Skip to main content

ITF နှင့် Marlow တို့ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး ဖြစ်မြောက်ရန်အတွက် အကျပ်အတည်းမှာ ရှစ်လပြည့်လာသည့်အလျှောက် အတိုက်အခံဖြစ်ပွား

04 Nov 2020

ဖေဖေါ်ဝါရီလ ကတည်းကစ၍ သင်္ဘောပေါ် ချောင်ပိတ်မိခံနေရသည့် အလုပ်သင် အင်ဂျင်နီယာတစ်ဉီးမှာ သူမ၌ အမျိုးသမီးသန့်စင်ရေးသုံး အောက်ခံပစ္စည်းများ မရှိသဖြင့် အရှက်ရနေပါသည်။ သူမသည် အိမ်မပြန်နိုင်သည့် အတွက်ကြောင့် အလွန်အမင်း စိတ်သောက ရောက်နေသည်။ နောက်ထပ် သင်္ဘောသားတစ်ဉီးမှာလည်း သူ၏ အလုပ်ကန်ထရိုက် သက်တမ်း လွန်ခဲ့သည့် ခြောက်လ၌ ကုန်ဆုံးခဲ့သည့်အခါ မည်သည့်အတွက်အကြောင့် အိမ်ပြန်ပို့မခံနိုင်ရသည်ကို နားမလည်ပါ။ သင်္ဘောသားအသစ်တစ်ဉီးသည် ၎င်းက အလုပ်အလွဲအပြောင်း လုပ်ရမည့်သူမှာ သင်္ဘောပေါ်မှ ဆင်းရမည်ကို ပိတ်ဆို့ခံနေရသောကြောင့် သင်္ဘောပေါ် မတက်နိုင်ပါ။

ဤကိစ္စများမှာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်း၏ ဖြစ်ရပ်မှန်များ ဖြစ်ပါသည်။ စာရင်းဇယားများ (ယခုအခါ သင်္ဘောသား အယောက် 400,000 မှာ ဤအဖြစ်ဆိုး၌ ချောင်ပိတ်မိခံနေရသည်) ၏နောက်ကွယ်၌ အစိုးရများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများထံမှ ထုတ်ပြန်ချက်များနှင့် ကတိကဝတ်များ ရှိနေသော်လည်း အကျပ်အတည်းအတွင်း နေထိုင်နေရသည့် သင်္ဘောသားများ၏ နေ့စဉ် အတွေ့အကြုံများ ရှိနေကြပါသည်။

သင်္ဘောသားများအား အိမ်ပြန်ပို့ရန်နှင့် သင်္ဘောသားအသစ်များဖြင့် အလုပ်အလွဲအပြောင်းလုပ်ရန် သင်္ဘောဝန်ထမ်း မန်နေဂျာများ၊ သင်္ဘောပိုင်ရှင်များ၊ နှင့် သမဂ္ဂများ၏ ဤအမှန်တကယ် ကြိုးပမ်းမှုများမှာ အလွန် အခရာကျပါသည်။

လီဗာပူးလ််တွင် အခြေစိုက်သည့် ITF စိစစ်ရေးမှူးဖြစ်သူ Tommy Molloy သည် သင်္ဘောသားများအား အိမ်ပြန်ပို့ရေး အတွက် အကူအညီရနိုင်သမျှ မည်သူ့နှင့်မဆို အတူလုပ်ကိုင်ပေးလျက်ရှိပါသည်။

Molloy သည် သင်္ဘောဝန်ထမ်း စီမံခန့်ခွဲရေး ကုမ္ပဏီဖြစ်သည့် Marlow Navigation နှင့်အတူတကွ လုပ်ကိုင်ပေးနေလျက်ရှိသည်၊ ၎င်းကုမ္ပဏီ၏ စီမံခန့်ခွဲမှုအောက်ရှိ သင်္ဘောအများအပြားပေါ်ရှိ သင်္ဘောသားများအား အိမ်ပြန်ပို့ပေးရန် ကူညီရန်အတွက်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် Molloy နှင့် Marlow တို့၏ လတ်တလောအကျဆုံး အောက်ပါ အချို့ ကိစ္စများကို အာရုံစိုက်၍ ကြည့်ပါသည်။

Densa Leopard

စက်တင်ဘာလ စောစောပိုင်းတွင်၊ ရုရှားနိုင်ငံသား ဒုတိယ အင်ဂျင်နီယာ တစ်ဉီးမှာ MV Densa Leopard သင်္ဘောပေါ်၌ အလုပ်ကန်ထရိုက်သက်တမ်းထက် ခြောက်လကျော်လွန်နေခဲ့သော်လည်း Marlow Navigation (NL) တို့က ကြိုးပမ်းခဲ့သည့်တိုင် သင်္ဘောပေါ်မှ မဆင်းနိုင်သည့် ကိစ္စတစ်ရပ်ကို Nautilus က သတင်းပို့ခဲ့သည်။ Molloy သည် အဆိုပါကိစ္စကို အလံတင်နိုင်ငံဖြစ်သည့် Malta နိုင်ငံသို့ တင်သွင်းခဲ့သည်။

 “Transport Malta က အဆိုပါ သင်္ဘောသားထံမှ အိမ်ပြန်ပို့ရန်တောင်းဆိုချက်ကို စာဖြင့် ရေးသားတင်ပြ ခိုင်းခဲ့သော်လည်း ၎င်းစာကို တင်ပြသည့်အခါ အလံတင်နိုင်ငံသည် အရေးတယူမလုပ်ခဲ့ပါ၊” ဟု Molloy က ရှင်းပြသည်။ “အဆိုပါ သင်္ဘော သိရိလင်္ကာနိုင်ငံသို့ ပြန်လာသည့်အခါ လူစားထိုးပေးရန် Marlow Navigation က စီစဉ်ပေးခဲ့သည်၊ သို့သော် ဒေသဆိုင်ရာ စည်းမျဉ်းများအရ အလုပ်တက်ရောက်မည့်သူအတွက် ကိုဗစ် (Covid စစ်ဆေးမှု) ၏ အဖြေအတွက် နှစ်ရက် စောင့်ဆိုင်းရန်လိုအပ်ပါသည်။ သင်္ဘောစင်းလုံးငှါးသူသည် သင်္ဘောအား မစောင့်ဆိုင်းလိုခဲ့ပြီး သင်္ဘောအား သင်္ဘောတက်ရောက်မည့် သင်္ဘောဝန်ထမ်း အသစ်အစီအစဉ်ရှိသည့် ပင်လယ်နီသို့ ဦးတည်သွားရန် မိန့်ကြားခဲ့သည်။

 “သင်္ဘော မထွက်ခွာမီ ITF သည် သီရိလင်္ကာ ဆိပ်ကမ်းနိုင်ငံ ထိန်းချုပ်ရေး (Port State Control) အား သင်္ဘောမှာ နိုင်ငံဆိုင်ရာနှင့်ဒေသဆိုင်ရာ စည်းမျဉ်းများနှင့်အညီ သင်္ဘောသားများ၏ သာယာကောင်းမွန်ရေးနှင့် တရားဝင် အလုပ်ကန်ထရိုက်များနှင့်ပတ်သက်၍ လုပ်ကိုင်နေခြင်း ရှိမရှိ စစ်ဆေးရန်နှင့် ဆုံးဖြတ်ရန် ဖိအားပေးခဲ့သော်လည်း ၎င်းတို့က ငြင်းဆိုခဲ့သည်။”

ဒုတိယ အင်ဂျင်နီယာအား သီရိလင်္ကာနိုင်ငံ၌ လူစားထိုးမှု မရှိစေဘဲ သင်္ဘောပေါ်မှ ဆင်းခွင့်ပြုရန် ကုမ္ပဏီက တောင်းဆိုခဲ့သည်။ သင်္ဘောသားမှာ- ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမား စာချုပ်အရ သူ၏အခွင့်အရေးအဖြစ် သူ၏ အလုပ်ကန်ထရိုက် ပြီးဆုံးချိန်၌ အလုပ်လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းခဲ့ပြီး အဆိုပါ သင်္ဘောပေါ်၌ ခရီးသည်တစ်ဉီးဖြစ်လာခဲ့၍ Malta နိုင်ငံအနေဖြင့် ၎င်းကိစ္စနှင့် ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာ ရှိခဲ့မည်ဟု မမျှော်လင့်ခဲ့ပါ။

 “ကျွန်ုပ်တို့ သိရှိခဲ့သည်မှာ အလံတင်နိုင်ငံအား ဆက်သွယ်ခဲ့ပြီး ၎င်းတို့အနေဖြင့် ဒုတိယ အင်ဂျင်နီယာကို ၎င်းမှာ ITF အကြံပြုချက်ကို လိုက်နာနေပြီး မည်သို့မျှ အလုပ်လုပ်နေခြင်း မရှိတော့သဖြင့် လူစားထိုးမှု မရှိစေဘဲ သီရိလင်္ကာနိုင်ငံ ကမ်းပေါ်ဆင်းခွင့်ပြုလိမ့်မည် ဟုတ်မဟုတ် မေးမြန်းခဲ့သည်။ ဆိပ်ကမ်း နောက်တစ်ခုဆီသို့သာ ဘေးကင်းလုံခြုံသော သင်္ဘောမောင်းနှင်ခြင်းနှင့်ပတ်သက်၍ ခြွင်းချက်ကို တောင်းခံခဲ့သည်၊ ၎င်းဆိပ်ကမ်း၌ ဒုတိယ အင်ဂျင်နီယာ အခြားတစ်ယောက်မှာ သင်္ဘောပေါ်တက်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။ Transport Malta သည် ငြင်းဆိုခဲ့သည်၊ အကြောင်းပြချက်မှာ အဆိုပါသူသည် အလုပ်မလုပ်နေသည့်တိုင် သူ၏လိုင်စင်မှာ သူနှင့်အတူ သင်္ဘောပေါ် ရှိနေသမျှ ဘေးကင်းလုံခြုံစွာ သင်္ဘောမောင်းနှင်ရေး သတ်မှတ်ချက်များနှင့် ကိုက်ညီသည်ဟုဆိုသည်။ ဤကိစ္စမှာ သူတို့၏ အမှန်တကယ် အနေအထားဖြစ်သည် ဟုတ်မဟုတ် တင်ပြပေးရန် ကျွန်ုပ်သည် Transport Malta ထံမှ ရှင်းလင်းချက်ကို တောင်းခံခဲ့သော်လည်း နောက်ထပ်တဖန် သူတို့သည် အရေးမစိုက်ခဲ့ပါ။”

 “အဆိုပါသူမှာ အလုပ်လုပ်ကိုင်ခြင်း မရှိတော့သည်ကို စဉ်စားခြင်းအားဖြင့် ဘေးကင်းလုံခြုံစွာ သင်္ဘောမောင်းနှင်ရေး သတ်မှတ်ချက်များမှာ သင်္ဘောပေါ်၌ မည်သို့မျှ မကိုက်ညီတော့ပါ၊” ဟု Molloy က ပြောကြားခဲ့သည်။ “သို့သော်လည်း၊ Malta နိုင်ငံက ငြင်းခုံတင်ပြသည်မှာ အဆိုပါ သင်္ဘောသားနှင့် ၎င်း၏လိုင်စင်မှာ သင်္ဘောပေါ်၌ ရှိနေသမျှ ဘေးကင်းလုံခြုံစွာ သင်္ဘောမောင်းနှင်ရေး သတ်မှတ်ချက်များနှင့် ကိုက်ညီသည်ဟုဆိုသည်။ ထို့ကြောင့် သူတို့သည် အဆိုပါ သင်္ဘောသားကို ဆက်လက်နေရန် အတင်းအကျပ်ဆင့်ဆိုသည်၊ ထို့ကြောင့် သူသည် သင်္ဘော၏ ဘေးကင်းလုံခြုံရေးကို ပံ့ပိုးပေးနေသည်ဖြစ်ပြီး စည်းမျဉ်းကြပ်မှတ်သူတစ်ဉီးအဖြစ် ၎င်းတို့၏ ကိုယ်ပိုင် စည်းမျဉ်းနှင့် ကိုက်ညီသည်ဟု ဟန်ဆောင်နိုင်ကြသည်။

 “ဤကိစ္စမှာ အမှန်တကယ် ဒေါသထွက်စရာကောင်းပြီး အလံတင်နိုင်ငံမှ ထိထိရောက်ရောက် အရေးယူရန် အလာအလားရှိပါသည်။ သူတို့နှစ်ဖက်လုံးသည် တစ်စုံတစ်ယောက်အား အိမ်ပြန်ရန် ၎င်းသူ၏ အခွင့်အရေးကို ငြင်းဆိုနေပြီး ၎င်းတို့၏ အလံတင် သင်္ဘောများအနက် တစ်စီးမှာ အမှန်တကယ် ရှိသည်ထက် ပို၍ ဘေးကင်းလုံခြုံနေသည်ဟု ဟန်ဆောင်နေကြသည်။ လူတစ်ဉီးမှာ အလွန် မောပန်း၍ သို့မဟုတ် ပင်ပန်းနွှမ်းနယ်၍ အလုပ်ဆက်မလုပ်နိုင်ဘဲ ခရီးသည်အဖြစ် အနားယူနေ၍ အလုပ်လုပ်ခြင်းမှ ရပ်ဆိုင်းခဲ့ပြီးဖြစ်လျှင် အဆိုပါလူမှာ သင်္ဘော၏ ဘေးကင်းလုံခြုံရေးကို ပံ့ပိုးပေးနေသည်ဟု သူတို့ အဘယ်ကြောင့် ငြင်းခုံနိုင်မည်နည်း။ ITF အနေဖြင့် လာမည့်အပတ်အတွင်း ဤဆုံးဖြတ်ချက်ကို Malta နိုင်ငံသို့ နောက်တစ်ဖန် တင်ပြပေးလိမ့်မည်ဟု ကျွန်ုပ် ယုံကြည်စိတ်ချပါသည်။”

သီရိလင်္ကာ သို့မဟုတ် Malta တို့ထံမှ အကူအညီ မရသဖြင့် Molloy သည် သူ၏အာရုံကို Jordan နိုင်ငံဘက်သို့ စူးစိုက်ခဲ့သည်။

Molloy က MV Densa Leopard သင်္ဘော၏ပိုင်ရှင်များဖြစ်ကြသည့် တူရကီနိုင်ငံရှိ Marinsa Denizcilik AS ကိုပြောခဲ့သည်မှာ သင်္ဘောဝန်ထမ်းများအား အစားထိုးပေးရန် ၎င်းတို့၏ အစီအစဉ်ကို ပိုင်ရှင်၏ ပထမဉီးဆုံး လုပ်စဉ်အခါကတည်းကစ၍ Jordan နိုင်ငံ၏ နယ်စပ်များမှာ ပိတ်ထားခဲ့ပြီးဖြစ်သည်။ Molloy က ပြောကြားခဲ့သည်မှာ ၎င်းကြောင့် ပိုင်ရှင်များအနေဖြင့် အစားထိုးပေးမည့် သင်္ဘောဝန်ထမ်းများ နိုင်ငံတွင်း ဝင်မလာနိုင်ဖွယ်ရှိသဖြင့် Jordan နိုင်ငံအာဏာပိုင်များသည် သင်္ဘောအား ဖမ်းဆီးကောင်း ဖမ်းဆီးပါလိမ့်မည်။

Molloy ၏ သတိပေးမှုကြောင့် ပိုင်ရှင်များသည် အီဂျစ်နိုင်ငံသို့ ဝင်ရောက်နိုင်စေရန် သင်္ဘောအား အငှါးချခြင်းကို နှစ်ရက် ဆိုင်းပေးခဲ့သည်၊ ထို့ကြောင့် သင်္ဘောသားအနေဖြင့် နောက်ဆုံး၌ အီဂျစ်နိုင်ငံတွင် အစားထိုးနိုင်မည်ဖြစ်သည်။ အဆိုပါ သင်္ဘောသားမှာ စက်တင်ဘာလ ၂၉ ရက်နေ့တွင် အိမ်ပြန်ခဲ့သည်၊ သူ၏ အလုပ်ကန်ထရိုက် ပြီးဆုံးပြီးနောက် ခုနှစ်လ နီးပါးကြာပြီးနောက် အိမ်ပြန်ခဲ့သည်။

Densa Seal

Marlow Navigation ကလည်း Guatemala နိုင်ငံ Puerto Quetzal ရှိ MV Densa Seal သင်္ဘောနှင့်ပတ်သက်၍ ITF ၏ အကူအညီကိုတောင်းခံရန်အတွက် Molloy ကိုမေးမြန်းခဲ့ပါသည်။ ကြံ့ခိုင်သော-သင်္ဘောဝန်ထမ်း ၁၈ ဉီးမှာ သင်္ဘောပေါ်တွင် ၁၀ လ နှင့် ၁၄ လ အကြား ရှိနေခဲ့ကြပြီး သင်္ဘောအား နောက်ထပ် မောင်းနှင်ပေးခြင်းကို ငြင်းဆိုနေကြသည်။ အစားထိုးပေးမည့် သင်္ဘောသား ၁၇-ဉီးမှာ သင်္ဘောတက်ရန် မက်စီကိုနိုင်ငံမှ ခရီးထွက်လာနေခဲ့ကြသည်၊ သူတို့သည် Guatemala နိုင်ငံနှင့် နယ်စပ် ပိတ်ချိန်၌ ရောက်ရှိခဲ့ကြသည်။ အဆိုပါ အစားထိုးပေးမည့် သင်္ဘောသားတို့မှာ နှစ်နိုင်ငံ ဖြတ်ကူးမည့် နယ်စပ်အနီး ဟိုတယ်တစ်ခုတွင် ချောင်ပိတ်မိခံနေခဲ့ရသည်။ ထို့ပြင် မက်စီကိုနိုင်ငံ အာဏာပိုင်များသည် မက်စီကိုနိုင်ငံမှ ဖြတ်သန်းသွားရန် ထွက်ခွာသွားမည့် သင်္ဘောဝန်ထမ်းများအတွက် ဗီဇာထုတ်ပေးရန် ငြင်းဆိုခဲ့သည်။

Juan Villalón Jones ဆိုသူမှာ ချီလီနိုင်ငံ၌ အခြေစိုက်သည့် ITF စိစစ်ရေးမှူးနှင့် ITF လက်တင် အမေရိက/ကရီးဘီးယမ်း အဆက်အသွယ် ကွန်ခြာ ညှိနှိုင်းရေးအရာရှိဖြစ်သည်။ သူက ပိုမို၍ ရှင်းပြခဲ့ပါသည်။

 “အစားထိုးပေးမည့် သင်္ဘောသားမျာကို သင်္ဘောပေါ် တက်ရောက်စေနိုင်ရန်အတွက် – သင့်အနေဖြင့် လက်ရှိ သင်္ဘောဝန်ထမ်းများကို အိမ်ပြန်ပို့ပေးရန် လုပ်ပေးရမည် – ကျွန်ုပ်တို့နှင့် ကုမ္ပဏီတို့သည် ကျွန်ုပ်တို့ လိုအပ်သည့်သူအားလုံးကို ဆက်သွယ်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် Guatemala နိုင်ငံရှိ ဖိလစ်ပိုင်နှင့် ယူကရိန်း သံရုံးများ၊ ဒေသခံ ကိုယ်စားလှယ်၊ P&I အသင်း၏ ကိုယ်စားလှယ်နှင့် မက်စီကိုနိုင်ငံရှိ ကျွန်ုပ်တို့၏ ITF စိစစ်ရေးမှူး (၎င်းက တစ်ဖန် မက်စီကိုနိုင်ငံ နိုင်ငံခြားရေးရာများ ဝန်ကြီးဌာနကို ဆက်သွယ်ခဲ့သည်) တို့ကို ဆက်သွယ်ခဲ့ပါသည်။

 “သံရုံးများနှင့် Guatemalan အာဏာပိုင်တို့သည် နောက်ဆုံး၌ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး အစားထိုးပေးမည့် သင်္ဘောသားများအား တရားဝင် နယ်စပ်များ မဖွင့်မီ နယ်စပ်ဖြတ်ကျော်ရန် သမ္မတ ခွင့်ပြုချက်ရအောင် လုပ်ပေးခဲ့သည်။ စက်တင်ဘာလ ၁၆ ရက်နေ့တွင် အစားထိုးပေးမည့် သင်္ဘောသားများသည် နောက်ဆုံး၌ Puerto Quetzal သို့ ရောက်ရှိခဲ့ကြပြီး သင်္ဘောပေါ်တက်ခဲ့ကြသည်၊ သင်္ဘောမှဆင်းမည့် လက်ရှိသင်္ဘောသားများအား မက်စီကိုနိုင်ငံမှ တစ်ဆင့် အိမ်ပြန်ရန် လေယာဥ်ဖြင့်ထွက်ခွာခွင့်ပြုရင်းဖြင့်ဖြစ်ပါသည်။ US ဗီဇာများ သက်တမ်းကုန်ဆုံးနေပြီဖြစ်သည့် သင်္ဘောသား အနည်းငယ်အား ကူညီပေးရန် ကြိုးပမ်းမှုများ လုပ်ပေးခဲ့ပြီး အဆိုပါသူတို့မှာ မက်စီကိုနိုင်ငံမှ တစ်ဆင့် ဖြတ်သန်းသွားခွင့် မရရှိခဲ့ပါ။ နောက်ဆုံး၌ ယူကရိန်းသင်္ဘောသားများသည် အောက်တိုဘာလ ၁၀ ရက်နေ့တွင် El Salvador နိုင်ငံမှ Madrid မြို့မှတစ်ဆင့် အိမ်ပြန်ခဲ့ကြပြီး ဖိလစ်ပိုင် သင်္ဘောသားများမှာ အောက်တိုဘာလ ၁၁ ရက်နေ့တွင် မနီလာမြို့သို့ ရောက်ရှိခဲ့ကြသည်၊” ဟု Villalón Jones က ပြောကြားခဲ့သည်။

Yasa Golden Dardanelles

Marlow Navigation သည် သင်္ဘောပေါ်၌ ၁၂ လ ကျော် ရောက်ရှိနေခဲ့ကြသော MV Yasa Golden Dardanelles သင်္ဘော၏ သင်္ဘောဝန်ထမ်းများအတွက်လည်း ကူညီပေးရန် ကြိုးစားနေခဲ့ပါသည်။ သင်္ဘောမှာ Houston, USA တွင် ရှိနေခဲ့ပြီး အစားထိုးပေးမည့် သင်္ဘောသားများမှာ သင်္ဘောပေါ် ရောက်ရှိနေပြီးဖြစ်ပါသည်။ သို့သော်လည်း ဖိလစ်ပိုင် သင်္ဘောဝန်ထမ်း နှစ်ဉီး၏ US ဗီဇာများမှာ သက်တမ်းကျော်လွန်နေပြီးဖြစ်သောကြောင့် US Customs and Border Patrol (CBP) သည် ၎င်းတိို့အား လက်နက်ကိုင် အစောင့်အကြပ်ဖြင့် လေဆိပ်သို့ ခေါ်ဆောင်သွားမှုဖြင့်ပင် သင်္ဘောပေါ်မှ ဆင်းရန် ခွင့်မပြုခဲ့ပါ။

Molloy သည် Houston ရှိ ITF စိစစ်ရေးမှူးဖြစ်သူ Shwe Tun Aung ကို ဆက်သွယ်ခဲ့သည်- “ကျွန်ုပ်တို့က CBP ကို ရှင်းပြခဲ့သည်မှာ ယခု သင်္ဘောပေါ်၌ လူ ၂၄ ဉီး ရှိပြီး သင်္ဘောပေါ်တွင် လုံခြုံရေးပစ္စည်းကိရိယာများမှာ လူ ၂၂ ဉီး အတွက်သာ ရှိသည်ဖြစ်ကြောင်း၊” ဖြစ်သည်ဟု Aung က ရှင်းပြခဲ့သည်။ “ကျွန်ုပ်တို့က သတိပေးခဲ့သည်မှာ သင်္ဘောမှာ မကြာမှီကာလအတွင်းတွင် အမေရိကန်နိုင်ငံ၏ ပင်လယ်ကွေ့ကမ်းခြေတစ်လျှောက် ပြေးဆွဲပေးရန် စီစဉ်ထားခဲ့သဖြင့် အလုပ်ကန်ထရိုက် သက်တမ်းကျော်လွန်နေသည့် သင်္ဘောဝန်ထမ်း နှစ်ဉီးကြောင့် ဗျူရိုကရေစီစီမံရေးအရ အကျဉ်းသားအဖြစ် ထားရှိရာရောက်သွားပါလိမ့်မည်။ သူတို့သည် အရေးမစိုက်ခဲ့ပါ။”

 “ကုမ္ပဏီသည် အစားထိုးပေးမည့် သင်္ဘောသားနှစ်ဉီးအား ၎င်းတို့၏မိသားစု ရှင်သန်နေရေးအတွက် ငွေရှာဖွေရန် မျှော်လင့်ခဲ့သည့် လုပ်ခများ ရရှိခြင်းမှ နစ်နာစေခြင်းအားဖြင့် အိမ်ပြန်ပို့ရန်မှလွဲ၍ အခြားနည်းလမ်း မရှိခဲ့ပါ၊ ၎င်းအပြင် နောက်ဆုံး၌ အိမ်ပြန်ရမည်ကို မျှော်လင့်ခဲ့သည့် သင်္ဘောသား နှစ်ဉီးအား သင်္ဘောပေါ် ဆက်လက်ထားရှိရန် ဖြစ်ပါသည်။ ၎င်းမှာ မည်မျှခက်ခဲခဲ့ကြောင်း စဉ်းစားသာ စဉ်းစားကြည့်ပါ။”

သင်္ဘောသားများ၏ အခြေအနေများကို  CBP ၏ လျစ်လျူရှုမှုမှာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးအတွက် ကြိုးပမ်းရာ၌ အဓိက စိတ်ပျက်မှုတစ်ရပ် ဖြစ်စေပါသည်ဟု Molloy က ပြောကြားခဲ့သည်။ သူသည် နောက်ထပ် နမူနာတစ်ခုကို ကိုးကားပေးသည်၊ ၎င်းမှာ Marlow Navigation နှင့် ဆက်စပ်မှုမရှိပါ၊ ပနားမားနိုင်ငံ သင်္ဘောအလုပ်သင် အမျိုးသမီးငယ်တစ်ဉီး အိမ်ပြန်ပို့ခံရရန် အကူအညီအတွက် တောင်းခံရန် အောက်တိုဘာလ ၁ ရက်နေ့၌ Aung အား ဆက်သွယ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု ကမ်းခြေတစ်လျှောက် ကုန်အလွဲအပြောင်း လုပ်ရသည့်တာဝန် ထမ်းဆောင်နေရသည့် ရေနံတင် သင်္ဘောတစ်စီးပေါ်ရှိ အလုပ်သင် အင်ဂျင်နီယာတစ်ဉီးဖြစ်သူ သူမသည် သင်္ဘောပေါ်၌ ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ ကတည်းကစ၍ သူမ၏ တာဝန်ထမ်းဆောင်ခြင်း ပြီးဆုံးသွားသည့်တိုင် ရောက်ရှိနေလျက်ရှိသည်။  ကုမ္ပဏီအနေဖြင့် သူမအား မည်သို့မျှ ကူညီနိုင်မည် မဟုတ်ဟု သူမက ခံစားခဲ့ရပြီး စာရေးသားခဲ့သည်မှာ- “ကျွန်မဟာ အင်မတန် ခက်ခဲတဲ့ အခြေအနေအတွင်း ကျရောက်နေပါတယ်၊ ရာသီသွေးပေါ်နေပြီး ထွက်ကျနေတဲ့သွေးအတွက် သုံးမယ့်သုံးစရာပစ္စည်းများ ကျွန်မမှာ မရှိပါ။ ကျွန်မဟာ အလွန် အရှက်ရနေပြီး ကျွန်မရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ကျွန်မ စိုးရိမ်နေပါတယ်။”

Aung သည် ကုမ္ပဏီကို ဆက်သွယ်ခဲ့သည်၊ အလုပ်သင်အား သင်္ဘောပေါ်မှ ဆင်းပေးရန်အတွက် CBP အား စည်းရုံးပေးမည်ဟု အကြိမ်ကြိမ်ကြိုးစားပေးမည်ဖြစ်ကြောင်း ကုမ္ပဏီက သူ့အား အာမခံခဲ့သည်၊ ပနားမား ပင်လယ်ရေကြောင်း အာဏာပိုင်၏ အကူအညီကို တောင်းခြင်းအပါအဝင်ဖြစ်သည်။ အောက်တိုဘာလ ၁ ရက်နေ့တွင် ကုမ္ပဏီအား CBP က အကြောင်းကြားခဲ့သည်မှာ “ပနားမားနိုင်ငံ ကောင်စစ်ဝန်ရုံး ပါဝင်ပတ်သက်လာခြင်းကြောင့် (အဆိုပါ) သင်္ဘောဝန်ထမ်း၏ လေယာဉ်ခရီးစဉ်များကို ဖျက်သိမ်းလိုက်ပါ … Houston CBP မှ ဆုံးဖြတ်ချက်ကို ရရန်အတွက် တစ်ပတ် နှစ်ပတ်ခန့် ကြာမည်ဖြစ်ပါသည်” ဟုဖြစ်ပါသည်။ 

CBP သို့ Aung ၏ မေတ္တာရပ်ခံချက်မှာ ပြန်ကြားမှု မရှိခဲ့ပါ။ အဆိုပါ လူငယ်သင်္ဘောဝန်ထမ်းမှာ သင်္ဘောပေါ် ဆက်လက် ရှိနေရသည်။

နောက်ထပ် ဘာဖြစ်မည်နည်း။

သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ပိုမိုလုပ်နိုင်ရန်အတွက် နောက်ထပ် ဘာဖြစ်မည်ကို စဉ်းစားရင်း Tommy Molloy ပြောကြားခဲ့သည်မှာ ဖြေရှင်းချက်များသည် အစိုးရများပေါ် မူတည်နေသေးပါသည်။

 “Covid-19 သည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အားနည်းချက်အတွက် အကြောင်းပြချက် ဖြစ်နိုင်သော်လည်း ကျွန်ုပ်တို့သည် ယခုအခါ ဤရောဂါကပ်ဘေးကြီး၌ ရှစ်လ ရှိိနေပြီး အစိုးရများအနေဖြင့် ဤလုပ်သားထုကို အစားထိုးပေးရန် နည်းလမ်းများ ရှာဖွေပေးရန် လိုအပ််ပါသည်။”

 “သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးများကို အချို့ နိုင်ငံ့အစိုးရများ၊ ၎င်းတို့၏ ဗျူရိုကရက်စီမံရေး၊ သင်္ဘောများ၏ လမ်းကြောင်းပြောင်းသွားလာရေးကို ခွင့်မပြုသည့် သင်္ဘောစင်းလုံးငှါးသူများ၊ အချို့ အလံတင်နိုင်ငံများ၊ သင်္ဘောပိုင်ရှင်အချို့၊ ဒေသခံ ဗျူရိုကရက်အရာရှိများ၊ နှင့် လေယာဥ်ခရီးစဉ်နည်းပါးမှုတို့၏ ပေါင်းစပ်မှုအားဖြင့် ပိတ်ဆို့ခံနေရပါသည်။ ၎င်းတို့အားလုံးမှာ သင်္ဘောသားများအား အိမ်ပြန်ပို့ရန်နှင့် သင်္ဘောဝန်ထမ်းအသစ်တို့ဖြင့် အစားထိုးရန် စုပေါင်း၍ ခက်ခဲစေပါသည်။”

 “ITF အနေဖြင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး လုပ်ရန်ဖြစ်နိုင်သည့်အခါ ဆောင်ရွက်ရန် အခွင့်အလမ်းကို မယူသည့် ကုမ္ပဏီများအပေါ် လုံးဝ သည်းမခံနိုင်သော်လည်း လုပ်ငန်းကဏ္ဍအနေဖြင့်လည်း လက်ဉီး၌ အပြောင်းအလဲလုပ်ရေးများလုပ်ရန်အတွက် လွယ်ကူစေရန် ညီတူညီမျှ ကြိုးစားလုပ်ကိုင်ပေးရမည်ဖြစ်ပါသည်။ ၎င်းအတွက်ကြောင့် ITF သည် သင်္ဘောသားများအတွက် နယ်စပ် ပိတ်ပင်ကန့်သတ်ချက်များနှင့်ပတ်သက်၍ လက်တွေ့ကျမည့် ခြွင်းချက်များ အစိုးရများအနေဖြင့် ခွင့်ပြုပေးရန်အတွက် အလွန်အမင်း လုပ်ကိုင်ပေးနေလျက် ရှိသည်၊ လေယာဥ်ခရီးစဉ် ပိုမို ရရှိရေးအတွက် ဖိအားပေးခြင်းကိုလည်း ဖြစ်ပါသည်၊” ဟု Molloy က ပြောကြားခဲ့သည်။

ဗီဇာ အလှည့်အပြောင်းကိစ္စများ

Yasa Golden Dardanelles သင်္ဘောသားများ ကြုံတွေ့ခဲ့သည့်အတိုင်း ဗီဇာများအပေါ် လိုက်လျောမှုမရှိခြင်းသည် Covid-19 ကာလ၌ ကြုံတောင့်ကြုံခဲ ကိစ္စများထက် ပိုမိုလွန်ကဲပါသည်ဟု Molloy က ရှင်းပြခဲ့သည်။

 “အကန့်အသတ်ရှိသော လေယာဥ်ခရီးစဉ် ရရှိနိုင်မှုက ဆိုလိုသည်မှာ သင်္ဘောဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ အတည်ပြုပြီးသား အိမ်ပြန်ရန် လေယာဉ်ခရီးစဉ်အတွက် ရက်အနည်းငယ် စောင့်ဆိုင်းရသည်မှာ အဖြစ်များကြသော်လည်း လူဝင်မှုကြီးကြပ်ရေး အရာရှိ အချို့သည် ၎င်းတို့ထွက်ခွာမည့်ရက်များကို အကျုံးဝင်သည့် ထွက်ခွာဗီဇာကို မချပေးလိုကြပါ။ ၎င်းတို့သည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ငြင်းပယ်ရာ ရောက်ပါသည်။”

 “ITF သည် နိုင်ငံများအား သင်္ဘောသားများကို ၎င်းတို့အနေဖြင့် သင်္ဘောမှ လေဆိပ်၊ လေဆိပ်မှ သင်္ဘောသို့ လုံခြုံစွာ ကူးပြောင်းနိုင်စေရန် အဓိကအလုပ်သမားများအဖြစ် အသိအမှတ်ပြုပေးရန် တိုက်တွန်းနေလျက်ရှိသည်။ ၎င်းအစား အများအပြားသော နိုင်ငံများသည် ၎င်းတို့၏ ကုန်စည်များကို သယ်ဆောင်ပေးနေသည့်လူများဖြစ်ကြသည့်– သင်္ဘောသားများအပေါ် ကျောခိုင်းလျက်ရှိနေကြသည်။ သူတို့သည် သူတို့၏ အပြည်ပြည်ဆိုင်ရာ တာဝန် ဝတ္တရားများကို လျစ်လျူရှုနေကြပါသည်။”

သင်္ဘောစင်းလုံးငှါးသူများ၏ အခန်းကဏ္ဍ

သင်္ဘောစင်းလုံးငှါးသူများသည် ကုန်စည် ပိုင်ရှင်များ ကိုယ်စား သင်္ဘောများကို ရှာဖွေပြီး မှာယူကြသည့် ကိုယ်စားလှယ်များဖြစ်ကြသည်၊ ပြည်တွင်းတင်သွင်းသူများနှင့် ပြည်ပပို့သူများ၊ အပြင် နိုင်ငံပေါင်းစုံ ကုမ္ပဏီများကဲ့သို့ ဖြစ်ကြသည်။ ဆိုလိုသည်မှာ သူတို့တွင် သင်္ဘော သွားလာမည့် လမ်းကြောင်းအပေါ် ပြောဆိုခွင့်ရှိကြသည်၊ လမ်းကြောင်းပြောင်းလဲမှု တစ်ခုခုလုပ်လျှင် အပါအဝင်ဖြစ်ပါသည်။

သင်္ဘောစင်းလုံးငှါးသူ အများအပြားသည် ယခုအခါ ၎င်းတို့နှင့် သင်္ဘောပိုင်ရှင်များ ချုပ်ဆိုသော စာချုပ်များတွင် ‘သင်္ဘောဝန်ထမ်း အပြောင်းအလဲ မလုပ်ရ အပိုဒ်’ ထည့်သွင်းကြပါသည်။ ဆိုလိုသည်မှာ သင်္ဘောစင်းလုံးငှါးသူက သင်္ဘောကို ငှါးထားစဉ် သင်္ဘောပိုင်ရှင်နှင့် စီမံခန့်ခွဲသည့်ကိုယ်စားလှယ်တို့သည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ခွင့်ပြုသည့် အနီးအနား ဆိပ်ကမ်းသို့ လမ်းကြောင်းပြောင်းခြင်းကို သင်္ဘောဝန်ထမ်းများ သင်္ဘောပေါ် မည်မျှကြာနေသည်ဖြစ်စေ တားမြစ်ထားပါသည်။

စီမံခန့်ခွဲသည့် ကုမ္ပဏီတစ်ခုက Molloy အား ပြောခဲ့သည်မှာ သင်္ဘောစင်းလုံးငှါးသူ အချို့သည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးနှင့်ပတ်သက်၍ BIMCO အပိုဒ် ထည့်သွင်းရန်ကိုလည်း ငြင်းဆိုနေကြပြီး အကယ်၍ စင်းလုံးငှါးသည့် အချိန်ကာလအတွင်း သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို စီစဉ်ထားလျှင် အဆိုပါ သင်္ဘောများကို အမှန်စင်စစ် ပယ်ချနေကြပါသည်။ အဆိုပါ လုပ်ရပ်များမှာ ကမ္ဘာ့ အပြည်ပြည်ဆိုင်ရာ သင်္ဘောများပေါ်ရှိ မောပန်းပြီး ပင်ပန်းနေသော သင်္ဘောသားများ၏ မပြီးဆုံးသေးသော အလုပ်အတွက်နှင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကို ထပ်ဆင့်ရသည့် မျှော်လင့်ချက်များအတွက် စိတ်ပျက်စရာကောင်းပါသည်။

 “ဤကဲ့သို့သော အရာများမှာ သင်္ဘောဝန်ထမ်းများအတွက် ဆိုးရွားသော အခြေအနေကို ဖြစ်ပေါ်စေသည်၊” ဟု Molloy က ပြောကြားခဲ့သည်။ “ကျွန်ုပ်သည် သင်္ဘောပေါ်၌ ကိုယ့်ကိုယ်သတ်သေသည့် မည်သူ တစ်ဉီးတစ်ယောက်ကိုမျှ ဖြေရှင်းမပေးခဲ့ရသော်လည်း ၎င်းမှာ ဖြစ်လာနေဆဲဖြစ်ပါသည်။”

 “အကယ်၍ တစ်ခုခုဖြစ်လာလျှင် ၎င်းမှာ ပိုမို၍ မကြာခဏ မဖြစ်ခဲ့သည်မှာ အံ့သြစရာကောင်းပါသည်။ အလွန် သိသာထင်ရှားသည်မှာ အကယ်၍ သင် လူသားများကို ကျဉ်းကျုတ်သောနေရာ၌ အချိန်အတန်ကြာ ပိတ်လှောင်ထားလျှင် ၎င်းသူတို့၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်မည်ဖြစ်ပြီး ၎င်းသူတို့ မျှော်လင့်ချက် ပျောက်ဆုံးပါမည်။ မျှော်လင့်ချက် ကုန်ခမ်းခြင်းသည် လူများအတွက် အမည်းအစွန်း ဖြစ်စေသည်။”

 “အဆိုးရွားဆုံးအပိုင်းမှာ ဤသင်္ဘောသားများသည် မည်သည့် အမှားများကိုမျှ မကျူးလွန်ခဲ့ပါ။ သူတို့သည် ကမ္ဘာ့ ကုန်စည်ဖြန့်ချီရေးကို ဆက်လက်ဖြန့်ချီပေးနေစေရန် ရိုးရိုးသားသား လုပ်ကိုင်ခဲ့ကြသည်။ ကမ္ဘာကြီးအတွက်နှင့် ၎င်းတို့၏ အစိုးရများအတွက် သူတို့၏ ဆုံးခန်းတိုင်မရှိသည့် စွန့်လွှတ်ခြင်းအတွက် သူတိို့၏ ဆုလာဘ်မှာ သူတိို့နှင့် သူတိို့၏မိသားစုများအား အကြွင်းမဲ့ အထင်သေးခြင်းဖြင့် ဆက်ဆံရန်ဖြစ်ပေသည်၊” ဟု Molloy က ပြောကြားခဲ့ပါသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.