Skip to main content

သြစတြေးလျနိုင်ငံ လေဘာပါတီအစိုးရ လက်အောက်တွင် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အတွက် အနာဂတ်အလားအလာ ပိုမိုကောင်းမွန်

30 May 2022

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers' Federation) သည် လေဘာပါတီ ပြည်ထောင်စုအစိုးရ၏ ရွေးကောက်ပွဲအနိုင်ရမှုကို ကြိုဆိုလိုက်သည်၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်တစ်လျှောက် အလုပ်သမားများ အတွက် စံချိန်စံညွှန်းများကို တိုးမြှင့်ပေးရန်နှင့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး ပိုမိုကောင်းမွန်ရေးအတွက် အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း ဖော်ညွှန်းလိုက်သည်။

ကမ္ဘာအနှံ့ ITF အဖွဲ့ဝင်များသည် သြစတြေးလျနိုင်ငံ သမဂ္ဂများအား အာဏာလက်လွတ်ဆုံးရှုံးသွားသော ကွန်ဆာဗေးတစ် ရှေးရိုးဆန် Morrison အစိုးရအား ရှုံးနိမ့်သွားစေရန် လုပ်ဆောင်ရာ၌ ၎င်းတို့၏ ပါဝင်ပတ်သက်မှု အတွက် ချီးမြှောက်ဂုဏ်ပြုလိုက်သည်။

“Albanese ဦးဆောင်တဲ့ လေဘီအစိုးရသစ် ရွေးကောက်ပွဲ အောင်မြင်မှုဟာ သမဂ္ဂ အဖွဲ့ဝင်တွေရဲ့ တရားမျှတမှုနဲ့ လေးစားမှုအတွက် ရေရှည်တိုက်ပွဲရဲ့ အောင်မြင်မှုတစ်ရပ်ဖြစ်ပါတယ်၊ဟု ITF ၏ ဥက္ကဌနှင့် ITF ဆိပ်ကမ်း အလုပ်သမားများ ဌာန အကြီးအကဲဖြစ်သူ Paddy Crumlin က ပြောကြားလိုက်သည်။ Crumlin သည် သြစတြေးလျနိုင်ငံ ပင်လယ်ရေကြောင်း သမဂ္ဂ၏ နိုင်ငံလုံးဆိုင်ရာ အတွင်းရေးမှူးလည်း ဖြစ်ပါသည်။

ကိုးနှစ်ကြာလုံးလုံး Tony Abbott, Malcolm Turnbull နဲ့ Scott Morrison တို့ဟာ သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေနဲ့ ကျနော်တို့ရဲ့ သမဂ္ဂတွေကို ဖိနိမ့်ဖို့၊ သားပုပ်လေလွင့်ပြောဖို့၊ ဖျက်လိုဖျက်ဆီးလုပ်ဖို့ သူတို့တစ်ဦးစီက လုပ်ခဲ့ကြပါတယ်။ ဒီလိုအခရာကျတဲ့ ရွေးကောက်ပွဲရဲ့ ရှင်းရှင်းလင်းလင်း ရလာဒ်အဖြေဟာဆိုရင် အလုပ်လုပ်တဲ့လူတန်းစားတွေအတွက် ဖျက်ဆီးခံရတဲ့ အပျက်အစီးတွေကို ပြန်ပြုပြင်ဖို့၊ သြစတြေးလျန်းလူထု အတွက် အရေးအကြီးဆုံး ပြဿနာတွေကို ဖြေရှင်းပေးဖို့၊ အထူးသဖြင့် သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေ အတွက် ကျနော်တို့အားလုံး ယခု အပြုသဘောဆောင်တဲ့ အလုပ်ကို လုပ်နိုင်ပါပြီ၊ဟု Crumlin က ပြောကြားခဲ့သည်။

သြစတြေးလျနိုင်ငံ သင်္ဘောသားလုပ်ငန်းအား ပြန်လည်အသက်သွင်းရန် နိုင်ငံလုံးဆိုင်ရာ နည်းဗျူဟာကျကျ သင်္ဘောအုပ်စု

Crumlin သည် နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍ အခွင့်အရေးများဆိုင်ရာ စည်းမျဥ်းများကို ပြန်လည်ပြုပြင်မွမ်းမံရန် နှင့် သြစတြေးလျန်း သင်္ဘောဝန်ထမ်းများဖြင့်လုပ်ကိုင်ပြီး သြစတြေးလျနိုင်ငံ အလံလွှင့်ထူမည့် နိုင်ငံလုံးဆိုင်ရာ နည်းဗျူဟာကျကျ သင်္ဘောအုပ်စုကို ထူထောင်ရန် လေဘာအစိုးရ၏ ကတိကဝတ်ကို အသိအမှတ်ပြုကြိုဆိုလိုက်ပါသည်၊ အဆိုပါသင်္ဘောအုပ်စုမှာ ဒေသတွင်း အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ နိုင်ငံ၏ အနာဂတ် စီးပွားရေးကို တည်တံ့ခိုင်မြဲစေခြင်းနှင့် နိုင်ငံ၏ လောင်စာ လုံလောက်မှု လုံခြုံရေးတို့အတွက် အရေးကြီးပါသည်။

ဆယ်စုနှစ် အတော်ကြာကြာလောက်က ကျနော်တို့ အောင်မြင်လိုတဲ့ မူဝါဒတွေ ရှိပါတယ်။ ဒီဟာဆိုရင် သြစတြေးလျနိုင်ငံ ပင်လယ်ရေကြောင်း သမဂ္ဂ အားလုံးရဲ့ အရေးကြီးတဲ့ အောင်မြင်မှုဖြစ်ပါတယ်။ ဒီဟာက ဒေသခံလူတွေအတွက် အလုပ်အကိုင်တွေနဲ့ သြစတြေးလျနိုင်ငံကို လောင်စာ လုံခြုံရေး လုပ်ဆောင်ပေးဖို့ ပထမဦးဆုံး အဆင့်ဖြစ်ပါတယ်၊ ကျနော်တို့အနေနဲ့ မရေရာတဲ့ ရာစုနှစ်ဆီ ရှေ့ဆက်လှမ်းဖို့ လိုအပ်ပါလိမ့်မယ်၊ဟု Crumlin က ပြောကြားခဲ့သည်။

ဒီလောက်တောင် ကြာပြီးတဲ့နောက်မှာ သြစတြေးလျနိုင်ငံ သင်္ဘောသားတွေကို သစ္စာဖောက်ပြီး သူတို့ရဲ့ အလုပ်တွေကို ဖျက်ဆီးပြီးတဲ့နောက် ကွန်ဆာဗေးတစ်တွေဟာ နောက်ဆုံးတော့ နည်းဗျူဟာကျတဲ့ သင်္ဘောအုပ်စုကို စပြီး ထောက်ခံလာကြပါတယ်၊ဟု Crumlin ပြောကြားခဲ့သည်။ ရွေကောက်ပွဲ အနိုင်ရတာနဲ့ အခု နှစ်ဖက်ပါတီတွေရဲ့ ထောက်ခံမှုဟာဆိုရင် အခရာကျတဲ့ လုပ်ငန်းကဏ္ဍကို ပြန်ပြီးအသက်သွင်းဖို့ အရေးပါပါတယ်၊ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

လေဘာပါတီ ရွေးကောက်ပွဲအနိုင်ရမှုသည် ကုန်ကား ကုန်တင်ပို့ခြင်းအတွက် သမဂ္ဂများအနေဖြင့် လုပ်ငန်းရှင် တာဝန်ယူရသည့်စနစ် ရရှိမည်ဟု အမြင်ရှိ

လေဘာပါတီသည် ကုန်တင်ကားဖြင့် ကုန်တင်ပို့ခြင်းလုပ်ငန်းကဏ္ဍ၌ အားလုံးနှင့်သက်ဆိုင်ပြီး စည်းမျဥ်းချည်နှောင်မှုရှိသော စံချိန်စံနှုန်းများသတ်မှတ်ရန် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်ပေးရန်ကိုလည်း ကတိပြုခဲ့သည်၊ အလုပ်သမားများနှင့် လုပ်ငန်းလည်ပတ်သူများအတွက် လုပ်ငန်းအား လုံခြုံစေပြီး မျှတမှုရှိရန်အတွက် ပုံဖော်ရန်ဖြစ်သည်။

ကွန်ဆာဗေးတစ်တို့သည် သြစတြေးလျနိုင်ငံ၏ ကုန်းလမ်း လုံခြုံရေး စောင့်ကြပ်ကြည့်ရှုမှု အဖွဲ့အစည်းကို ၂၀၁၆ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။ ၎င်းအချိန်ကစ၍ ကုန်တင်ကား ယာဥ်တိုက်မှုများတွင် ကုန်တင်ကား ယာဥ်မောင်း ၂၅၇ ဦး အပါအဝင် လူပေါင်း ၁၀၆၁ ဦး သေဆုံးခဲ့ရသည်။

ITF အဖွဲ့ဝင်ဖြစ်သည့် သြစတြေးလျနိုင်ငံ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ သမဂ္ဂ (Transport Workers’ Union of Australia (TWU)) သည် သြစတြေးလျနိုင်ငံ ကြောက်မက်ဘွယ်အကောင်းဆုံး လုပ်ငန်းကဏ္ဍကို ကိုင်တွယ်ရန် လေဘာအစိုးရသစ်၏ အစီအစဥ်ကို ကြိုဆိုလိုက်ပါသည်။

ကျနော်တို့အနေနဲ့ Albanese ဦးဆောင်တဲ့ အစိုးရသစ်ရဲ့ ‘လုပ်ငန်းရှင် တာဝန်ယူရသည့် စနစ်’ ကို ပြန်လည် အသက်သွင်းတဲ့ ကတိကဝတ်ကို ကြိုဆိုပါတယ်။ ကျနော်တို့အနေနဲ့ ကြေကွဲစရာကောင်းတဲ့ နောက်ဆက်တွဲ ကိစ္စရပ်တွေ တွေ့ခဲ့ရပါတယ်၊ အဲ့ဒါတွေဟာ ကုန်းလမ်း ဘေးကင်းရေး စောင့်ကြည့်နေတဲ့အဖွဲ့ကို ယခင် အစိုးရရဲ့ ဖျက်သိမ်းမှုကြောင့် ဖြစ်ခဲ့ရတာပါ၊ဟု ITF ကုန်းလမ်း သယ်ယူပို့ဆောင်ရေး ဌာန အတွင်းရေးမှူးဖြစ်သူ Noel Coard က ပြောကြားခဲ့သည်။

အဲ့ဒါဟာ လူ့အသက်တွေကို ကယ်တင်ပေးမှာြဖစ်ပြီးတော့ သြစတြေးလျလမ်းမကြီးတွေဟာ လမ်းပေါ်မှာရှိတဲ့ လူတိုင်းအတွက် ဘေးကင်းဖို့ သေချာစေမှာဖြစ်ပါတယ်၊ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်တစ်ခုလုံးမှာရှိတဲ့ နေရာတိုင်းမှာ အလုပ်ရှင်အားလုံးတွေကို တာဝန်ယူခိုင်းဖို့လည်း သေချာစေမှာဖြစ်ပါတယ်၊ အထူးသဖြင့် စံချိန်စံနှုန်းတွေကို အတင်းဆွဲချပြီးတော့ လုပ်ငန်းကဏ္ဍမှာ အပြိုင်အဆိုင်တွေကို အားပေးနေတာတွေလို Amazon Flex လို ယာယီအလုပ်ခန့်ပုံစံလို ဆိုးသွမ်းလုပ်ဆောင်သူတွေ တာဝန်ယူဖို့ဖြစ်ပါတယ်၊ ဟု Coard က ပြောကြားခဲ့သည်။

ကမ္ဘာအနှံ့မှာ သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေကို အက်ဖ်နဲ့ ကွန်ပျူတာတွက်ချက်မှုတွေကတစ်ဆင့် လုပ်ခစျေးလျှော့ပေးပြီး ထိန်းချုပ်နေတဲ့ Amazon Flex လိုပုံစံကို ကျနော်တို့ တွေ့မြင်နေရပါတယ်။ Amazon လို နိုင်ငံသားမျိုးစုံတွေကို ထိန်းချုပ်ဖို့ လိုပါတယ်၊ အစိုးရသစ်ဟာ အဲဒါကိုလုပ်ဖို့ သမဂ္ဂတွေနဲ့ လုပ်ကိုင်ဖို့ တာဝန်ယူတာကို ကြားရတာ ကျနော်တို့ ဝမ်းမြောက်ပါတယ်၊ဟု Coard က ပြောကြားခဲ့သည်။

လေကြောင်းအလုပ်သမားများ စိုးရိမ်မှုလျှော့ကျ အသက်ရှူချောင်လာကြ

အစိုးရအသစ် ရွေးကောက်ပွဲသည် သြစတြေးလျနိုင်ငံရှိ လေကြောင်းအလုပ်သမားများအတွက်လည်း ကြိုဆိုရမည့် စိတ်သက်သာရစရာ တစ်ခုဖြစ်ပါသည်၊ ၎င်းတို့မှာ အလုပ်ရှင်များ၏ အလုပ်သမားအစားထိုး မတရား လုပ်ရပ်များကြောင့် အလုပ်ပြုတ်ခံခဲ့ကြရသည်၊ ကွန်ဆာဗေးတစ် ဗဟိုအစိုးရက အဆိုပါလုပ်ရပ်များကို ရပ်တံ့အောင် မည်သို့မျှ မလုပ်ခဲ့ပါ။ Albanese ဦးစီးသည့် လေဘာအစိုးရသည် ရောဂါကပ်ဘေးကြီးကြောင့် အလွန့်အလွန် ထိခိုက်ခံရသည့် လုပ်ငန်းကဏ္ဍကို ပိုမိုတည်ငြိမ်အောင် လုပ်ဆောင်ပေးရန် ကတိပြုခဲ့သည်။ ဤလုပ်ငန်းကဏ္ဍရှိ လုပ်ခနှုန်းများနှင့် လုပ်ငန်းခွင်အခြေအနေများတွင် အပြိုင်အဆိုင်လုပ်ရပ်များကိုလည်း ဖြေရှင်းပေးရမည်ဟု လေဘာအစိုးရက ပြောကြားခဲ့သည်။

ITF Sydney ညှိနှိုင်းရေးအရာရှိဖြစ်သူ Scott McDine က လေကြောင်းကဏ္ဍသည် အစိုးရထံမှ နိုင်ငံလုံးဆိုင်ရာ အစီအစဉ်တစ်ရပ် လိုအပ်သည်ဟု ပြောကြားခဲ့သည်-  လေကြောင်းအလုပ်သမားတွေဟာ Morrison အစိုးရအတွက် ဝန်ထုပ်ဝန်ပိုးကြီးကို ပိုပြီးများများ သယ်ဆောင်ခဲ့ရပါတယ်၊ ရောဂါကပ်ဘေးကြီးအတွင်းမှာ အစိုးရရဲ့ အကြင်နာတရားကင်းမဲ့တဲ့ ကွဲပြားခြားနားမှုတွေကြောင့် ဒီအလုပ်သမားတွေအပေါ်မှာ မလုံခြုံမရေရာမှုတွေ ပိုပြီးများပြားစေခဲ့ပါတယ်။ အလုပ်သမားတွေကို အလုပ်ရပ်ဆိုင်းတယ်၊ မတရား အလုပ်ဖြုတ်တယ် ပြီးတော့ မလုံခြုံမရေရာမှုတွေ တစ်ခါမှ မကြုံဗူးလောက်အောင် ပိုပြီးများများ ဖြစ်စေတယ်။

လေကြောင်းကဏ္ဍဟာ သြစတြေးလျလို နိုင်ငံကြီးမားသလောက် လုံးဝ လိုအပ်သည်ဟု ITF လေကြောင်းကဏ္ဍ အတွင်းရေးမှူးဖြစ်သူ Gabriel Mocho Rodriguez က ပြောကြားခဲ့သည်။ သြစတြေးလျနိုင်ငံဟာ လေကြောင်းကဏ္ဍ အပေါ်မှာ မှီခိုရပါတယ်၊ ကျွမ်းကျင်တဲ့ လေကြောင်း အလုပ်သမားတွေကို ဆွဲဆောင်ဖို့နဲ့ အလုပ်မြဲအောင်ခန့်ထားပေးဖို့အတွက် လုံခြုံပြီး စိတ်ဆွဲဆောင်စေတဲ့ လုပ်ငန်းကဏ္ဍတစ်ရပ် ကျနော်တို့ လိုအပ်ပါတယ်။ အဲ့ဒါတွေဟာ အလုပ်သမားဝန်ထမ်းတွေကို ဖြုတ်၊ လုံခြုံရေး အစီအမံတွေကို ဖြတ်တောက်ပြီး ပြင်ပအလုပ်သမား အစားထိုးမှု လုပ်နေတဲ့ ဒီလုပ်ငန်းကဏ္ဍကို ခွင့်ပြုနေတဲ့ အစိုးရရှိနေသမျှကာလပတ်လုံး ဖြစ်လာမှာ မဟုတ်ပါဘူး။”

သြစတြေးလျနိုင်ငံ လေဘာပါတီ (ALP) သည် သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ အများပြည်သူ’ ကို ပြန်လည်နေရာချ

ITF အဖွဲ့ဝင်များဖြစ်ကြသည့် မီးရထား၊ ဓါတ်ရထားနှင့် ဘတ်စ်ကား သမဂ္ဂ  (Rail, Tram and Bus Union (RTBU)) နှင့်  သြစတြေးလျနိုင်ငံ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ သမဂ္ဂ (Transport Workers’ Union of Australia (TWU)) တို့သည် လေဘာပါတီအနေဖြင့် ပိုမိုကောင်းမွန်သော အများပြည်သူ သယ်ယူပို့ဆောင်ရေးကို ကတိကဝတ်ပြုရန်အတွက် လှုံ့ဆော်ပေးခဲ့ကြသည်။  အစိုးရ အပြောင်းအလဲသည် ပိုမိုများပြားသော မီးရထားများ၊ ဓါတ်ရထားများနှင့် ဘတ်စ်ကားများကို ပါတီ၏ ဒေသတွင်း ရရှိရေးအပေါ် တာဝန်ခံမှုမှတစ်ဆင့် ပိုမိုဆောက်လုပ်ပြီး သြစတြေးလျနိုင်ငံ လုပ်ငန်းကွန်ရက်သို့ ဖြန့်ချီပေးမည်ကို မြင်တွေ့ရန် ဖြစ်နိုင်ခြေရှိသည်။

ကျနော်တို့အနေနဲ့ လေဘာပါတီရဲ့ ရွေးကောက်ပွဲအောင်ပွဲကို ကြိုဆိုပါတယ်၊ ပိုမိုကောင်းမွန်တဲ့ သမဂ္ဂ အလုပ်တွေကို ဖန်တီးပေးမယ့် ရင်းနှီးမြှုပ်နှံမှု၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးမှာ ရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်ပေးဖို့အတွက် ကျနော်တို့ရဲ့ အဖွဲ့ဝင်တွေနဲ့ အတူလုပ်ကိုင်ပေးမယ်လို့ ပါတီရဲ့ကတိပြုမှုတွေကိုလည်း ကျနော်တို့ ကြိုဆိုပါတယ်။ အဲ့ဒါကြောင့် သြစတြေးလျအနေနဲ့ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေရဖို့နဲ့ ကာဗွန်ဓါတ်ငွေ့တွေကို မှီခိုနေရတဲ့ ပုဂ္ဂလိက ယာဥ်တွေအပေါ် သုံးစွဲမှု လျှော့ချနိုင်မယ့် အခွင့်အလမ်းရဖို့ နှစ်ခုလုံး ရမှာဖြစ်ပါတယ်၊ဟု Alana Dave, ITF မြို့ပြ သယ်ယူပို့ဆောင်ရေး ညွှန်ကြားရေးမှူးဖြစ်သူက ပြောကြားခဲ့သည်။

ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Cotton က အဆုံးသတ်မိန့်ခွန်း ပြောကြားရာတွင်- ဒီဟာက သြစတြေးလျနိုင်ငံ သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေနဲ့ သူတို့ရဲ့ သမဂ္ဂတွေရဲ့ အောင်မြင်မှု တစ်ရပ်ဖြစ်ပါတယ်၊ သူတို့တတွေဟာ သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေရဲ့ ဘဝတွေကို ထိထိရောက်ရောက် သက်ရောက်မှု ရှိလာမယ့် ပြောင်းလဲချက်တစ်ရပ်ဖြစ်တဲ့အစိုးရ အပြောင်းအလဲတစ်ခုကိုသာ မြင်တွေ့ဖို့ အလွန့်အလွန် ကြိုးစားပြီး လှုံ့ဆော်ခဲ့တယ်၊ ယုံကြည်ခဲ့တယ်၊ ပြီးတော့ အစွမ်းကုန်လုပ်ပေးခဲ့တယ်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.