Skip to main content

P&O Ferries ကုမ္ပဏီ အလုပ်ထုတ်ပစ်ခြင်းများ- အလုပ်သမားများအား ကာကွယ် ပေးသည့် ဥပဒေများကို သုံးစွဲရန်အတွက် UK ၏ပျက်ကွက်မှုနှင့်ပတ်သက်ပြီး UN စုံစမ်းမှု လုပ်ပေးရန် သမဂ္ဂများက လှုံ့ဆော်

20 May 2022
Press Release

 

P&O Ferries ကုမ္ပဏီက မတရား အလုပ်ထုတ်ပစ်ပြီး ရက်စက်စွာ ပြုမူဆက်ဆံခံရသည့် သင်္ဘောသား အယောက် ၈၀၀ ကိုယ်စား သမဂ္ဂများနှင့်ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂအဖွဲ့ချုပ်များသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ အစည်း (ILO — UN ၏ အဖွဲ့အစည်းတစ်ရပ်) ထံ အရေးပေါ် ဝင်ရောက်ဖြန်ဖြေပေးရန် စာရေးသားခဲ့ကြသည်။

စေ့စပ်ညှိနှိုင်းမှုမရှိဘဲ  သင်္ဘောသားများအား P&O Ferries ကုမ္ပဏီက မတရား အလုပ်ထုတ်ပစ်ပြီးနောက် သက်ဆိုင်ရာ အလုပ်သမားဥပဒေများနှင့် ဒဏ်ခတ်အရေးယူမှုများပြုလုပ်ရန် ယူကေအစိုးရ၏ ပျက်ကွက်မှုသည် အသင်းအဖွဲ့ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် အလုပ်အကိုင်လုပ်ခ စုပေါင်းညှိနှိုင်းရေးကိစ္စတို့နှင့်စပ်လျဉ်းသည့် ILO ၏ စည်းမျဉ်းစည်းကမ်းများအား ပြင်းထန်သော ချိုးဖောက်မှုတစ်ရပ်ဖြစ်သည်ဟု သမဂ္ဂများက အခိုင်အမာ ပြောဆိုလိုက်ပါသည်။ ယူကေအစိုးရသည် ယင်းတို့ တရားဝင်ချုပ်ဆိုထားသည့် အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများကိုလည်း ချိုးဖောက်ခဲ့သည်။

ဉပဒေမူအခြေခံဘောင်အား P&O Ferries’ ကုမ္ပဏီ၏ တိုက်ခိုက်မှုမှာ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF))၊  seafarers’ unions  နော်တီးလပ်စ် အပြည်ပြည်ဆိုင်ရာနှင့် မီးရထား၊ ပင်လယ် ရေကြောင်း နှင့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ (Nautilus International and the Rail, Maritime and Transport Workers (RMT)) အတွက် သင်္ဘောသားများ သမဂ္ဂများ၊ ယူကေ အလုပ်သမားများ သမဂ္ဂ ကွန်ကရက် (UK Trades Union Congress (TUC)) ၊ ဥရောပ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (European Transport Workers’ Federation (ETF)) ၊ နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် (International Trade Union Confederation (ITUC)) အပါအဝင် အလုပ်သမားများ၏ အဖွဲ့အစည်းများသည် ယူကေ အစိုးရနှင့်ပတ်သက်ပြီး တရားဝင်ကန့်ကွက်စာတစ်စောင်ကို  ILO သို့ ပူးတွဲတင်ပြရန် လှုံ့ဆော်ခဲ့သည်။  

 

ယင်းတို့ (သမဂ္ဂများ) အနေဖြင့် အဆိုပါကိစ္စရပ်သည် အရေးကြီးကြောင်း ထင်မြင်ယူဆမိပြီး နိုင်ငံတကာမှ အသိ အမှတ်ပြု လက်ခံထားသော အလုပ်သမား စံချိန်စံညွှန်းများကို လိုက်နာရန် ယူကေအစိုးရ၏ ပျက်ကွက်မှုအား မီးမောင်း ထိုးပြရန်အတွက်  အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း ( ILO) ၏ ညွှန်ကြားရေးမှူးချုပ် Guy Ryder  အား ပုဂ္ဂိုလ်ရေးအရ အရေးပေါ်ဝင်ရောက်ဖြန်ဖြေပေးရန်  အကူအညီတောင်းခံခဲ့ကြသည်။

“မတ်လအတွင်း  သင်္ဘောသား (၈၀၀) ဦးကို  ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ပစ်ခဲ့တာဟာ ကုမ္ပဏီအနေနဲ့ တရားမဝင် ပြုမူခဲ့ကြောင်း P&O Ferries ကုမ္ပဏီရဲ့ အလုပ်အမှုဆောင်အရာရှိ CEO  ဝန်ခံခဲ့တဲ့အပြင် သူ့အနေနဲ့ အလားတူလုပ်ရပ်မျိုး ထပ်မံလုပ်လိမ့်မယ်လို့ ပါလီမန်မှာ ပြောခဲ့ပါတယ် ” ဟု  ITF ၏ အထွေ ထွေ အတွင်းရေးမှူး Stephen Cotton  က ပြောကြားခဲ့သည်။ “P&O Ferries ကုမ္ပဏီဟာ အဆိုးဝါးဆုံးနည်းလမ်းနဲ့ ပြုမူခဲ့ပြီး အဆိုပါကိစ္စမှ အလွတ်ပြေးရှောင်ထွက်ဖို့ မျှော်လင့်နေပါတယ်။”

 

ဥပဒေများသည် ကုမ္ပဏီများအား ထင်သလိုပြုမူခွင့် ပေးထားပြီး အလုပ်သမားများအဖို့ ရွေးချယ်ရန်နည်းလမ်း အနည်းငယ်သာရှိသည်

“P&O Ferries ဟာ အဖွဲ့အစည်းနှင့် အလုပ်အကိုင်လုပ်ခ ညှိနှိုင်းရေး လွတ်လပ်မှုနှင့်သက်ဆိုင်တဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို လျစ်လျူရှုခဲ့ပါတယ်” ဟု Cotton က ပြောကြားခဲ့သည်။ ဒီကုမ္ပဏီဟာ Zoom ကနေတစ်ဆင့် အစုလိုက်အပြုံလိုက် အလုပ်ထုတ်ပစ်တာတွေ၊ လက်ထိပ်ခတ်ဖို့ လေ့ကျင့်ထားတဲ့ လုံခြုံရေးတွေ ခြံရံပြီး အလုပ်သမားတွေကို သင်္ဘောပေါ်က ဆင်းခိုင်းတာတွေ၊ ပြီးတော့ လစာအနည်းငယ်သာ ပေးရတဲ့   သမဂ္ဂအဖွဲ့ဝင်မဟုတ်တဲ့ အလုပ်သမားများတွေနဲ့ အစားထိုးခန့်လိုက်တာတွေ၊ ဒါတွေမလုပ်ခင်မှာ သင်္ဘောသားတွေနဲ့ သမဂ္ဂတွေနဲ့အတူ ဆွေးနွေးရမယ်ဆိုတဲ့ ဥပဒေပါ သတ်မှတ်ချက်တွေကို ဒီကုမ္ပဏီက ပြောင်ပြောင်တင်းတင်း လျစ်လျူရှုလိုက်တာရဲ့ အကျိုးဆက်ဘဲဖြစ်ပါတယ်။

ယူကေ ဉပဒေအရ   အလုပ်ရှင်များ၏ ဉပဒေချိုးဖောက်မှုများအား အလုပ်သမားများအနေဖြင့် တရားဝင် စုံစမ်းမေးမြန်းခွင့် အခွင့်အရေးများ စွန့်လွှတ်ရန် ငွေကြေးအရ ဖိအားပေးခံရနိုင်ဖွယ်ရှိသည်ကို သမဂ္ဂများအနေဖြင့် စိုးရိမ်ပူပန် နေကြောင်း Cotton က ဆက်လက်ပြောကြားခဲ့သည်။

P&O Ferries ရဲ့ တန်ဖိုးငွေကြေး သိပြီးသား’ ဖြစ်တဲ့ ဥပဒေချိုးဖောက်မှုနဲ့တကွ သင်္ဘောသားတွေကို အများပြည်သူသတင်း မပေါက်ကြားစေဖို့ တားမြစ်တဲ့ တရားသူကြီးအမိန့်နဲ့ အကျပ်ကိုင်ဖို့လုပ်တဲ့ တိုက်ခိုက်မှုတွေဟာ တစ်ကယ်လို့ အလုပ်သမားတွေအနေနဲ့ P & O ကို တရားစွဲပြီး ဥပဒေအရ ပြေငြိမ်းကျေအေးလျော်ကြေးငွေ အနိုင်ရတာထက် ပိုပြီးထိုက်တန်မှုရှိပါတယ်၊ အလုပ်သမားတွေ နှုတ်ပိတ်နေပြီး သူတို့ရဲ့ အခွင့်အရေးတွေကို အဆုံးသတ်ခိုင်းလိုက်တာဘဲဖြစ်ပါတယ်။”   

P&O’s ၏ လုပ်ရပ်များမှာ မဖွယ်မရာသော လူ့ကျင့်ဝတ်ဖြစ်သော်လည်း သမဂ္ဂများအတွက် အဆိုပါလုပ်ရပ်များကို အရေးယူ ကန့်ကွက်ရန် လမ်းကြောင်းအနည်းငယ်သာ လက်ရှိ ယူကေ ဥပဒေအရ ရှိခဲ့ကြောင်း Cotton က ဆက်လက်ပြောကြားခဲ့သည်။

“ယူကေအနေနဲ့ သူတို့ရဲ့ အလုပ်ခန့်ထားရေးဥပဒေတွေကို ပိုမိုခိုင်မာအောင်လုပ်ပေးဖို့ ကျနော်တို့ က ILO မှ တစ်ဆင့် တောင်းဆိုနေပါတယ်၊ ဒါမှ အလုပ်သမားတွေဟာ  အစိုးရပြဌာန်းထားတဲ့ သူတို့မှာရှိတဲ့ သူတို့ရဲ့ အခွင့်အရေးတွေကို အမှန်တကယ် အားကိုးအားထားနိုင်မှာဖြစ်ပါတယ်။” ဟု Cotton က ဆက်လက် ပြောကြားခဲ့သည်။

ဒီလို ဆိုးသွမ်းတဲ့ အလုပ်ရှင်တွေကို အမှန်တကယ် ဟန့်တားပေးမယ့် အတားအဆီးတစ်ခု လိုအပ်ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုလုပ်ဖို့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ ဒါရိုက်တာလူကြီးတွေကို ဖယ်ရှားပေးဖို့ ကျနော်တို့ တွေ့မြင်လိုပါတယ်။ ဆွေးနွေးညှိနှိုင်းမှုလုပ်ဖို့ ပျက်ကွက်တဲ့ အလုပ်ရှင်ကြောင့် အလုပ်သမား ရနိုင်မယ့် နစ်နာကြေးအပေါ်မှာ ဘယ်လောက်အထိဘဲရနိုင်မယ်ဆိုပြီး အကန့်အသတ် မရှိသင့်ပါဘူး။  အဲဒီ့ကန့်သတ်ချက်ကို ဖယ်ရှားပစ်ဖို့လိုပါတယ် ဒါမှ တရားရုံးတွေအနေနဲ့ နမူနာအနေနဲ့ပြောရရင်အလုပ်ထုတ်ပစ်ပြီး အလုပ်သမားအစားထိုးလိုက်တဲ့  P&O Ferries’ ရဲ့ကိစ္စမျိုးတွေမှာ ပြစ်မှုနဲ့ကိုက်ညီတဲ့ ပြစ်ဒဏ်တွေကို အမိန့်ချပေးနိုင်မှာဖြစ်ပါတယ်။

 သမဂ္ဂများနှင့် အလုပ်သမားများအနေဖြင့် တရားရုံးများထံမှ ကြားဖြတ်တားမြစ်အမိန့် ရရှိရေးကို ယူကေ အစိုးရက ခွင့်ပြုရန်အတွက် လိုအပ်ကြောင်း၊ အဆိုပါအမိန့်အားဖြင့် အငြင်းပွားသည့် အလုပ်ထုတ်ပစ်မှုများကို ရပ်ဆိုင်းပေးနိုင်ပြီး အလုပ်ရှင်အနေဖြင့် သင့်တော်သော ဆွေးနွေးမှု မလုပ်မချင်း အလုပ်ထုတ်ပစ်မှုများကို ပယ်ဖျက်၍ပင် ပယ်ဖျက်ပေးနိုင်ကြောင်း Cotton က ဆက်လက်ပြောကြားခဲ့သည်။

အကယ်၍ ယူကေအနေဖြင့် မိမိ၏ ဥပဒေများကို အဆိုပါပြောင်းလဲချက်များမလုပ်မချင်း  ယူကေနိုင်ငံသည် ILO Conventions 87 နှင့် 98  ကို  ချိုးဖောက်နေပါသည်။ သမဂ္ဂ-ဆန့်ကျင်သည့် ခွဲခြားဆက်ဆံမှု လုပ်ရပ်များမှ လုံလောက်သော ကာကွယ်မှု အလုပ်သမားအားလုံး ရရှိရမည်ကို လှုံ့ဆော်ပေးသည့် တိုက်တွန်းပြီး မြှင့်တင်ပေးမည့်အလုပ်အကိုင်လုပ်ခ စုပေါင်းညှိနှိုင်းရေး ယန္တရားဖြစ်မြောက်ရေးကို ILO C98 က နိုင်ငံ့အပေါ် တာဝန်ယူထားသည်။

သမဂ္ဂများ၏ ရင်ဖွင့်သံ

RMT အထွေထွေအတွင်းရေးမှူး Mick Lynch က “P&O Ferries လို လူဆိုးဂိုဏ်းဝင် အရင်းရှင်တွေဟာ အလွယ်တကူ ငွေရှာဖို့အတွက် ဉပဒေနဲ့ ပင်လယ်ရေကြောင်း ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းတွေကို ဖျက်ဆီးနေကြပါတယ်။ အဲ့ဒါကို သည်းခံလို့ မရနိုင်ပါဘူး။  ဒူဘိုင်းနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ ကုမ္ပဏီပိုင်ရှင်တွေ အမြတ်အစွန်း ရဖို့အတွက် အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တိုက်ခိုက်နေတဲ့ P&O Ferries လိုအလုပ်ရှင်တွေဟာ   ILO အဆင့်မှာ ထိရောက်တဲ့ ဉပဒေဆိုင်ရာ ပြစ်ဒဏ်တွေ ကျခံရမယ်“ ဟုပြောကြားခဲ့သည်။

ဉပဒေချိုးဖောက်တယ်လို့ ဝန်ခံခဲ့တဲ့ P&O Ferries အလုပ်အမှုဆောင် အရာရှိ Peter Hebblethwaite ဟာ သူ့ရဲ့ကိုယ်တိုင် ဖန်တီးတဲ့ ဒီပဋိပက္ခ ရက်ပေါင်း (၅၀) ကြာခဲ့တဲ့တိုင် ကျနော်တို့ရဲ့ အဖွဲ့ဝင်တွေကို မတရား အလုပ်ဖြုတ်ပစ်တဲ့အတွက် ဘယ်လိုပြစ်ဒဏ်မျှ မခံစားရသေးပါဘူး။ သူ့ကို အလုပ်ဖြုတ်ပစ်ရမယ်၊“ ဟု Nautilus အပြည်ပြည်ဆိုင်ရာ အထွေထွေ အတွင်းရေးမှူးဖြစ်သူ Mark Dickinson က ပြောကြားခဲ့သည်။

“သူတို့ရဲ့ အလုပ်သမားဥပဒေတွေကို အတင်းအကျပ်အသုံးချဖို့ ယူကေ အစိုးရဲ့ ပျက်ကွက်မှုဟာ ဉရောပတစ်ခွင်မှာ ဆိုးသွမ်းတဲ့ အလုပ်ရှင်တွေအတွက်  အန္တရာယ်ရှိတဲ့ အစဉ်အလာသာဓက တစ်ရပ်ဖြစ်သွားပါတယ်။ ဝန်ကြီးတွေအနေနဲ့ ဝင်ရောက်စွက်ဖက်ရမယ်၊ ဒီအရှုပ်ပြဿနာကို  ရှင်းပေးရမယ်၊  ဒါမှ နောက်ထပ် အလုပ်သမားတွေရဲ့ ဘဝဟာ အဆိုပါ ရက်စက်ပြီး အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင် ဆက်ဆံရေး ကျင့်စဉ်တွေကြောင့်  ဆုံးရှုံးသွားမှာကို ကျနော်တို့ ဘယ်တော့မျှ မြင်တွေ့ရမှာ မဟုတ်တော့ပါဘူး” ဟု ETF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Livia Spera က ပြောကြားခဲ့သည်။

“ဘယ်သူ့ကိုမျှ အလွယ်တကူစွန့်ပစ်လို့ရတဲ့ အလုပ်သမားလို မဆက်ဆံသင့်ပါဘူး။ သို့သော် ကျနော်တို့ရဲ့ အလုပ်သမား အကာအကွယ်ပေးမှုတွေဟာ အင်မတန်ကို အားနည်းချိနဲ့နေလို့ ငွေကြေးတတ်နိုင်တဲ့ အလုပ်ရှင်တွေဟာ အလွယ်တကူကျော်ဖြတ်သွားနိုင်ကြပါတယ်။” ဟု TUC အထွေထွေ အတွင်းရေးမှူးဖြစ်သူ Frances O'Grady က ပြောကြားခဲ့သည်။

“ဒီနိုင်ငံလုံးဆိုင်ရာ အရှက်တကွဲဖြစ်ရပ်ကြောင့် ယူကေနိုင်ငံမှာ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေအတွက် ပြောင်းလဲပေးရမယ့် အချိန်ရောက်ပါပြီး။ သို့သော်လည်း Boris Johnson ဟာ  အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ပိုပြီးခိုင်မာအောင်လုပ်ပေးဖို့ သူရဲ့ရေရှည်ကတိပေးထားတဲ့  အလုပ်ရှင်အလုပ်သမား ဥပဒေကြမ်းကို ပါလီမန်မှာတင်သွင်းပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ အလုပ်လုပ်တဲ့လူတွေအဖို့ တော်လောက်ပြီး သည်းမခံနိုင်တော့ပါဘူး။ သူတို့တတွေဟာ ပိုမိုကောင်းမွန်တဲ့ ကာကွယ်ပေးမှုတွေနဲ့ ပိုမိုကြီးကျယ်တဲ့ ဂုဏ်သိက္ခတွေ အလုပ်ခွင်မှာ လိုအပ်ပါတယ်။ ပြီးတော့ ဉပဒေချိုးဖောက်တဲ့ ဆိုးသွမ်းအလုပ်ရှင်တွေဟာ  လက်ရှိ ဥပဒေတွေက ပြဌာန်းထားတာထက် ပိုပြီးပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ ပိုပြီးကြီးမားတဲ့ ဒဏ်ကြေးတွေနဲ့အတူ  ပြစ်ဒဏ် ချမှတ်ခံရမှာဖြစ်ပါတယ်။“

“ကောင်းမွန်တဲ့ အလုပ်တွေ၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းရေး လွတ်လပ်ခွင့် နဲ့ အလုပ်အကိုင်လုပ်ခ စုပေါင်း ညှိနှိုင်းရေးတွေဟာ အလုပ်ရှင်အလုပ်သမား ဥပဒေတွေမှာ အခြေခံကျတဲ့ ကဏ္ဍမှာ ရှိကိုရှိရမှာဖြစ်ပါတယ်။  အလုပ်သမား ဉပဒေတွေဟာ  အလုပ်သမားတွေကို ကာကွယ်ပေးရမယ်။  အလုပ်ထုတ်ပစ်ပြီး အစားထိုးခန့်တာတွေကို ပယ်ဖျက်ပေးဖို့၊ သူတို့ရဲ့ ဥပဒေတွေကို ပိုခိုင်မာအောင်လုပ်ဖို့နဲ့ လိုက်နာဖို့ ပျက်ကွက်တဲ့ ကုမ္ပဏီတွေကို ပြင်းပြင်းထန်ထန် အရေးယူအပြစ်ပေးဖို့အတွက် ယူကေ အစိုးရအတွက် ယခု အချိန်တန်ပါပြီ။“ ဟု  ITUC ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ Sharan Burrow က ပြောကြားခဲ့သည်။

 

တည်းဖြတ်သူများသို့ အမှာစာ

သမဂ္ဂများ မြင်တွေ့လိုသည့် ဥပဒေ ပြင်ဆင်ပြောင်းလဲချက်များ

  • ပြည့်ဝပြီး အဓိပ္ပါယ်ရှိသည့် စေ့စပ်ဆွေးနွေးမှုများ မလုပ်မချင်း  မတရား အလုပ်ထုတ်ပစ်ခြင်းများ အာဏာသက်ရောက်ခြင်းမှ တားမြစ်ပေးရန် ကြားဖြတ် တရားရုံးအမိန့်တစ်ရပ် သို့မဟုတ် အဆိုပါ အလုပ်သမားများအား အလုပ်ပြန်လည်ခန့်ပေးရန် တရားရုံးအမိန့်တစ်ရပ် လျှောက်ထားရန်အတွက် သမဂ္ဂများအား ခွင့်ပြုရန်။
  • ယူကေနိုင်ငံရှိ ကူးတို့သင်္ဘောများ ပြေးဆွဲသည့် ဆိပ်ကမ်းအားလုံးနှင့်စပ်လျဥ်းသည့် သမဂ္ဂများနှင့် အလုပ်ရှင်များအကြား လုပ်ငန်းကဏ္ဍအလိုက် အလုပ်အကိုင်လုပ်ခ စုပေါင်း ညှိနှိုင်းရေး တစ်ရပ် ထူထောင်ရန်  ဉပဒေပြုပေးရန်နှင့် အဆိုပါ စုပေါင်း ညှိနှိုင်းသဘောတူညီချက်များကို
    (လုပ်ခလစာကောင်စီများ အက်ဥပဒေ ၁၉၇၆ အရကဲ့သို့ ) ဥပဒေနှင့်အညီ နှစ်ဖက်တာဝန်ရှိကြောင်း လုပ်ဆောင်ပေးရန်
  • အသိအမှတ်ပြုသမဂ္ဂနှင့် စေ့စပ်ဆွေးနွေးရေးလုပ်ရန် ဥပဒေအရ တာဝန်ကို အငြင်းပွားမှုရှိ အလုပ်ရှင်အနေဖြင့် ဉပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သည့်ကိစ္စ၌ သမဂ္ဂ လှုံ့ဆော်သည့် အလုပ်သမား သပိတ်မှောက်ဆန္ဒပြပွဲကို တားမြစ်ချက်အား ပယ်ဖျက်ပေးရန်   
  • ကုမ္ပဏီနှင့် ၎င်း၏ဒါရိုက်တာများအဖို့  သမဂ္ဂများနှင့်စေ့စပ်ဆွေးနွေးရန် ပြစ်ကွက်မှုကို  ပြစ်မှုတစ်ရပ်အဖြစ် ပြဌာန်းပေးပြီး အကန့်အသတ်မရှိ ဒဏ်ကြေးများဖြင့် ပြစ်ဒဏ် ပေးရန်
  • စေ့စပ် ဆွေးနွေးရန် ပျက်ကွက်မှုအတွက်  လျော်ကြေးငွေ အတိုင်းအဆအပေါ်  ကန့်သတ်ချက်အား ပယ်ဖျက်ပေးရန် (လက်ရှိကန့်သတ်ချက်မှာ လုပ်ခ (၉၀) ရက်အတွက် ငွေကြေးအဖြစ် ကန့်သတ်ထားသည်)
  • ပြည့်ဝပြီး အဓိပ္ပါယ်ရှိသည့် စေ့စပ်ဆွေးနွေးမှုများ မလုပ်မချင်း အလွဲအပြောင်းကိစ္စများကို ရပ်ဆိုင်းပေးရန် တရားရုံး တားမြစ်အမိန့်တစ်ရပ်လျှောက်ထားရန်အတွက်   သမဂ္ဂများအား ခွင့်ပြုနိုင်ရေးအလို့ငှါ  နည်းဥပေဒဒများ ၂၀၀၆ ခုနှစ် (TUPE Regulations 2006) အား ပြင်ဆင်ပေးရန်
  • P&O Ferries အသုံးပြုသည့် “အလုပ်ထုတ်ပစ်ခြင်း နှင့် အလုပ်သမား အစားထိုးခြင်း” နည်းလမ်းများကို ပိတ်ပင်တားမြစ်ရန်အတွက် အလုပ်အကိုင် အခွင့်အရေးများ အက်ဥပဒေ ၁၉၉၆ ခုနှစ် (Employment Rights Act 1996) အား ပြင်ဆင်ပေးရန်
  • သင်္ဘောသားအားလုံးအား ပုံစံမျိုးစုံဖြင့် ခွဲခြားဆက်ဆံခံရမှုမှ ကာကွယ်ပေးမည့် ပိုမိုခိုင်မာပြီး ဘက်လိုက်မှုကင်းသော ဉပဒေပြဌာန်းချက် ပြဌာန်းပေးရန် ( သင်္ဘောတစ်စင်းသည် တစ်နေရာရာတွင် မှတ်ပုံတင်ထားသော်လည်း ကြားဝင်ဖြန်ဖြေမှု ပိုမိုရရှိနိုင်ရေးအတွက် ယူကေ အာဏာပိုင်များအား ခွင့်ပြုရန်)
  •  စေ့စပ် ဆွေးနွေးရန် ပျက်ကွက်မှု အကြောင်းရင်းများကို ကုမ္ပဏီဒါရိုက်တာတစ်ဦးအဖြစ် အရည်အချင်းပြည့်ဝမှုမရှိအဖြစ် ပြဌာန်းပေးရန်အတွက် ကုမ္ပဏီ ဒါရိုက်တာများ အရည်အချင်းမဲ့မှု အက်ဥပဒေ ၁၉၈၆ ခုနှစ် (Company Directors Disqualification Act 1986)  အား ပြင်ဆင်ပေးရန်

 

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.