Skip to main content

တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောပိုင်ရှင် အုပ်စုနှင့် သင်္ဘောသားများ သမဂ္ဂတို့ သုံးနှစ်-သက်တမ်းရှိ ကမ္ဘာ့ အနည်းဆုံး လုပ်ခ ‘ခက်ခဲမှုသက်သာရေး’ အပေးအယူကို သဘောတူညီကြ

23 May 2022
Press Release
Credit: Christian Gilbert Sonico Esteban, ITF Seafarers' Trust
ဓါတ်ပုံ- Christian Gilbert Sonico Esteban, ITF သင်္ဘောသားများ ယုံကြည်အပ်နှံမှုအဖွဲ့

ICS - ITF ပူးတွဲ သတင်းထုတ်ပြန်ချက် 

ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးသည် ကမ္ဘာ့အနည်းဆုံးလုပ်ခကို တရားဝင် အသိအမှတ်ပြုထားသည့် တစ်ခုတည်းသော လုပ်ငန်းကဏ္ဍဖြစ်သည်၊ ၎င်းမှာ ၁၉၅၈ ခုနှစ်ကတည်းကစ၍ ရပ်တည်ခဲ့သည်။ ကမ္ဘာ့ အနည်းဆုံး လုပ်ခ စေ့စပ်ညှိနှိုင်းရေးများ၏ ရလဒ်အဖြေမှာ အောက်ပါအတိုင်းဖြစ်သည်။ ကိန်းဂဏန်းအားလုံးမှာ ယူအက်စ်ဒေါ်လာဖြင့်ဖြစ်သည်။

ကုလသမဂ္ဂ အလုပ်သမား အဖွဲ့အစည်း (The UN International Labour Organization (ILO)) သည် နောက်ထပ်တစ်ကြိမ် နောက်ဆုံးအနေဖြင့် နှစ်ဖက် စေ့စပ်ညှိနှိုင်းမှုများကို ကမ္ဘာအနှံ့ရှိ သင်္ဘောပိုင်ရှင်များနှင့် သင်္ဘောသားများ သမဂ္ဂများ အကြား ကျင်းပပေးခဲ့သည်၊ ၎င်းညှိနှိုင်းပွဲကို အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အသင်း (International Chamber of Shipping (ICS)) နှင့် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) အသီးသီးတို့က ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

သဘောတူညီချက်ကို Able Seafarer ၏ အဆင့်ခွဲခြားသတ်မှတ်ရေးအပေါ် တစ်ညီတစ်ညွတ်တည်း သက်ဆိုင်ပြီး သင်္ဘောသားများအတွက် ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့၏ မိသားစုများအား ပံ့ပိုးကူညီပေးရန် သင့်တင့်သော အလုပ်နှင့် အလုပ်အကိုင်ရရှိရေးကို ပံ့ပိုးခြင်းအဖြစ် ကမ္ဘာ့ သင်္ဘောလုပ်ငန်း အသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုကြသည်၊ သင်္ဘောသားများအတွက် အလုံးစုံ ကျန်းမာကောင်းမွန်ရေးမှာ ၎င်းတို့၏ စီးပွားဆိုင်ရာ ကောင်းမွန်ရေးနှင့် ခွဲခြား၍မရနိုင်အောင် ချိတ်ဆက်နေသည်ကို အသိအမှတ်ပြုခြင်းဖြစ်သည်။ ယမန်နှစ် စက်တင်ဘာလ၌ UN ILO တွင် ကျင်းပပြီးစီးခဲ့သည့် ယခင် စေ့စပ်ညှိနှိုင်းပြောဆိုမှုများအတွင်း သင်္ဘောပိုင်ရှင်များနှင့် သင်္ဘောသားများသည် အနည်းဆုံး လုပ်ခကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍  $648 သတ်မှတ်ခဲ့သည်။

နောက်ဆုံးအကြိမ် စေ့စပ်ညှိနှိုင်းပွဲများ၌ လူမှုရေးမိတ်ဖက်သူများက သဘောတူညီခဲ့သည်မှာ ၃-နှစ် သဘောတူချက် အသစ်ပုံစံအား နှစ်စဉ် တိုးမြှင့်မှုကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ ဒေါ်လာ $673 အထိသို့ အောက်ပါအတိုင်း တိုးမြှင့်ပေးရန် သဘောတူခဲ့သည်-

  • ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စ၍ $658
  • ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စ၍ $666
  • ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စ၍ $673

စေ့စပ်ညှိနှိုင်းမှု ရလဒ်အဖြေနှင့်စပ်လျဥ်း၍ ဝေဖန်ပြောဆိုရာ၌ Charles Darr (Swiss သင်္ဘောပိုင်ရှင်များ အသင်း) ၊ သင်္ဘောပိုင်ရှင်များ အုပ်စုအတွက် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်မှာ-

ကမ္ဘာ့ သင်္ဘောသား လုပ်သားအင်အားထုမှာ ကမ္ဘာ့ကုန်သွယ်ရေး လုံခြုံထိရောက်မှုအတွက် အခရာကျပါတယ်၊ သူတို့တတွေဟာ ရောဂါကပ်ဘေးကြီးရဲ့ အသိအမှတ်ပြုထိုက်တဲ့ သူရဲကောင်းတွေအနက် တစ်ချို့ဖြစ်ကြပါတယ်။ ဒီအပေးအယူအသစ်ဟာဆိုရင် သင်္ဘောပိုင်ရှင်တွေနဲ့ သင်္ဘောသားတွေ နှစ်ဖက်လုံးအတွက် အောင်မြင်မှု ဖြစ်ပါတယ်။

အဲ့ဒါဟာ ကမ္ဘာ့စီးပွားရေးအပေါ်မှာ မယုံကြည်နိုင်လောက်အောင် ပံ့ပိုးမှုတွေအတွက် သင်္ဘောသားတွေကို ဂုဏ်ပြုခြင်းနဲ့ တစ်ချိန်တည်းမှာ သင်္ဘောကုမ္ပဏီတွေဟာ ကျနော်တို့ လက်ရှိကြုံတွေ့ရပြီး အနာဂတ်မှာ ကြုံတွေ့ရမယ့် အခက်အခဲအမျိုးမျိုးမှာ ကြံ့ခိုင်နေဖို့နဲ့ စီးပွားရေးအရ လုပ်ကိုင်နိုင်စွမ်းရှိဖို့အတွက် သေချာစေဖို့ ဟန်ချက်ညီအောင် လုပ်ပေးတာဘဲဖြစ်ပါတယ်။”

 

Mark Dickinson (Nautilus International), သင်္ဘောသားများ အုပ်စုအတွက် ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောဆိုခဲ့သည်မှာ -

“ဒီကနေ့ သဘောတူချက်ဟာ ပင်လယ်ပြင်မှာ အလုပ်လုပ်ကိုင်တဲ့ အမျိုးသား အမျိုးသမီးတွေရဲ့ အလွန်ကြီးကျယ်တဲ့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ကျွမ်းကျင်ပညာရှင်စနစ်ကို အသိအမှတ်ပြုတဲ့အပြင် သင်္ဘောသားတွေနှင့် သင်္ဘောပိုင်ရှင်တွေအကြားမှာ လူမှုရေး မိတ်ဖက်မှု စုပေါင်းလုပ်ဆောင်တဲ့ သမိုင်းမှတ်တိုင်ကို သက်သေထူခြင်းတစ်ရပ်ဖြစ်ပါတယ်။ အထူးသဖြင့် လွန်ခဲ့သည့် နှစ်တွေအတွင်းကဖြစ်ပါတယ်။”

Mark Dickinson သည် သင်္ဘောသားများ အုပ်စု ပြောရေးဆိုခွင့်ရှိသူနှင့် Nautilus International ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သည်| (Source: Nautilus International)
​​​​

ကမ္ဘာ့သင်္ဘောသားတွေအတွက် ငွေကြေး တည်ငြိမ်မှုကို ကာကွယ်ပေးဖို့ ကျနော်တို့ဟာ ကျနော်တို့ရဲ့ လူမှုရေးဖက်စပ်သူများနှင့် အတူတကွ လက်တွဲပြီး ဆက်လက် လုပ်ဆောင်သွားဖို့ မျှော်လင့်ပါတယ်။

တည်းဖြတ်သူများသို့ အမှာစာ-

  • အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း အနည်းဆုံးလုပ်ခကို အခါအားလျော်စွာ အိုင်အဲလ်အို ပင်လယ်ရေကြောင်း ကော်မရှင် (ILO Joint Maritime Commission (JMC))၊ က ပြန်လည်သုံးသပ်ပါသည်၊ အဆိုပါအဖွဲ့မှာ အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အသင်း (International Chamber of Shipping (ICS)) က ညှိနှိုင်းဆောင်ရွက်ပေးသည့် အလုပ်ရှင်များ၏ ကိုယ်စားလှယ်များနှင့် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) က ညှိနှိုင်းလုပ်ဆောင်ပေးသည့် သင်္ဘောသားများ သမဂ္ဂ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသည့် နှစ်ပွင့်ဆိုင် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ကမ္ဘာ့ ILO အနည်းဆုံးလုပ်ခကို JMC က ၂၀၂၅ ခုနှစ်တွင် နောက်တစ်ကြိမ် ပြန်လည်သုံးသပ်ပေးရန် စီစဉ်ထားသည်။
  • Nautilus International သည် ITF အဖွဲ့ဝင်တစ်ခုဖြစ်သည်။ Mark Dickinson သည် သမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သည်၊ ၎င်းတွင် UK, Netherlands နှင့် Switzerland တို့တွင် ရုံးခွဲများ ရှိသည်။

မီဒီယာ အဆက်အသွယ် (ITF / သင်္ဘောသားများ အဖွဲ့) - media[at]itf.org.uk

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.