Skip to main content

သင်္ဘောသားများသည် အပြည်ပြည်ဆိုင်ရာဥပဒေတွင် မဖြစ်မနေရမည့် အင်တာနက် ရယူသုံးစွဲခွင့်အတွက် ကတိကဝတ် အောင်မြင်စွာရရှိ

18 May 2022
Press Release
Credit: Albesa, Eleaquim Manicar
ဓါတ်ပုံ- Albesa, Eleaquim Manicar

သင်္ဘောသားများ အုပ်စုသည် သင်္ဘောဝန်ထမ်းများအတွက် မဖြစ်မနေ အချိတ်အဆက်လုပ်မှုအတွက် အခွင့်အရေးတစ်ရပ်ကို အောင်မြင်စွာရရှိလိုက်သည်၎င်းတွင် အင်တာနက် ရယူသုံးစွဲရေး အပါအဝင်ဖြစ်သည်၎င်းမှာ ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် ၂၀၀၆ ခုနှစ် (MLC) တွင် ပြင်ဆင်ထည့်သွင်းလိုက်ခြင်းဖြစ်သည် သို့သော် စိတ်ပျက်စရာကောင်းသည်မှာ သင်္ဘောပိုင်ရှင်များနှင့် အစိုးရများက သုံးစွဲမှုအတွက် ကျသင့်ငွေ တောင်းခံနိုင်မည်ဖြစ်သည်။

ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (MLC) သည် သင်္ဘောသားများ၏ အခွင့်အရေးများကို ကာကွယ်ပေးရန်နှင့် ကမ္ဘာ့သင်္ဘောအုပ်စု 90% ကျော်ကို ကိုယ်စားပြုသည့် နိုင်ငံပေါင်း ၁၀၀ ကျော်မှ အတည်ပြုခဲ့ပြီးဖြစ်သည့် အပြည်ပြည်ဆိုင်ရာ စာချုပ်တစ်ရပ်ဖြစ်ပါသည်။ ပြဌာန်းချက်များအနက် တစ်ခုမှာ အစိုးရများ၊ သင်္ဘောပိုင်ရှင်များနှင့် သင်္ဘောသား ကိုယ်စားလှယ်များသည် စာချုပ်ကို ပြန်လည်သုံးသပ်ရန်နှင့် အသစ်ပြဌာန်းချက် ထည့်သွင်းပြင်ဆင်ရန် အချိန်အခါအားလျော်စွာ တွေ့ဆုံကြမည်ဖြစ်ပါသည်။ နောက်ဆုံးအကြိမ်ကျင်းပသည့် အထူး သုံးပွင့်ဆိုင် ကော်မတီ (Special Tripartite Committee (STC)) အစည်းအဝေးကို ဂျီနီဗာမြို့၌ မေလ ၁၃ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည်၊ သင်္ဘောသားများအတွက် ပိုမိုကောင်းမွန်သော လူမှုရေးဆိုင်ရာ အချိတ်အဆက်ရှိရေးကို ကတိကဝတ်ပြုခြင်းအပါအဝင် ပြောင်းလဲချက် အများအပြားနှင့်တကွ သဘောတူကြရင်း ကျင်းပပြီးစီးခဲ့ပါသည်။

ကျနော်တို့ဟာ ကိုဗစ် ကာလအတွင်း အလွန်များများ လေ့လာခဲ့ပြီးတော့ အဲ့ဒါတွေကြောင့် ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (MLC) ကို ပိုမိုကောင်းအောင်လုပ်ဖို့ ကျနော်တို့ကို တွန်းအားပေးလာခဲ့ပါတယ်၊ဟု အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် သင်္ဘောသားများ ဌာန ဒုတိယ အကြီးအကဲဖြစ်သူအပြင် သင်္ဘောသားများ အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ Mark Dickinson က ပြောကြားခဲ့သည်။

ပင်လယ်ပြင်မှာ အချိန်ကြာကြာ အလုပ်လုပ်နေရတာဟာ အထီးကျန်နေနိုင်ပါတယ်၊ဟု Dickinson ပြောကြားခဲ့သည်၊ ပြီးတော့ အပြင်လောကနဲ့ အဆက်အသွယ် နည်းပါးမှုဟာ သင်္ဘောသားတွေရဲ့ ကျန်းမာကောင်းမွန်ရေးအတွက် အခြေအမြစ်ကျကျ သက်ရောက်မှု ရှိနိုင်ပါတယ်အဲ့ဒါတွေကို ကျနော်တို့ ကိုဗစ်ကာလမှာ အဆိုးဝါးဆုံး သက်ရောက်မှုအဖြစ် တွေ့ခဲ့ရပါတယ်။

မိသားစုနဲ့ မိတ်ဆွေတွေနဲ့ အဆက်အသွယ်ရရှိနေတာဟာ ရရှိဖို့ ကောင်းဖို့အရာတစ်ခုသာ မကပါဘူး၊ အဲ့ဒါဟာ လူ့အခွင့်အရေး တစ်ရပ်လည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ သင်္ဘောသားတွေအတွက် အင်တာနက် ရယူသုံးစွဲဖို့နဲ့ ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် MLC မှာ မဖြစ်မနေ ပြဌာန်းချက် ထည့်သွင်းပေးဖို့ အလွန်ကြိုးစား တိုက်ခဲ့ရပါတယ်။

သင်္ဘောများတွင် အင်တာနက် ဖြန့်ချီပေးရန်အတွက် နည်းပညာ ရှိနေပြီးဖြစ်သော်လည်း သင်္ဘောပိုင်ရှင်များသည် ပြောင်းလဲချက်လုပ်ပေးရန် အသည်းအသန် ငြင်းဆန်ခဲ့သည်။ ၎င်းတို့က တင်ပြခဲ့သည်မှာ ၎င်းတို့ ရယူသုံးစွဲမှုကို အကန့်အသတ်လုပ်သင့်ကြောင်းနှင့် အင်တာနက် ဆက်သွယ်မှု အတွက် သင်္ဘောသားများထံမှ ကျသင့်ငွေ တောင်းခံနိုင်ကြောင်း ဖြစ်ပါသည်။

သင်္ဘောသားများ အုပ်စုက သင်္ဘောသားများထံမှ ကောက်ခံမည့် ကျသင့်ငွေကို ခြွင်းချက်တစ်ရပ်အဖြစ် ထားရှိရန်နှင့် အကယ်၍ ကျသင့်ငွေ တစ်ရပ်ရပ်ကို ကောက်ခံလျှင် အသင့်အတင့်ဖြစ်ရမည်ကို သေချာစေရန် လှုံ့ဆော်ပေးကြသည်။ အစိုးရများကိုလည်း ဆိပ်ကမ်းများနှင့် သက်ဆိုင်ရာ ကျောက်ချနားနေရာများ၌ အင်တာနက် ရယူသုံးစွဲရေးကို သင်္ဘောသားများအပေါ် ကုန်ကျငွေ မရှိစေဘဲ တိုးမြှင့်ပေးရန်ကိုလည်း တိုက်တွန်းပေးခဲ့ကြသည်။

အိမ်ပြန်ပို့ရေးဆိုင်ရာ အခွင့်အရေးများမှာ ဆက်လက်၍ ခေတ်နောက်ကျနေလျက်ရှိသေး

သင်္ဘောသားများ တောင်းဆိုနေကြသည့် အိမ်ပြန်ပို့ရေးကိစ္စနှင့်ပတ်သက်သော ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် MLC အရ အိမ်ပြန်ပို့ရေးနှင့်ပတ်သက်ပြီး MLC ၏သတ်မှတ်ချက်များအပေါ် ပြောင်းလဲချက်အား သဘောတူညီမှု ရရှိရန် အစည်းအဝေးတွင် ပျက်ကွက်ခဲ့သည်။ သင်္ဘောသားများ အုပ်စုက တောင်းဆိုခဲ့သည်မှာ သင်္ဘောသားများ၏ အလုပ်ကန်ထရိုက် အဆုံးသတ်ချိန်၌ အိမ်ပြန်ပို့ပေးရန် သင်္ဘောပိုင်ရှင်များ၏ တာဝန်အတိုင်းအတာမှာ သင်္ဘောသားများအနေဖြင့် မိမိတို့၏ အိမ်ရှိရာ တည်နေရာသို့ ဆိုက်ရောက်သည့်အချိန်အထိ တာဝန်ရှိစေရန်အတွက် တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည်။

သင်္ဘောသား အများစုအတွက် အိမ်အပြန်ခရီးစဉ်မှာ သင်္ဘောပိုင်ရှင်များက လက်ရှိ အကုန်အကျ ခံသည်ထက် အတော် ပိုမိုကြာပါသည်။  ဥပမာအားဖြင့် Davao တွင်နေထိုင်သည့် ဖိလစ်ပိုင် တစ်ဦးအဖို့ အိမ်မှ မိုင်ပေါင်း ၁ ၆၀၀ မိုင်ကွာဝေးသည့် မနီလာမြို့ လေဆိပ်တွင် ချပေးခံရခြင်းမျိုးဖြစ်သည်။ ၎င်းတို့သည် နောက်ထပ် လေကြောင်းခရီးစဉ် ၂.၅ နာရီခန့် ခရီးဆက်ရပြီး ကုန်ကျငွေ ပီဆို P2,500–3,000 ကုန်ကျသည်။ ၎င်းခရီးစဉ်အတွက် အလုပ်ရှင်သည် အာမခံ၊ ဆေးဝါး သို့မဟုတ် အခြား ကုန်ကျစရိတ်များ အကုန်အကျ မခံတော့ပါ။

ရောဂါကပ်ဘေးကြီးတစ်လျှောက် ကျွန်ုပ်တို့ စူးစမ်းရသလောက် သင်္ဘောသား အမြောက်အမြားသည် နိုင်ငံအများအပြားတို့၏ ချမှတ်ထားသော သီးခြားခွဲနေခြင်း အစီအမံများကြောင့် ထိခိုက်နစ်နာစွာ သက်ရောက်ခံကြရသည်၊ ၎င်းကြောင့် သင်္ဘောသားများအပေါ် အိမ်သို့ရောက်ရှိရန်အတွက် အဖြတ်အတောက်အန္တရာယ်နှင့်တကွ ကုန်ကျငွေများ ပိုမိုတိုးမြှင့်များပြားခဲ့ပါသည်။

သင်္ဘောပိုင်ရှင်တွေဟာ ညှိနှိုင်းကြိုးစားနေတဲ့ကြားက တောင်းဆိုချက်ကို ချက်ချင်း ငြင်းပယ်ခဲ့ပါတယ်၊ဟု Dickinson က ပြောကြားခဲ့သည်။ သင်္ဘောသားတွေရဲ့ ကိုယ်စားလှယ်တွေအဖြစ် ကျနော်တို့ စိတ်အနှောင့်အယှက်ဖြစ်ပါတယ်။ ကျနော်တို့ကို အစိုးရတစ်ချို့က ထောက်ခံသော်လည်း STC ရဲ့ သမိုင်းကြောင်းမှာ အုပ်စုတစ်ခုက ပြင်ဆင်ချက်တစ်ခုကို ချက်ချင်း ပယ်ချခဲ့တယ်ဆိုတာ ဒီဟာက ပထမဦးဆုံးအကြိမ်အဖြစ် ရှိနေလျက်ပါ။

ဤပြဿနာကို ဆွေးနွေးရန် သင်္ဘောပိုင်ရှင်များ၏ ငြင်းဆိုမှုမှာ သင်္ဘောသားများအနေဖြင့် ကိုဗစ် ကာလ ပိတ်ပင်ကန့်သတ်ချက်များကို အလူးအလဲခံနေခဲ့ရသည့်တိုင် စိတ်နှလုံးမချမ်းမြေ့ဖွယ်ဖြစ်ရသည်ဟု ITF အထွေထွေ အတွင်းရေးမှူးက ပြောကြားခဲ့သည်။

သင်္ဘောသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ လုပ်ငန်းကဏ္ဍ တစ်ခုလုံးမှာ အတူတကွ လုပ်ကိုင်နေတဲ့ ဒီကိုဗစ်ကာလအတွင်း အားလုံးက ပူးပေါင်းလုပ်ဆောင်နေပြီးမှ ဒီကိစ္စဟာ ရှက်စရာ ကောင်းပါတယ်၊ သင်္ဘောပိုင်ရှင်တွေက ဆွေးနွေးညှိနှိုင်းဖို့ ပျက်ကွက်ခဲ့ကြပါတယ်၊ အထူးသဖြင့် သူတို့ရဲ့ အလုပ်သမားအင်အားစုအတွက် အရေးကြီးတဲ့ ဒီပြဿနာတွေနဲ့ပတ်သက်ပြီးတော့ဖြစ်ပါတယ်။ သင်္ဘောလုပ်ငန်း အလုပ်အမှုဆောင် အရာရှိတွေရဲ့ ကုန်ကျစရိတ်တွေဟာ အစအဆုံး အကုန်လုံး အကျုံးဝင်တယ်ဆိုတာ ကျနော် သေချာပါတယ်၊ ဘာဖြစ်လို့ သင်္ဘောသားတွေဟာ အခွင့်အရေး အတူတူကို မရသင့်တာလဲ။ အထူးသဖြင့် လူအတော်များများဟာ နေထိုင်စရိတ် ကြီးမြင့်တဲ့ ပြဿနာကို ရင်ဆိုင်နေရတဲ့အချိန်မှာဖြစ်ပါတယ်။

ဥရောပ အစိုးရများ အုပ်စုတစ်ခုကလည်း သင်္ဘောသားများကို သင်္ဘောပိုင်ရှင်များက အိမ်ပြန်မပို့ပေးမီ ပင်လယ်ပြင်တွင် အများဆုံး ၁၁ လကာလ အလုပ်လုပ်ရမည်ဆိုသည့် လက်ရှိသုံးစွဲနေသည့်ကာလကို ရှင်းရှင်းလင်းလင်း တာဝန်တစ်ရပ်အဖြစ် ပြင်ဆင်ချက်လုပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ သင်္ဘောပိုင်ရှင်များနှင့် အချို့အစိုးရများသည် ပြောင်းလွယ်ပြင်လွယ်ဖြစ်စေရေးနှင့်တကွ အထူးသဖြင့် အလုပ်သင်များအတွက် ပင်လယ်ပြင်ကာလကို ၁၂ လ သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ သင်္ဘောသားများအုပ်စုက သဘောတူရန် ငြင်းဆိုခဲ့ကြသည်၊ ပင်ပန်းနွမ်းနယ်မှုနှင့် လုံခြုံရေး စိုးရိမ်မှုများကြောင့်ဟု တင်ပြသည်။

၁၂ လ လုပ်ရမှာက သိပ်ကြာရှည်တယ်လို့ ၂၀၂၂ ခုနှစ်မှာ ကျနော်တို့ စောဒကတက်ရလိမ့်မယ်လို့ ယုံကြည်ဖို့ ခက်ခဲပါတယ်၊ဟု Cotton က ပြောကြားခဲ့သည်။ ပြီးတော့ သင်္ဘောဝန်ထမ်း အတိုင်းအဆ အဆင့်ကို ထက်ဝက်လုပ်လိုက်တယ်လို့ ပြောလို့မရတဲ့အပြင် အဖြစ်မှန်ကတော့ ကမ်းတက်ခွင့်ကို အရင်ကတွေထက် ပိုပြီးတော့ ခုတလော ကန့်သတ်ခဲ့ပါတယ်။ သင်္ဘောပိုင်ရှင်တွေက ပြောတာက ဒါဟာ သင်္ဘောသားတွေအဖို့ ရွေးချယ်ဖို့ လွတ်လပ်ခွင့်ဖြစ်ပါတယ်၊ သို့သော် ဒီပိုင်ရှင်တွေမှာ အာဏာတွေအားလုံးရှိကြတယ်၊ ဒါကြောင့် အဲဒါဟာ အတင်းအကြပ် အလုပ်ခိုင်းစေမှု အမှန်တကယ် မြောက်ပါတယ်။”

အခြား ပြောင်းလဲချက်များ

အထူး သုံးပွင့်ဆိုင် ကော်မတီ STC သည် ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် MLC အပေါ် အဓိကကျသည့် ပြောင်းလဲချက် အများအပြားကို သဘောတူခဲ့သည်၊ အောက်ပါတို့အပါအဝင်ဖြစ်သည်-

  • အမျိုးသမီးများအပါအဝင် သင်္ဘောပေါ်ရှိ သင်္ဘောသားများနှင့်လိုက်ဖက်မည့် အရွယ်အစားအလိုက် ကိုယ်ရေးအကာကွယ်ပေး ကိရိယာပစ္စည်းများ ရရှိနိုင်ရမည်။
  • အခမဲ့ သောက်သုံးရေ၊ အရည်အသွေးရှိသော စာနပ်ရိက္ခာနှင့် အာဟာရမျှတမှုရှိသော စားသောက်ပုံများ ပိုမိုကောင်းမွန်စွာ ရရှိသုံးစွဲရေးကို အစားအစာနှင့် ချက်ပြုတ်ရေး စည်းမျဥ်းများအဖြစ် သဘောတူခဲ့သည်။
  • အလုပ်ခန့်ထားရေးနှင့် နေရာချထားရေး အေဂျင်စီရုံးများက ချမှတ်ထားရမည့် မဖြစ်မနေ ကာကွယ်မှု စနစ်များနှင့်ပတ်သက်၍ သင်္ဘောသားများသို့ အစိုးရများက တာဝန်ယူမှုများအပေါ် ရှင်းလင်းချက်။

အထူး သုံးပွင့်ဆိုင် ကော်မတီ STC သည် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်ကို လမ်းညွှန်ပေးမည့် ဖြေရှင်းချက် အမျိုးမျိုးကိုလည်း လက်ခံ၍ထူထောင်ခဲ့သည်။ ၎င်းတွင် ပါဝင်ခဲ့သည်မှာ ပင်လယ်ပြင်၌ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှု အမြစ်ဖြတ်ရေး၊ P&I ကလပ်အသင်းများနှင့် အာမခံသူများက တင်ပြသည့် ငွေကြေး လုံခြုံရေး ပြဌာန်းချက်များ တည်တံ့ခိုင်မြဲရေး၊ နှင့် သင်္ဘောသားများ၏ အလုပ်အကိုင်ဆိုင်ရာ သဘောတူ စာချုပ်များကို သင်္ဘောပိုင်ရှင်များအပေါ် အတင်းအကျပ်ပြုဆောင်ရွက်ရန်အတွက် သင်္ဘောသားများ၏ စွမ်းရည်တို့နှင့် ပတ်သက်၍ ရှေ့ဆက်လုပ်ရမည့် အလုပ်ပါဝင်သည်။

Dickinson သည် ၎င်း၏ အပိတ်မိန့်ခွန်းတွင် ပြောကြားခဲ့သည်မှာ ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် MLC အာဏာသက်ရောက်ကတည်းကစ၍ သင်္ဘောပိုင်ရှင်များက အလေးထားခဲ့သည်မှာ သင်္ဘောသားများ၏ အခြေအနေများ ဆက်တိုက် တိုးတက်မှုကို ပံ့ပိုးမည့် ဖြေရှင်းချက်များအစား နည်းပညာ ပြောင်းလဲချက်များအပေါ်သာ အလေးထားခဲ့သည်မှာ မြင်သာကြောင်းဖြစ်သောကြောင့် ၎င်းအနေဖြင့် စိတ်ပျက်ခဲ့သည်ဟု ဆိုသည်။

သင်္ဘောသားတွေအတွက် အနည်းဆုံး စံချိန်စံနှုန်းတွေကို တိုးမြှင့်ပေးဖို့ ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် MLC ရဲ့ မူလ သုံးပွင့်ဆိုင် အမြင်သဘောထားကို သူတို့က မျက်ခြေပြတ်ခဲ့ပါတယ်။ ဒီပြောင်းလဲမှု မရမချင်း အဲ့ဒါဟာ အနာဂတ် သင်္ဘောလုပ်ငန်း ကဏ္ဍအပေါ် မှာ အခြေအမြစ်ရှိတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ရှိလာပါလိမ့်မယ်။

ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Cotton က လုပ်ငန်းကဏ္ဍက ကြုံတွေ့နေရသည့် အခက်အခဲများကို စုပေါင်း တွန်းလှန်ရန်နှင့် သင်္ဘောသားများအတွက် သင်္ဘောလုပ်ငန်းကို သင့်တင့်ကောင်းမွန်၊ လေးကင်းလုံခြုံပြီး သက်မွေးလုပ်ငန်းအဖြစ် ပြုလုပ်ပေးရန် အခွင့်အလမ်းများကို ရယူရန်အတွက် ဆက်လက်လုပ်ဆောင်ရန် လုပ်ငန်းကဏ္ဍအား တောင်းဆိုလိုက်သည်။ 

ကိုဗစ်ကာလတစ်လျှောက်မှာ ITF နှင့် ICS တို့ဟာ အတူလက်တွဲပြီး အလွန်ကောင်းကောင်း လုပ်ကိုင်ခဲ့ကြပါတယ်၊ IMEC လို အခြား သင်္ဘောလုပ်ငန်း မိတ်ဖက်တွေနဲ့လည်း အတူလုပ်ကိုင်ခဲ့ပါတယ်၊ ဒါကြောင့် အဲ့လို အားသွန်ခွန်စိုက်ပြီး အတူတကွ ကျနော်တို့ ဆက်လက် မလုပ်ခဲ့ဘူးဆိုရင် မယုံကြည်နိုင်လောက်အောင် ရှက်စရာဖြစ်ပါလိမ့်မယ်။ သင်္ဘောသားတွေအတွက် သင့်တင့်ကောင်းမွန်တဲ့အလုပ်ဟာ ဤကိစ္စရဲ့ အလေးထားတဲ့ဗဟိုချက်မှာ ရှိကိုရှိရမှာဖြစ်ပါတယ်။

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သင်္ဘောသား တစ်သန်းကျော် အပါအဝင် ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်လုပ်ကိုင်သည့် အမျိုးသမီး အမျိုးသားပေါင်း သန်း 20 နီးပါးအတွက် ပြောဆိုသံဖြစ်ပါသည်။

မီဒီယာ အဆက်အသွယ်  media[at]itf.org.uk  

ဓါတ်ပုံ- Albesa, Eleaquim Manicar 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.