Skip to main content

ဖိလစ်ပိုင်နိုင်ငံမှ သင်္ဘောသားများ (Covid-free) ကိုဗစ်-ကင်းနေစေရန် စီမံချက်တစ်ရပ်ကို သမဂ္ဂများနှင့် အလုပ်ရှင်များ ဖက်စပ်လုပ်ကိုင်

05 Nov 2020
Press Release

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF))နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အလုပ်ရှင်များ ကောင်စီ International Maritime Employers’ Council (IMEC) တို့သည် မနီလာမြို့၌ တိုးချဲ့ဆောင်ရွက်ပေးသည့် ထိတွေ့မှုမရှိသည့် သီးခြားနေခြင်း နှင့် စစ်ဆေးခြင်း အစီအစဉ်တစ်ရပ်ကို ဖွင့်လှစ်လိုက်သည်၊ ရောဂါကပ်ဘေးကြီး၏ ရောဂါ ကူးစက်ပျံ့နှံ့မှုကို အနည်းဆုံးလုပ်ရန်နှင့်စပ်လျဉ်း၍ အစိုးရများ၏ စိုးရိမ်ပူပန်မှုကို ဖြေရှင်းပေးသည့်အနေဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကာလတွင် သင်္ဘောမှ အတက်အဆင်းလုပ်နေသည့် ဖိလစ်ပိုင် သင်္ဘောသားများ ပိုမိုရရှိရေးကို ရည်ရွယ်၍ ဖြစ်ပါသည်။

အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဖွင့်လှစ်လိုက်ပြီး အစီအစဉ်တွင် ပါဝင်သည်မှာ -

  • မနီလာမြို့ရှိ နာမည်ကျော်ကြားသော ဟိုတယ်အုပ်စုများမှ ဟိုတယ် နှစ်ခုတွင် ငှါးရမ်းထားသည့် သီးခြားနေမည့် လုံခြုံခန်းများ အခန်းပေါင်း ၃၀၀
  • ၁၄ ရက် သီးခြားနေရမည့်ကာလကို သေချာစေရန် ၂၄ နာရီ ၇ ရက် လုံခြုံရေးနှင့် စောင့်ကြပ်ကြည့်ရှုခြင်း
  • ဆိုက်ရောက်ချိန်နှင့် မတက်ရောက်မီ သင်္ဘောသားများအား ရွှေ-အဆင့်အတန်းရှိသည့် PCR စစ်ဆေးခြင်း
  • နောက်ဆုံးပေါ် အချက်အလက် လုံခြုံရေးစနစ်-နည်းပညာကို အသုံးပြုထားသည့် စစ်ဆေးမှု အဖြေ အတည်ပြုချက် လက်မှတ်
  • လူငါးဉီး (ယာဉ်မောင်းသူ အပါအဝင်) ထက် မပိုသော အုပ်စုဖြင့် လေဆိပ်သို့ လုံခြုံသည့် သယ်ယူပို့ဆောင်ရေး
  • စစ်ဆေးမှု အဖြေ လက်မှတ်များကို အသိအမှတ်ပြုရန်၊ ထိတွေ့မှုမရှိသည့် သီးခြားနေခြင်းဆိုင်ရာ မလိုလားအပ်သည့် အချိန်ကို လျှော့ချပေးစေရန်နှင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အတိုင်းအဆကို တိုးချဲ့လုပ်နိုင်စေရန် အစိုးများနှင့်တကွ ၎င်းတို့၏ လူဝင်မှုကြီးကြပ်ရေးနှင့် ဆိပ်ကမ်း အာဏာပိုင်များတို့နှင့် ဖက်စပ်လုပ်ကိုင်မှုကို ရှာဖွေခြင်း။

အခန်းများနှင့် လုပ်ငန်းဖြစ်စဉ်ကို လွတ်လပ်သော တတိယပုဂ္ဂိုလ် စိစစ်ရေးမှူးများမှ ရောဂါကင်း စာရင်းတွင် ထည့်သွင်းခြင်း မပြုမီ စိစစ်စေလိမ့်မည်ဖြစ်ပြီး ဆက်လက် လိုက်နာဆောင်ရွက်နေကြောင်း သေချာစေရန် အခါအားလျော်စွာ ပုံမှန် စိစစ်မှုများ လုပ်ရန်ဖြစ်သည်။ 

ITF အထွေထွေအတွင်းရေးမှူးဖြစ်သူ Stephen Cotton က ပြောကြားခဲ့သည်မှာ အစီအစဉ်မှာ ကိုဗစ်ကမ္ဘာ’ (‘Covid world’) ၌ ဖြေရှင်းချက်များကို ပေးအပ်ရန်အတွက် သမဂ္ဂများနှင့် အလုပ်သမားများ အတူတကွ လုပ်ကိုင်ခြင်း ဖြစ်သည်။

အဖြစ်မှန်မှာ ဤဗိုင်းရပ်စ်ပိုးသည် လက်ရှိ၌ ကျွန်ုပ်တို့နှင့်အတူ ရှိနေသည်။ ကာကွယ်ဆေး မပေါ်မချင်း ကျွန်ုပ်တို့အားလုံးသည် သင်္ဘောသားများကို ယခု ကျွန်ုပ်တိို့ မြင်တွေ့နေရသည်ထက် ပိုမိုပြီး ကျယ်ကျယ်ပြန့်ပြန့် သင်္ဘောမှ အသွားအလာ လုံခြုံဘေးကင်းစွာ လုပ်ပေးစေရန် အတူတကွ လုပ်ပေးရမည်ဖြစ်သည်။

ဘေးကင်းလုံခြုံရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများကြောင့် သင်သည် သင်္ဘောကို သင်္ဘောဝန်ထမ်းများ မရှိဘဲ ဆိုက်ကပ်ထားပြီး ပစ်မထားနိုင်ပါ။ သင့်အနေဖြင့် သင်္ဘောဝန်ထမ်းများ သင်္ဘောမှ မထွက်ခွာမီ အစားထိုးပေးမည့်လူများအဆင်သင့်ရှိနေရန် လိုပါသည်။

ကျွန်ုပ်တို့၏ အထင်အမြင်၌ ဤစနစ်သည် အစားထိုးပေးမည့်သင်္ဘောဝန်ထမ်းများအား သင်္ဘောပေါ် အလျင်အမြန်ရောက်စေရန် အလုံခြုံဆုံး နည်းလမ်းဖြစ်သောကြောင့် သင်္ဘောပေါ် အလွန့်အလွန် ကြာညောင်းနေသည့် သင်္ဘောသားများအနေဖြင့် အိမ်ပြန်ရန် ၎င်းတို့၏ အခွင့်အရေးကို ကျင့်သုံးနိုင်မည်ဖြစ်ပါသည်။ အကယ်၍ နိုင်ငံတစ်နိုင်ငံအနေဖြင့် သင်္ဘောသားများကို ထိတွေ့မှုမရှိသည့် သီးခြားနေခြင်းအား စီမံပေးပြီး စောင့်ကြပ်ကြည့်ရှုထားကာ သူတိို့အား လာခွင့်ပြုရန်အတွက် ရောဂါမရှိကြောင်း စစ်ဆေးမှုအဖြေ နှစ်ကြိမ် ရှိခဲ့ကြောင်း အထောက်အထားရှိလျှင် ၎င်းတို့အား ရောက်လာသည့်အခါမှ ထိတွေ့မှုမရှိသည့် သီးခြားနေခိုင်းသည်ထက်စာလျှင် ပို၍ စိတ်ချရပြီး ပို၍ ထိရောက်မှုရှိပါမည်။

အထူးသဖြင့် အစိုးရများ၏ ပရောဂကြောင့် ပေါ်ပေါက်သော သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကို ဖြေရှင်းပေးရန် အလွန် များပြားသော အစိုးရများထံမှ လပေါင်းများစွာ လုပ်ကိုင်မှု အနည်းငယ်ဖြင့်- ၎င်းသည် အလုပ်သမားများ၊ ၎င်းတို့၏ သမဂ္ဂများနှင့် အလုပ်ရှင်များအပေါ် ဤကဲ့သို့သော လက်တွေ့ကျကျ ဖြေရှင်းချက်များ ရရှိလာအောင် လုပ်ပေးရန် ကျရောက်ပါသည်၊ သင်္ဘောသားများအား မျောနေသည့်အကျဉ်းထောင်များမှ လွတ်မြောက်ပေးစေရန်နှင့် အလုပ်သို့ပြန်လာပြီး ဝင်ငွေ နောက်ထပ် ရှာဖွေရန် လိုလားနေသူတို့ဖြင့် အလုပ်အလွဲအပြောင်းလုပ်ပေးရန်ဖြစ်သည်၊ဟု Cotton က ပြောကြားခဲ့သည်။

အဆိုပါ အစီအစဉ်ကို Philippines AMOSUP နှင့် PSU ရှိ ITF ပင်လယ်ရေကြောင်းဆိုင်ရာ အဖွဲ့ဝင်များက ထောက်ခံထားသည်။ ၎င်းကို AMOSUP အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း လေ့ကျင့်ရေး ရန်ပုံငွေ (AMOSUP International Maritime Training Fund) မှ ပျိုးထောင်ရေး ငွေကြေးအတွက် ခွင့်ပြုငွေကြောင့် ဖြစ်မြောက်အောင်လုပ်ထားသည်။ အဆိုပါ ရန်ပုံငွေမှာ ဖိလစ်ပိုင် သင်္ဘောသားများ၏ လူမှုဖူလုံရေးအတွက်သာ ပံ့ပိုးပေးနိုင်သည်။

IMEC ဥက္ကဌဖြစ်သူ Capt. Belal Ahmed က ပြောကြားခဲ့သည်မှာ အလုပ်ရှင်များနှင့် သမဂ္ဂများက သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး ဌာနေအချို့တို့မှ တင်ပြခဲ့ကြသည့် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးရန် ပိုမိုလက်တွေ့ကျသော ဖြေရှင်းချက်များ လိုအပ်ခဲ့သည်ဖြစ်ကြောင်း ကနဉီးအားဖြင့် နားလည်မှု အတူတကွ ရရှိပြီးနောက် အစီအစဉ်မှာ ထွက်ပေါ်လာခဲ့သည်၊ ဖိလစ်ပိုင်နိုင်ငံ၌ ရရှိသည့် ကိုဗစ် ရောဂါမရှိကြောင်း စစ်ဆေးမှုများ၏ စစ်မှန်မှုနှင့် ပတ်သက်၍ စိုးရိမ်မှုများအပြင် သင်္ဘောများပေါ်သို့ တက်ရောက်မည်ဖြစ်သည့် သင်္ဘောသားများ အသုံးပြုသည့် သင်္ဘောပေါ်မတက်မီ ထိတွေ့မှုမရှိသည့် သီးခြားနေခြင်း လုပ်ငန်းဖြစ်စဉ်များ၏ ထိရောက်မှုနှင့်ပတ်သက်သည့် စိုးရိမ်မှုများဖြစ်သည်။

နိုင်ငံများအနေဖြင့် တင်ပြနိုင်ရန် နည်းပညာနှင့် စီမံရေး ဖြေရှင်းချက် ရှိရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ခံယူပါသည်- သင်္ဘောသားများမှာ ၎င်းတို့၏ ထိတွေ့မှုမရှိသည့် သီးခြားနေခြင်းကို စီမံကွတ်ကဲခံရပြီး စောင့်ကြပ်ကြည့်ရှုခံရကာ ဆောင်ရွက်ပြီးစီးခဲ့သည်၊ ဤတွင် ၎င်းတို့၏ ရောဂါမရှိကြောင်း စစ်ဆေးချက်၊ ယခုသော် ၎င်းတို့အား ၎င်းတို့၏ အလုပ်သို့ ကျေးဇူးပြု၍ တက်ခွင့်ပြုပါ။ ဤအစီအစဉ်အသစ်က ဆိုလိုသည်မှာ ကျွန်ုပ်တို့အနေဖြင့် စိတ်ချလက်ချစွာဖြင့် အထက်ပါအတိုင်း ပြောဆိုနိုင်ပါမည်။

နောက်ဆုံးပေါ် အချက်အလက်လုံခြုံရေးစနစ်-နည်းပညာ (blockchain technology) တပ်ဆင်ပေးခဲ့သည့် ဆော့ဖ်ဝဲတည်ထောင်သူများထံမှ Covid PCR စစ်ဆေးမှု အဖြေ အတည်ပြုလက်မှတ်များ စစ်မှန်ကြောင်း တင်ပြချက် ကျွန်ုပ်တို့တွင် ရှိခဲ့သည်၊ ဟု Ahmed က ပြောကြားခဲ့သည်၊ ထိတွေ့မှု မရှိသည့် သီးခြားနေခြင်းလုပ်သည့် အခန်းများမှာ စင်ကာပူနိုင်ငံ၏ SHN (အိမ်၌နေရန် အကြောင်းကြားစာ) စည်းမျဉ််းများ အရ တင်းကျပ်သည့် လမ်းညွှန်များကို လိုက်နာပါသည်။ ၎င်းသည် သင်္ဘောဝန်ထမ်းများမှာ ၎င်းတို့ သင်္ဘောပေါ် မတက်ရောက်မီ အနည်းဆုံး ၁၄ ရက် ကိုဗစ် ၁၉ (COVID-19) ကင်းနေစေရန်အတွက် သေချာစေရန် အခြေခံကျပါသည်။

ယခုအခါ ၎င်း၏ အိမ်ခန်းများရှိ အဆိုပါ အစီအစဉ်နှင့် နေရာများမှာ IMEC အဖွဲ့ဝင်များကိုသာ ဖွင့်လှစ်ပေးထားသည်။

ကျွန်ုပ်တို့သည် ဤလုပ်ငန်းဖြစ်စဉ် မည်ကဲ့သို့ လုပ်ကိုင်ကြောင်း လာမည့်အပတ် အနည်းငယ်တွင် တွေ့ရပါမည်။ ကျွန်ုပ်တို့ မြင်တွေ့လိုသည့် အဖြေများကို ကျွန်ုပ်တို့ မြင်တွေ့သည့်အခါ သင်္ဘောသားများ ပိုမို၍ အပြောင်းအလဲလုပ်ရေးကို တိုးမြင့်ကူညီရန် ကျွန်ုပ်တို့ ရှာကြံပါမည်။

ဤကိစ္စမှာ အရာများကို မည်သို့လုပ်နိုင်ကြောင်း စံအဖြစ် သတ်မှတ်ရာရောက်ကြောင်း ကျွန်ုပ် မျှော်လင့်ပါသည်။ ဤ ဆန်းသစ်တီထွင်မှု အမျိုးအစားမှာ ဤလူသားချင်းစာနာရမည့် အကျပ်အတည်းကို အဆုံးသတ်သွားစေရန်အတွက် အလွန် အရေးကြီးပါသည်၊ဟု Ahmed က ပြောကြားခဲ့သည်။ 

အဆိုပါ စီမံချက်ကို နော်ဝေး သင်္ဘောပိုင်ရှင်များ အသင်း (Norwegian Shipowners’ Association) က ထူထောင်ထားသည့် အလားတူ အစီအစဉ်နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်၊ ၎င်းအစီအစဉ်ကို လ အစဉီးပိုင်း၌ ဖွင့်လှစ်ခဲ့ပြီး အတူတူဖြစ်သော ဟိုတယ်ကို အသုံးပြုပါသည်။

မှတ်ချက်-

  • အခန်းများကို အသုံးပြုရန်အတွက် အောက်တိုဘာလ ၂၈ ရက်နေ့မှစ၍ ရရှိနိုင်ပြီး ယခုအခါ မှာထားနိုင်ပါသည်။
  • အခန်းမှာထားရန် တောင်းဆိုချက် အားလုံးကို ဤစီမံချက်အတွက် အခန်းမှာထားခြင်းလုပ်ပေးသည့် အရာထမ်းနှင့် အီးမေးလ် itfimeccrewchange@amosup.org ဖြင့်လုပ်ရလိမ့်မည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.