Skip to main content

သြစတြေးလျ ရွေးကောက်ပွဲနှင့်စပ်လျဉ်းပြီး နောက်ဆုံးရသတင်းများ-နိုင်ငံလုံးဆိုင်ရာ သင်္ဘောအုပ်စုအနေဖြင့် သြစတြေးလျ၏ ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍအား ပိုမိုအားကောင်းလာမည်

04 Jun 2022
Press Release

လေဘာပါတီ ( Labour party) ၏ ရွေးကောက်ပွဲ အနိုင်ရရှိမှုသည် နိုင်ငံလုံးဆိုင်ရာသင်္ဘောသားများအတွက် လွန်စွာ အရေးကြီးကြောင်း ပြောကြားလျက် အပြည်ပြည် ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများအဖွဲ့ချုပ် ( International Transport Workers’ Federation (ITF) က သြစတြေးလျ လေဘာပါတီ ( Labour party) ၏ ရွေးကောက်ပွဲ အနိုင်ရရှိမှုအပေါ် ထပ်မံ၍ ဂုဏ်ပြုစကားပြောခဲ့သည်။

သြစတြေးလျ၏ ပင်လယ်ရေကြောင်း အခန်းကဏ္ဍကို ပြန်လည်ဦးမော့လာစေရေး ကုန်တင်ပို့သယ်ဆောင် ခြင်းဆိုင်ရာ ပိုမိုကောင်းမွန်သော စည်းမျဉ်းများနှင့်အတူ နိုင်ငံလုံးဆိုင်ရာ သင်္ဘောအုပ်စု တည်ထောင်နိုင်ရေးအတွက် သြစတြေးလျပြည်သူများထံမှ လုပ်ပိုင်ခွင့်တစ်ရပ် ယခုဆိုလျှင် ရရှိနေပြီဖြစ်သည်ဟု လေဘာပါတီ ( Labour party) အနေဖြင့် ကတိပေးခဲ့သည်။

ဝန်ကြီးချုပ်အသစ် Anthony Albanese သည် ၂၀၁၂ ခုနှစ်၊ သြစတြေးလျ၏ ယာယီ ကုန်တင်ပို့သယ်ဆောင်ခြင်း ဆိုင်ရာ ဉပဒေ ( ၂၀၁၅ ခုနှစ်တွင် ကွန်ဆာဗေးတစ်တို့က ပယ်ဖျက်ခဲ့သည့်) ပြဌာန်းသူ ဖြစ်ခဲ့ပြီး မဟာဗျူဟာ ကျသည့် သင်္ဘောသားအုပ်စုအတွက် ပြောင်ပြောင်မြောက်မြောက်ပြောဆိုသည့် အဆိုတင်သွင်းသူတစ်ဦးလည်း ဖြစ်ပါသည်။

၂၀၁၈ ခုနှစ်၊ သြစတြေးလျ (မြောက်ပိုင်း) ဒါဝင်မြို့ ၌ နှစ်နှစ်တစ်ကြိမ် ကျင်းပခဲ့သည့် သြစတြေးလျ ဆိပ်ကမ်းများဆိုင်ရာ ညီလာခံတွင် “ကုန်တင်ပို့သယ်ဆောင်ခြင်းဆိုင်ရာဥပဒေဟာ နိုင်ငံလုံးဆိုင်ရာ အကျိုးစီးပွား တစ်ရပ် ဖြစ်တယ်ဆိုတာ နားလည်ပါကြောင်း” ယင်းက Daily Cargo News သို့ ,” ပြောကြား ခဲ့သည်။ “သင့်အနေနဲ့ ပင်လယ်ရေကြောင်း အခန်းကဏ္ဍ နဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ကျွမ်းကျင်မှုများ လိုအပ်ပါတယ်။”

“သင့်အနေနဲ့ မဲလ်ဘုန်းမြို့မှ ကုန်ပစ္စည်းများကို ဆစ်ဒနီသို့ Hume အဝေးပြေးလမ်းမကြီးပေါ်တွင် ဖိလစ်ပိုင်ကုန်တင်ကားတစ်စီးနဲ့ ဖိလစ်ပိုင် စံချိန်စံညွှန်းများနဲ့တကွ သယ်ယူခွင့်မပြုဘူး။ အဲ့ဒါကို အပြာရောင် အဝေးပြေးလမ်းမကြီးပေါ် ဘာကြောင့် ခွင့်ပြုသင့်သလဲ” ဟု ယင်းက ဆက်လက်ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း အဓိကကျသည့် ပါတီကြီး နှစ်ခုအနေဖြင့် မဟာဗျူဟာကျသည့် နိုင်ငံလုံးဆိုင်ရာသင်္ဘောအုပ်စုအား ထောက်ခံရန်အတွက် ထွက်ပေါ်လာခဲ့သည်။ 

ကုန်တင်ပို့သယ်ဆောင်ခြင်းဆိုင်ရာစည်းမျဥ်းရှိခြင်း၏ အကျိုးကျေးဇူးများမှာ ရှင်းသည်

“ နိုင်ငံပေါင်း (၉၁) နိုင်ငံ ( သြစတြေးလျ၏ ကုန်သွယ်ဘက်နိုင်ငံအများစု အပါအဝင်) မှာ သူတို့ရဲ့ ကိုယ်ပိုင် ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍတွေကို ကာကွယ်စောင့်ရှောက်ဖို့ ကုန်တင်ပို့ သယ်ဆောင်ခြင်းဆိုင်ရာ ဥပဒေတွေ ရှိကြပါတယ် ”ဟု အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများအဖွဲ့ချုပ် ( International Transport Workers’ Federation (ITF) ၏ အထွေထွေအတွင်းရေးမှူး Stephen Cotton က ပြောကြားခဲ့သည်။ “သူတို့ရဲ့နိုင်ငံအစိုးရတွေဟာ အကျိုးခံစားခွင့်အမြောက်အမြား၊ နိုင်ငံလုံးဆိုင်ရာ လုံခြုံရေး၊ မျှတသော ယှဉ်ပြိုင်မှုတွေကို အသိအမှတ်ပြုကြပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ ပင်လယ်ရေကြောင်းဆိုင်ရာ ဗဟုသုတနဲ့ နည်းပညာကို လိုအပ်ပါတယ်။ အရည်အသွေးပြည့်ဝသည့် အလုပ်အကိုင်များ ဖန်တီးခြင်း။ သင်္ဘောသားများနှင့် သင်္ဘောများအတွက် ဘေးကင်းရေး နှင့် လုံခြုံရေး။ ပင်လယ်ရေကြောင်း သဘာဝပတ်ဝန်းကျင်အား အကာအကွယ်ပေးခြင်း။ ဒါတွေ အားလုံးအပြင် ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရေးဟာ မရှိမဖြစ်လိုအပ်တဲ့ အချက်တစ်ရပ် ဖြစ်ပါတယ်။“

သြစတြေးလျ၏ စီးပွားရေးနှင့်လုံခြုံရေး အကျိုးစီးပွားအား ကာကွယ်စောင့်ရှောက်ရာတွင် မူဝါဒသည် အရေးကြီး လှသည်ဟု လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအနေဖြင့် သဘောတူကြသည်။

ယခုထိတိုင် သြစတြေးလျ၏ စီးပွားရေး နှင့် လုံခြုံရေး အကျိုးစီးပွားအား ကာကွယ်စောင့်ရှောက်ရာတွင် မူဝါဒသည် အရေးကြီးကြောင်း အပြည့်အဝ ထောက်ခံသော်လည်း လှုံ့ဆော်ပေးသည့် အုပ်စုဖြစ်သည့် Shipping Australia သည် မဟာဗျူဟာကျသည့် နိုင်ငံလုံးဆိုင်ရာသင်္ဘောအုပ်စု တည်ထောင်မှုကို ဆန့်ကျင်သည့် မတော်တလျော သတင်းဖြန့်သည့်ကိစ္စကို ဆက်လက် စွပ်ဆွဲဝါဒဖြန့်နေလျက်ရှိသည်။

Shipping Australia ၏ ရပ်တည်ချက်ဟာ ကိုယ်စားပြုလုပ်ဆောင်ပေးရမယ်ဆိုတဲ့ သင်္ဘောပိုင်ရှင်တွေရဲ့ သဘောထားများနဲ့ ဆန့်ကျင်နေပါတယ်-  ယူအက်စ်အေမှာရှိတဲ့ ကုန်တင်ပို့ခြင်းဆိုင်ရာ ဥပဒေတွေနဲ့ ဂျုံးစ် အက်ဥပဒေ (Jones Act) တွေဟာ အောင်မြင်မှု မရှိဘူးလို့ သူတို့တတွေ အခြေအမြစ် မရှိဘဲနဲ့ အတင်းအခိုင်အမာ ပြောဆိုနေတာတွေကို ကျနော် မယုံနိုင်လောက်အောင် ဖြစ်ရပါတယ်၊ “ ဟု Cotton က ဆက်လက် ပြောကြားခဲ့သည်။

Shipping Australia ဟာ ယင်း၏ ရပ်တည်ချက်နှင့် လုံးဝကိုက်ညီမှုမရှိပါဘူး” ဟု Cotton က ဆက်လက် ပြောကြားခဲ့သည်။ သင်္ဘောပိုင်ရှင်တွေအနေနဲ့ Shipping Australia ကို စွန့်ခွာဖို့၊ အဲ့ဒီမှာ အဖွဲ့ဝင်ဖြစ်နေတဲ့ သင်္ဘောပိုင်ရှင်တွေဟာ မိမိရဲ့အနေအထားကို ရှင်းရှင်းလင်းလင်း သိဖို့နဲ့ မိမိတို့ရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုဖို့ ပျက်ကွက်နေတဲ့ ထုတ်ပြန်ချက်တွေကနေ လူသိရှင်ကြား ပြန်လည်ရုပ်သိမ်းပေးဖို့အတွက် တောင်းဆိုကြဖို့ ကျနော်တို့က သင်္ဘောပိုင်ရှင်တွေကို တက်တက်ကြွကြွ လှုံ့ဆော်ပေးနေလျက်ရှိပါတယ်။”

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများအဖွဲ့ချုပ် ( International Transport Workers’ Federation (ITF) ၏ သင်္ဘောသားများဆိုင်ရာဌာနခွဲ၏ ဥက္ကဌ ၊ အမေရိကန်အခြေစိုက် နိုင်ငံတကာ သင်္ဘောသားများ သမဂ္ဂ၏ အတွင်းရေးမှူး- ဘဏ္ဍာထိန်း တာဝန်ယူထားသူ David Heindel က US Jones Act ကို ဆန့်ကျင်သည့် Shipping Australia ပြစ်တင်ရှုံ့ချချက်တွေကို အပြင်းအထန် ကန့်ကွက်ခဲ့သည်။

Shipping Australia ရဲ့ တိုက်ခိုက်မှုဟာ Jones Act ရဲ့ အရေးကြီးပုံအပေါ် နဲ့ ၁၉၂၀ ခုနှစ်၊ တရားဝင် ပြဌာန်းကတည်းကစပြီး တက်လာတဲ့အစိုးရတိုင်းရဲ့ ဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုအပေါ် မဟုတ်မတရားသတင်းဖြန့်တာ၊ ပေါ့ပေါ့ဆဆအပြစ်တင်တာအပြင် အခွင့်ကောင်းယူတာဘဲ ဖြစ်ပါတယ်။ အဲ့ဒီ အက် ဥပဒေဟာ အမေရိကန်ရဲ့ နိုင်ငံလုံးဆိုင်ရာနှင့်စီးပွားရေး လုံခြုံမှုကို ပေးစွမ်းနိုင်ပြီး အပြည်ပြည်ဆိုင်ရာ တည်ငြိမ်မှုလုပ်ရာမှာ အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်လုပ်ဆောင်ပေးနေပါတယ်။ သြစတြေးလျနိုင်ငံမှာ Shipping Australia က ကိုယ်စားပြုပေးနေတယ်လို့ဆိုတဲ့ သင်္ဘောလုပ်ငန်း အတော်များများဟာ ယူအက်စ် ကုန်စည်သယ်ယူပို့ဆောင်ရေးအဖွဲ့ တွေနဲ့ အပြည့်အဝ မိတ်ဖက်တွေဖြစ်ကြပြီး သူတို့ကိုယ်စား ဒီလိုမျိုး ပြောဆိုတဲ့ အုပ်စုကို ကန့်ကွက်ပြီး ပယ်ချပါလိမ့်မယ်။”

ကုန်တင်ပို့သယ်ဆောင်ခြင်းဆိုင်ရာ စည်းမျဉ်းသည် သြစတြေးလျနိုင်ငံအား ပိုမို၍ ကြွယ်ဝချမ်းသာလာစေမည်

သင်္ဘောပိုင်ရှင်များသည် လူတိုင်းအတွက် ချမ်းသာကြွယ်ဝမည့် လုပ်ငန်းကဏ္ဍတစ်ခုကို ထူထောင်ပေးရန်အတွက် အစိုးရနှင့် ပင်လယ်ရေကြောင်းသမဂ္ဂများနှင့်အတူ လက်တွဲ၍အလုပ်လုပ်သင့်တယ်” ဟု အပြည်ပြည်ဆိုင်ရာ သယ်ယူ ပို့ဆောင်ရေး အလုပ်သမားများအဖွဲ့ချုပ် ( International Transport Workers’ Federation (ITF) အပြည်ပြည်ဆိုင်ရာ ကုန်တင်ပို့သယ်ဆောင်ခြင်း ဌာနခွဲ၏ ဥက္ကဌ Chris Given က ဆိုပါသည်။

“သြစတြေးလျမှာ မဟာဗျူဟာကျတဲ့ သင်္ဘောအုပ်စု တည်ထောင်ရေးနဲ့ ပင်လယ်ရေကြောင်း သယ်ယူ ပို့ဆောင်ခြင်း ကဏ္ဍမှာ ကုန်တင်ပို့သယ်ဆောင်ခြင်းစည်းမျဥ်းတွေ တောင့်တင်းခိုင်မာဖို့အတွက် အစိုးရရဲ့ အစီအစဉ်ကို ကျနော်တို့ စောင့်မျှော်နေပါတယ် “ ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ “ သြစတြေးလျ အလုပ်သမားတွေဟာ၊ အထူးသဖြင့် သင်္ဘောသားတွေဟာ ယခင် အစိုးရလက်ထက်မှာ အလူးအလဲ ခံစားခဲ့ရတယ်၊ အခု အစိုးရအသစ်အနေနဲ့  နှစ်ပေါင်းများစွာ မှားနေတာတွေ၊ ကောင်းမွန်ပြီး လုပ်ခကောင်းမွန်တဲ့ သင်္ဘောသား အလုပ်တွေကို ပြန်လည် ယူဆောင်ပေးဖို့ အတွက် မှန်ကန်အောင်လုပ်ပေးဖို့ အဆင့်ဆင့်လုပ်စရာတွေကို ချက်ချင်းလုပ်ပေးမယ်လို့ ကျနော်တို့အနေနဲ့ အပြုသဘောအကောင်းဖက်ရှုမြင်ပါတယ် “ လို့၎င်းက ဆက်လက်ပြောကြားခဲ့တယ်။

တစ်ကမ္ဘာလုံးမှ အသိအမှတ်ပြုထားသည့် ကုန်တင်ပို့သယ်ဆောင်ခြင်းစနစ်ကို ဆန့်ကျင်သည့် ‘တိကျသေချာမှုမရှိဘဲ လီဆယ်ထားသည့်’ ငြင်းဆိုချက်များ မဟုတ်မမှန် ဝါဒဖြန့်ခြင်းအဖြစ် Shipping Australia ၏ အနေအထားကို Chris Given သဏ္ဍာန်ရုပ်ဖော်ဆောင်ထားသည်။

Shipping Australia Limited လို ပါးစပ်သရမ်း လိမ်လည်မှုတွေကို ပယ်ချဖို့ အဓိကကျတဲ့ သင်္ဘောသယ်ယူပို့ဆောင်ရေးလိုင်းတွေကို ကျနော်တို့အနေနဲ့ တိုက်တွန်းပါတယ်၊ အဲ့ဒါအစား ယခုအခိုက်အတန့်ကို လက်ရှိအနေအထားအတိုင်း ရှု့မြင်ကြည့်လိုက်ပါ- စီးပွားရေးတိုးတက်မှုကို ရရှိဖို့၊ ပင်ကိုယ်တက်လမ်းကောင်းပြီး အရည်အသွေးပြည့်ဝတဲ့ အလုပ်သမားအင်အားထုကို မွေးမြူပေးဖို့အပြင် သူတို့ရဲ့ ပြည်တွင်း ကုန်သွယ်ရေးမှာ ရေရှည်တည်တံ့ခိုင်မြဲမှုကို ရရှိဖို့ သြစတြေးလျအတွက် အလွန့်အလွန် ကောင်းမွန်တဲ့ အခွင့်အလမ်း တစ်ရပ် ဖြစ်ပါတယ် “ ဟု Chris Given က ပြောကြားခဲ့သည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.