Skip to main content

ပင်လယ်နက်တွင် မျောနေသည့်မိုင်းဗုံးများ သင်္ဘောသားများ၏ ဘေးကင်းသော လမ်းကြောင်းကို ခြိမ်းခြောက်နေ

05 Apr 2022
Press Release

ပင်လယ်နက်တွင် မျောနေသည့် မိုင်းဗုံးများရှိကြောင်း သတင်းများထွက်ပေါ်ပြီးနောက် သင်္ဘောများ အတွက် ဘေးကင်းပြီး လုံခြုံစိတ်ချရသော လမ်းကြောင်း ရှိနေစေရန်အတွက် ကြိုးစားအားထုတ်မှုများ သိသိသာသာ တိုးမြှင့်ဆောင်ရွက်ပေးရန် အစိုးရများအပေါ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အလုပ်ရှင်များနှင့် သမဂ္ဂများက တိုက်တွန်းနေလျက်ရှိသည်။

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) နှင့် ပူးတွဲ ညှိနှိုင်းမှု အဖွဲ့  (Joint Negotiating Group (JNG))အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းစိစပ်ရေး ဟစ်တိုင်အဖွဲ့  (International Bargaining Forum (IBF)) ၏ လူမှုရေး မိတ်ဖက်များ - တို့သည် ယူကရိန်း၌ ဆက်လက်ဖြစ်ပွားနေသည့် စစ်မက်ပဋိပက္ခ၌ သင်္ဘောသားများနှင့် ၎င်းတို့၏ သင်္ဘောများမှာ ကြားညှပ်ပြီးထိခိုက်မည် မဟုတ်ကြောင်း သေချာစေမည်ဖြစ်သည့် ဖြေရှင်းချက်များကို အကဲဖြတ်ပြီး ဆွေးနွေးရန်အတွက် ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်၊ ကြာသပတေးနေ့တွင် တွေ့ဆုံခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းစိစပ်ရေး ဟစ်တိုင်အဖွဲ့  (IBF) သည် မြောက်ပိုင်းပင်လယ်နက် နယ်မြေ၊ အာဇွတ်ပင်လယ် (မြောက်လတ္တီတွဒ် 46°N) နှင့် ယူကရိန်း စစ်မက်သဏ္ဍာန် စီမံချက် နယ်မြေများ (Ukraine Warlike Operations Areas (WOAs)) ကို မတ်လ စောစောပိုင်းတွင် ပညတ်သတ်မှတ်ခဲ့သည်။

ဒီဖြစ်ပျက်ပြောင်းလဲနေတဲ့ ပဋိပက္ခမှာ သင်္ဘောသားတွေရဲ့ ဘေးကင်းရေးနှင့် လုံခြုံရေး၊ အထူးသဖြင့် အဲ့ဒီ့နယ်မြေမှာ လုပ်ကိုင်ပေးနေရတဲ့ သင်္ဘောသားတွေဟာ ကျနော်တို့ရဲ့ ဦးစားပေးရမယ့်သူတွေ ဖြစ်ကြပါတယ်၊ဟု JNG ပြောရေးဆိုခွင့်ရှိသူနှင့် IMEC ၏ ဥက္ကဌဖြစ်သူ Captain Belal Ahmed က ပြောကြားခဲ့သည်။ ပညတ်သတ်မှတ်ထားတဲ့ WOAs နယ်မြေတွေရဲ့ အတွင်းပိုင်းမှာရော အပြင်ပိုင်း နှစ်ခုလုံးတွေမှာ မိုင်းဗုံးတွေ တွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် အင်မတန်ကြီးမားတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

NATO သင်္ဘောလုပ်ငန်းဌာနက ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် အောက်ပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည် -

“ပင်လယ်နက်ရဲ့ အနောက်မြောက်၊ အနောက်၊ နဲ့အနောက်တောင် နယ်မြေတွေမှာ မျောနေတဲ့ မိုင်းဗုံးတွေရဲ့ ခြိမ်းခြောက်မှုရှိပါတယ်။ မျောနေတဲ့ မိုင်းဗုံးတွေကို တွေ့ရှိခဲ့ပြီး နိုင်ငံ့အာဏာပိုင်တွေဟာ ဒေသတွင်းမှာရှိတဲ့ အခြား မိုင်းဗုံးတွေကို ရှာဖို့နဲ့ ရှင်းပေးဖို့ လုပ်ကိုင်ပေးနေလျက်ရှိပါတယ်။ သင်္ဘောမာလိန်မှူးတွေအနေနဲ့ မိုင်းဗုံးအန္တရာယ်ကို အနည်းဆုံးဖြစ်စေအောင် ကြိုတင်ကာကွယ်မှုတွေ လုပ်ထားသင့်တယ်၊ မျောနေတဲ့အရာတွေကို ရှောင်ရှားပေးဖို့အပါအဝင်ဖြစ်ပါတယ်၊ သင်္ဘောရဲ့ရှေ့ဦးပိုင်းမှာ သင်္ဘောသားတွေ မနေဘဲရှင်းနေဖို့၊ နဲ့ထိရောက်တဲ့ စောင့်ကြည့်မှုတွေလုပ်ဖို့ဖြစ်ပါတယ်။”

“ဒီစက်မက်ပဋိပက္ခ နယ်မြေတွေ အနီးအနား သွားလာနေတဲ့ သင်္ဘောတွေအတွက် အန္တရာယ်ကို အနည်းဆုံးဖြစ်အောင်လုပ်ဖို့ အပြင် ဘေးကင်းတဲ့ လမ်းကြောင်း ရရှိဖို့ အစိုးရတွေအနေနဲ့ သူတို့ရဲ့ အာဏာစက်အတွင်းမှာရှိတဲ့ အရာအားလုံးကိုလုပ်ပေးဖို့ ကျနော်တို့ အတင်းတိုက်တွန်းပါတယ်။ ကမ္ဘာ့သင်္ဘောသားတွေအနေနဲ့ သူတို့ရဲ့တာဝန်တွေကို ဆက်လက် ထမ်းဆောင်နိုင်ဖို့နဲ့ ကမ္ဘာ့ကုန်စည် ဖြန့်ချီရေးကွင်းဆက်တွေ ဆက်လက် စီးဆင်းနေဖို့ မရှိမဖြစ် လိုအပ်ပါတယ်၊” ဟု ITF သင်္ဘောသားများဌာန ဥက္ကဌဖြစ်သူ David Heindel က ပြောကြားခဲ့သည်။  

ITF အကြောင်း
အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာကို လည်ပတ်ပေးနေသည့် အမျိုးသမီး အမျိုးသား သန်း နှစ်ဆယ်ခန့်၏ သဘောထားဖြစ်ပါသည်။

JNG အကြောင်း
ပူးတွဲ ညှိနှိုင်းရေး အဖွဲ့ (The Joint Negotiating Group (JNG)) သည် ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍရှိ ကမ္ဘာတစ်ဝန်းမှ အလုပ်ရှင်များ၏ သဘောထားအမြင်များကို ညှိနှိုင်းဆောင်ရွက်ပေးရန် ခွင့်ပြုသည်။  JNG ကို အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အလုပ်သမားများ ကောင်စီ (International Maritime Employers' Council (IMEC))၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ အဏ္ဏဝါ စီမံခန့်ခွဲရေး အသင်း (International Mariners Management Association of Japan (IMMAJ))၊  ကိုးရီးယား သင်္ဘောပိုင်ရှင်များ အသင်း (Korean Shipowners Association (KSA)) နှင့် ထိုင်ဝမ်အခြေစိုက်-ကုမ္ပဏီ Evergreen တို့ဖြင့် ဖွဲ့စည်းထားသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.