Skip to main content

စင်္ကာပူ ပင်လယ်ရေကြောင်း ဖောင်ဒေးရှင်းသည် ပင်လယ်ရေကြောင်း တရားမျှတမှု ကူးပြောင်းရေး အလုပ်တပ်ဖွဲ့ (Maritime Just Transition Task Force) ၏ ပထမဦးဆုံး မိတ်ဖက်ဖြစ်လာ

13 Apr 2022
Press Release
  • သင်္ဘောလုပ်ငန်းကဏ္ဍ၏ တရားမျှတမှု ကူးပြောင်းရေး အလုပ်တပ်ဖွဲ့သည် စင်္ကာပူနိုင်ငံ ပင်လယ်ရေကြောင်း ဖေါင်ဒေးရှင်းမှာ အစီအစဉ်၏ ပထမဦးဆုံး မိတ်ဖက်သူအဖြစ် ကြေညာလိုက်သည်
  • သင်္ဘောလုပ်ငန်းကဏ္ဍအနေဖြင့် လေထုညစ်ညမ်းသည့် ကာဗွန်ဓါတ်ငွေ့ထုတ်လွှင့်မှု လျော့ချနေသည့်အလျှောက် မျှတပြီး သာနာညီမျှသည့် လေထုသန့်စင်ရေး ကူးပြောင်းမှုကို အလုပ်သမားများ၊ လူ့အသိုက်အဝန်းများနှင့် နိုင်ငံအားလုံးအတွက် သေချာစေရန် အလုပ်တပ်ဖွဲ့ကို ဖွဲ့စည်းထားသည်
  • စင်္ကာပူ ပင်လယ်ရေကြောင်း အထိမ်းအမှတ်အပတ်တွင် အခြားသော ပုဂ္ဂလိက ကဏ္ဍမှ ဖက်စပ်သူများထဲတွင် MSC, ONE, နှင့် Anglo Eastern တို့လည်း ပါဝင်ကြောင်း ကြေညာခဲ့သည်

၂၀၂၂ ခုနှစ် ဧပြီလ ၇ ရက်- ပင်လယ်ရေကြောင်း တရားမျှတမှု ကူးပြောင်းရေး အလုပ်တပ်ဖွဲ့ ( Maritime Just Transition Task Force) ကို အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အသင်း (International Chamber of Shipping)၊ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation) နှင့် ကုလသမဂ္ဂ တစ်ကမ္ဘာလုံးဆိုင်ရာ တာဝန်ရှိရှိ လုပ်ငန်းလုပ်ကိုင်မှုစာချုပ် (UN Global Compact) တို့ကဖွဲ့စည်းလိုက်ပြီး စင်္ကာပူ ပင်လယ်ရေကြောင်း ဖောင်ဒေးရှင်း (Singapore Maritime Foundation) မှာ ၎င်း၏ ပထမဦးဆုံးသော အများနှင့်သက်ဆိုင်သည့် အစီအစဉ်၏ မိတ်ဖက်ဖြစ်လာခဲ့ကြောင်း ကြေညာခဲ့သည်။

ပင်လယ်ရေကြောင်း တရားမျှတမှု ကူးပြောင်းရေး အလုပ်တပ်ဖွဲ့ (Maritime Just Transition Task Force) သည် စင်္ကာပူ ပင်လယ်ရေကြောင်း အထိမ်းအမှတ် အပတ်အတွင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ စင်္ကာပူ ပင်လယ်ရေကြောင်း ဖောင်ဒေးရှင်းအနေဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းကဏ္ဍ လုပ်ကိုင်သူအချင်းချင်း လေ့လာဆည်းပူးရေးအုပ်စု (Global Industry Peer Learning Group) အား သတင်းပို့ရာ၌ အဓိကကျသည့်တာဝန်ကဏ္ဍတွင် ပါဝင်လုပ်ကိုင်ပေးမည်ဖြစ်ပြီး ပင်လယ်ရေကြောင်း၌ ကျွမ်းကျင်မှုများနှင့် ပတ်သက်သည့် ၎င်း၏ပထမဦးဆုံး စီမံကိန်းအပါအဝင် အလုပ်တပ်ဖွဲ့၏ လုပ်ငန်းအပေါ် ပံ့ပိုးလုပ်ကိုင် ဆောင်ရွက်ပေးသူအဖြစ် လုပ်ပေးပါလိမ့်မည်။

နောက်ထပ်တစ်ခုကိုလည်း ကြေညာလိုက်သည်မှာ ပင်လယ်ရေကြောင်း တရားမျှတမှု ကူးပြောင်းရေး အလုပ်တပ်ဖွဲ့ (Maritime Just Transition Task Force) သည် ပင်လယ်ရေကြောင်း၌ မျှတပြီး တရားမျှတမှုရှိသော လေထုသန့်စင်ရေး ကူးပြောင်းမှုအတွက် လိုအပ်သည့် ကျွမ်းကျင်မှုများနှင့်ပတ်သက်၍ နိုဝင်ဘာလတွင် COP27 ၌ အစီရင်ခံစာ တစ်စောင်ကို တင်ပြပေးမည်ဖြစ်သည်။ အစီရင်ခံစာအနေဖြင့် အနာဂတ်၌ လေထုသန့်စင်သည့် လောင်စာများကို ကိုင်တွယ်သုံးစွဲရန်အတွက် လေ့ကျင့်ပေးရန် သို့မဟုတ် ကျွမ်းကျင်မှု မြှင့်တင်ပေးရန် လိုအပ်မည်ဖြစ်သည့် သင်္ဘောသား အရေအတွက်ကို သတ်မှတ်ပေးမည်၊ အစီရင်ခံစာ၏ တွေ့ရှိချက်များအနေဖြင့် မူဝါဒ ရေးဆွဲရေးကိုဖန်တည်းခြင်းနှင့် သင်္ဘောလုပ်ငန်း ကဏ္ဍက လိုက်နာဆောင်ရွက်ရမည့် ရှင်းလင်းသော အဆင့်ဆင့်အချက်များ လမ်းကြောင်းပေးရန် အတွက် ပံ့ပိုးပေးပါလိမ့်မည်။

Glasgow တွင် COP26 ၌ တည်ထောင်ခဲ့သည် အလုပ်တပ်ဖွဲ့ ကိုဖွဲ့စည်းသူများထဲတွင် ကုလသမဂ္ဂ သင်္ဘောလုပ်ငန်း အဖွဲ့အစည်း၊ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့အစည်းနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းတို့လည်း ပါဝင်ကြသည်။ ၎င်းသည် သင်္ဘောလုပ်ငန်း၌ မျှတပြီး သာနာညီမျှသည့် လေထုသန့်စင်မှု ကူးပြောင်းရေးကို ဆောင်ရွက်ရန်အတွက် အစိုးရများ၊ ပင်လယ်ရေကြောင်း အလုပ်သမားများ၏ သမဂ္ဂများ၊ နှင့် သင်္ဘောလုပ်ငန်းကဏ္ဍတို့ကို ပူးပေါင်းလက်တွဲလာစေသည်။ ၎င်း၏ ရည်ရွယ်ချက်မှာ မီးခိုးထုတ်လွှင့်ခြင်း သုညအဆင့် သင်္ဘောများနှင့် ကာဗွန်ဓါတ်ငွေ့ သုညအဆင့်ထုတ်လွှင့်သော လောင်စာအပေါ် အလုပ်သမားများ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးဆဲ စီးပွားရေးများက ရရှိယူရေးမှာ မူဝါဒဆုံးဖြတ်ချက်များ၏ အလေးထားရာ၌ ဆက်လက်တည်ရှိနေရန်အတွက် သေချာရန်ဖြစ်သည်။

အဆိုပါ အခမ်းအနား၌ ကြေညာခဲ့သည့် နောက်ထပ် ပါဝင်သော လုပ်ငန်းကဏ္ဍ စီမံကိန်း ဖက်စပ်သူများမှာ - Anglo Eastern, MSC, Ocean Technology Group, Ocean Network Express, PTC တို့ဖြစ်ကြပြီး World Bank International Finance Corporation (IFC), Mærsk Mc-Kinney Møller Center for Zero Carbon Shipping, Nigerian Chamber of Shipping, Ocean Conservancy, Carbon Trust နှင့် World Maritime University တို့အပါအဝင် ဖက်စပ်သူများကို အသိအမှတ်ပြုကြသည်။ အလုပ်တပ်ဖွဲ့ကို Lloyd’s Register Foundation ကလည်း ထောက်ခံခဲ့သည်။

တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောလုပ်ငန်း ကဏ္ဍသည် တစ်ကမ္ဘာလုံးဆိုင်ရာ GHG လေထုညစ်ညမ်း မီးခိုးထုတ်လွှင့်မှု၏ 3% ခန့်အတွက် တာဝန်ရှိသည်။ အလုပ်သမားအင်အားထုအား ကျွမ်းကျင်မှု ပြန်လည် လေ့ကျင့်ပေးခြင်းနှင့် ကျွမ်းကျင်မှု မြှင့်တင်ပေးခြင်းသည် လောင်စာအသစ် ထုတ်လုပ်ခြင်းနှင့် ဖြန့်ချီခြင်းအပြင် ၎င်းကို ပံ့ပိုးပေးမည့် အခြေခံအဆောက်အအုံသစ်ကို တည်ဆောက်ခြင်းတို့ကြောင့်ဖြစ်လာမည့် မီးခိုးထုတ်လွှင့်မှု သုညအဆင့် အနေအထားသို့ လုပ်ငန်းကဏ္ဍကို ကူးပြောင်းခြင်းနှင့် တစ်သားတည်းဖြစ်နေမည့် ကိစ္စဖြစ်ပါသည်။

Guy Platten, အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အဖွဲ့ အတွင်းရေးမှူးချုပ် ကပြောကြားခဲ့သည်မှာ-

“လူတွေအနေနဲ့ ဒီလေထုသန့်စင်မှု ကူးပြောင်းရေးကို အားသွန်ခွန်စိုက်လုပ်နေကြပါတယ်၊ အဲဒါတွေကို အောင်မြင်မှုရဖို့အတွက် ဖွဲ့ပေးရမယ်။ အဲဒါကြောင့် အလုပ်သမားအင်အားထုကို ထောက်ခံပေးတာ သေချာအောင် ကျနော်တို့ တရားမျှတမှု ကူးပြောင်းရေး အလုပ်တပ်ဖွဲ့ကို တည်ထောင်ခဲ့တာဘဲ ဖြစ်ပါတယ်။ ပထမအဆင့် အနေနဲ့ကတော့ မီးခိုးထုတ်လွှင့်မှု သုညအဆင့်ရှိတဲ့ သင်္ဘောတွေပေါ်မှာ အန္တရာယ်ကင်းအောင် အလုပ်လုပ်နိုင်တဲ့ ကျနော်တို့ရဲ့ အလုပ်သမားအင်အားထုအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှု အရေအတွက်ဖြစ်ပါတယ်။ ဘယ်သင်္ဘောသားကမျှ နောက်ကျခြန်ရစ်မနေအောင်အပြင် ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ လေ့ကျင့်သင်တန်းနဲ့ ပံ့ပိုးမှု အတူတူကို တန်းတူညီတူ ရရှိမှာကို သေချာအောင် ကျနော်တို့အနေနဲ့ လုပ်ငန်းကဏ္ဍနဲ့သာမက အစိုးရတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပါမယ်။

ဖွံ့ဖြိုးဆဲ စီးပွားရေးတွေကို ထောက်ခံမယ်၊ ဒါကြောင့် ကျနော်တို့အနေနဲ့ လေထုသန့်စင်မှု ကူးပြောင်းရေးကို အတူတကွ လုပ်နိုင်မှာကို သေချာဖို့ ICS ဟာ သူ့ရဲ့ တာဝန်ကို ခိုင်ခိုင်မာမာ အလေးထားပါတယ်။”

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation) အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton က ပြောကြားခဲ့သည်မှာ-

“အရေးပါတဲ့ လုပ်ငန်းကို အစပျိုးလုပ်တဲ့အချိန်မှာ အလုပ်တပ်ဖွဲ့ကို ပူးပေါင်းပေးတဲ့ စင်္ကာပူ ပင်လယ်ရေကြောင်း ဖောင်ဒေးရှင်းလို မိတ်ဖက်အသစ်ရတာဟာ အလွန်ဘဲ ကောင်းလွန်းပါတယ်။ စင်္ကာပူနိုင်ငံဟာ အဓိကကျတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း စုစည်းရာဆုံရပ်အဖြစ် ဆက်လက်ရပ်တည်ပြီး၊ ဒီလုပ်ငန်းကဏ္ဍ ကူးပြောင်းရေးကို ကူညီပေးဖို့လိုလားတယ်ဆိုတာ ရှင်းနေပါတယ်။

အနာဂတ် သင်္ဘောလုပ်ငန်း ကုန်စည်ဖြန့်ချီရေး ကွင်းဆက်ကို စိတ်ဝင်စားတဲ့သူတွေအားလုံးရဲ့ ထောက်ခံပံ့ပိုးမှုကို တကယ်လို့ ကျနော်တို့ ရရှိမှသာ ကျနော်တို့ သင်္ဘောလုပ်ငန်း ကာဗွန်ဓါတ်ငွေ့ လျော့ချရေးကို လုပ်နိုင်မှာ ဖြစ်ပါတယ်။

ကျွမ်းကျင်မှုတွေကို ဖွံ့ဖြိုးပေးဖို့နဲ့ ပြန်လည်လေ့ကျင့်ပေးဖို့ အဓိကကျပါတယ်။ သို့သော်လည်း တကယ်လို့ သင်ဟာ သင်္ဘောသားတစ်ဦးဖြစ်ရင် အဲ့ဒါဟာ ဘာကိုဆိုလိုသလဲ။ အလုပ်သမားတွေအနေနဲ့ သူတို့ရဲ့ အလုပ်တွေ၊ ကျန်းမာရေးနဲ့ဘေးကင်းရေးအတွက် လက်တွေ့ကျကျ ကျင့်သုံးတဲ့နေရာမှာ တရားမျှတတဲ့ ကူးပြောင်းရေးဆိုတာ ဘာကိုဆိုလိုကြောင်း သိရှိလိုကြပါတယ်။ ဒါကြောင့် လုပ်ငန်းတပ်ဖွဲ့ရဲ့ ထိပ်ဆုံး သုတေသန ဦးစားပေးမှုဟာ အနာဂတ် လောင်စာတွေနဲ့ သင်္ဘောတွေအတွက် လိုအပ်မယ့် အလုပ်အရေအတွက်နဲ့ အလုပ်အမျိုးအစားတွေကို ရေတွက်ဖို့ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အဖွဲ့ဝင်တွေဟာ ဒီနှစ်ကုန်လောက်မှာ ရလဒ်အဖြေတွေကို မျှော်လင့်နေကြပါတယ်။”

ကုလသမဂ္ဂ တစ်ကမ္ဘာလုံးဆိုင်ရာ တာဝန်ရှိရှိ လုပ်ငန်းလုပ်ကိုင်မှုစာချုပ် (UN Global Compact) အဖွဲ့ ဗဟို အလုပ်အမှုဆောင် အရာရှိနှင့် အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ Sanda Ojiambo က ပြောကြားခဲ့သည်မှာ-

အနာဂတ်မှာ 1.5°C သေချာစေဖို့ သက္ကရာဇ် ၂၀၃၀ ခုနှစ်ကျရင် မီးခိုးထုတ်လွှင့်မှု အရေးတကြီး ထက်ဝက်ဖြစ်ဖို့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူမှုအသိုက်အဝန်းက လုပ်ကိုင်နေစဉ်မှာ ကူးပြောင်းရေးကိစ္စဟာ မျှတဖို့၊ သာနာညီမျှဖို့နှင့် ပူးပေါင်းပါဝင်ကြဖို့ အစိုးရတွေ၊ သမဂ္ဂတွေနှင့် ပုဂ္ဂလိက ကဏ္ဍတွေ အပါအဝင် အဆက်မပြတ် တွေ့ဆုံဆွေးနွေးဖို့ ကျနော်တို့ သေချာအောင်လုပ်ရမှာဖြစ်တယ်။ ကျနော်တို့ရဲ့ ပါဝင်ဆောင်ရွက်ပေးတဲ့ ကုမ္ပဏီ တစ်သောင်းလေးထောင် (၁၄ ၀၀၀) နီးပါးကို အလုပ်ခန့်ထားတဲ့ လူပေါင်း သန်းရှစ်ဆယ့်ခုနှစ်သန်း (၈၇ သန်း) ကျော်နဲ့၊ ကုလသမဂ္ဂ တစ်ကမ္ဘာလုံးဆိုင်ရာ တာဝန်ရှိရှိ လုပ်ငန်းလုပ်ကိုင်မှုစာချုပ် (UN Global Compact) အဖွဲ့ ဟာ တရားမျှတတဲ့ ကူးပြောင်းရေးကို ထောက်ခံပေးဖို့ စီးပွားလုပ်ငန်းရဲ့ တစ်ကမ္ဘာလုံး စုပေါင်းသက်ရောက်မှုကို တိုင်းတာဖို့ ထူးထူးခြားခြား တာဝန်ပေးခံရပါတယ်။

ကျနော်တို့ရဲ့ မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ Think Lab လို့ခေါ်တဲ့ တရားမျှတသော ကူးပြောင်းရေးနှင့်ပတ်သက်သည့် ဆွေးနွေးခန်း ဆိုတဲ့ လမ်းညွှန်ကြောင့် ပင်လယ်ရေကြောင်း တရားမျှတမှု ကူးပြောင်းရေး အလုပ်တပ်ဖွဲ့နှင့် သင်္ဘောလုပ်ငန်း ကုမ္ပဏီများ၊ သင်္ဘောသား သမဂ္ဂများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများပါဝင်တဲ့ ၎င်းရဲ့ လုပ်ငန်းကဏ္ဍ လုပ်ဖော်အချင်းချင်း လေ့လာဆည်းပူးရေး အဖွဲ့ဟာ တရားမျှတတဲ့ ကူးပြောင်းရေးအတွက် အခြေခံကျတဲ့ ကဏ္ဍအလိုက် အကောင်းဆုံး တွေ့ဆုံဆွေးနွေးပွဲကို ကိုယ်စားပြုပါတယ်။ အဆိုပါ သဘောသဘာဝရဲ့ ပထမဦးဆုံး တစ်ကမ္ဘာလုံးဆိုင်ရာ အုပ်စုအဖြစ် ကူးပြောင်းရေးကာလမှာ အခြား ကဏ္ဍတွေအတွက် အဲ့ဒါဟာ အသေးစိတ် အစီအစဉ်တစ်ရပ် ဖြစ်နိုင်တယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

စင်္ကာပူ ပင်လယ်ရေကြောင်း ဖောင်ဒေးရှင်း အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး Ms. Beng Tee Tan က မှတ်ချက်ပြုပြောကြားသည်မှာ-

“ပင်လယ်ရေကြောင်း စင်္ကာပူဟာ တည်မြဲကြံ့ခိုင်နေမယ့် သင်္ဘောလုပ်ငန်းဆီရောက်ဖို့ တိကျပြတ်သားတဲ့ ပြောင်းလဲရေးကို ဆောင်ရွက်နေပါတယ်။ ပင်လယ်ရေကြောင်း သက်ရှိပတ်ဝန်းကျင် တစ်ခုလုံးမှာရှိတဲ့ အများကဏ္ဍနှင့် ပုဂ္ဂလိက ကဏ္ဍကို ဆက်စပ်ပေးတဲ့ ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုအဖြစ် စင်္ကာပူ ပင်လယ်ရေကြောင်း ဖောင်ဒေးရှင်းဟာ ပင်လယ်ရေကြောင်း တရားမျှတတဲ့ ကူးပြောင်းရေး အလုပ်တပ်ဖွဲ့ရဲ့ ပထမဦးဆုံး အစီအစဉ်မိတ်ဖက်သူ ဖြစ်ရတာနဲ့ တကွ ဒီတစ်ကမ္ဘာလုံးဆိုင်ရာ ပြောဆိုမှုကို ပံ့ပိုးပေးရတာဟာ အခွင့်ထူးကြီးတစ်ခုဖြစ်ပါတယ်။ ကြံ့ခိုင်တည်တံ့နေမယ့် သင်္ဘောလုပ်ငန်းဟာ ကျွမ်းကျင်မှုအသစ်တွေနဲ့ တတ်ကျွမ်းနေတဲ့ လုပ်သားအင်အားထုတစ်ရပ် လိုအပ်တယ်ဆိုတာ ကျမတို့ အသိအမှတ်ပြုပါတယ်။ ဒါကြောင့် အဓိကကျတဲ့ စိန်ခေါ်မှုဟာ တတ်ကျွမ်းသူအသစ်တွေအတွက် လိုအပ်တဲ့ သင့်တော်တဲ့ စွမ်းရည်တွေကို ဖော်ထုတ်ဖို့နဲ့ လက်ရှိ လုပ်သားအင်အားထုကို ဘယ်လို ကျွမ်းကျင်အောင် လုပ်ပေးမလဲဆိုတာဘဲ ဖြစ်ပါတယ်။ ဒီအတူလက်တွဲလုပ်ဆောင်တဲ့ အားထုတ်မှုဟာ လာမယ့်နှစ်တွေမှာ အလုပ်ကဏ္ဍတွေရဲ့ ကူးပြောင်းရေးကို ပံ့ပိုးပေးဖို့ တတ်ကျွမ်းသူစုစည်းရေးကို ကြိုတင်ပြင်ဆင်တဲ့ အရေးကြီးတဲ့ အလုပ်တာဝန်ကို ဖြေရှင်းပေးဖို့ တစ်ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍရဲ့ သဘောထားဆန္ဒအကြောင်း အမြောက်အမြား တင်ပြတာဖြစ်ပါတယ်။”

အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့အစည်း၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Kitack Lim က အတည်ပြုပြောဆိုလိုက်သည်မှာ-

“ပင်လယ်ရေကြောင်း ကဏ္ဍမှာရှိတဲ့ တရားမျှတတဲ့ ကူးပြောင်းရေးဟာ ပါဝင်ပတ်သက်သူတိုင်းအနေနဲ့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေနဲ့ တတ်ကျွမ်းဖို့အပြင် ဒီလုပ်ငန်းစဉ်မှာ ဘယ်သူ့ကိုမှ ခြန်ရစ်မထားဘူးဆိုတာကို သေချာစေမှာ ဖြစ်စေပါတယ်။ အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း သဘောသဘာဝကြောင့် ကျနော်တို့အနေနဲ့ ပါဝင်ပတ်သက်သူအားလုံးနဲ့အတူတကွ ကမ္ဘာအနှံ့ လုပ်ကိုင်ဖို့လိုပါတယ်။ သင်္ဘောလုပ်ငန်းမှာ ပါဝင်ပတ်သက်တဲ့ လုပ်သားအင်အားထု အားလုံး သို့သော်လည်း အထူးသဖြင့် ၎င်းရဲ့ အလေးထားရမယ့်နေရာမှာရှိတဲ့လူတွေဟာ ဒီကူးပြောင်းကိစ္စမှာ ပါဝင်လုပ်ပေးဖို့ လိုပါတယ်။ တရားမျှတတဲ့ ကူးပြောင်းရေး ပင်လယ်ရေကြောင်း အလုပ်တပ်ဖွဲ့ရဲ့ ရလဒ်အဖြေဟာ အနာဂတ် လုပ်သားအင်အားထုနဲ့ ဆက်နွှယ်နေတဲ့ IMO မှာရှိတဲ့ လုပ်နေဆဲ လုပ်ငန်းဖြစ်စဉ်တွေအပေါ် အခရာကျပါတယ်၊ အထူးသဖြင့် သင်္ဘောသားတွေအတွက် လေ့ကျင့်သင်တန်းပို့ချရေး၊ အောင်လက်မှတ်အပ်နှင်းရေးနဲ့ ကင်းစောင့်ကြပ်ကြည့်ရှုခြင်းတွေရဲ့ စံရည်စံနှုန်း တွေအတွက် IMO ရဲ့ အပြည်ပြည်ဆိုင်ရာ စာချုပ် (STCW စာချုပ်) ကို ပြည့်ပြည့်စုံစုံ ပြန်လည်သုံးသပ်ဖို့နဲ့ပတ်သက်တဲ့ ကျင်းပမှာဖြစ်တဲ့ ဆွေးနွေးပွဲတွေအတွက် အခရာကျပါတယ်။ သက်ဆိုင်တဲ့ ပါဝင်ပတ်သက်သူတွေနဲ့ ဆက်လက်ပြီး အတူပူးပေါင်းလုပ်ကိုင်ပေးဖို့ ကျနော် မျှော်လင့်ပါတယ်။”

အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Guy Ryder-

“ပင်လယ်ရေကြောင်း တရားမျှတမှု ကူးပြောင်းရေး အလုပ်တပ်ဖွဲ့ဟာ အကောင်းဆုံး ကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲကို ကိုယ်စားပြုပါတယ်။ အဲ့ဒါဟာ ILO ရဲ့ 2015 ခုနှစ် လမ်းညွှန်းတွေမှာ ဖော်ပြထားတဲ့ သုံးပွင့်ဆိုင် ချဥ်းကပ်မှုကို ရောင်ပြန်ဟတ်ထားပါတယ်၊ တည်တံ့နေမယ့် စီးပွားရေးတွေနဲ့ လူမှုအဖွဲ့အစည်းတွေဆီ အားလုံးအတွက် လေထုသန့်စင်တဲ့ သင်္ဘောလုပ်ငန်းကို လူသားအပေါ် အလေးထားတဲ့ချဥ်းကပ်ပုံနဲ့ တရားမှတတဲ့ ကူးပြောင်းရေး အတွက် ဖြစ်ပါတယ်။”

- ပြီးပြီ။

တည်းဖြတ်သူများသို့ အမှာစာ-

ICS အကြောင်း

အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အဖွဲ့ (International Chamber of Shipping (ICS)) သည် ကုန်ကူးသန်းသည့် သင်္ဘောပိုင်ရှင်များနှင့် လုပ်ငန်းလုပ်ကိုင်သူများအတွက် အဓိက အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး အသင်းအဖွဲ့ဖြစ်သည်၊ အားလုံးသော လုပ်ငန်းကဏ္ဍများနှင့် ကုန်သွယ်ရေးများနှင့်တကွ ကမ္ဘာ့ကုန်သွယ် သင်္ဘောများ၏ 80% ကျော်ကို ကိုယ်စားပြုလျက်ရှိပါသည်။

ITF အကြောင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာကို လည်ပတ်ပေးနေသည့် အမျိုးသမီး အမျိုးသား သန်း နှစ်ဆယ်ခန့်၏ သဘောထားဖြစ်ပါသည်။

SMF အကြောင်း

၂၀၀၄ ခုနှစ်တွင် တည်ထောင်ထားသည့် စင်္ကာပူ ပင်လယ်ရေကြောင်း ဖောင်ဒေးရှင်းသည် အများဆိုင်ရာနှင့် ပုဂ္ဂလိကဆိုင်ရာ ကဏ္ဍများအကြားတွင် ပေါင်းကူးဆက်သွယ်ပေးသည့် တံတားတစ်ခုဖြစ်သည်၊ စင်္ကာပူကို အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း စင်တာ (အိုင်အမ်စီ) (International Maritime Centre (IMC)) အဖြစ် ဖွဲ့စည်းရေးနှင့် တိုးမြှင့်ဆောင်ရွက်ရေး လုပ်ငန်းမစ်ရှင်နှင့်တကွ ဆက်လက် တိုးတက်မှုအတွက် စင်္ကာပူနိုင်ငံ၏ အနေအထားကို ကျွမ်းကျင်သူ လမ်းကြောင်းအား ဆွဲဆောင်ရန်၊ လုပ်ကိုင်ရန်နှင့် ကြီးထွားဖွံ့ဖြိုးရန် လုပ်ငန်းမစ်ရှင်တို့ကို အောင်မြင်စေရန်ဖြစ်ပါသည်။ အသေးစိတ် အကြောင်းအချက်များကို ဝက်ဘ်ဆိုက် visit www.smf.com.sg တွင်ကြည့်ပါ။

UN Global Compact (ကုလသမဂ္ဂ တစ်ကမ္ဘာလုံးဆိုင်ရာ တာဝန်ရှိရှိ လုပ်ငန်းလုပ်ကိုင်မှု စာချုပ်အဖွဲ့) အကြောင်း

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူး ကနဦးလုပ်ဆောင်ချက်အဖြစ် ကုလသမဂ္ဂ တစ်ကမ္ဘာလုံးဆိုင်ရာ တာဝန်ရှိရှိ လုပ်ငန်းလုပ်ကိုင်မှု စာချုပ်အဖွဲ့ (United Nations Global Compact) သည် နေရာတိုင်းတွင်ရှိနေသည့် ကုမ္ပဏီများအား ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများနှင့် နည်းဗျူဟာများကို လူ့အခွင့်အရေးများ၊ အလုပ်သမား၊ ပတ်ဝန်းကျင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး နယ်ပယ်များ၌ အခြေခံမူ ၁၀ ချက်နှင့်အညီ တစ်သားဖြစ်စေရန် လှုံ့ဆော်မှုတစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ စီးပွားလုပ်ငန်း၏ တစ်ကမ္ဘာလုံးဆိုင်ရာ စုပေါင်း သက်ရောက်မှုကို အခြေခံ စည်းမျဥ်း ၁၀ ခုအား ပြောင်းလဲနိုင်သည့် တာဝန်ခံသော ကုမ္ပဏီများနှင့် သက်ရှိပတ်ဝန်းကျင်မှတစ်ဆင့် ထိန်းသိမ်းခြင်းအားဖြင့်နှင့် တည်တဲ့နေမည့် ဖွံ့ဖြိုးမှုဆိုင်ရာ ပန်းတိုင်များကို ဆောင်ကျဥ်းပေးခြင်းအား ပိုမိုအရှိန်အဟုန် မြှင့်တင်ရန်နှင့် တိုင်းထွာရန် ဖြစ်ပါသည်။ ကုလသမဂ္ဂ တစ်ကမ္ဘာလုံးဆိုင်ရာ တာဝန်ရှိရှိ လုပ်ငန်းလုပ်ကိုင်မှု စာချုပ်အဖွဲ့ (UN Global Compact) သည် တရားမျှတသော ကူးပြောင်းရေး Think Lab ဆွေးနွေးခန်းကို ဖွင့်လှစ်ခဲ့သည်၊ ၎င်းသည် တရားမျှတသော ကူးပြောင်းရေး၌ ကော်ပိုရေးရှင်းအဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ တစ်ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးမှုကို ကူညီဖွဲ့စည်းပေးပါလိမ့်မည်။ အဆိုပါ Think Lab ဆွေးနွေးခန်းကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းနှင့် တရားမျှတမှု ကူးပြောင်းရေး စင်တာတို့က ဖက်စပ်ဆောင်ရွက်ထားသည်။

မီဒီယာ အဆက်အသွယ်-

Duncan Bray

အီးမေးလ် - ICS@woodrowcommunications.com 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.