Skip to main content

ITF သည် ဖိလစ်ပိုင်၊ တူရကီ သင်္ဘောဝန်ထမ်းများအား ဘရာဇီးလ်မှတစ်ဆင့် အိမ်ပြန်ရန် ကူညီ

16 Sep 2020

ပင်လယ်ပြင်၌ တစ်နှစ်ကျော် ကြာပြီးနောက် သင်္ဘောသား ရှစ်ဦး ဖိလစ်ပိုင်သို့ အိမ်ပြန်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် သင်္ဘောတစ်စီးပေါ်၌ ၁၆ လကျော် အလုပ်လုပ်ရင်း ချောင်ပိတ်မိခံနေရသည့် သင်္ဘောသားတစ်ဦးအား နောက်ဆုံး၌ အိမ်ပြန်ရန်အတွက် သေချာအောင် ဝင်ရောက်စွက်ဖက်လိုက်သည်။

MV ‘Western Eyde’ သင်္ဘောပေါ်မှ သင်္ဘောဝန်ထမ်း နောက်ထပ် ခုနှစ်ဦးလည်း အိမ်ပြန်ခဲ့ရပြီး ITF အကူအညီအတွက် ကျေးဇူးတင်သည်ဟု ဘရာဇီးလ်နိုင်ငံအတွက် ITF စိစစ်ရေးမှူးဖြစ်သူ Ali Zini က ပြောကြားပါသည်။ အဆိုပါ သင်္ဘောသား ခုနှစ်ဦးသည် ထုထည်ကြီးတင် သင်္ဘောပေါ်တွင် ၁၃ လကြာ နေခဲ့ရသည်။ ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမား စာချုပ် (Maritime Labour Convention (MLC)) တွင် ဥပဒေအရ ကန့်သတ်ချက်မှာ ပင်လယ်ပြင်၌ ၁၁ လ ဖြစ်ပါသည်။

ITF ၏ ဘရာဇီးလ်နိုင်ငံ အဖွဲ့ဝင် အသင်းအဖွဲ့ CNTTL တွင်လုပ်ကိုင်သည့် စိစစ်ရေးမှူးဖြစ်သူ Zini က ပြောကြားခဲ့သည်မှာ သင်္ဘောမှာ ကနေဒါနိုင်ငံမှ ဘရာဇီးလ်နိုင်ငံသို့ အသွားလမ်းကြောင်းပေါ်ရှိခဲ့စဥ် MV Western Eyde သင်္ဘောပေါ်မှ သင်္ဘောသားတစ်ဦးက ITF အား ဆက်သွယ်ခဲ့သည်။ အဆိုပါ သင်္ဘောသားသည် သင်္ဘောပေါ် လပေါင်းများစွာ ကြာပြီးနောက် သူ့မိသားစုထံ အိမ်ပြန်ရန်အတွက် အကူအညီ တောင်းခံခဲ့သည်။

MLC စာချုပ်အရ သင်္ဘောသားများသည် ၎င်းတို့၏ အလုပ်ရှင်များ၏ ကုန်ကျစရိတ်ဖြင့် ၎င်းတို့၏ အလုပ်ကန်ထရိုက် ပြီးဆုံးချိန်၌ အိမ်ပြန်ပို့ခံရရန် ရပိုင်ခွင့်ရှိသည်။ နယ်စပ်များနှင့် ခရီးသွားရောက်မှုအပေါ် အစိုးရ၏ ပိတ်ပင်ကန့်သတ်ချက်များကြောင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးများမှာ ခက်ခဲလာခဲ့သော်လည်း သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးမှာ အများအပြားသော ဆိပ်ကမ်းများနှင့် ဖြတ်သန်းသွားမည့် နိုင်ငံများတို့မှတစ်ဆင့် ဖြစ်နိုင်ပါသေးသည်၊ Canada ကနေဒါနိုင်ငံ နှင့် Brazil  ဘရာဇီးလ်နိုင်ငံ အပါအဝင်ဖြစ်သည်

သို့သော်လည်း သင်္ဘောဝန်ထမ်း တစ်ဦးအနေဖြင့် အိမ်ပြန်ပို့ရေးကိစ္စအတွက် သူ့ သင်္ဘော မာလိန်မှူးမှတစ်ဆင့် သူ့ကုမ္ပဏီအား ပထမဦးစွာ တောင်းဆိုရလိမ့်မည်ဟုလည်း MLC က သတ်မှတ်ထားပါသည်။

Zini က ရှင်းလင်းပြသည်မှာ သင်္ဘောဝန်ထမ်းများသည် သင်္ဘောပေါ်မှဆင်းရန်အတွက် MV Western Eyde’s သင်္ဘော၏ တိုကျိုမြို့- အခြေဆိုက် သင်္ဘောစီမံအုပ်ချုပ်ရေး ကုမ္ပဏီ Unitra Maritime Co Ltd အား ဆက်သွယ်ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း စီမံအုပ်ချုပ်ရေး ကုမ္ပဏီသည် သင်္ဘောမှာ နောက်ထပ် ဆိပ်ကမ်းသို့ ဆိုက်ရောက်စဥ် သူ့အား အိမ်ပြန်ပို့ပေးမည်ဟု သူ့အား အာမခံချက် မပေးနိုင်ခဲ့ပါ။

စိစစ်ရေးမှူး Zini သည် အဆိုပါ သင်္ဘောဝန်ထမ်းအား ပနားမား အလံတင်ထားသည့် သင်္ဘော ဘရာဇီးလ်နိုင်ငံ ပါရာနာဂွါ (Paranagua) သို့ သြဂုတ်လ ၃၀ ရက်နေ့၌ ဆိုက်ရောက်လာသည့်အခါ တွေ့ဆုံခဲ့ပါသည်။ သူသည် သင်္ဘောသားများမှာ ၎င်းတို့၏ အလုပ်ကန်ထရိုက်များ ပြီးဆုံးခဲ့ပြီးကြောင်းနှင့် ကုမ္ပဏီမှ ပေးရန်ရှိသည့်လုပ်ခအားလုံးကို ပေးပြီးခဲ့ကြောင်း - နှစ်ဖက်လုံးရှိ တာဝန်များကို ထမ်းဆောင်ထားသည်ကို သေချာစေရန် စာရွက်စာတမ်းများအား စစ်ဆေးခဲ့သည်။

သင်္ဘောဝန်ထမ်းများ သင်္ဘောပေါ် မည်မျှကြာကြာ နေခဲ့ရသည်ကို ကြည့်ခြင်းအားဖြင့် သင်္ဘောဝန်ထမ်းတစ်ဦးမှာ တရုတ်နိုင်ငံ ဇိုရှမ်း၌ ၂၀၁၉ ခုနှစ် ဧပြီလတွင် သင်္ဘောသို့ တက်ရောက်ခဲ့သည်ကို အတည်ပြုခဲ့သည်။ ယခု ၂၀၂၀ ခုနှစ် သြဂုတ်လ ဖြစ်ပြီး ဤသင်္ဘောသားသည် သင်္ဘောပေါ်၌ အပြည်ပြည်ဆိုင်ရာ ကန့်သတ်ထားသည့်အချိန်ကာလထက် ကျော်လွန်၍ပင် နေခဲ့ရပြီး သေချာပေါက် ၎င်း၏တာဝန်ကို ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။

Zini သည် သွားရောက်ကြည့်ရှုမှုကို ပြန်လည်အမှတ်ရသည် - “ကျွန်ုပ် သင်္ဘောပေါ် တက်ရောက်လာသည့်အခါ သင်္ဘောဝန်ထမ်းများသည် ကျွန်ုပ်အား တွေ့ရသည်ကို အလွန် ဝမ်းသာခဲ့သည်၊” ဟု သူက ပြောကြားခဲ့သည်။ “သို့သော်လည်း သူတို့သည် အိမ်ပြန်ရန်အတွက်လည်း အလွန် စိတ်လှုပ်ရှားနေကြသည်။”

၎င်းကိစ္စ သိရှိလာခဲ့သည်အခါ သင်္ဘောဝန်ထမ်းများမှာ မျှော်လင့်ထားသကဲ့သို့ သင်္ဘောပေါ်မှ မဆင်းခဲ့ကြရပါ။ ကုမ္ပဏီက Zini အား ပြောကြားခဲ့သည်မှာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ၎င်းနေရာအစား နောက်ထပ် ရောက်ရှိမည့်ဆိပ်ကမ်း၌ စီစဉ်ခဲ့သည်ဟု ဆိုသည်။

 “ကျွန်ုပ်သည် ၎င်းမှာ လက်မခံနိုင်ကြောင်းနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမား စာချုပ် (Maritime Labour Convention) ဖောက်ဖျက်မှုဖြစ်ကြောင်း မန်နေဂျာဖြစ်သူကို သတိပေးခဲ့သည်၊” ဟု သူက ပြောကြားခဲ့သည်။

ITF စိစစ်ရေးမှူး၏ သတိပေးချက်ကြောင့် ကုမ္ပဏီသည် ၎င်း၏ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်လိုက်ပါသည်။

 “နောက်ထပ်တစ်ရက် ကုန်ဆုံးပြီးနောက် သူသည် သဘောတူညီခဲ့သည်။ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို သင်္ဘောသားများ ရှိနေရာဆိပ်ကမ်းဖြစ်သည့် – ပါရာနာဂွါ (Paranagua) တွင်လုပ်ရန် စီစဥ်ခဲ့သည်၊” ဟု Zini က ပြောကြားခဲ့သည်။

သင်္ဘောဝန်ထမ်းများ ဖိလစ်ပိုင်နိုင်ငံသို့သွားမည့် ၎င်းတို့၏ လေယာဥ်ခရီးပေါ် တက်ရောက်ခဲ့သည့် အပတ် အတွင်းမှာပင် ၎င်းတို့၏ အလုပ်နေရာများအား အစားထိုးရန် သင်္ဘောဝန်ထမ်း အသစ်တို့ ရောက်ရှိခဲ့သည် - ဖိလစ်ပိုင်နိုင်ငံမှပင် ဖြစ်ပါသည်။

ဘရာဇီးလ်နိုင်ငံသည် လက်ရှိ ကမ္ဘာ့ရောဂါကပ်ဘေးကြီးရှိသည့်တိုင် ၎င်း၏ဆိပ်ကမ်းများတွင် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးများကို ခွင့်ပြုသည့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းကို အကောင်းအထည်ဖော်ပေးရန် သဘောတူခဲ့သည့် များပြားလာသော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပါသည်။

 

ITF သည် တူရကီများအား ၎င်းတို့၏ လုပ်ခများ ပြန်ရအောင်လုပ်ပေး၊ ၎င်းတို့ ဘရာဇီးလ်မှ အိမ်ပြန်

ချောင်ပိတ်မိခံနေရသည့် သင်္ဘောသားများအတွက် ပိုမိုကောင်းမွန်သည့် နောက်ထပ် သတင်းကောင်းမှာ၊ ITF သည် သင်္ဘော နောက်တစ်စီးမှ သင်္ဘောဝန်ထမ်းများအား ၎င်းတို့၏ သင်္ဘော ဘရာဇီးလ်နိုင်ငံ ကမ်းလွန်၌ ကျောက်ချထားစဥ် အိမ်ပြန်ပို့ရန် ကူညီခဲ့သည်။

ITF စိစစ်ရေးမှူးဖြစ်သူ Renialdo de Freitas က ပြောသည်မှာ ‘DS Sofie Bulker’ သင်္ဘောမှ သင်္ဘောသား ၁၆ ဦးသည် ၎င်းတို့၏ မိခင်နိုင်ငံ တူရကီသို့ ဘရာဇီးလ်နိုင်ငံ ဆန်းတော့စ်မှ ပျံသန်းလာခဲ့သည် – သို့သော်လည်း သင်္ဘောဝန်ထမ်းများ၏ လုပ်ခများဖြစ်သည့် USD$100,000 နီးပါးကို ရရှိပြီးမှသာ ပျံသန်းခဲ့ပါသည်။

 “သြဂုတ်လ လဆန်းပိုင်း၌ သင်္ဘောသည် ကျွန်ုပ်၏ မိခင်နိုင်ငံ ဆိပ်ကမ်းဖြစ်သည့် ဆန်းတော့စ်သို့ ကုန်တင်ရန်အတွက် ဦးတည်သွားနေခဲ့ပါသည်။ သင်္ဘောဝန်ထမ်းများသည် အကူအညီ တောင်းခံရင်း ကျွန်ုပ်တို့အား ဆက်သွယ်ခဲ့ပါသည်၊ သူတိို့အားလုံးလိုလိုမှာ အလုပ်ကန်ထရိုက်များ ကျော်လွန်နေပြီးဖြစ်ကြသည့်အပြင် သူတို့အနေဖြင့် အိမ်ပြန်ပို့ခံရရန် လိုအပ်ခဲ့သည်ဟု တင်ပြခြင်းဖြစ်သည်။ အချို့မှာ သင်္ဘောပေါ်တွင် ၁၄ လ ကျော်ကြာနေပြီးဖြစ်ပါသည်။”

ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမား စာချုပ် (Maritime Labour Convention) အရ သင်္ဘောပေါ် တရားဝင် အများဆုံး နေရမည့်အချိန်ကာလမှာ ၁၁ လဖြစ်ပြီး သက်တမ်း ကျော်လွန်နေသည့် အလုပ်ကန်ထရိုက်ဖြင့် သင်္ဘော မောင်းနှင်ခြင်းမှာ ဥပဒေနှင့်ဆန့်ကျင်သည်။ အနည်းဆုံး သင်္ဘောသား ကိုးယောက်သည် အလုပ်ကန်ထရိုက်အချိန်ကာလထက် ခြောက်လပို၍ ကျော်လွန်နေပြီးဖြစ်ပါသည်။

သင်္ဘောဝန်ထမ်းများသည် ဇွန်လနှင့် ဇူလိုင်လတို့အတွက် လုပ်ခများကိုလည်း မရရှိသေးကြောင်း တင်ပြခဲ့သည်ဟု De Freitas က ပြောကြားခဲ့သည်။

 “သူတို့၏ အကြီးမားဆုံး ပြဿနာဖြစ်ခဲ့သည်မှာ အိမ်ပြန်ရန် ဖြစ်ပါသည်။ သူတို့သည် ၎င်းအတွက်ကြောင့် အသည်းအသန်ဖြစ်နေခဲ့ကြပြီး စိတ်သောကရောက်နေခဲ့ကြသည်။”

De Freitas သည် သင်္ဘောပိုင်ရှင်ကို ဆက်သွယ်ခဲ့ပါသည်။ သူတို့အနေဖြင့် သင်္ဘောဝန်ထမ်းများ၏ ပြဿနာများနှင့် သူတို့အား အိမ်ပြန်ပို့ရန်အတွက် ဖြေရှင်းပေးရန် လိုအပ်ခဲ့သည်ဟု သူက သူတို့အား သတိပေးခဲ့သည်။

 “ကျွန်ုပ် အလေးပေးပြောခဲ့သည်မှာ အိမ်ပြန်ပို့ရေးကို ခွင့်ပြုသည့် အနည်းငယ်သော နိုင်ငံများအနက် တစ်ခုဖြစ်သည့် ဘရာဇီးလ်နိုင်ငံတွင် အိမ်ပြန်ပို့ရေးကို ဆောင်ရွက်ပေးရန် အဖိုးထိုက်တန်သည့် အခွင့်အလမ်း ကျွန်ုပ်တို့တွင် ရှိခဲ့သည့်အပြင် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကိုလည်း ခွင့်ပြုပါသည်၊” ဟု de Freitas က ပြောကြားခဲ့သည်။

“ထို့ပြင် ၎င်းတို့၏ ဇူလိုင်လအတွက် လစာများကို မပေးရသေးသောကြောင့် ပေးရန်ရှိသည့် လစာအကြွေးများကို အမြန်ဆုံး အိမ်ပြန်ပို့ရေး မတိုင်မီ ပေးချေသင့်သည်ဟုလည်း ကျွန်ုပ် ရှင်းရှင်းလင်းလင်း ပြောခဲ့ပါသည်။”

 “ITF က လုပ်ခဲ့သည့် ယခင် စစ်ဆေးမှုများကို စူးစမ်းလေ့လာခြင်းအားဖြင့် ကျွန်ုပ်တို့ သိရှိသည်မှာ ကြွေးကျန် လုပ်ခများနှင့်ပတ်သက်၍ ယခင် သင်္ဘောဝန်ထမ်းများမှ တိုင်တန်းချက် အများအပြား ရှိပါသည်။ ထို့ကြောင့် သင်္ဘောဝန်ထမ်းများအနေဖြင့် အိမ်ပြန်ပို့ရေး မတိုင်မီ ၎င်းတို့၏ လုပ်ခများကို လက်ခံရရှိရန် တင်ပြခဲ့ပြီး သူတို့၏ ရရန်ကြွေးမြီကို ဆုံးရှုံးမည်ကို ကျွန်ုပ် စိုးရိမ်မိခဲ့သည်။”


“သင်္ဘောပိုင်ရှင်နှင့် ဆက်သွယ်မှုအချို့လုပ်ပြီးနောက် ကျွန်ုပ် အကြောင်းကြားခဲ့သည်မှာ၊ အကယ်၍ သင်္ဘောဝန်ထမ်း အပြောင်းအလဲကို မလုပ်ပေးခဲ့သည့်အပြင် ဇူလိုင်လအတွက် လစာ မပေးဘဲနေလျှင် ကျွန်ုပ်အနေဖြင့် လုပ်ခပေးရာ၌ တစ်သမတ်တည်း ကြန့်ကြာသည့် ပြဿနာနှင့် အလုပ်ကန်ထရိုက် ကျော်လွန်နေပြီးဖြစ်သည့် သင်္ဘောဝန်ထမ်းများ အိမ်ပြန်ပို့ရေး လိုအပ်မှုတို့အကြောင်းကြောင့် ဆိပ်ကမ်းနိုင်ငံ ထိန်းချုပ်ရေးနှင့် ဘရာဇီးလ်နိုင်ငံ အလုပ်သမား အာဏာပိုင်များအား ဆက်သွယ်ရလိမ့်မည်၊” ဟု de Freitas က ပြောကြားခဲ့သည်။


“အချိန်ကြာကြာနှင့် မောမာပန်းပန်း ဆွေးနွေးညှိနှိုင်းပြီးနောက် သြဂုတ်လ ၂၂ ရက်နေ့တွင် နောက်ဆုံး၌ ပိုင်ရှင်သည် သဘောတူညီခဲ့ပြီး သင်္ဘောဝန်ထမ်းများအား ဆန်းတော့စ်တွင် အပြောင်းအလဲလုပ်ပေးခဲ့သည်။ သူသည် ဇူလိုင်လအတွက် လုပ်ခများကို ပေးခဲ့ပြီး အရာတိုင်းကို ဖြေရှင်းပေးခဲ့သည်။”

De Freitas က ပြောကြားခဲ့သည်မှာ သူသည် သင်္ဘောဝန်ထမ်းများအား ဟိုတယ်တွင် သွားရောက်တွေ့ဆုံခဲ့သည့်အခါ ၎င်းတို့သည် အိမ်အပြန်လေယာဥ်ခရီးအတွက် ပြင်ဆင်နေကြသည်၊ ၎င်းတို့သည် သူ့အား တွေ့မြင်သည့်အခါ အလွန် ဝမ်သာခဲ့ကြပြီး သူ့အား သူ၏ကြိုးပမ်းမှုများအတွက် ကျေးဇူးတင်ခဲ့ပါသည်။

ဘေးကင်းလုံခြုံပြီး အိမ်ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် သင်္ဘောဝန်ထမ်းများသည် စိစစ်ရေးမှူး de Freitas ၏လုပ်ရပ်ကို ချီးမွှမ်းဂုဏ်ပြုကြောင်း ITF သို့ အီးမေးလ်များ ပို့ခဲ့ကြပါသည်။

 “ကျွန်ုပ်သည် MV DS Sofie Bulker သင်္ဘော၏ အရာရှိချုပ်ဖြစ်ပါသည်” ဟု ၎င်းတို့အထဲမှ တစ်ဦးက ရေးသားခဲ့သည်။ “ကျွန်ုပ် ယနေ့ ပိုင်ရှင်ထံမှ ကျွန်ုပ်၏ လစာငွေ အားလုံးကို ရရှိပြီးဖြစ်ကြောင်း သင့်အား အသိပေးလိုပါသည်၊ ဆန်းတော့စ်ရှိ ဘရာဇီးလ် ITF စိစစ်ရေးမှူးဖြစ်သူ Mr Renialdo de Freitas ကို ကျေးဇူးတင်ပါသည်။ သူသည် ကျွန်ုပ်တို့အား မည်သည့်အခါမျှ အထီးတည်း မထားခဲ့ပါ။”

 “အရာရာတိုင်းအတွက် အလွန့်အလွန် ကျေးဇူးတင်ပါသည်။ ကျွန်ုပ် မိသားစုနှင့် ကျွန်ုပ်သည် သင့် ကောင်းကျိုးအတွက် ကျွန်ုပ်တို့၏ ဘုရားသခင်ထံ ဆုတောင်းပေးပါသည်။”

နောက်ထပ်တစ်ဦးက ရိုးရိုးစင်းစင်း ရေးသားခဲ့သည်မှာ “အရာရာတိုင်းအတွက် Mr Renialdo ကို ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့ ကျွန်ုပ်တို့၏ ငွေအားလုံးကို လက်ခံရရှိပြီးပါပြီ။”

အားလုံး စုစုပေါင်း USD$94,585.67 ဖြစ်ပါသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.