Skip to main content

ငါးဖမ်းသူ သေဆုံးမှု ဖုံးကွယ်ထားခြင်းကို အားထုတ်ခဲ့ခြင်းကြောင့် ယူရူဂွေးနိုင်ငံ သမဂ္ဂ စိတ်ဆိုး

23 Nov 2020

ယူရူဂွေးနိုင်ငံ ကမ်းလွန်တစ်နေရာ၌ ပီရူးငါးဖမ်းသမားတစ်ဦး၏ ဝမ်းနည်းဖွယ်ရာ သေဆုံးမှုကြောင့် နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ သမဂ္ဂအား စိတ်ဆိုးစရာ ပေါ်ပေါက်ခဲ့သည်၊ ၎င်းက ဆိုသည်မှာ အလုပ်သမားများအပေါ် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းကဏ္ဍ၏ အကြမ်းကိုင်နှိပ်စက်မှုကို အချိန်ကြာမြင့်စွာဖြင့် လျစ်လျူရှုခဲ့သည်ဆိုသည်။

နိုင်ဝင်ဘာလ 2 ရက်နေ့တွင် ပေါ်တူဂီ-အလံတင် သင်္ဘော Verdemilho က ယူရူဂွေးနိုင်ငံ မြို့တော် မွန်တီဗီဒီယို ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့သည်။ သင်္ဘောပေါ်တွင် ပီရူးနိုင်ငံသား တစ်ဦးမှာ သေဆုံးခဲ့သည်။ ၎င်းသူတွင် Covid-19 ရောဂါလက္ခဏာများ ပြသနေလျက်ရှိသည်။

Adan Suarez သည် သယ်ယူပို့ဆောင်ရေး အလုပ်သားများ သမဂ္ဂ (Transport Workers' Union) တွင် အလုပ်လုပ်သည်၊ မွန်တီဗီဒီယိုမြို့တွင်လည်း အခြေစိုက်ပြီး သူ ပြောကြားသည်မှာ တောင်အတ္တလန်တိတ် သမုဒ္ဒရာမှ ဖမ်းဆီးခဲ့သည့်ငါးများကို ကုန်ချရန် နိုင်ငံ ဆိပ်ကမ်းသို့ လာရောက်သည့် အလုပ်သမား ထောင်ပေါင်း ဆယ်ပေါင်းများစွာသောသူတို့အတွက် ရက်စက်သော၊ ဆိုးရွားလုစွာသော အခြေအနေများကို ကျော်လွန်အောင်မြင်ရန်အတွက် တိုက်ပွဲဝင်နေလျက်ရှိသည်။

 သင်္ဘောဝန်ထမ်းမှာ ရက်ပေါင်း ၃၀ ကျော်ကြာ သင်္ဘောပေါ်၌ နေထိုင်မကောင်း ဖြစ်နေခဲ့ပြီး ကုသမှုအတွက် ခေါ်ဆောင် မခံခဲ့ရသည်ကို ကျွန်ုပ်တို့ သိပါသည်။ သူတို့သည် ဆက်လက် ငါးသာ ဖမ်းနေခဲ့ကြသည်၊ ဟု ယူရူဂွေးနိုင်ငံအတွက် ITF အဆက်အသွယ်လည်းဖြစ်သူ Suarez က ပြောကြားပါသည်။

 သင်္ဘောမာလိန်မှူးသည် ဆိပ်ကမ်းသို့ ဝင်ရောက်ရန်ကို ငြင်းဆိုခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် နေထိုင်မကောင်းသည့် သင်္ဘောဝန်ထမ်းတွင် Covid-19 ရောဂါလက္ခဏာများ ပြသနေသောကြောင့်ဖြစ်ပြီး အကယ်၍ ရောဂါရှိကြောင်း  စစ်ဆေးမှုအဖြေ ဖြစ်ခဲ့လျှင် သူ့အနေဖြင့် သင်္ဘောအား ထိတွေ့မှုမရှိသည့် သီးခြားနေခြင်းဖြင့် နေရလိမ့်မည် ဖြစ်သောကြောင့်ဖြစ်ပါသည်။ သင်္ဘောအား ထိတွေ့မှုမရှိသည့် သီးခြားနေခြင်းဖြင့်နေရသည်ဆိုသည်မှာ သူသည် ဆက်လက်၍ ငါးဖမ်းနိုင်တော့မည် မဟုတ်ပါ၊ ထို့ကြောင့် သင်္ဘောမာလိန်မှူးသည် ဆိပ်ကမ်းသို့ ဝင်ရောက်ရန် ငြင်းဆိုခြင်းသာဖြစ်သည်။ ဤကဲ့သို့ သူ၏ သင်္ဘောလုပ်ဖော်ကိုင်ဖက်များက ကျွန်ုပ်တို့အား ပြောပြပါသည်။

Suarez က ပြောကြားသည်မှာ ပီရူးနိုင်ငံသား ငါးဖမ်းသမားမှာ အကယ်၍ သင်္ဘောမာလိန်မှူးအနေဖြင့် အမြတ်အစွန်းထက် အလုပ်သမားများ၏ ကျန်းမာရေးကို ဦးစားပေးခဲ့ပြီး နာမကျန်းသည့် သင်္ဘောဝန်ထမ်းကို မွန်တီဗီဒီယိုမြို့ ဆရာဝန်များထံ ခေါ်ဆောင်လာခဲ့ပါက ယနေ့ အသက်ရှင်နိုင်သေးမည်ဖြစ်ပါသည်။

အလွန်အရေးကြီးသည့် အခြေအနေအရ-ဆုံးဖြတ်ချက်သည် တောင်အတ္တလန်တိတ် သမုဒ္ဒရာတွင် ငါးဖမ်းသမားများ ဆက်ဆံခံနေရသည့် အန္တရာယ်ရှိသော နည်းလမ်းကို ရောင်ပြန်ဟတ်မှုဖြစ်ပါသည်။

Suarez က ပြောသည်မှာ သမဂ္ဂက အလုပ်ကန်ထရိုက်များကို စိစစ်သည့်အခါ Verdemilho သင်္ဘော၏ သင်္ဘောပိုင်ရှင်များ၊ လုပ်ငန်းလည်ပတ်သူများသည် သင်္ဘောဝန်ထမ်းများအပေါ် အကြပ်ကိုင်ခဲ့ကြသည်၊ သူတို့ပင် ကြောက်လှန့်ခဲ့ပါသည်။

 အဖြူနှင့် အမည်း သဲကွဲပါသည်- သူတို့သည် ဤအလုပ်သမားများအား အမှန်တကယ် ဤသို့ပြောပါသည် သင်တို့ နေ့တိုင်း တစ်ရက် ၁၈ နာရီမှ နာရီ ၂၀ အလုပ်လုပ်ရလိမ့်မည်၊ သင်တို့ အနည်းငယ် အနားရလိမ့်မည်၊ သင်တို့ တစ်လ ဒေါ်လာ ၆၀၀ ထက်ပိုရမည် မဟုတ်ပါ။ သင်္ဘောဝန်ထမ်းများသည် ၎င်းတို့ကိုယ်ပိုင် လူမှု လုံခြုံမှု အာမခံနှင့် ကျန်းမာရေး အာမခံတို့အတွက်ပင် ပေးချေကြရသည်၊ ဟု Suarez က ပြောကြားပါသည်။

 အဆိုးရွားဆုံးမှာ အကယ်၍ သင်္ဘောဝန်ထမ်း တစ်ဦးသည် သင်္ဘောပေါ် အလုပ်လုပ်နေစဉ် ဒဏ်ရာရပြီး သို့မဟုတ် နေထိုင်မကောင်းဖြစ်ပြီး ဆေးရုံသို့ ပို့ရန် ကမ်းပေါ်လာရောက်ရလျှင် သူနှင့် သူ့မိသားစုသည် အားလုံးသော စရိတ်များကို ပေးရလိမ့်မည်ဖြစ်သည်။ ဤပီရူးနိုင်ငံ လူကလေးအား ဤကဲ့သို့ ဖြစ်ပွားခဲ့ပုံရပါသည်။ ပံ့ပိုးပေးပြီး ဂရုစိုက်ပေးရမည့်အစား သူ့ အလုပ်ရှင်သည် သူ့ဆေးကုသမှုကို ငြင်းဆိုခဲ့ပြီး နေထိုင်မကောင်းဖြစ်ရခြင်း၏ ပြစ်မှုအတွက် သူ့တွင်ရှိခဲ့သည့် ငွေအနည်းအကျဉ်းကို ယူရန်ကြိုးစားခဲ့သည်။ ၎င်းသည် စက်ဆုပ်ရွံရှာစရာကောင်းပါသည်။

Suarez ကပြောသည်မှာ ကုမ္ပဏီသည် သေဆုံးမှုကို ဖုံးကွယ်ထားရန်နှင့် ငါးဖမ်းသမား၏ မိသားစုကိုပင် နှုတ်ပိတ်ထားရန် ကြိုးစားခဲ့သည်။

 သေဆုံးသူ သင်္ဘောဝန်ထမ်း၏ အစ်ကိုဖြစ်သူသည် ယခုအခါ ကုမ္ပဏီအပေါ် တရားစွဲဆိုထားပါသည်၊ ၎င်းတို့က သင်္ဘောဝန်ထမ်း၏ သမီးအား ပေါ့ဆမှုနှင့် လူ့အခွင့်အရေးများ ဖောက်ဖျက်မှုဖြင့် တရားမစွဲဆိုရန်အတွက် အပေးအယူလုပ်သည့်အနေဖြင့် ဒေါ်လာ $15,000 ပေးရန် လိုလားခဲ့ပါသည်။

 နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် ဆိပ်ကမ်းနိုင်ငံတစ်ခုအဖြစ် ယူရူဂွေးနိုင်ငံသည် ဤလူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ပုံမှန်အနေအထား လုပ်မပေးနိုင်ပါ သို့မဟုတ် လိုလိုလားလား လျစ်လျူရှု မပေးနိုင်ပါ။ ၎င်းကို ကျွန်ုပ်တို့၏ အမည်နာမဖြင့် လုပ်ရလိမ့်မည် မဟုတ်ပါ၊ ဟု Suarez က မြင်သာနိုင်သော ဒေါသသံဖြင့် ပြောကြားပါသည်။

ဆိပ်ကမ်းရှိ သင်္ဘော 'Verdemilho'

ITF ငါးလုပ်ငန်း ညှိနှိုင်းရေးအရာရှိဖြစ်သူ Rossen Karavatchev သည် Verdemilho သင်္ဘော၏ အဖြစ်အပျက်များကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခံရသော်လည်း မအံ့သြခဲ့ပါ။ သူက ပြောကြားသည်မှာ တောင်အမေရိကတိုက်၏ အတ္တလန်တိတ် ကမ်းခြေတစ်လျှောက် ငါးဖမ်းနေရာများမှာ ခေါင်းပုံဖြတ်မှုနှင့် လူ့အခွင့်အရေး ဆော်ကားမှုများ ကြီးထွားဖွံ့ဖြိုးနေသည့် မဖွယ်မရာနေရာတစ်ခုဖြစ်လျက်ရှိသည်။

သူက ပြောကြားသည်မှာ အဆိုပါ ဒေသရှိ ပြဿနာတစ်စိတ်တစ်ပိုင်းမှာ Falkland Islands / Islas Malvinas အနားတစ်ဝိုက် ငြင်းခုံနေရသည့် ငါးဖမ်းလုပ်ငန်းများမှ ပေါ်ပေါက်ပါသည်။

 ကျွန်ုပ်တိို့တွင် အခြေအနေတစ်ရပ်ရှိသည်၊ ၎င်းမှာ အချို့သော စီရင်ပိုင်ခွင့်နယ််မြေများတွင် ငါးဖမ်းခြင်းဆိုင်ရာ အခွင့်အရေးများကို ရောင်းစားရန် အလွန်လိုလားကြသည်၊ ၎င်းသူတို့သည် ၎င်းတို့၏ ဆိပ်ကမ်းများ ပြင်ပ၌ ဖြစ်ပျက်နေကြသည့် အလုပ်သမားများအပေါ် မြင်သာသည့် နှိပ်စက်မှုများနှင့်ပတ်သက်၍ ဂရုမစိုက်နိုင်ကြပါ။ ၎င်းသည် ဒေါ်လာ-သန်းပေါင်းများစွာသော လုပ်ငန်းကဏ္ဍတစ်ခုဖြစ်ပြီး ၎င်းမှ အမြတ်အစွန်းရရှိနေသူ အမြောက်အမြားရှိပါသည်။

 ငွေကြေး-လောဘတက်မက်သော လျစ်လျူရှုမှုကြောင့် အာဏာပိုင်များသည် သင်္ဘောပေါ်ရှိ အလုပ်သမားများ၏ လုပ်ခ နိမ့်ချပေးမှု၊ မတော်မတရား ဆက်ဆံမှု၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများကိုပင် မျက်ကွယ်ပြုနေလျက် ရှိကြသည်။

 အကယ်၍ ဥရောပ၊ အာရှနှင့် မြောက် အမေရိကရှိ စားသုံးသူများအနေဖြင့် ၎င်းတို့စားသုံးလိုက်သည့် တောင် အတ္တလန်တိတ်မှ ငါးမှာ ခေါင်းပုံဖြတ်ခံရသည့် ငါးဖမ်းလုပ်ငန်း အလုပ်သမားများ၏ သွေးများ စွန်းပေနေသည်ကို သိရှိသည် ဟုတ်မဟုတ် ကျွန်ုပ် သိချင်လှပါသည်။ အာဖရိက အနောက်ပိုင်း ကမ်းလွန်မှ အခြေအနေမှာ အလားတူဖြစ်ပါသည်။

Karavatchev က ပြောကြားသည်မှာ ၂၀၁၈ ခုနှစ်မှစ၍ အနည်းဆုံး သင်္ဘောဝန်ထမ်း ၁၇ ဉီးသည် ယူရူဂွေးနိုင်ငံ ရေပိုင်နက်ရှိ နိုင်ငံခြား ငါးဖမ်းသင်္ဘောများပေါ်၌ သေဆုံးခဲ့ကြသည်ဟုဆိုသည်။ သေဆုံးခဲ့သူများအနက် ရှစ်ဉီးမှာ အင်ဒိုနီးရှားနိုင်ငံမှဖြစ်ပြီး လေးဦးမှာ တရုတ်နိုင်ငံ၊ နှစ်ဦးမှာ ပီရူးနိုင်ငံနှင့် တစ်ဉီးမှာ ထိုင်ဝန်နိုင်ငံတို့မှ ဖြစ်ကြပါသည်။

 ကျွန်ုပ်တို့သည် Adan နှင့်တကွ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ သမဂ္ဂတို့အား ဤကိစ္စများအပေါ် မီးမောင်းထိုးပြသည့်အတွက် ကျေးဇူးတင်ပါသည်။ တစ်ဉီးစီမှာ လောဘဇောကြောင့် ၎င်းတို့ထံမှ ဆွဲခွာထုတ်ခံလိုက်ရသည့် ၎င်းတို့၏ ချစ်ခင်ခဲ့ရသော မိခင်၊ ဖခင်၊ ညီအစ်မ၊ ညီအစ်ကို၊ သမီး သို့မဟုတ် သားတို့အား ကိုယ်စားပြုပါသည်။ ဤလုပ်ငန်းကဏ္ဍကို ၎င်းတို့အကျိုးအတွက် သန့်ရှင်းပေးရမည်ဖြစ်ပါသည်။
 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.