Skip to main content

ဂျပန် ကား သင်္ဘော မဲလ်ဘုန်းမြို့၌ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး ကိစ္စနှင့်ပတ်သက်၍ ဖမ်းဆီးခံရ

26 Oct 2020
Press Release

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) အရာရှိများသည် ဂျပန်-ပိုင်ဆိုင်သည့် ကား တင်သွင်းလာသည့် သင်္ဘော မဲလ်ဘုန်းဆိပ်ကမ်း၌ သြစတြေးလျနိုင်ငံ အာဏာပိုင်များ၏ လက်ဖြားမှ လွတ်ထွက်မည့်ဆဲဆဲမှ ရပ်ဆဲပေးခြင်း၌ ပါဝင်ပတ်သက်ခဲ့သည်။ အဆိုပါ သင်္ဘောသည် ဤအပတ် စောစောပိုင်း၌ သြစတြေးလျနိုင်ငံသို့ Great Wall, Hyundai, Kia နှင့် Subaru တံဆိပ်အမျိုးအစားကားများ အပါအဝင် ကားများကို သယ်ဆောင်လာခဲ့သည်။

ပနားမား အလံတင် MV ‘Metis Leader’ သင်္ဘောပေါ်ရှိ သင်္ဘောသားများမှာ သင်္ဘောပေါ်၌ ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (Maritime Labour Convention) အများဆုံး ခွင့်ပြုထားသည့်ကာလ ၁၁ လ ထက်ကျော်လွန်ပြီး သင်္ဘောမှာ ပနားမားအလံတင်ထားသည့်အပြင် သြစတြေးလျနိုင်ငံ အာဏာပိုင်များ ခွင့်ပြုထားသည့် ၁၄ လ ကာလကန့်သတ်ချက်ကိုလည်း ကျော်လွန်နေကာ  အလုပ်လုပ်ကိုင်လျက်ရှိသည်။

သြစတြေးလျနိုင်ငံအတွက် ITF လက်ထောက် ညှိနှိုင်းရေးအရာရှိဖြစ်သူ Matt Purcell က ပြောကြားခဲ့သည်မှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းနှင့် ၎င်း၏ အဖွဲ့ဝင်များသည် ကားတင်သည့်သင်္ဘောအား သင်္ဘောပေါ်၌ သင်္ဘောသားများ လက်ခံနိုင်သည့် ကာလကန့်သတ်ချက်ကို ကျော်လွန်ပြီး ရှိနေသည်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ သူက ပြောကြားခဲ့သည်မှာ သင်္ဘောအား ဖမ်းဆီးလိုက်သည့်အချိန်၌ ၎င်းတွင်-

  • သင်္ဘောသား ငါးဉီးမှာ သင်္ဘောပေါ်၌ ၁၂ လ လုနီးနီး အလုပ်လုပ်ကိုင်လျက်ရှိသည်
  • သင်္ဘောသား နှစ်ဉီးမှာ သင်္ဘောပေါ်၌ ၁၄ လ
  • သင်္ဘောသား သုံးဉီးမှာ သင်္ဘောပေါ်၌ ၁၅ လ ထက်ကျော်လွန်နေပြီဖြစ်သည်၊ သင်္ဘော မာလိန်မှူး အပါအဝင်ဖြစ်သည်။

သင်္ဘောသားများအား ယခုလောက် ကြာကြာ သင်္ဘောပေါ် အလုပ်လုပ်ကိုင်ခြင်းမှာ ၎င်းတို့၏ အခွင့်အရေးများအား ချိုးဖောက်ခြင်းနှင့် လူသားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်အတွက် လမ်းစပျိုးရာ နှစ်မျိုးလုံး ဖြစ်ပါသည်၊” ဟု Purcell က ပြောကြားခဲ့သည်။

 “အလုပ်သမား အားလုံးတွင် မူလ လက်မှတ်ထိုးထားသည့် အလုပ်ကန်ထရိုက် ကာလပြီးဆုံးချိန်၌ အလုပ်လုပ်ခြင်းကို ရပ်ဆိုင်းရန် အခွင့်အရေးရှိသည်။ သင်္ဘောသား တစ်ယောက်၏ သင်္ဘောပေါ်မှ ဆင်းရန်နှင့် ၎င်း၏ မိသားစုများထံ အိမ်ပြန်ရန် လုပ်နိုင်စွမ်းကို ငြင်းဆိုခြင်းသည် ၎င်းအား အတင်းအကျပ် အလုပ်လုပ်ခိုင်းသည်ဟု ဆိုလိုပါသည်။ ဤနေရာ၌ ဖြစ်ပွားခဲ့သည့်အရာမှာ အတင်းအကျပ် အလုပ်ခိုင်းစေရာ ရောက်ပါသည်။

Purcell က ပြောကြားခဲ့သည်မှာ ဂျပန် စီမံခန့်ခွဲရေး ကုမ္ပဏီများဖြစ်သည့် World Marine Company နှင့် WSS Shipping Agencies တို့မှ သင်္ဘောပိုင်ရှင်၏ ကိုယ်စားလှယ်များသည် သမဂ္ဂ စိစစ်ရေးမှူးများအား သင်္ဘောသားများ၏ ကောင်းမွန်သာယာရေးကို စစ်ဆေးရန်အတွက်နှင့် သင်္ဘောသားများအား အဆိုပါ အခြေအနေမှ ကယ်ဆယ်ပေးရာ၌ကူညီရန်အတွက် သင်္ဘောပေါ် လာရောက်ခြင်းကို တားဆီးရန် ကြိုးပမ်းခဲ့ကြသည်။

 “ကုမ္ပဏီသည် ကျွန်ုပ်တို့အား သင်္ဘောပေါ် လာရောက်ခြင်းနှင့် ဤသင်္ဘောသားများကို ၎င်းတို့၏ ဆန္ဒကိုဆန့်ကျင်၍ထားခြင်းအား ရပ်ဆိုင်းပေးခြင်းမှ ပိတ်ဆို့ရန် ကြိုးပမ်းခဲ့ကြသည်၊” ဟု သူက ပြောကြားခဲ့သည်။

Purcell က ပြောကြားခဲ့သည်မှာ သူ့အား သင်္ဘောပေါ်သို့ လာရောက်ခြင်းကို တားဆီးရန်အတွက် အဆိုပါနေ့၌ ဗစ်တိုးရီးယားပြည်နယ်တွင် လူငါးသန်းခန့် လူဉီးရေအနက် ရောဂါရှိသူ နှစ်ဉီးကိုသာ မှတ်တမ်းတင်ခဲ့သည့်တိုင်အောင် Covid-19 အား အကြောင်းရင်းအဖြစ် အသုံးချရန် သင်္ဘောပိုင်ရှင်၏ ကိုယ်စားလှယ်များက ကြိုးပမ်းခဲ့သည်။

 “ရှင်းလင်းစွာဖြင့် ကုမ္ပဏီသည် ဤထိခိုက်လွယ်သော သင်္ဘောဝန်ထမ်းများအပေါ် ၎င်းတို့၏ လှည့်ဖြားမှု အတိုင်းအတာ အပြည့်အစုံနှင့် နောက်ထပ် တစ်လ အတင်းအကျပ် အလုပ်ခိုင်းစေမှု လျှို့ဝှက်ချက်နှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန် ၎င်းတို့၏ အစီအစဉ်များကို ကျွန်ုပ်တို့အား မသိရှိစေလိုခဲ့ပါ။

ကျေးဇူးတင်စွာဖြင့် သင်္ဘောနှင့် အကျုံးဝင်သည့်  ITF စာချုပ်များအားဖြင့် Purcell အား သင်္ဘောပေါ် တက်ရောက်ခွင့်နှင့် သင်္ဘောဝန်ထမ်းများ၏ အခြေအနေကို လူကိုယ်တိုင် စိစစ်ခွင့်ပြုထားခဲ့သည်။

 “ကျွန်ုပ်တို့၏ တိုက်တွန်းမှုကြောင့် သင်္ဘောအား သြစတြေးလျနိုင်ငံ ပင်လယ်ရေကြောင်း လုံခြုံရေး အာဏာပိုင် (Australian Maritime Safety Authority) က ဖမ်းဆီးပြီးနောက် သင်္ဘောဝန်ထမ်း ငါးဉီးသည် မဲလ်ဘုန်းမြို့မှ ဖိလစ်ပိုင်နိုင်ငံသို့ အိမ်ပြန်ပို့ခံရပါလိမ့်မည်၊ သင်္ဘောမာလိန်မှုးနှင့် အင်ဂျင်နီယာများ အပါအဝင်ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ဤမောပန်းပြီး ပင်ပန်းနွှမ်းနယ်နေသည့် သင်္ဘောသားများအား အိမ်ပြန်ပို့ရန်နှင့် သင်္ဘောသား အသစ်တို့ဖြင့် အစားထိုးရန် လုပ်မပြီးမချင်း သင်္ဘောအား ဆိပ်ကမ်းမှ ထွက်ခွာရန် ခွင့်ပြုမည် မဟုတ်ပါ၊” ဟု Purcell က ပြောကြားခဲ့သည်။

Purcell က ပြောကြားခဲ့သည်မှာ ကားအသစ်များကို အချိန်မှီ တင်သွင်းလာခြင်း၏ သဘောသဘာဝက ဆိုလိုသည်မှာ သင်္ဘောလုပ်ငန်း ကုမ္ပဏီသည် မဲလ်ဘုန်းမြို့ ရေပြင်၌ သင်္ဘောမှာ အချည်းနှီး ဖြစ်နေသဖြင့် တစ်ရက်လျှင် ဒေါ်လာငွေ USD $100,000 ကျော် ဆုံးရှုံးလိမ့်မည်ဖြစ်ပါသည်။ MV Metis Leader သင်္ဘောမှာ မူလအားဖြင့် မဲလ်ဘုန်း ဆိပ်ကမ်းမှ ဗုဒ္ဓဟူးနေ့ သြစတြေးလျန်း အရှေ့ပိုင်း စံတော်ချိိန် နေ့ခင်း 3 နာရီတွင် ထွက်ခွာရန် အချိန်ကျရောက်ခဲ့သည်ဟု Purcell က ပြောကြားခဲ့သည်။ ကြာသပတေးနေ့ ညနေစောင်း၌ သင်္ဘောသည် မဲလ်ဘုန်း၌ ပိတ်ဆို့ခံခဲ့ရသည်၊ ကုမ္ပဏီအပေါ် သိသိသာသာ ကုန်ကျစရိတ် ကျခံနိုင်ဖွယ်ရာရှိသည်။

 “ဂျပန် သင်္ဘောပိုင်ရှင် NYK ၏ ရည်ရွယ်ချက်မှာ မဲလ်ဘုန်းမှ တစ်ဆင့် မသိမသာ ရှောင်ထွက်လာခဲ့ပြီး သင်္ဘောသားများအား ၎င်းတို့မှာ နောက်ထပ်ဆိပ်ကမ်း၌ ၎င်းတို့၏ မိသားစုများထံ အိမ်ပြန်ပို့ပေးမည်ဟု နောက်ထပ် ကတိပေး၍ Jakarta သို့ ထွက်ခွာရန်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယူဆပါသည်။”

Purcell က ပြောကြားခဲ့သည်မှာ သင်္ဘောဝန်ထမ်းများအား သင်္ဘောပေါ် လပေါင်းများစွာ ကြာမြင့်ပြီးနောက် ၎င်းတို့၏ မိခင် နိုင်ငံများသို့ အိမ်ပြန်ပို့ပေးမည်ဟု Metis Leader သင်္ဘောမှာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး ခွင့်ပြုသည့် နိုင်ငံအများအပြားမှတစ်ဆင့် ဖြတ်ကျော်သွားစဉ် ယခင်က ပြောခဲ့ပြီးဖြစ်ကြောင်း ဖြစ်ပါသည်။ သင်္ဘော Metis Leader သည် စင်္ကာပူနိုင်ငံကို ဖြတ်ကျော်ခဲ့သည်၊ ဉပမာ၊ ‘ငါးကြိမ် သို့မဟုတ် ခြောက်ကြိမ်’ ဖြစ်သည်ဟု သူက ပြောကြားခဲ့သည်။

သြစတြေးလျနိုင်ငံအတွက် ITF ညှိနှိုင်းရေး အရာရှိဖြစ်သူ Dean Summers က ပြောကြားခဲ့သည်မှာ သင်္ဘော MV Metis Leader မှာ အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း ကဏ္ဍအတွက် ‘တပ်လှန့်’ ကိစ္စတစ်ရပ်ဖြစ်သည်၊ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းမှာ ရှစ်လ တင်းတင်းသို့ ဆက်လက် ရောက်ရှိနေသဖြင့်ဖြစ်ပါသည်။

 “ယနေ့ သင်ခန်းစာမှာ အလွန် ရှင်းပါသည်- အကယ်၍ သင့်တွင် အလုပ်ကန်ထရိုက် သက်တမ်းကျော်နေသည့် သင်္ဘောဝန်ထမ်း ရှိလျှင် - အကယ်၍ သင့်တွင် အလုပ်ကို ပြီးအောင်လုပ်ခဲ့ပြီး သင့် သင်္ဘောအား မောင်းနှင်ပေးရန် မလိုလားတော့သော သို့မဟုတ် သင့်သင်္ဘောအား မောင်းနှင်ပေးရန် မလုံခြုံတော့သော သင်္ဘောဝန်ထမ်းများ ရှိနေလျှင် –  ITF ၊ ကျွန်ုပ်တို့၏ အဖွဲ့ဝင်များ၊ နှင့် သြစတြေးလျနိုင်ငံ အာဏာပိုင်များသည် သင် ဤကိစ္စကို မှန်ကန်အောင် မလုပ်မချင်း သင့်အပေါ် သို့မဟုတ် သင့် ကုန်စည် ပိုင်ရှင်အပေါ် မည်မျှကုန်ကျသည်ဖြစ်စေ မသက်ဆိုင်ဘဲ သင့်သင်္ဘောအား ဖမ်းဆီးပြီး ထိန်းသိမ်းထားပါမည်။”

Summers က ဆက်လက်ပြောကြားခဲ့သည်မှာ၊  “သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးသည် ကမ္ဘာတစ်ဝန်း ဆိပ်ကမ်းများ၌ လုပ်ရန်ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့ ယခု Covid-19 နှင့်အတူ ရှစ်လ နေထိုင်လျက်ရှိနေပြီဖြစ်သည်၊ ထို့ကြောင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးအတွက် နှောင့်နှေးခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်းအတွက် မည်သည့်အကြောင်းရင်းမျှ မရှိပါ။ သင်္ဘောဝန်ထမ်းများအား အိမ်ပြန်ပို့ခြင်းနှင့် လူသစ်များဖြင့် အစားထိုးပေးခြင်းသည် အလုပ်ရှင်များနှင့် သင်္ဘောပိုင်ရှင်များ၏ တာဝန်ဖြစ်သည် - အဆိုပါ တာဝန်ကို သင်္ဘောသား တစ်ဉီးစီအတွက် ထမ်းဆောင်ပေးကြောင်း မြင်တွေ့ရန် ကျွန်ုပ်တို့ ဆောင်ရွက်ပါမည်။”

 “သင်္ဘောပိုင်ရှင်များ၊ စီမံရေး ကိုယ်စားလှယ်များ၊ သင်္ဘောစင်းလုံးငှါးသူများနှင့် ကုန်စည်များအား သယ်ပို့ရန် သင်္ဘောများအပေါ် အားထားရသည့် ကုမ္ပဏီများထံ ကျွန်ုပ်တို့၏ အမှာစကားမှာ အကယ်၍ သင်၏သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို လုပ်ပေးကြောင်း သင် မသေချာလျှင် သင့်သင်္ဘောများအား ရပ်ဆိုင်းသွားရန်နှင့် မောင်းနှင်ပေးနေသည့် မောပန်းနေသော သင်္ဘောသားများအား အတင်းအကျပ် အလုပ်ခိုင်းစေမှု အချုပ်အနှောင်မှ လွတ်မြောက်သွားစေရန် ကျွန်ုပ်တို့ လုပ်ပါမည်။”

 “ဤခရစ်စမတ်ပွဲတော် အချိန်အခါတွင် သင်၏ ကုန်စည် ဖြန့်ချီရေး ကွင်းဆက်များကို ခေါင်းပုံဖြတ်မှုမှ ကင်းရှင်းအောင် သေချာစေပါ- သို့မဟုတ် ကျွန်ုပ်တို့ လုပ်ရပါလိမ့်မည်၊” ဟု Summers က ပြောကြားခဲ့သည်။

 

မှတ်ချက်-

  • ပနားမားနိုင်ငံသည် စက်တင်ဘာလ ၁၄ ရက်နေ့အထိတိုင် သင်္ဘောပိုင်ရှင်အား ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (Maritime Labour Convention (MLC)) သတ်မှတ်ထားသည့် ၁၁ လ ကာလကိုထပ်ဆင့်၍ အပို ၃ လဖြင့် ၎င်းတို့၏ မှတ်ပုံတင်ရှိ အလံတင် သင်္ဘောများနှင့်ပတ်သက်၍ အလုပ်ကန်ထရိက် ၃ လ သက်တမ်းတိုးရန်အတွက် တောင်းဆိုရန် ခွင့်ပြုထားသည်။
  • အဆိုပါ နေ့ရက် ကျော်လွန်ပြီးနောက် ပနားမားနိုင်ငံ အာဏာပိုင်များသည် အလွန်ထူးခြားသည့်ကိစ္စများ အတွက်သာ သက်တမ်းတိုးမြှင့်မှုများကို စဉ်းစားခြင်းနှင့် ခွင့်ပြုခြင်း လုပ်ပေးလျက်ရှိသည်။ သက်တမ်းတိုးခြင်း မရှိဘဲ ပနားမားနိုင်ငံ-အလံတင် သင်္ဘောတစ်စီးသည် သင်္ဘောဝန်ထမ်းများအား MLC ခွင့်ပြုသည့် ၁၁ လ ကာလ ကျော်လွန်၍ သင်္ဘောပေါ် မရှိစေရပါ။
  • သက်တမ်းတိုးမှုများကို ခွင့်ပြုသည့်တိုင်အောင် ၎င်းတို့မှာ သင်္ဘောပေါ်ရှိ သင်္ဘောသားများ၏ အိမ်ပြန်ပို့ရေးအတွက် သင်္ဘောပိုင်ရှင်များအနေဖြင့် တင်ပြနိုင်သည့် အစီအစဉ်တစ်ရပ် ရှိနေကြောင်း လိုအပ်မှုအပေါ် ထုံးစံအတိုင်း မူတည်ပါသည်။ သက်တမ်းတိုးမြှင့် ကာလကို သင်္ဘောသားများအား အိမ်ပြန်ပို့ရန်နှင့် သင်္ဘောသား အသစ်တို့ဖြင့် အစားထိုးရန်အတွက် အသုံးပြုသင့်သည်။
  • ဖိလစ်ပိုင်နိုင်ငံမှ Metis Leader သင်္ဘောဝန်ထမ်းများသည် ယခုအခါ သင်္ဘောပေါ်မှ ဆင်းလာကြပြီး မဲလ်ဘုန်း တူလာမရင်း လေဆိပ်မှတစ်ဆင့် ၎င်းတို့၏ မိခင်နိုင်ငံသို့ ပြန်လာနေကြပြီဖြစ်ပါသည်။
  • အစားထိုးပေးမည့် သြစတြေးလျန်း သင်္ဘောမာလိန်မှုးနှင့် အင်ဂျင်နီယာတို့ကို သင်္ဘော ပိုင်ရှင်၏ ကိုယ်စားလှယ်များက ဆက်သွယ်လျက်ရှိသည်။
  •  (ထွက်ခွာသွားမည့် နှင့် ကျန်ရစ်နေမည့်) သင်္ဘောဝန်ထမ်းများအား မီဒီယာနှင့် စကားမပြောဆိုကြရန် ကုမ္ပဏီက ညွှန်ကြားထားသည်။
  • အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အသင်း (The International Chamber of Shipping) က ခန့်မှန်းသည်မှာ ကမ္ဘာတစ်ဝန်း သင်္ဘောများပေါ်၌ အလုပ်လုပ်ကိုင်လျက်ရှိပြီး ချောင်ပိတ်မိခံနေရသော သင်္ဘောသား အယောက် 400,000 ကျော်ရှိသည်ဟု ဆိုသည်။
  • အဆိုပါ ဖမ်းဆီးမှုသည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်း စတင်ကတည်းကစ၍ သြစတြေးလျနိုင်ငံ ဆိပ်ကမ်း နိုင်ငံ ထိန်းချုပ်ရေးဖြစ်သည့် ASMA က သင်္ဘောဖမ်းဆီးမှု အများအပြား လုပ်ပြီးနောက် ဖြစ်ပွားပါသည်၊ NSW နယူးကာစ်တဲလ်၌ alumina carter the Unison Jasper တားဆီးခြင်း အပါအဝင်ဖြစ်သည်။ ၁၄ လ ကာလထက်ကျော်လွန်၍ သင်္ဘောပေါ် ရောက်ရှိပြီးနောက် ကယ်တင်ခံရသူများအား အစားထိုးရန်အတွက် သင်္ဘောသား အသစ်များ လေယာဥ်ခရီးစဉ် ဝင်ရောက်လာစဉ် သင်္ဘောသည် အပတ်အနည်းငယ် အချည်းနှီးဖြစ်ခဲ့ရသည်။

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.