Skip to main content

SG-STAR ရန်ပုံငွေ လုပ်ငန်းတပ်ဖွဲ့ (SG-STAR Fund Taskforce) သည် CrewSafe စစ်ဆေးရေး အစီအစဉ် (CrewSafe Audit Programme ) ကို ထူထောင်ပေးပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ဖက်စပ်သူ ပိုမိုအများအပြားအား ဆွဲဆောင်

04 Dec 2020
Press Release

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF))၊ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အလုပ်ရှင်များ ကောင်စီ (International Maritime Employers' Council (IMEC))၊ အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အဖွဲ့ (International Chamber of Shipping (ICS))၊ ပင်လယ်ရေကြောင်းနှင့် ဆိပ်ကမ်း အာဏာပိုင် စင်ကာပူ (Maritime and Port Authority of Singapore (MPA))၊ စင်ကာပူ သင်္ဘောလုပ်ငန်း အသင်း (Singapore Shipping Association (SSA))၊ စင်ကာပူ ပင်လယ်ရေကြောင်း အရာရှိများ သမဂ္ဂ (Singapore Maritime Officers’ Union (SMOU)) နှင့် စင်ကာပူ သင်္ဘောသားများ အဖွဲ့အစည်း (Singapore Organisation of Seamen (SOS)) တို့မှ ပူးတွဲ ထုတ်ပြန်ချက်။

 

မနီလာမြို့ရှိ ထိတွေ့မှုမရှိသည့် သီးခြားနေခြင်းဖြင့်နေခြင်း စီမံကိန်း (IMEC-ITF Quarantine Project) သည် CrewSafe အဖြစ်ကြေညာခဲ့သည်

စင်ကာပူ သင်္ဘောလုပ်ငန်း သုံးပွင့်ဆိုင် မဟာမိတ် ကြံ့ခိုင်ရေး ရန်ပုံငွေ (The Singapore Shipping Tripartite Alliance Resilience (SG-STAR) Fund) သည် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) ၊ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အလုပ်ရှင်များ ကောင်စီ (International Maritime Employers’ Council (IMEC)) နှင့် အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အဖွဲ့အစည်း (International Chamber of Shipping) အပါအဝင် အပြည်ပြည်ဆိုင်ရာ ဖက်စပ်သူများနှင့်အတူ လုပ်ဆောင်သည့် ဖိလစ်ပိုင်နိုင်ငံ၌ စတင်မည့် ဘေးကင်းလုံခြုံသော သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးများအတွက် ခိုင်မာသော ဖြေရှင်းချက်များနှင့်ပတ်သက်၍ သင်္ဘောသားလုပ်ငန်း နိုင်ငံများရှိ ပူးပေါင်းပါဝင်သူများနှင့်အတူလုပ်ကိုင်ရန် ပထမဉီးဆုံးသော တစ်ကမ္ဘာလုံးဆိုင်ရာ သုံးပွင့်ဆိုင် အစပျိုး ကနဉီးလုပ်ဆောင်ချက်ဖြစ်သည်။

  1. SG-STAR Fund ကို မကြာသေးမီက ပိုမိုများပြားသော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ထောက်ခံမှုဖြင့် ပူးပေါင်းလာကြခဲ့သည် - အဆိုပါ အဖွဲ့အစည်းများမှာ Global Maritime Forum Maritime Industry Crew Change Taskforce, INTERTANKO, Norwegian Shipowners’ Association, and World Shipping Council တို့အပြင် Abu Dhabi, Antwerp, Barcelona, Hamburg, Rotterdam, Sines, နှင့် Vancouver တို့မှ ဆိပ်ကမ်း အာဏာပိုင် ခုနှစ်ခုတို့လည်း ပါဝင်ပါသည်။  
  2. စင်ကာပူ သင်္ဘောလုပ်ငန်း အသင်းအဖွဲ့ (Singapore Shipping Association (SSA)) နှင့် ပင်လယ်ရေကြောင်းနှင့် ဆိပ်ကမ်း အာဏာပိုင် စင်ကာပူ (Maritime and Port Authority of Singapore (MPA))၊ စင်ကာပူ ပင်လယ်ရေကြောင်း အရာရှိများ သမဂ္ဂ (Singapore Maritime Officer’s Union) နှင့် စင်ကာပူ သင်္ဘောသား အဖွဲ့အစည်း (Singapore Organisation of Seamen) တို့မှ အဖွဲ့ဝင်များနှင့်အတူ ဉီးဆောင်ပေးလျက်ရှိသည့်  SG-STAR Fund Taskforce (SFTF) သည် CrewSafe audit programme အစီအစဉ်တစ်ရပ်ကို စင်ကာပူ၏ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး ပုံစံကို အခြေခံ၍ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ဘေးကင်းလုံခြုံပြီး တိုင်းတာနိုင်သည့် ‘ထွက်ရပေါက်များ’ အကောင်အထည်ဖော်ရန် ထူထောင်ပေးခဲ့ပါသည်။ ၎င်းသည် သင်္ဘောဝန်ထမ်း -ဖြန့်ချီပေးနေသည့် နိုင်ငံများ၌ ထိတွေ့မှုမရှိသည့် သီးခြားနေခြင်း/ထိန်းသိမ်းနေခြင်းနှင့် စစ်ဆေးရေး နေရာများတို့အား အရည်အသွေးရှိသော စိစစ်ခြင်းများကို သေချာစေရန် အထောက်အကူပြုပါလိမ့်မည်။ ပိုမို အသေးစိတ်ကို ကျေးဇူးပြု၍ နောက်ဆက်တွဲ A တွင်ကြည့်ပါ။
  3. SFTF သည် မကြာသေးမီက ဖွင့်လှစ်လိုက်သည့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ IMEC-ITF လုံခြုံသော ထိတွေ့မှုမရှိသည့် သီးခြားနေခြင်း လုပ်ငန်းစဉ်များနှင့် နေရာများ အမည်နာမအားဖြင့် St. Giles ဟိုတယ်နှင့် Marriot ဟိုတယ်တို့အပြင်  Marriot ဟိုတယ်နှင့် AMOSUP Seamen’s Hospital Molecular & PCR Laboratory ဓါတ်ခွဲခန်း၌ နော်ဝေး သင်္ဘောပိုင်ရှင်များ အသင်းက ပြုလုပ်သည့် လုံခြုံသော ထိတွေ့မှုမရှိသည့် သီးခြားနေခြင်း လုပ်ငန်းစဉ်များတို့ကို စိစစ်မှုများ လုပ်ရန်အတွက် စစ်ဆေးရေးမှူးများကို ခန့်အပ်လိုက်ပါသည်။ ဤနေရာများသည် အခြားသော သတ်မှတ်ချက်များအပြင် အောက်ဖော်ပြပါ ဘေးကင်းလုံခြုံသော စီမံကွပ်ကဲရေး အစီအမံများကိုလိုက်နာခြင်းဖြင့် CrewSafe သတ်မှတ်ချက်များကို လိုက်နာသည်ဟု SFTF က ၎င်း၏ ကျေနပ်မှုကို ထုတ်ဖော်ခဲ့ပါသည်။ ဤနေရာ လေးနေရာကို ကျေးဇူးပြု၍ နောက်ဆက်တွဲ B တွင်ကြည့်ပါ။
  4. SFTF သည် CrewSafe စစ်ဆေးရေး အစီအစဉ်ကို နောက်ထပ် တိုးချဲ့မှုများအတွက် ကြည့်ရှုနေလျက်ရှိသည်၊ သင်္ဘောဝန်ထမ်းများ ထိတွေ့မှုမရှိသည့် သီးခြားနေခြင်းဖြင့် နေစဉ် အီလက်ထရောနစ် အပျက်အစီးခံ ဝတ်ဆင်နိုင်သော စမတ် ကိရိယာများ အသုံးပြုမှုအပြင် သင်္ဘောပေါ် တက်ရောက်မည့် သင်္ဘောဝန်ထမ်းများအတွက် လုံခြုံစိတ်ချရသည့် စာရွက်စာတမ်း စီမံခြင်း အသုံးပြုမှု ပါဝင်နိုင်သည်။
  5. စစ်ဆေးရေးမှူးများ၏ ထောက်ခံချက်အားဖြင့် MPA သည် စင်ကာပူ၌ သင်္ဘောပေါ်တက်ရောက်မည့် ဤအသိအမှတ်ပြုခံရသော နေရာများမှ အလုပ်ဝင်မည့်- သင်္ဘောဝန်ထမ်းများအတွက် လျှောက်လွှာ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ပေးပါလိမ့်မည်၊ ဘေးကင်းပြီး တာဝန်သိတတ်သော နည်းလမ်းဖြင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို လွယ်ကူချောမွေ့စေမည့် ရည်ရွယ်ချက်များနှင့်အညီဖြစ်သည်။  
  6.  “ဘေးကင်းလုံခြုံသော သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို လွယ်ကူချောမွေ့စေရန် ကျွန်ုပ်တို့၏ တာဝန်ကို စင်ကာပူနိုင်ငံသည် အလေးအနက် တာဝန်ယူပါသည်။ ဤရောဂါကပ်ဘေးကြီးအတွင်း သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးအတွက် လက်တွေ့ကျကျ ဖြေရှင်းချက်များ ဖွံ့ဖြိုးမှု လျင်မြန်ရန်အတွက် ကျွန်ုပ်တို့၏ တစ်ကမ္ဘာလုံးဆိုင်ရာ သုံးပွင့်ဆိုင် ဖက်စပ်သူများနှင့်အတူ လုပ်ကိုင်ပေးရန် ကျွန်ုပ်တို့ နှစ်သက်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဘေးကင်းလုံခြုံသော သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို လွယ်ကူချောမွေ့စေရန် ကမ္ဘာလုံးဆိုင်ရာ ကနဉီး လုပ်ဆောင်ချက်အဖြစ် SG-STAR Fund က ဆောင်ရွက်သော CrewSafe နှင့် အခြားသော အစီအစဉ်များကို အသိအမှတ်ပြုရန် Abu Dhabi, Antwerp, Barcelona, Hamburg, Rotterdam, Sines, နှင့် Vancouver ဆိပ်ကမ်းများ၏ ထောက်ခံမှုတို့အပြင် Global Maritime Forum Maritime Industry Crew Change Taskforce, INTERTANKO, Norwegian Shipowners’ Association, နှင့် World Shipping Council ကဲ့သို့ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့အစည်းများမှ ထောက်ခံမှု ရရှိသည့်အတွက်လည်း နှစ်သက်လှပါသည် ကျွန်ုပ်တို့အနေဖြင့် ဤကမ္ဘာလုံးဆိုင်ရာ မဟာမိတ်ကို ကျွန်ုပ်တို့နှင့်အတူ ပူးပေါင်းရန်အတွက် စိတ်တူ-ဖက်စပ်သူများ နောက်ထပ် ပိုမို၍အများအပြားကို ကြိုဆိုနေလျက်ရှိပါသည်၊” ဟု MPA အလုပ်အမှုဆောင် အကြီးအကဲဖြစ်သူ Ms Quah Ley Hoon က ပြောကြားခဲ့သည်။
  7.  “SFTF သည် ဘေးကင်းပြီး လုံခြုံသည့် အဆောက်အအုံနေရာများကို သတ်မှတ်ပေးသည့် CrewSafe လုပ်ငန်းဖြစ်စဉ်အား တစ်ဖြည်းဖြည်းချင်း ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုခြင်းကို ရရှိစေရန် ရည်မှန်းထားပါသည်။ နိုင်ငံ အစိုးရများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက အဆိုပါ အသိအမှတ်ပြုခြင်းများအားဖြင့် ပိုမိုကျယ်ပြန့်သော ပူးပေါင်းလုပ်ဆောင်မှုနှင့်တကွ နိုင်ငံ့ နယ်စပ်များ တစ်လျှောက် သင်္ဘောဝန်ထမ်း လှုပ်ရှားမှုများနှင့်ပတ်သက်၍ ရေရှည်-ဖြေရှင်းချက်တစ်ရပ် ဖော်ထုတ်ပေးရန် သေချာပါလိမ့်မည်၊” ဟု SSA ကောင်စီ အဖွဲ့ဝင်နှင့် SFTF ဥက္ကဌဖြစ်သူ Mr Nitin Mathur က ပြောကြားခဲ့သည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.