Skip to main content

ဘေးကင်းလုံခြုံသော သင်္ဘောလုပ်ငန်း ကန့်သတ်ချက် ကျော်လွန်ခြင်း - ITF အတွင်းရေးမှူး၏ ကုလသမဂ္ဂ မိန့်ခွန်း

28 Sep 2020

ITF နှင့် ကျွန်ုပ်တို့၏ အဖွဲ့ဝင် အသင်းအဖွဲ့များသည် ကမ္ဘာ့ရောဂါကပ်ဘေးကြီး စတင်ဖြစ်ပွားချိန်မှစ၍ အစိုးရများက အကာအကွယ်ပေးမှုဆိုင်ရာ အရေးယူဆောင်ရွက်ချက်များ ချမှတ်ခဲ့သည့်အခါ လက်တွေ့ကျသော သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး ဖြေရှင်းချက်များအတွက် အစွမ်းကုန် ကြိုးပမ်းနေလျက်ရှိပါသည်။ အပြည်ပြည်ဆိုင်ရာ ခရီးသွားလာမှုအပေါ် သက်ရောက်မှုကြောင့် ကျွန်ုပ်တို့သည် ကမ္ဘာ့သင်္ဘောသားများအပေါ် ထိခိုက်မှု အလားအလာကို တွေ့မြင်ရနိုင်သည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လူမှုရေးဆိုင်ရာ ဖက်စပ်သူများဖြစ်ကြသည့် သင်္ဘောပိုင်ရှင်များအား ကိုယ်စားပြုသော အပြည်အပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အသင်း (International Chamber of Shipping) နှင့် ပူးတွဲ ညှိနှိုင်းရေး အုပ်စု (Joint Negotiating Group) တို့အား ILO နှင့် IMO တို့၏ အံ့မခန်း ထောက်ခံမှုနှင့်အတူတကွ သင်္ဘောသားများအား သင်္ဘောများပေါ်မှ အတက်အဆင်းလုပ်ပေးရန် လက်ခံကျင့်သုံးနိုင်ပြီး လက်ခံကျင့်သုံးသင့်သည့် လုပ်ထုံးလုပ်နည်းများ ထူထောင်ပေးမှုအတွက် ကျေးဇူးတင်ရှိလိုပါသည်။

ကျွန်ုပ်တို့သည် ဤနေရာ၌ ကိုယ်စားပြုသည့်သူများကဲ့သို့ နိုင်ငံများ၏ အစိုးရများနှင့် တိုက်ရိုက် လုပ်ကိုင်ခဲ့ပါသည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကမ္ဘာတစ်ဝန်း စိစစ်ရေးမှူးအဖွဲ့မှတစ်ဆင့် ထောင်နှင့်ချီသော သင်္ဘောသားများအား အိမ်ပြန်ပို့ရန် ပံ့ပိုးပေးခဲ့ပြီး ကူညီပေးခဲ့ပါသည်။

ကံမကောင်း အကြောင်းမလှစွာဖြင့် ၎င်းသည် မလုံလောက်ပါ။

ကျွန်ုပ်တို့အားလုံး၏ စုပေါင်းကြိုးပမ်းမှုများရှိသော်လည်း ပြဿနာမှာ ဆက်လက်၍ တိုးပွားနေလျက်ရှိပါသည်။

သင်္ဘောသား အယောက်ရေ ၄၀၀ ၀၀၀ နီးပါးမှာ ယခုအခါ ၎င်းတို့၏ တာဝန်ကာလ ပြီးဆုံး၍ ကျော်လွန်နေပြီဖြစ်ပါသည်။ သူတို့၏ ဒုက္ခမှာ ကြီးထွားလာလျက်ရှိသည်။

ကျွန်ုပ်တို့၏ သင်္ဘောသား လုပ်သားအင်အားထုနှင့် အပြည်ပြည်ဆိုင်ရာ သင်္ဘော လုပ်ငန်း စနစ် နှစ်ခုလုံးမှာ ကျိုးပေါက်မည့်အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။

အများအပြားသော သင်္ဘောဝန်ထမ်းများသည် အကယ်၍ သူတို့အနေဖြင့် သူတို့၏ တစ်ကိုယ်ရေ ပင်ပန်းနွှမ်းနယ်မှုနှင့် သင်္ဘောဝန်ထမ်း၊ သင်္ဘောနှင့် ကုန်စည်တို့၏ လုံခြုံရေးအပေါ် သက်ရောက်မှုတို့နှင့်ပတ်သက်၍ သူတို့ ထုတ်ဖော်ပြောဆိုလျှင် ဖြစ်လာမည့်နောက်ဆက်တွဲပြဿနာများကို စိုးရိမ်မှုရှိကြောင်း ထုတ်ဖော်ပြောခဲ့ပါသည် - အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးခြင်းအတွက် ကြောက်ရွံ့မှုဖြစ်သည့် အများအခေါ်အဝေါ် နာမည်ပျက်စာရင်းသွင်းခြင်းအတွက်ဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် လက်မခံနိုင်ပါ။

ဤလက်မခံနိုင်သည့် အခြေအနေမှာ အဓမ္မ အလုပ်ခိုင်းစေခြင်း ဖြစ်လုနီးပြီဖြစ်ပါသည်။ ကမ္ဘာ့ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များရှိ သင်္ဘောသားများနှင့် အားလုံးသော တာဝန်ရှိ ကုမ္ပဏီများသည် ဤအကျပ်အတည်းကို အဆုံးသတ်ရန်အတွက် အရေးပေါ် အစိုးရ ဝင်ရောက်စွက်ဖက်မှု ကိုတောင်းဆိုရန် အခွင့်အရေးရှိကြောင်းကို ဆက်သွယ်လုပ်ဆောင်ခဲ့သည်။

ကျွန်ုပ်တို့သည် Unilever ကဲ့သို့ စီးပွားလုပ်ငန်းများကို သင်္ဘောသားများ၏ ကျန်းမာရေးနှင့် ကောင်းမွန်ရေးအတွက် ၎င်းတို့၏ ဦးဆောင်မှုနှင့် တာဝန်ရှိမှုအပြင် ဤအကျပ်အတည်း ဖြေရှင်းခြင်းကို မြင်တွေ့ရန် ၎င်းတို့၏ ဇောက်ချလုပ်မှုအတွက် ချီးကျူးဂုဏ်ပြုပါသည်။

ITF သည် အဆင့်မြင့်-ဖြစ်ရပ်များ (high-level events) ကိုထောက်ခံခဲ့သည်၊ ၎င်းတွင် အစိုးရများသည် သင်္ဘောသားများအား အဆိုပါ ရောဂါကပ်ဘေးကြီးအတောအတွင်း ၎င်းတို့၏ အရေးပါသည့် အခန်းကဏ္ဍအတွက် ချီးကျူးဂုဏ်ပြုခဲ့ပါသည်။ ကျွန်ုပ်တို့တွင် ကြီးကျယ်ခန်းနားသော ထုတ်ပြန်ချက်များ ရှိခဲ့ပါသည်၊ သို့သော်လည်း ထုတ်ပြန်ချက်ချည်းသက်သက်အနေဖြင့် သင်္ဘောသားများအား သင်္ဘောများပေါ်မှ အတက်အဆင်း လုပ်ပေးမည် မဟုတ်ပါ။

ကျွန်ုပ်တို့အနေဖြင့် သင်္ဘောသားများအား မရှိမဖြစ် လိုအပ်သည့် ဝန်ဆောင်မှုများကို ဖြန့်ချီပေးနေသည့် အဓိက အလုပ်သမားများအဖြစ် အစိုးရများက အသိအမှတ်ပြုပေးရန် လိုအပ်ပါသည်။

ကျွန်ုပ်တို့သည် ဤမဆုတ်သာမတိုးသာ အခြေအနေကို လက်တွေ့ကျကျ ဖြေရှင်းချက်များ အစိုးရများက ချမှတ်ပေးရန် လိုအပ်ပါသည်၊ ၎င်းသည် အစိုးရ ဌာများ အချင်းချင်းအကြားတွင် သွက်သွက်လက်လက် ပူးပေါင်းဆောင်ရွက်မှု မှတစ်ဆင့်သာ အကောင်အထည်ပေါ်နိုင်ပါမည်။

နိုင်ငံများ၏ ခေါင်းဆောင်များ၊ ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး ဌာန-အချင်းချင်း ကွဲလွဲမှုကို ဖြတ်တောက်ပေးပါ။ သင်တို့ ထိန်းချုပ်ပေးရန် ကျွန်ုပ်တို့ လိုအပ်ပါသည်။

ကျွန်ုပ် မိန့်ခွန်း အဆုံးမသတ်မီ၊ ကျွန်ုပ် ရှင်းရှင်းလင်းလင်း လုပ်လိုသည်မှာ ကျွန်ုပ်တို့သည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးနှင့်ပတ်သက်၍ အရေးယူလုပ်ဆောင်ချက်ကို တောင်းဆိုနေပါသည်၊ သို့သော်လည်း ကျွန်ုပ်တို့ သေချာစေလိုသည်မှာ ၎င်းအပေါ် မှီခိုနေရသည့် သင်္ဘောလုပ်ငန်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်စည် ဖြန့်ချီရေး ကွင်းဆက်များအနေဖြင့် Covid-19 ကို အကြောင်းပြုပြီး ဖြတ်လမ်းမလိုက်ကြပါနှင့်၊ ၎င်းသည် လူ့အသက်များနှင့် သဘာဝပတ်ဝန်းကျင်အပေါ် အန္တရာယ် များပါသည်။    

ကျွန်ုပ်တို့၏ အစီရင်ခံစာ ကန့်သတ်ချက်ကို ကျော်လွန်ခြင်း သည် အောက်ပါတို့နှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ တိုးပွားနေလျက်ရှိသော စိုးရိမ်မှုများကို အထင်းသားဖော်ပြထားပါသည် -

  • အဝေးမှနေ၍ စစ်ဆေးမှုများ
  • လက်မှတ် သက်တမ်းတိုးမှုများ
  • အလိုအလျောက်သဘောတူပေးသည့် ဘေးမကင်းသော သင်္ဘောစီမံရေး အဆင့်များ

ဟုတ်ပါသည်၊ ၎င်းသည် အလွန် ခက်ခဲသော ပတ်ဝန်းကျင်တစ်ရပ်ဖြစ်ပြီး ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ ဖက်စပ်သူများအား ၎င်းတို့၏ အရေးယူလုပ်ဆောင်ချက်များအတွက် ထပ်မံ၍ ချီးကျူးဂုဏ်ပြုပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ရုံးများနှင့် UN Global Compact ရုံးတို့ရှိ ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူတကွ ကျွန်ုပ်တို့သည် ဖြေရှင်းချက်များကို ချမှတ်ပေးရန်အတွက် အလေးပေးနေရမည်ဖြစ်ပြီး အတူတကွ ဆက်လက်လုပ်ကိုင်ရမည်ဖြစ်သည်၊ အဆိုပါ ဖြေရှင်းချက်အားဖြင့် ၎င်းတို့၏ ပြောဆိုသံများကို ကျွန်ုပ်တို့ ကြားနေသည့်အပြင် ဤလက်ခံ၍မရနိုင်သည့် ပြဿနာများကို အလျင်အမြန် ဖြေရှင်းပေးမည်ဖြစ်ကြောင်း ကမ္ဘာ့သင်္ဘောသားများအား ပြသပါမည်။

တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသည် သင်္ဘောလုပ်ငန်းကို လိုအပ်ပါသည်။ သင်္ဘောလုပ်ငန်းသည် သင်္ဘောသားများအား လိုအပ်ပါသည်။

သင်္ဘောသားများသည် မောပန်းနေကြပြီး စိတ်ပျက်နေလျက်ရှိသည်။ သူတို့သည် အိမ်ပြန်ရန် ရိုးရိုးစင်းစင်း လိုလားနေကြသည်။

နိဂုံးချုပ်အားဖြင့် ကျွန်ုပ်တို့ပြောသည်မှာ တော်လောက်ပြီ၊ နောက်ထပ်သည်းမခံနိုင်တော့ပါ။

ဤလွန်ကဲသည့် အခြေအနေသည် ထူးခြားသည့် ဖြေရှင်းချက်များ လိုအပ်ပါသည်။

အစိုးရများ အရေးယူလုပ်ဆောင်ရန် ကျွန်ုပ်တို့ လိုလားသည်။ ယနေ့လုပ်ရန်ဖြစ်သည်။ ကမ္ဘာ့ ပင်လယ်ရေကြောင်းဆိုင်ရာနေ့ (World Maritime Day) တွင်ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.