Skip to main content

Covid ပြီးစလွယ်လုပ်ခြင်းမှာ သေဆုံးမှုများသို့ ဦးတည်ပါလိမ့်မည်၊ ‘ပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးကြီး’ – သင်္ဘောလုပ်ငန်း အစီရင်ခံစာ အသစ်

23 Sep 2020
Press Release

အကယ်၍ Covid-19 ရောဂါကပ်ဘေးကြီး အတောအတွင်း လုပ်ငန်းကဏ္ဍ၌ ယာယီ အလွယ်တကူဖြစ်လမ်းလိုက်မှုကို ဆက်လက်ကျင့်သုံးလျှင် သို့မဟုတ် အမြဲကျင့်သုံးလာလျှင် သင်္ဘောလုပ်ငန်း မတော်တဆဖြစ်ရပ်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များ ပိုမိုတိုးမြှင့်လာမည်ဟု အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) က ပြတ်ပြတ်သားသား သတိပေးချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြိုတင်ခန့်မှန်းချက်များသည် ITF ၏ ပင်လယ်ရေကြောင်းဆိုင်ရာ ဘေးကင်းလုံခြုံရေး ကော်မတီ (ITF’s Maritime Safety Committee) မှ ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာ အသစ်တွင် ပါရှိသည် - {ကန့်သတ်ချက်ကို ကျော်လွန်ခြင်း- Covid-19 ပြီးစလွယ်လုပ်ခြင်းမှာ အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်းစနစ်တွင် အလွန်များပြားသည့် အန္တရာယ်ကို မည်ကဲ့သို့ ကျရောက်ပုံ} (Beyond the Limit: How Covid-19 corner-cutting places too much risk in the international shipping system).

အစီရင်ခံစာ တွဲဖက်စာရေးသူနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ ဘေးကင်းလုံခြုံရေး ကော်မတီ ဥက္ကဌဖြစ်သူ Odd Rune Malterud က ပြောသည်မှာ မရှိမဖြစ် လိုအပ်သည့်ကိစ္စထက်စာလျှင် လိုအပ်မှုမရှိဘဲ သင်္ဘောအား ထိခိုက်စေရန်  အလံတင်နိုင်ငံများအပါအဝင် လုပ်ငန်းကဏ္ဍ လုပ်ကိုင်သူများ၏ ရေရှည်မတည်တံ့နိုင်သော လုပ်ရိုးလုပ်စဥ်တစ်ခုကို အစီရင်ခံစာတွင် ဖော်ပြထားသည်။

 “အချို့ လုပ်ငန်းကဏ္ဍ လုပ်ကိုင်သူများသည် အရေးကြီးသော အပြည်ပြည်ဆိုင်ရာ စည်းမျဥ်းများမှ ခြွင်းချက်များကို တောင်းခံနေကြသည် သို့မဟုတ် အဆိုပါစည်းမျဥ်းများကို ချက်ချင်း ရပ်ဆိုင်းပေးရန် တောင်းခံနေကြသည်။ ဤစည်းမျဥ်းများကို သင်္ဘောသားများ၏ ဘေးကင်းလုံခြုံရေး၊ အသက်များ၊ နှင့် ပင်လယ် သဘာဝပတ်ဝန်းကျင်တို့အား ဆယ်စုနှစ်များစွာ အကာကွယ်ပေးရန် ပြဌာန်းခဲ့ပါသည်။ ၎င်းတို့မှာ အတိတ်ကာလရှိ ရေနှစ်ခြင်း၊ ဖိတ်ဆင်ခြင်း၊ ကုန်းတင်ခြင်း သို့မဟုတ် သေဆုံးခြင်း ဖြစ်ရပ်များမှ လေ့လာသင်ယူခြင်း၏ ရလဒ်များဖြစ်ကြသည်။

 “အဝေးမှနေ၍ စစ်ဆေးမှုများ လုပ်ပါနည်းပညာဆိုင်ရာအရ စစ်ဆေးမှုများကို ၎င်းတို့မှာ အခြားနည်းထက် စိတ်ချလုံခြုံသည့်အခါ ဥပမာ သင်္ဘော၏ ဖွဲ့စည်းတည်ဆောက်ထားပုံများနှင့် ဆီတိုင်ကီများကို စစ်ဆေးခြင်း အန္တရာယ်အား အစားထိုးပေးနိုင်သည့် ဒရုံးနည်းပညာကို သုံးသည့်အခါ  ကျွန်ုပ်တို့အနေဖြင့် ကန့်ကွက်ရန် မရှိပါ။ သို့သော်လည်း သင်္ဘောဝန်ထမ်းများအနေဖြင့် ၎င်းတို့ကိုယ်တိုင် လွတ်လပ်စွာနှင့် ရည်မှန်းသည့်အတိုင်း ၎င်းတို့၏ ကိုယ်ပိုင် ဘေးကင်းမှုနှင့် လုံခြုံမှုကို ၎င်းတို့၏ ကင်းစောင့်ပေးသည့်တာဝန်များကို ထပ်ဆင့်၍ သတင်းပို့ရန် မျှော်လင့်ထားသည့်ကိစ္စ၌ အဝေးမှနေ၍ စစ်ဆေးမှုများလုပ်ခြင်းကို ခွင့်ပြုသည့် နော်ဝေးနိုင်ငံကဲ့သို့ နိုင်ငံများကို မြင်တွေ့ရသည်မှာ လုံးဝ လက်မခံနိုင်ပါ။

 “သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကြောင့် ဖြစ်ပွားသည့် ကြီးမားလာနေသည့် အာဏာ မညီမျှမှုရှိသောကြောင့် သင်္ဘောဝန်ထမ်းများမှာ ပင်လယ်ပြင်၌ လပေါင်းများစွာ နေခဲ့ရပြီးနောက် သင်္ဘောပေါ်မှ ဆင်းရန် များသောအားဖြင့် သင်္ဘောသားများ၏ တစ်ခုတည်းသော နည်းလမ်းဖြစ်သည့် ၎င်းတို့၏ အလုပ်ရှင်များအား မျက်နာချိုသွေးရန် အကြီးအကျယ် ဖိအားပေးခံနေရသည်။ ထပ်ဆင့်အပိုရှိသည်မှာအလုပ်ရှင်အများစုသည် သင်္ဘောဝန်ထမ်းများအား ဤအဝေးမှနေ၍ စစ်ဆေးမှုလုပ်ခြင်း တာဝန်များကို များသောအားဖြင့် သင်္ဘောသားတစ်ဦးသည် လူတိုင်း၏ လုံခြုံရေးအတွက် ကင်းစောင့် ကြည့်ရှုပေးနေရသည့်အခါ ၎င်းတို့၏ ဝန်ထုပ်ဝန်ပိုးများနေပြီးဖြစ်သည့် အလုပ်ပမာဏကို အပိုဆောင်း၍ လုပ်ရန် မျှော်လင့်မည်ဖြစ်သည်။

Malterud က ပြောကြားခဲ့သည်မှာ အစီရင်ခံစာသည် လုံခြုံရေးနှင့် သင်္ဘောသားများ၏ အခွင့်အရေးများအပေါ် လုပ်ငန်းကဏ္ဍ၏ အလျင်အမြန် နောက်ပြန်ဆွဲခြင်းကို အကန့်အသတ်လုပ်ပေးလိုက်ခြင်းအကြောင်း ဖြစ်သည်။

 “တော်လောက်ပြီ၊ နောက်ထပ် သည်းမခံနိုင်ပါ။ သင်္ဘောသားများ၏ ကိုယ်စားလှယ်များအဖြစ် အဆိုပါ သတိပေးချက်ကို တင်ပြရန်မှာ ကျွန်ုပ်တိို့၏ တာဝန်ဖြစ်ပါသည် အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ ယခု မျက်မြင်တွေ့မြင်နေရသည်မှာ ကျွန်ုပ်တိို့အတွက် အလွန့်အလွန် စိုးရိမ်ဖွယ်ရာ ဖြစ်စေသောကြောင့်ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် စိတ်ချလောက်ပြီးဟူ၍ သင်္ဘောသားများ၏ ဘေးကင်းရေးနှင့် လုံခြုံရေးကို အန္တရာယ်တွင်း ကျရောက်ရန် ခွင့်ပြုမည့် ကောင်းမွန်သော သတိတရား မထားနိုင်ပါ။  သင်္ဘောလုပ်ငန်းကဏ္ဍသည် ယခုအခါ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဆီသို့ ချိန်ကိုက်ဗုံး ချိန်ကိုက်ထားသည့် မြည်သံထွက်နေသလို ဖြစ်နေပါသည်။

 “ကမ္ဘာရောဂါကပ်ဘေးကြီး ရှိသည်ဖြစ်စေ သို့မဟုတ် မရှိသည်ဖြစ်စေ၊ အများပြည်သူတို့သည် ပင်လယ်ပြင်၌ ပိုမို သေဆုံးမှုများနှင့် တန်ဖိုးကြီးမားလှသော ကမ်းရိုးတန်း သဘာဝသက်ရှိများ အပေါ် သင်္ဘောမှ ဆီအဖိတ်အဆင် ပြန့်ကျဲနေမှုများကို လက်ခံမည် မဟုတ်ပါ။ ၎င်းသည် လုပ်ငန်းကဏ္ဍ၌ ဤလောက်များများ အန္တရာယ်အား ခွင့်ပြုခြင်း၏ အကျိုးဆက်ဖြစ်ပါသည်။

 “အစိုးရများသည် ဘာဖြစ်နိုင်သည်ကို သိကြသည်၊ ထို့ကြောင့် ၎င်းတို့၏ ကိုယ်ပိုင် ဆိပ်ကမ်းများတွင် အန္တရာယ်မကင်းသော မလုံခြုံသော သင်္ဘောများကို ငြင်းပယ်နေခြင်းနှင့် ဖမ်းဆီးနေခြင်းတို့ကို ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရသည်။ ၎င်းကဲ့သို့ဖြစ်သော်ငြားလည်း သင်္ဘောများအတွက် သူတိို့ထံ အန္တရာယ်ကြီးမားသော ဖြတ်လမ်းများကို တစ်နေရာရာ၌ လုပ်ကိုင်ရန် အဆိုပြုနေကြသည့် အတူတူသော အစိုးရများပင်ဖြစ်ပါသည်။ ကောင်းပါသည်၊ အကယ်၍ သင်္ဘောတစ်စီးမှာ သြစတြေးလျနိုင်ငံနှင့် နော်ဝေးနိုင်ငံ ဆိပ်ကမ်းများအတွက် အလွန် အန္တရာယ်များလျှင် ၎င်းသည် မည်သည့်နေရာ၌မဆို အလွန် အန္တရာယ်များမည်ဖြစ်ပါသည်။ဟု Malterud က ပြောကြားခဲ့သည်။

ITF သင်္ဘောသားများနှင့် ကုန်းပိုင်း လမ်းညွှန် ကဏ္ဍ ညှိနှိုင်းရေးအရာရှိဖြစ်သူ Fabrizio Barcellona က ပြောကြားခဲ့သည်မှာ ITFသင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး စက်တင်ဘာလအတွက် စစ်တမ်း (Crew Change Survey for September) တ္ငင် သင်္ဘောသားများသည် လုပ်ငန်းကဏ္ဍ၌ တိုးပွားလာနေသည့် အန္တရာယ်ကို အသိအမှတ်ပြုခဲ့ကြသည်ဟု ဖော်ပြထားသည်။

ITF စစ်တမ်းကို ဖြေကြားသည့် သင်္ဘောသားများ၏ 73.3% က ပြောကြားခဲ့သည်မှာ ၎င်းတို့သည် မောပမ်းပြီး ပင်ပန်းနွှမ်းနယ်ခံရခြင်း ကို စိုးရိမ်ပူပန်ကြသည်၊ 60.1% က ပြောကြားခဲ့သည်မှာ သူတို့ သို့မဟုတ် သူတို့၏ သင်္ဘောဝန်ထမ်းလုပ်ဖော်ကိုင်ဖက်များမှာ သင်္ဘောပေါ်၌ မောပမ်းမှု သို့မဟုတ် ပင်ပန်းနွှမ်းနယ်မှုကြောင့် လူ့အသက်၊ ဥစ္စာပစ္စည်း သို့မဟုတ် ပင်လယ် သဘာဝပတ်ဝန်းကျင်အား ထိခိုက်နိုင်သည့် မတော်တဆဖြစ်ရပ်တစ်ခုတွင် ပါဝင်ပတ်သက်မှု မရှိသည်ထက် ရှိရန် ပိုမို၍ ဖြစ်နိုင်ခြေရှိသည်ဟု ဆိုခဲ့ပါသည်။

 “၎င်းသည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကြောင်းသာ မဟုတ်သော်လည်း ၎င်းသည် ဖြစ်ရပ်အကြောင်း၏ အစိတ်အပိုင်းဖြစ်ပါသည်၊ဟု သူက ပြောခဲ့သည်။ နယ်စပ်များ၊ ခရီးသွားနှင့် ဖြတ်သန်းသွားမည့် ကြားနေရာ အပေါ် အစိုးရ၏ ပိတ်ပင်ကန့်သတ်ချက်များကြောင့် သင်္ဘောသားများအား စုဆောင်းရန် ခက်ခဲစေခဲ့ပြီး လုပ်ငန်းကဏ္ဍရှိ အချို့မှာ သင်္ဘောများပေါ်၌ ရှိနေသေးသည့် မောပမ်းပြီး ပင်ပန်းနွှမ်းနယ်နေသော လုပ်သားအင်အားစုအပေါ် ပို၍ ပို၍ များပြားသည့်အလုပ်များ စုပုံလုပ်ခိုင်းခြင်းအားဖြင့် တုံ့ပြန်နေကြပါသည်။

 “အနည်းဆုံး လုံခြုံသည့် စီမံလုပ်ကိုင်ရေး အဆင့်သည် ၎င်းကဲ့သို့ ဖြစ်ပွားလာခြင်းကို ဟန့်တားသင့်သော်လည်း ကမ္ဘာတစ်ဝန်းရှိ အလံတင်နိုင်ငံများသည် စီမံလုပ်ကိုင်ရေး အဆင့် စည်းမျဥ်းကြီးကြပ်သူအဖြစ် ၎င်းတို့၏ အခန်းကဏ္ဍကို အတုအယောင်ဖန်တီးနေလျက်ရှိပါသည်။  မိမိတို့၏ သင်္ဘောများအတွက် ကမ္ဘာ့ကပ်ဘေးကြီး မတိုင်မီ လုံခြုံသည်ဟု ယူဆရသည့် အရေအတွက်ထက် လွန်စွာ နိမ့်ကျသည့် စီမံလုပ်ကိုင်ရေး အရေအတွက်ကို အဆိုပြုနေကြသည့် သင်္ဘောပိုင်ရှင်များ ကျွန်ုပ်တို့တွင် ရှိကြပြီး အလံတင် နိုင်ငံများမှာ ခြွင်းချက်များမှတစ်ဆင့် ဤအဆိုပြုချက်များကို ပုံတူဆွဲနေကြပါသည်။

 “မလုံလောက်သည့် စီမံလုပ်ကိုင်ရေး အဆင့်များသည် သင်္ဘောသား အရေတွက် အနည်းငယ်တို့အကြား တူညီသော အလုပ်ပမာဏကို ချမှတ်ပေးသည်။ အကျိုးဆက်မှာ မိမိတို့၏ အလုပ်တာဝန်များကို ဘေးကင်းလုံခြုံစွာ ထမ်းဆောင်နိုင်လောက်အောင် ရုပ်ပိုင်းဆိုင်ရာအရ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာအရ  ကောင်းကောင်းမွန်မွန် အနားရသည်-မဟုတ်သော အလုပ်ပိုမိုဖိစီးပြီး စိတ်သောက ရောက်နေသည့် သင်္ဘောသားများ သင်္ဘောပေါ်၌ ရှိနေကြသည်။ ဤသင်္ဘောသားများမှာ မတော်တဆဖြစ်ရပ် ဖြစ်ပွားလာခြင်း၏ ခြိမ်းခြောက်မှုကို နေ့နှင့်ညပါ စိုးရိမ်နေကြရသည်။ ဤမတော်တဆဖြစ်ရပ်များအတွက် သင်္ဘောသားများအား အပြစ်မတင်နိုင်ပါ၊ ၎င်းမှာ သူတို့အား မဖြစ်နိုင်သည့် အခြေအနေအတွင်း ထားရှိစေခြင်းမှ အကျိုးဆက်ဖြစ်သည်။

Barcellona က ပြောကြားခဲ့သည်မှာ ITF နှင့် ၎င်း၏ အဖွဲ့ဝင် အသင်းအဖွဲ့ သမဂ္ဂများသည် အလံတင် နိုင်ငံများနှင့် ဆိပ်ကမ်းနိုင်ငံများအား အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့အစည်းမှတစ်ဆင့် အများစုအားဖြင့် ချမှတ်ပေးထားသော စည်းမျဥ်းများကို အာဏာတည်စေခြင်း ပြန်လုပ်ရန် တောင်းဆိုနေလျက်ရှိပါသည်။

 “ကျွန်ုပ်တိို့သည် ဤ ရောဂါကပ်ဘေးကြီး စောစောပိုင်း၌ ပြောင်းလွယ်ပြင်လွယ်ရှိမှုအတွက် လိုအပ်မှုကို နားလည်ခဲ့ပါသည်။ သို့သော်လည်း ယခုဆိုလျှင် ခြောက်လပြည့်ခဲ့ပြီးဖြစ်သည်၊ ၎င်းအပြင် ကျွန်ုပ်တို့သည် ခြွင်းချက်များ၊ သက်တမ်းတိုးခြင်းများနှင့် ဤအသက်ကယ်ဆယ်ရေး စည်းမျဥ်းများ၏ အလွန် အလျဥ်းသင့်သော အဓိပ္ပါယ်ဖွင့်ဆိုမှု အားလုံးတို့၏ လုံခြုံသည့် ကန့်သတ်ချက်ကို ရောက်ရှိခဲ့ကြသည်။ အကယ်၍ အရေးယူလုပ်ဆောင်ချက်ကို မလုပ်လျှင် လူ့အသက် ဆုံးရှုံးမှုနှင့် ပင်လယ် သဘာဝသက်ရှိပတ်ဝန်းကျင်အပေါ် အစားထိုးမရနိုင်သော ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပါလိမ့်မည်၊ဟု Barcellona က ပြောကြားခဲ့သည်။

 

မှတ်ချက်-

  1. သင် ဤနေရာ၌ အစီရင်ခံစာ အပြည့်အစုံကို ဖတ်ရှုနိုင်ပြီး ဒေါင်းလုဒ်ဆွဲယူနိုင်သည်
  2. ပင်လယ်ရေကြောင်း ဘေးကင်းလုံခြုံရေး ကော်မတီသည်  ITF ၏ နည်းပညာဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဥက္ကဌ Odd Rune Malterud သည် နော်ဝေး ပင်လယ်ရေကြောင်း အင်ဂျင်နီယာများ သမဂ္ဂ (Norwegian Union of Marine Engineers (DNMF)) ၏ လက်ထောက် ညွှန်ကြားရေးမှူးနှင့် နည်းပညာဆိုင်ရာ မန်နေဂျာလည်း ဖြစ်သည်။
  3. သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး သမိုင်းကြောင်းနှင့် အစိုးရ၏ နယ်စပ်၊ ခရီးသွားနှင် ဖြတ်သန်းသွားမည့် ကြားနေနိုင်ငံဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်များအပေါ် ITF လှုံ့ဆော်မှု အတွက် ကျေးဇူးပြုပြီး ကျွန်ုပ်တို့၏ ဇူလိုင်လ ထုတ်ပြန်ချက် ကိုကြည့်ပါ
  4. အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့အစည်း (International Maritime Organization (IMO)) သည် အလွန်ထူးခြားသည့် အစည်းအဝေးကို ဘေးကင်းလုံခြုံရေးအား ဆွေးနွေးရန် စက်တင်ဘာလ ၂၁ ရက်နေ့၌ ကျင်းပပေးနေသည်။  IMO, ILO; UN Global Compact သည်  ITF နှင့် အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အသင်း ကိုယ်စားလှယ်များနှင့်အတူ ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ဖြစ်သည့် စက်တင်ဘာလ ၂၄ ရက်နေ့၌ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ဆွေးနွေးနေပါသည်

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.