Skip to main content

တရားမဝင် အလုပ်ထုတ်ခံထားရသည့် P&O သင်္ဘောသားများအား ချက်ချင်း ပြန်ခန့်ရန် သယ်ယူပို့ဆောင်ရေး အလုပ်သမား တစ်သောင် (၁၀ ၀၀၀) က တောင်းဆို

31 Mar 2022
Press Release

၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်၊ လန်ဒန်/ဘရပ်ဆဲလ်

ITF အဖွဲ့ဝင် သမဂ္ဂ အခု ၂၀၀ နီးပါးမှ သယ်ယူပို့ဆောင်ရေးအလုပ်သမား အယောက် တစ်သောင်း (၁၀ ၀၀၀) ကျော်တို့သည် အစုလိုက်အပြုံလိုက် အလုပ်ထုတ်ပစ်လိုက်ခြင်းနှင့်တကွ P&O သင်္ဘောသား ၈၀၀ ကို အပြင်အလုပ်သမားများဖြင့် အစားထိုးလိုက်ခြင်းအပေါ် ဒေါသထွက်ကြောင်း P&O Ferries ပိုင်ရှင်များဖြစ်ကြသည့် DP World ၏ တစ်ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်အဖွဲ့သို့ ‘တစ်ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်လွှာ’ တင်သွင်းခြင်းအားဖြင့် ယနေ့ ဖော်ပြလိုက်သည်။

ဒူဘိုင်နိုင်ငံ၌ တစ်ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂများ၏ ကိုယ်စားလှယ်အဖွဲ့အား ဦးစီးနေသည့် ITF အထွေထွေအတွင်းရေးမှူးဖြစ်သူ Stephen Cotton က  DP World ကုမ္ပဏီ၏ အလုပ်အမှုဆောင်အရာရှိချုပ်ဖြစ်သူ Sultan Ahmed bin Sulayem ထံလိပ်မူထားသည့် စာ ကိုတိုက်ရိုက်ပေးပို့ခဲ့သည်၊ ၎င်းစာတွင် အလုပ်ဖြုတ်ခံထားရသည့် သင်္ဘောသားများကို ပြန်လည်ခန့်ပေးရန်နှင့် အလုပ်သမားများ၏ အခွင့်အရေးများကို လေးစားရန်နှင့်တကွ ၎င်းတို့၏ ကမ္ဘာတစ်ဝန်းရှိ လုပ်ငန်းလည်ပတ်မှုများတွင် သမဂ္ဂများနှင့်ပူးပေါင်းလုပ်ဆောင်ရန် တောင်းဆိုလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ပတ်မှာ Dover ကနေ Hull အထိ၊ Dublin ကနေ Rotterdam အထိ ဥရောပတစ်ခွင်လုံးမှာရှိတဲ့ P&O ဆိပ်ကမ်းတွေမှာ ဒီအလုပ်သမားတွေနဲ့ တစ်ညီတစ်ညွတ်တည်း ရှိနေတယ်ဆိုတဲ့ ဆန္ဒပြတာတွေ ကျနော်တို့ မြင်တွေ့ခဲ့ရပါတယ်၊” ဟု Cotton ကပြောကြားခဲ့သည်။ “ယနေ့မှာ ကျနော်တို့ ကမ္ဘာ့ သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေနဲ့ သူတို့ရဲ့ ထောက်ခံသူတွေရဲ့ တုန်လှုပ်ချောက်ချားမှုနဲ့ ရှုပ်ချပြစ်တင်မှုတွေကို DP World ကုမ္ပဏီရဲ့ ကမ္ဘာ့ ရုံးချုပ်ထံ တိုက်ရိုက် ပို့ပေးခဲ့ပါတယ်။”

ရက်စက်သည့် အဖွဲ့အစည်း ဆုံးဖြတ်ချက်-ချမှတ်ခြင်းကြောင့် တစ်ကမ္ဘာလုံးရှိ သယ်ယူပို့ဆောင်ရေး အလုပ်သမားများနှင့် ၎င်းတို့၏ သမဂ္ဂများသည် အတူတကွ မားမားမတ်မတ် ရပ်တည်ခဲ့ပြီး တရားမျှတမှုအတွက် ပြန်လည်တိုက်ပွဲဝင်ရန်နှင့် တစ်ကမ္ဘာလုံး၏ ကုန်စည်ဖြန့်ချီရေးကွင်းစက်များတွင် ၎င်းတို့ ပါဝင်လုပ်ဆောင်ပေးသည့် အရေးပါသော အခန်းကဏ္ဍကို လေးစားပေးရန်အတွက် စည်းလုံးညီညွတ်နေကြသည်။

“တစ်ကမ္ဘာလုံးမှာရှိတဲ့ သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေဟာ ဒီပြဿနာကို ဂရုတစိုက် စောင့်ကြည့်သင့်ပါတယ်၊” ဟု Cotton ကပြောကြားခဲ့သည်။ “ယူကေ ဆိပ်ကမ်းတွေမှာ တွန်းလှန်နေတဲ့ ဒီတိုက်ပွဲဟာ သင်္ဘောသား ၈၀၀ ကို မတရား အလုပ်ဖြုတ်ပစ်တာတင် မကပါဘူး၊ လေးစားမှုနဲ့တကွ တစ်ကမ္ဘာလုံးမှာရှိတဲ့ သင်္ဘောသားတွေရဲ့ အနာဂတ် အခွင့်အရေးတွေအတွက် တိုက်ပွဲဖြစ်ပါတယ်။ ဒီကိစ္စဟာ ITF, ETF, နဲ့ ကျနော်တို့ရဲ့ အဖွဲ့ဝင်တွေ ပေါ့ပေါ့တန်တန် ယူဆရမယ့် ကိစ္စ မဟုတ်ပါဘူး။”

ဤအလုပ်သမားများကို အလုပ်ထုတ်ပစ်စဉ် ကုမ္ပဏီသည် မတရား ဆောင်ရွက်ခဲ့သည်ဆိုသည့် P&O ၏ အလုပ်အမှုဆောင် အရာရှိဖြစ်သူ Peter Hebblethwaite ထံမှ ဝန်ခံစကားမှာ ဤအလုပ်သမားများအား ချက်ချင်း ပြန်ခန့်ပေးရန်အတွက် အကြောင်းခံဖြစ်သင့်သည်။

“သူတို့ရဲ့ တရားမဝင်မှုကို ဝန်ခံသော်လည်း P&O ကုမ္ပဏီနဲ့ ပိုင်ရှင်ဖြစ်တဲ့ DP World ကုမ္ပဏီဟာ ဒီအလုပ်သမားတွေကို ပြန်ခန့်ဖို့ ဆက်လက် ငြင်းပယ်နိုင်တယ်၊ သူတို့ ပြန်လုပ်ပေးပါမယ်လို့လည်း ပြောနိုင်တယ်၊ ဒါတွေကို ဥရောပတစ်ခွင်မှာရှိတဲ့ အစိုးရတွေကို အသိပေးသင့်တယ်၊ DP World လုပ်ငန်းလည်ပတ်တဲ့ နေရာတိုင်းကိုလည်း အသိပေးသင့်ပါတယ်၊” ဟု ETF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Livia Spera က ပြောကြားခဲ့သည်။

“တကယ်လို့ အစိုးရတွေက သူတို့ရဲ့လူတွေကို အကာအကွယ် မပေးနိုင်ဘဲ ဒီကုမ္ပဏီတွေကို တာဝန်ခံဖို့ မလုပ်ပေးနိုင်ရင် ဘယ်သူက အုပ်စိုးတယ်ဆိုတာ အကြီးအကျယ် မေးခွန်းထုတ်စရာ ဖြစ်ပါတယ်၊” ဟု သူမက ဖြည့်စွက်ပြောကြားခဲ့သည်။

 အဆိုပါ စာက တောင်းဆိုခဲ့သည်မှာ DP World ကုမ္ပဏီအနေဖြင့် ဤအလုပ်သမားများကို ဂုဏ်သိက္ခာရှိရှိ ဆက်ဆံရန်၊ ၎င်းတို့၏ အခွင့်အရေးများကို ကာကွယ်ပေးသည့် ဥပဒေများကို လေးစားပေးရန်၊ အပြင်-

  • လက်ရှိအခြေအနေကို ဖြေရှင်ပေးရန် သမဂ္ဂ နှစ်ခုဖြစ်သည့် Nautilus International နှင့် RMT နှင့်တကွ ယူကေ အစိုးရ ပါဝင်သည့် အစည်းအဝေးတစ်ရပ်ကို အရေးပေါ် ကျင်းပပေးရန်
  • DP World ကုမ္ပဏီ အလုံးစုံ ပိုင်ဆိုင်သည့် လက်အောက်ခံ ကုမ္ပဏီ အခြားတစ်ခုခုတွင် ဤကိစ္စမျိုး နောက်ထပ် မဖြစ်ပွားစေရန်အတွက် အာမခံရန်နှင့် ၎င်းတို့အနေဖြင့် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ စာချုပ် (UN Global Compact) အခြေခံစည်းမျဥ်းများအား ၎င်းတို့၏ ESG တာဝန်ကို ထိန်းသိမ်းမည်ဖြစ်ကြောင်းအပြင် မျှမျှတတ ဆက်ဆံပြီး ၎င်းတို့၏ လုပ်ငန်းကွင်းစက်တစ်လျှောက်ရှိ အလုပ်သမားအားလုံးအပေါ် လေးစားမှု ပြသမည်ဖြစ်ကြောင်း အာမခံရန်
  • ဇွမ်းမ် (Zoom) မှတစ်ဆင့် မည်သည့်အလုပ်သမားကိုမျှ နောက်ထပ် မည်သို့မျှ အလုပ်ထုတ်ပစ်ခြင်း မရှိစေရန်အတွက် သေချာစေမည့် ITF နှင့် ကျွန်ုပ်တို့၏ အဖွဲ့ဝင်များနှင့် DP World ကုမ္ပဏီ ပိုင်ဆိုင်သည့် လက်အောက်ခံ ကုမ္ပဏီအားလုံး အကြား လူမှုရေးဆွေးနွေးညှိနှိုင်းပွဲနှင့်တကွ လေးစားရသော လုပ်ငန်းကဏ္ဍဆိုင်ရာ ဆက်ဆံရေးအပြင် ပိုမိုရင်းနှီးမှုရှိသော ဆက်ဆံရေးတစ်ရပ်တည်ဆောက်ရန်အတွက် ခံဝန်ချက်ပေးရန် ဖြစ်သည်။

မီဒီယာ အဆက်အသွယ်- media@itf.org.uk | +44 (0) 7770 728 229
 
ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာကို လည်ပတ်ပေးနေသည့် အမျိုးသမီး အမျိုးသား သန်း နှစ်ဆယ်ခန့်၏ သဘောထားဖြစ်ပါသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.