Skip to main content

ပင်ပန်းနွမ်းနယ်နေသည့် အီဂျစ် သင်္ဘောသား ၅၈ ဦး Maridive ကံဆိုးမှုဖြစ်ပြီးနောက် အိမ်ပြန်

10 Sep 2020

ပင်ပန်းနွမ်းနယ်နေသည့် အီဂျစ် သင်္ဘောသား ၅၈ ဦးတို့သည် တူနီးဆီးယား အစိုးရ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်များ ကြုံနေစဥ်၌ ၎င်းတိို့အလုပ်လုပ်ကိုင်ပေးသည့် ကုမ္ပဏီက ၎င်းတို့အား အိမ်ပြန်ပို့ပေးရန် ပျက်ကွက်ခဲ့ပြီးနောက် နောက်ဆုံး၌ သမဂ္ဂအကူအညီဖြင့် အိမ်ပြန်ရောက်ကြသည်။

ကမ်းလွန် ပံ့ပိုးရေး Maridive အုပ်စု သင်္ဘော ငါးစီးမှ သင်္ဘောဝန်ထမ်း အများအပြားတို့သည် တူနီးဆီးယား ကမ်းလွန်တစ်နေရာ၌ ၎င်းတို့၏ ကနဦး နှစ်-လ သင်္ဘောပေါ် လုပ်ရမည့်အလုပ် ပြီးဆုံးပြီး လေးလကြာ သင်္ဘောများပေါ်၌ ချောင်ပိတ်မိခံနေခဲ့ကြရသည်။

သင်္ဘောဝန်ထမ်းတို့မှာ ITF နှင့် နိုင်ငံ၏ သမဂ္ဂတို့မှ အကူအညီ ရရှိပြီးနောက် နောက်ဆုံး၌ သြဂုတ်လကုန်ပိုင်းတွင် အိမ်ပြန်ရောက်ခဲ့ကြသည်၊ ဟု ITF အာရတ်ကမ္ဘာနှင့် အီရန် အဆက်အသွယ်ကွန်ခြာ ညှိနှိုင်းရေးအရာရှိ Mohamed Arrachedi က ပြောပါသည်။

"ကျနော်တို့ သင်္ဘောဝန်ထမ်းတွေဆီက ဖုန်းခေါ်တာ အတော်များများ ရခဲ့ပါတယ်၊ စုံစမ်းစစ်ဆေးမှု အချို့ လုပ်ပြီးတဲ့နောက်မှာ - ကျနော်တို့ သင်္ဘောသားတွေကို အကယ်၍ သူတို့ သူတို့ရဲ့ အလုပ်ကန်ထရိုက် တာဝန်တွေကို လုပ်ပြီးသွားတဲ့အခါကျရင် အိမ်ပြန်ပို့ရေး အကူအညီပေးနေတဲ့ ITF ရဲ့ကတိကဝတ်တွေရဲ့ အစိတ်အပိုင်းအဖြစ် အဆိုပါကိစ္စကို ဇူလိုင်လက စတင်စုံစမ်းခဲ့ပါတယ်။"

"ကျနော်တို့ ပိုင်ရှင်-မန်နေဂျာများနှင့် စတင်ခဲ့ပြီး တူနီးဆီးယား ပင်လယ်ရေကြောင်း အာဏာပိုင်များနှင့် Panama နှင့် Belize တို့ရဲ့ အလံတင်နိုင်ငံ အုပ်ချုပ်ရေးဌာနများတို့နှင့် ဆက်သွယ်ရေးကို အကောင်အထည်ဖော်ခဲ့ပါတယ်။" ဟု Arrachedi က ပြောကြားခဲ့သည်။

Arrachedi အနေဖြင့် သင်္ဘောဝန်ထမ်းများ၏ အလုပ်ရှင်များနှင့် သက်ဆိုင်ရာ အာဏာပိုင်များကို ဆက်သွယ်ရင်း အလုပ်များနေစဥ် ITF ၏ အာရတ်ကမ္ဘာ ဒေသခံ အတွင်းရေးမှူးဖြစ်သူ  Bilal Malawi သည် အီဂျစ် သင်္ဘောသားများအတွက် တူနီးဆီးယား အဖွဲ့ဝင် ခေါင်းဆောင်များဖြစ်ကြသည့် Mohamed Turki နှင့် Noureddine Tabboubi တို့၏ ထောက်ခံကူညီမှုကို ရရှိခဲ့ပါသည်။ Turki နှင့် Tabboubi တို့သည် တူနီးဆီးယား အထွေထွေ အလုပ်သမား သမဂ္ဂ၏ UGTT-FNT, UGTT GS တို့မှ အထွေထွေ အတွင်းရေးမှူးများဖြစ်ကြပါသည်။

အာရတ်ကမ္ဘာတစ်ဝန်းတွင် အများအပြားသော သင်္ဘောစွန့်ပစ်ထားသည့်ကိစ္စများကို ဖြေရှင်းပေးသည့် Arrachedi က ပြောကြားခဲ့သည်မှာ Maridive သင်္ဘောများပေါ်၌ သင်္ဘောဝန်ထမ်း ပင်ပန်းနွမ်းနယ်မှု အကြောင်းနှင့် ၎င်းတို့အား အလုပ်ကန်ထရိုက်ကျော်လွန်ပြီး အတင်းအကျပ် ဆက်လက်ခိုင်းခံနေရသည့် ကြီးမားသော အလုပ်ပမာဏတို့ကို သူ့အနေဖြင့် ထိပ်လှန့်ခဲ့သည်။

Arrachedi သည် ဇူလိုင်လ၌ Maridive သင်္ဘောအုပ်စု အုပ်ချုပ်သူအရာရှိထံ စာရေးသားခဲ့သည် - "ကျနော်တို့အနေနဲ့ ဤကိစ္စကြောင့် သင်္ဘောဝန်ထမ်းများအပေါ် ကျရောက်နေတဲ့ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကို အလွန်စိုးရိမ်ပါတယ်။" "ပင်ပန်းနွမ်းနယ်မှုဟာ လူကိုသေစေနိုင်ပါတယ်။"

Arrachedi က ကုမ္ပဏီနှင့် အလံတင်နိုင်ငံ စီမံအုပ်ချုပ်ရေးဌာနတို့အား ပြောကြားခဲ့သည်မှာ မြောက်မြားစွာသော အစိုးရများ၏ ကူးပြောင်းနေရာနှင့် ခရီးသွား ပိတ်ပင်ကန့်သတ်ချက်တို့ဖြင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို စီစဥ်ရာ၌ ကုမ္ပဏီများ ကြုံတွေ့သည့် အခက်အခဲများကို သူ့အနေဖြင့် သိရှိခဲ့သည်။ သို့သော်လည်း သင်္ဘောသားများကို ၎င်းတို့၏ အလုပ်ကန်ထရိုက်များ ကျော်လွန်ပြီး သင်္ဘောပေါ် မထားနိုင်ကြောင်းနှင့် ၎င်းတို့၏ အလုပ်ကန်ထရိုက်- တိုသည်ဖြစ်စေ သို့မဟုတ် ကြာသည်ဖြစ်စေ ပြီးဆုံးချိန်၌ သင်္ဘောသားများကို အိမ်ပြန်ပို့ရန် အလုပ်ရှင်များတွင် တာဝန်ရှိသည်ဟု သူက ပြောခဲ့ပါသည်။

ကုမ္ပဏီက တုံ့ပြန်ရာ၌ ရှင်းလင်းခဲ့သည်မှာ အားလုံးသော တူနီးဆီးယား လေယာဥ်ကွင်းများမှာ ပိတ်ထားသည်ဖြစ်ပြီး အီဂျစ်နိုင်ငံ သင်္ဘောသားများအတွက် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ၎င်းတို့၏ ကြိုးပမ်းမှုများမှာ Covid-19 ပိတ်ပင်ကန့်သတ်ချက်များကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ကြောင်း ပြောခဲ့သည်။ တူနီးဆီးယားနိုင်ငံ အစိုးရသည် ပုဂ္ဂလိက လေယာဥ်စင်းလုံးငှါးဖြင့် သင်္ဘောဝန်ထမ်း အသစ်များကိုပင် လက်ခံရန် ငြင်းဆိုခဲ့သည်ဟု ကုမ္ပဏီက တင်ပြခဲ့သည်။

အီဂျစ်နိုင်ငံ အစိုးရထံမှ မည်သည့် ပံ့ပိုးမှုမျှ မရရှိဘဲ၊ သင်္ဘောပေါ် ကြာမြင့်စွာ နေရခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာအရနှင့် စိတ်ပိုင်းဆိုင်ရာအရ လူကုန်လက်ပန်းကျနေသည့် သင်္ဘောသားများဖြင့်၊ ITF သည် အဆိုပါ ချောင်ပိတ်မိခံနေရသည့် သင်္ဘောသားများအား အိမ်ပြန်ပို့ရန် နောက်ထပ် နည်းလမ်းများကို စတင်၍ ရှာကြံနေခဲ့ပါသည်။

အောင်မြင်ရေးလမ်းစမှာ  Malta မှ တစ်ဆင့် ပေါ်ပေါက်ခဲ့သည်၊ Malta နိုင်ငံ Valleta ဆိပ်ကမ်းမှတစ်ဆင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို အောင်မြင်စွာ လုပ်ခဲ့သည်။  ယင်းနောက် သင်္ဘောဝန်ထမ်းများသည် သြဂုတ်လ ၁၈ ရက်နေ့တွင် Egypt နိုင်ငံ Alexandria သို့ အိပ်ပြန်ခဲ့ကြသည်။

ITF ဒေသတွင်း အတွင်းရေးမှူးဖြစ်သူ  Bilal Malkawi က ပြောကြားခဲ့သည်မှာ  "သင်္ဘောများဟာ အသည်းအသန်ဖြစ်နေတဲ့ သင်္ဘောသား အပြည့်နဲ့ ရှိခဲ့ကြပါတယ်။"

"ဤကိစ္စဟာ အများကြီးထဲက တစ်ခုသာ ဖြစ်ပါတယ်၊ ဒီလိုအလွန်ခက်ခဲတဲ့ အချိန်အတွင်း အာရတ်ကမ္ဘာမှာ သင်္ဘောသားတွေကို ကူညီတဲ့နေရာမှာ ITF ဟာ အောင်မြင်ခဲ့ပါတယ်။"  

Malkawi က ပြောကြားခဲ့သည်မှာ ဤရောဂါကပ်ဘေးကြီးအတွင်း သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးသည် ITF နှင့် ၎င်း၏ အဖွဲ့ဝင် ကမ္ဘာတစ်ဝန်း သမဂ္ဂများအတွက် ဦးစားပေးရမည့်ကိစ္စ ဆက်လက်ဖြစ်နေမည်ဖြစ်သော်လည်း ဆိပ်ကမ်းများနှင့် လေယာဥ်ကွင်းများမှတစ်ဆင့် သင်္ဘောဝန်ထမ်း ပုံမှန် အပြောင်းအလဲလုပ်ရေးကို လုပ်နိုင်စွမ်းရန်အတွက် အာရတ်ကမ္ဘာနှင့် ကမ္ဘာတစ်ဝန်းရှိ အစိုးရများထံမှ ပူးပေါင်းဆောင်ရွက်မှု ပိုမိုလိုအပ်ခဲ့သည်ဖြစ်သည်။

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.