပ်ငန်းဆောင်ရွက်မှု အလေ့အထကို တွန်းလှန်ရာ၌ ကုန်စည်သေတ္တာ ကြိုးချည်သည့်ကိစ္စတွင် အန္တရာယ်ကင်းသော လုပ်ငန်းလုပ်ကိုင်နည်းများ အရေးကြီးပုံကို ပူးတွဲအသိအမှတ်ပြုခြင်းလည်း ပါဝင်ပါသည်။
 
အလုပ်လုပ်ကိုင်သည့် အုပ်စုအသစ်ကိုလည်း ဖွဲ့စည်းခဲ့ပါသည်၊ အဆိုပါအဖွဲ့သည် အနာဂတ် သင်္ဘောလုပ်ငန်း နှင့် နည်းပညာသစ်၏ သက်ရောက်မှု၊ အစားထိုးလောင်စာ သွတ်သွင်းလာမှု အပြင် လုပ်ငန်းကဏ္ဍက ရာသီဥတု ပြောင်းလဲမှုကို တုံ့ပြန်နေစဉ် တရားမျှတသော ကူးပြောင်းရေးကို သေချာစေရေးတို့အပါအဝင် လုပ်ငန်းကဏ္ဍက ကြုံတွေ့နေရသည့် အဓိက အခက်အခဲစိန်ခေါ်မှုများအပေါ် အလေးထားအာရုံစူးစိုက်ပါမည်။  သင်္ဘောသားများ၏ အလုပ်အချိန်နာရီများ၊ အလုပ်ချပေးထားသည့် သင်္ဘောသားအရေအတွက်၊ ပင်ပန်းနွမ်းနယ်မှုနှင့် အလုပ်အကိုင်ကာလတို့နှင့်စပ်လျဥ်းသည့် စိုးရိမ်ပူပန်မှုများကိုလည်း လုပ်ငန်းအဖွဲ့သို့ ပြန်လည်ချပေးပါလိမ့်မည်။   


စာချုပ်အရ  JNG သည် မိမိ၏အဖွဲ့ဝင်များကို နိုင်ငံလုံးဆိုင်ရာ သင်္ဘောကုန်စည်သယ်ယူပို့ဆောင်ရေး ပြဌာန်းချက်များ၏ အရေးကြီးပုံကို သတိပေးရန် တာဝန်ယူထားသည့်အပြင် ပိုမိုများပြားသော သင်္ဘောသားများအနေဖြင့် အခမဲ့ အင်တာနက် သင့်တင့်လျောက်ပတ်သော သုံးစွဲမှု ပမာဏ ရရှိရေးအတွက် နည်းဗျူဟာနှင့်ပတ်သက်၍ ITF နှင့် ပူးပေါင်းလုပ်ကိုင်သွားရန်ကိုလည်း တာဝန်ယူထားပါသည်။

ITF ပြောရေးဆိုခွင့်ရှိသူဖြစ်သည့်အပြင် ITF သင်္ဘောသားများ ဌာနခွဲ အကြီးအကဲဖြစ်သူ Mr David Heindel က ပြောဆိုလိုက်သည်မှာ- “ဒီကိစ္စဟာ ကိုဗစ် ကမ္ဘာ့ကပ်ဘေးကြီးအတွင်း ပေါ်ထွက်လာတဲ့ သီးသီးသန့်သန့် ရှုပ်ထွေးပွေလီတဲ့ ညှိနှိုင်းပွဲကြီးတွေပဲဖြစ်ပါတယ်၊ ဒီအချိန်မှာ အမှန်ကိုရဖို့အတွက် နှစ်ဖက် စလုံးဟာ အကြီးအကျယ် ကြိုးစားအားထုတ်ပြီး အလျှော့အတင်းလုပ်သဘောတူခဲ့ကြရပါတယ်။ ဒီကိစ္စဟာ မျှတတဲ့ စေ့စပ်မှုတစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့အနေဖြင့် လုပ်ငန်းအဖွဲ့နှင့် သဘောတူခဲ့သည်မှာ ၎င်းက ပြောင်းလဲနေသော လုပ်ငန်းကဏ္ဍ၏ အနာဂတ်လိုအပ်ချက်များကို သင်္ဘောသား စုဆောင်းရေးအပေါ် အလေးထားပြီး စောင့်ကြပ်ကြည့်ရှုပေးရပါလိမ့်မည်။

ITF ဥက္ကဌ ဖြစ်သည့်အပြင် ဆိပ်ကမ်းအလုပ်သမားများ ဌာန ဥက္ကဌဖြစ်သူ Paddy Crumlin က ပြောလိုက်သည်မှာ- “ဒီသဘောတူညီချက်မှာ သတ်မှတ်ထားတဲ့ လုပ်ခ သဘောတူချက်ဟာ သင်္ဘောသား တွေရဲ့ ကမ္ဘာ့စီးပွားရေးအပေါ် ပေးဆပ်တဲ့ အရေးပါတဲ့ ပံ့ပိုးလုပ်ဆောင်မှုအတွက် ခိုင်မာတဲ့ ငွေကြေးဆိုင်ရာ အသိအမှတ်ပြုလိုက်တာ ဖြစ်တဲ့အပြင် လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်ကနဲ့ ကမ္ဘာ့ကပ်ဘေးကြီးအတွင်း သင်္ဘောသားတွေ အနစ်နာခံစွန့်လွှတ်ခဲ့ရတာတွေကိုလည်း အသိအမှတ်ပြုရာ ရောက်ပါတယ်။ ITF နဲ့  JNG တို့ရဲ့ ဆက်ဆံရေးဟာ ဒီကြုံတွေ့ရတဲ့ ညှိနှိုင်းရေး အခက်အခဲတွေကြားထဲကတောင် ကောင်းမွန်နေလျက် ရှိဆဲပါ။

ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton က ပြောကြားခဲ့သည်မှာ- “ဒီသဘောတူညီချက်ရဲ့ လေးနှစ်အတွင်းမှာ ကျနော်တို့တတွေ အရေးကြီးတဲ့ အခက်အခဲ အတော်များများကို ဆွေးနွေးခဲ့ပါတယ်၊ ဒါကြောင့် IBF စာချုပ်အကျုံးဝင်တဲ့ သင်္ဘောတွေပေါ် အလုပ်လုပ်ကြတဲ့ သင်္ဘောသား အားလုံးရဲ့ နေရေးထိုင်ရေး အခြေအနေတွေနဲ့ အလုပ်လုပ်ကိုင်ရာအခြေအနေတွေကို ကျနော်တို့ဆက်လက်ပြီး မြှင့်တင်ပေးနိုင်ပါတယ်။  ကျနော်တို့အားလုံး ကြုံတွေ့ရတဲ့ အကြီးမားဆုံး အခက်အခဲကတော့ တရားမျှတတဲ့ ကူးပြောင်းရေးနဲ့ အစားထိုးလောင်စာအသုံးချရေးဆီ ကူးပြောင်းဖို့ပဲဖြစ်ပါတယ်။ လုပ်ငန်းကဏ္ဍအနေနဲ့ ကျနော်တို့ရဲ့ သင်္ဘောသားတွေကို စုဆောင်းတဲ့ပုံနဲ့တကွ သူတို့တွေမှာ အနာဂတ်အတွက် ကျွမ်းကျင်မှုတွေ ရှိအောင် သေချာစေပုံကတော့ ကျနော်တို့ရဲ့ ရှေ့ဆက်လုပ်ရမယ့် အစီအစဉ်ပေါ်မှာ အသေအချာ မူတည်နေမှာ ဖြစ်ပါတယ်။”
 
အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အလုပ်သမားများ ပူးတွဲ ညှိနှိုင်းရေးအဖွဲ့ (Joint Negotiating Group of maritime employers (JNG)) ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သည့်ပြင် IMEC ဥက္ကဌဖြစ်သူ  Captain Belal Ahmed က ပြောလိုက်သည်မှာ- ”ထပ်ပြောရမယ်ဆိုရင် JNG နဲ့ ITF အကြားမှာ ပူးပေါင်းလုပ်ဆောင်မှု ခိုင်မြဲကြံ့ခိုင်နေတာဟာဆိုရင် IBF ရဲ့ နောက်ဆုံးအဆင့် ဆွေးနွေးရာမှာ အလွန်ကောင်းမွန်တဲ့ အကျိုးရလဒ် ထွက်ပေါ်ခဲ့ပါတယ်၊ နှစ်ဖက်လုံးနှင့် သူတို့ရဲ့ ဖက်တော်သားတွေဟာ သူတို့ရဲ့ လေးစားရတဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ သင်္ဘောသားတွေကို ကိုဗစ် ကမ္ဘာ့ကပ်ဘေးကြီးအတွင်းမှာ အရေးပါတဲ့အလုပ်သမားတွေအဖြစ် မားမားမတ်မတ်ရပ်ပြီး ကိုယ်ကျိုးစွန့်ခဲ့တာတွေအတွက် ဂုဏ်ပြုခဲ့တာ ကြောင့် ဝမ်းသာအားရကြည်နူးရပါတယ်။ ကျနော်တို့ရဲ့ လုပ်ငန်းကဏ္ဍအတွက် အခက်အခဲ အသစ်တွေအပြင် မကြုံဖူးတဲ့အခက်အခဲတွေကို ပူးပေါင်းရင်ဆိုင်ဖို့  JNG နဲ့ ITF တို့ရဲ့ ကိုဗစ်-နောင်းပိုင်း စီမံချက်တွေဟာဆိုရင် အခုအခါမှာ အရေးပါတဲ့အချိန်ရောက်လို့လာနေပါပြီ။ ဒီမိတ်ဖက်ပူးပေါင်းလုပ်ဆောင်မှုဟာ သင်္ဘောသား လုပ်သားအင်အား နည်းပါးမှုကို ဖြေရှင်ပေးနေစဉ် ကာဗွန်ဓာတ်ငွေ့ လျှော့ချရေးနှင့် ၂၀၅၀ ခုနှစ် နောက်ဆုံးထားပြီး လုံးဝ ကာဗွန်ဓာတ်ချုပ်ငြိမ်းတဲ့ သင်္ဘောလုပ်ငန်း ကဏ္ဍဖြစ်ဖို့ အဆုံးစွန် ရည်မှန်းချက်ဆီသို့ လုပ်ဆောင်ရာမှာ ယနေ့ သင်္ဘောသားတွေရဲ့ သာယာဝပြောရေးနှင့် လေ့ကျင့်သင်တန်းပို့ချရေးကို သက်ရောက်နေတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ အဓိကကျပါတယ်။”


အလုပ်ရှင်များ ရှုထောင့်မှလည်း JNG နှင့် IMMAJ ၏ ဥက္ကဌဖြစ်သူ Mr Toshihito Inoue က ဖြည့်စွက်ပြောကြားခဲ့သည်မှာ - “ညှိနှိုင်းလုပ်ဆောင်ရတဲ့ကိစ္စတွေဟာ အဲ့ဒီအချိန်မှာ အထူး ခက်ခဲပါတယ်၊ သင်္ဘောသားတွေနဲ့ အလုပ်ရှင်တွေ နှစ်ဖက်လုံးအပေါ် ကပ်ဘေးကြီးရဲ့ အခက်အခဲတွေကြောင့်ပဲ ဖြစ်ကြပါတယ်။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်း ရှိနေတဲ့ ခိုင်မြဲနေပြီဖြစ်တဲ့ မိတ်ဖက်ပူးပေါင်း လုပ်ဆောင်မှုကို သက်သေထူရင်းနဲ့ပဲ ဆွေးနွေးပွဲကို သဘောရိုးနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ အနာဂတ် ကျနော်တို့ရဲ့ လုပ်ငန်းကဏ္ဍအကြောင်း ပြောခွင့်ရခဲ့တဲ့အတွက်လည်း ကျနော် ဝမ်းသာကြည်နူးခဲ့ရပါတယ်၊ သင်္ဘောတွေရဲ့ ရှေ့ရေးကို လှုံ့ဆော်ပေးတဲ့နည်းလမ်းတွေ၊ ကျနော်တို့ကို စောင့်မျှော်နေတဲ့ ပတ်ဝန်းကျင် အခက်အခဲစိန်ခေါ်မှုတွေအပြင် ကျနော်တို့ကို အထောက်အကူပြုမယ့် နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေ သာမကပဲ တချိန်တည်းမှာ အချိန်နဲ့တစ်ပြေးညီ ကျနော်တို့ ပြောင်းလဲပေးရမယ့် ပေါ်ပေါက်လာမယ့် တောင်းဆိုမှုတွေ အပါအဝင်ဖြစ်ကြပါတယ်။”

 

မီဒီယာ အဆက်အသွယ်များ-
ITF: media@itf.org.uk, +44 7770 728 229
JNG: info@imec.org.uk, +44 20 7702 9138

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်း တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်လုပ်ကိုင်သည့် အမျိုးသမီး အမျိုးသားပေါင်း သန်း 20 နီးပါးအတွက် ပြောဆိုသံဖြစ်ပါသည်။
 

JNG အကြောင်း ပူးတွဲ ညှိနှိုင်းရေးအဖွဲ့ (The Joint Negotiating Group (JNG)) သည် ကမ္ဘာတစ်ဝန်းရှိ ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍမှ အလုပ်ရှင်များ၏ အမြင်များကို ရှုမြင်သုံးသပ်ညှိနှိုင်းပေးသည်။ ယနေ့ JNG တွင် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အလုပ်ရှင်များ ကောင်စီ (International Maritime Employers' Council (IMEC))၊ ဂျပန်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ အဏ္ဏဝါ စီမံခန့်ခွဲရေး အသင်း (International Mariners Management Association of Japan (IMMAJ))၊ ကိုးရီးယားနိုင်ငံ သင်္ဘောပိုင်ရှင်များ အသင်း (Korean Shipowners Association (KSA)) နှင့် ထိုင်ဝမ်နိုင်ငံ-အခြေစိုက် ကုမ္ပဏီဖြစ်သည့် (Evergreen) တို့ ပါဝင်သည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.