Skip to main content

အစိုးများ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်လျက်ရှိနေကြောင်း UN အေဂျင်စီရုံးမှ တွေ့ရှိ

04 Jan 2021
Press Release
Photograph: by Kent BJV Hortillosa
Photograph: by Kent BJV Hortillosa
  • အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (International Labour Organisation (ILO)) ၏ သမိုင်းဝင် စီရင်ချက်အရ တွေ့ရှိသည်မှာ အစိုးရများအနေဖြင့် COVID-19 ရောဂါကပ်ဘေးကြီး အတောအတွင်း သင်္ဘောသားများ၏ အခွင့်အရေးများကို ဖောက်ဖျက်ခဲ့ကြပြီး ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (Maritime Labour Convention) ၏ ပူးပေါင်းဆောင်ရွက်ပေးရန် တာဝန် နှင့်ပတ်သက်သည့် စာချုပ်အပိုဒ် I(2) အပါအဝင် ပြဌာန်းချက် အများအပြားကို လိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု ဆိုပါသည်။
  • UN အေဂျင်စီရုံးသည် သင်္ဘောသားများအား အဓိက အလုပ်သမားများအဖြစ် “နှောင့်နှေးမှု မရှိစေဘဲ” အသိအမှတ်ပြုပေးရန် နိုင်ငံများအပေါ် တောင်းဆိုပါသည်။
  • ဥပဒေ ကျွမ်းကျင်သူများ၏ အဆင့်မြင့် ကော်မတီက ထပ်ဆင့်၍ တင်ပြသည်မှာ "အကျပ်အတည်း ဖြစ်ပွားနေသည့် အချိန်အတိအကျ၌ MLC ၏ အကာအကွယ်ပေးသည့် ပြဌာန်းချက်များမှာ တင်းပြည့်ကျပ်ပြည့် အာဏာသက်ရောက်မှု ရှိရသင့်သည်” ဟုဆိုပါသည်။

သမိုင်းဝင် စီရင်ချက်၌ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၏ ကျွမ်းကျင်သူများ ကော်မတီ (International Labour Organisation’s (ILO) Committee of Experts) က အစိုးရများထံသို့ ခိုင်မာသည့် မှာကြားချက်တစ်ရပ် ပေးပိုခဲ့သည်မှာ ၎င်းတို့သည် COVID-19 ရောဂါကပ်ဘေးကြီး အတောအတွင်း၌ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ သင်္ဘောသားများအပေါ် ထားရှိရမည့် ၎င်းတို့၏ စောင့်ရှောက်ရမည့်တာဝန်ကို ပျက်ကွက်ခဲ့သည်ဖြစ်ပါသည်။

၎င်း၏ ပထမ စီရင်ချက်တွင် ထင်ပေါ်ကျော်ကြားသည့် ဥပဒေ ပညာရှင် အယောက် ၂၀ ပါဝင်သည့် ကော်မတီက တွေ့ရှိခဲ့သည်မှာ ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် ၂၀၀၆ ခုနှစ် (Maritime Labour Convention (MLC) 2006) အရ အပြည်ပြည်ဆိုင်ရာ ဥပဒေတွင် ပြဌာန်းထားသည့် သင်္ဘောသားများ၏ အခွင့်အရေးများအား အကာအကွယ်ပေးရန်အတွက် အနည်းဆုံးစံနှုန်းကို ကာကွယ်ပေးရန် အစိုးရများသည် အရှိအတိုင်း ပျက်ကွက်ခဲ့သည်ဖြစ်သည်။

အဆိုပါ တွေ့ရှိချက် ထုတ်ပြန်ပြီးနောက် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) နှင့် အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အဖွဲ့ (International Chamber of Shipping (ICS)) တို့ထံမှ တင်သွင်းလွှာများ တင်သွင်းခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ အဖွဲ့ချုပ်၏ ကျွမ်းကျင်သူများ ကော်မတီ (ILO Committee of Experts) ၏ နိုင်ငံ့အစိုးရများထံ ပေးပို့သည့် တွေ့ရှိချက် အပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုနိုင်သည်။

စီရင်ချက်ကို တုံ့ပြန်သောအနေဖြင့် ITF အထွေထွေအတွင်းရေးမှူးဖြစ်သူ Stephen Cotton နှင့် ICS အတွင်းရေးမှူးချုပ်ဖြစ်သူ Guy Platten တို့သည် ပူးတွဲ ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

 “သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကို အစိုးရများအား လပေါင်းများစွာ ကတည်းက ဖြေရှင်းပေးခိုင်းခဲ့သည်၊ ယခုသော် အဖွဲ့ဝင်နိုင်ငံများ၏ တရားမဝင် လုပ်ဆောင်ချက်များကြောင့် သင်္ဘောများပေါ်၌ ရှိနေသေးသော ထောင်ပေါင်း ရာနှင့်ချီသော သင်္ဘောသားများအား ကူညီပေးရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း  ၎င်းတို့အား ပြောကြားခဲ့သည်။”

 “ဤစီရင်ချက်က ရှင်းရှင်းလင်းလင်း စီရင်သည်မှာ နိုင်ငံများအနေဖြင့် သင်္ဘောသားများအား သင်္ဘောသားများအဖြစ်၊ အလုပ်သမားများအဖြစ်နှင့် လူသားအဖြစ် ၎င်းတို့၏ အခြေခံအခွင့်အရေးများကို ၎င်းတို့အား ခံစားခွင့် မပြုစေဘဲ ကန့်သတ်ချက်မရှိ အလုပ်လုပ်စေရန်၊ ကမ္ဘာကြီးအား အစားအစာ၊ ဆေးဝါးနှင့် အခရာကျသည့် ဖြန့်ချီပစ္စည်းများ ဖြန့်ချီပေးရန်၊ ဆက်လက်၍ မျှော်လင့်နေသည်မှာ ဉပဒေနှင့် လူ့ကျင့်ဝတ်သိက္ခာ နှစ်မျိုးလုံးအရ မှားယွင်းပါသည်။ ဤသမိုင်းဝင် စီရင်ချက်သည် သင်္ဘောသားများ၏ သမဂ္ဂများနှင့် သင်္ဘောပိုင်ရှင်များ လွန်ခဲ့သည့် ကိုးလကတည်းက ပြောနေလျက်ရှိသည့် အရာကို ရှင်းရှင်းလင်းလင်း ရည်ညွှန်းလိုက်ခြင်းပင်ဖြစ်ပါသည်။”

 “ဤစီရင်ချက်က ရှင်းရှင်းလင်းလင်းလုပ်လိုက်သည်မှာ အစိုးရ အားလုံးသည် အပြည်ပြည်ဆိုင်ရာ ဥပဒေကို လိုက်နာရန် လိုအပ်မည်ဖြစ်ပြီး သင်္ဘောသားများအား အဓိက အလုပ်သမားများအဖြစ် လက်တွေ့ကျကျ အရေးပေါ် အသိအမှတ်ပြုရန် လိုအပ်မည်ဖြစ်သည်။ ဆိုလိုသည်မှာ    သင်္ဘောသားများအား ဆေးဝါးကုသရေးအတွက် ဆိပ်ကမ်းများ၌ ဆင်းခွင့်ပြုရန်ဖြစ်သည်။ ဆိုလိုသည်မှာ သင်္ဘောသားများအား ၎င်းတို့၏ အလုပ်ကန်ထရိုက်ပြီးဆုံးချိန်၌ အိမ်ပြန်ရန်အတွက် လေယာဥ်ကွင်းများသို့ သွားလာနိုင်ခွင့်ပေးရမည်ဖြစ်သည်။ ထို့ပြင် ၎င်းကဆိုလိုသည်မှာ အစားထိုးမည့် သင်္ဘောဝန်ထမ်းများအား စောင့်ဆိုင်းနေလျက်ရှိသော သင်္ဘောများဆီသို့ သွားရောက်နိုင်ရန် ဗျူရိုကရေစီ လုပ်ထုံးများ မရှိစေဘဲ နိုင်ငံ၏ နယ်စပ်ကို ဖြတ်ကျော်ခွင့်ပြုခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ ၄၆ နိုင်ငံသာ သင်္ဘောသားများအား အဓိက အလုပ်သမားများအဖြစ် သတ်မှတ်ပေးထားသည်၊ ၎င်းသည် မလုံလောက်သေးပါ။”

 “အစိုးရများ ၎င်းတို့၏ တာဝန်များကို မည်သို့ပျက်ကွက်ခဲ့ကြောင်း ဖော်ပြရာ၌ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ကျွမ်းကျင်သူများ ကော်မတီ (ILO Committee of Experts) မှ ဝင်ရောက်စွက်ဖက်မှုကို ကျွန်ုပ်တို့ ကြိုဆိုပါသည်။ ကော်မတီသည် အစိုးရများ၏ လိုအပ်သော ပူးပေါင်းလုပ်ဆောင်ချက် အားနည်းမှုအပေါ် ဝေဖန်သုံးသပ်ရာ၌ ဘက်လိုက်မှုကင်းပါသည်။ ၎င်းသည် နိုင်ငံများအပေါ် အခြေအနေကို ကြာရှည်နေအောင် လုပ်ထားခြင်းအတွက် ဝေဖန်လိုက်ပါသည်။”

 “သို့သော်လည်း ၎င်းသည် အဆိုပါကိစ္စကို ကျွန်ုပ်တို့ မည်သို့ အတူတကွ ဖြေရှင်းနိုင်သည်ကိုလည်း ရှင်းလင်း ဖော်ပြထားပါသည်။ ၎င်းသည် ကျွန်ုပ်တို့ တွေ့ဘူးသမျှ ကျွမ်းကျင်သူများ၏ စူးစမ်းမှုများအနက် တိုက်ရိုက်အဖြစ်ဆုံးနှင့် အထိရောက်ဆုံးဖြစ်ပါသည်။ ထို့ပြင် ဤလူသားချင်းစာနာရမည့် အကျပ်အတည်းကို မည်သို့ဖြေရှင်းရန်အတွက်နှင့် ကမ္ဘာ့ကုန်စည်ဖြန့်ချီရေး ကွင်းစက်များက အားထားနိုင်မည့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး စနစ် ပုံမှန် လုပ်ဆောင်မှုဆီသို့ ပြန်လုပ်စေရန်အတွက် ဖြေရှင်းချက်ပုံကြမ်းကို ရေးဆွဲထားပြီးဖြစ်ပါသည်။ အဆိုပါ ဖြေရှင်းချက် ပုံကြမ်းကို အကောင်အထည်ဖော်ပေးရန်နှင့် COVID-19 ကာကွယ်ဆေးများအတွက် သင်္ဘောသားများအား အဓိက အလုပ်သမားများအဖြစ် အရေးပေါ် ဦးစားပေးသတ်မှတ်ရန် ဤတွေ့ရှိချက်အား လိုက်နာကြောင်း ရှင်းရှင်းလင်းလင်း တင်ပြသောအနေဖြင့် အစိုးရများအပေါ် မူတည်ပါသည်။”

သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်း
Covid-19 ကမ္ဘာ့ရောဂါကပ်ဘေးကြီးကြောင့် နိုင်ငံဆိုင်ရာ ခရီးသွားလာရေး ပိတ်ပင်ကန့်သတ်ချက်များကို သွတ်သွင်းမှုသည် အိမ်ပြန်၍ မရနိုင်ဖြစ်နေသည့် သို့မဟုတ် အလုပ်အစားထိုး လွှဲပြောင်း၍ မရနိုင်သည့် သင်္ဘောသား အယောက် 400,000 ကို မတရား ထိခိုက်ခဲ့ပါသည်။ ထောင်ပေါင်း ရာနှင့်ချီသော အလုပ်သမားများအား ၎င်းတို့၏ အလုပ်ကန်ထရိုက်များကို အတင်းအကျပ် သက်တမ်းတိုးခံနေရလျက်ရှိပြီး လက်ရှိ၌ ပင်လယ်ပြင်တွင် ချောင်ပိတ်မိခံနေရသည် သို့မဟုတ် ၎င်းတို့၏ အလုပ်တာဝန်ကို စတင်လုပ်ရန် စောင့်ဆိုင်းနေလျက်ရှိကြသည်။
လက်ရှိ အခြေအနေမှာ သင်္ဘောသားများ၏ ဘေးကင်းလုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်ရေးကို အန္တရာယ်ရှိနေသည်။

သင်္ဘောသားများအား သင်္ဘောပေါ်မှ အဆင်းအတက်လုပ်၍ အလှည့်ကျအလွှဲအပြောင်းလုပ်ရန် မစွမ်းဆောင်နိုင်မှု ဆက်လက်ဖြစ်ပေါ်နေခြင်းသည် သင်္ဘောများအတွက် အခရာကျသည့် ကုန်ပစ္စည်းများကို နိုင်ငံများ အလိုအပ်ဆုံးဖြစ်နေချိန်၌ သယ်ဆောင်ပေးရန် စွမ်းဆောင်ရည်ကို အကြီးအကျယ် ခြိမ်းခြောက်လျက်ရှိပါသည်။  

ICS နှင့် ITF တို့သည် သင်္ဘောသားများအား အဓိက အလုပ်သမားများအဖြစ် ကဗျည်းတပ်ပေးရန်နှင့်တကွ ၎င်းတို့၏ အခွင့်အရေးများကို Covid-19 ရောဂါကပ်ဘေးကြီးကြောင့် မချိုးဖောက်ခံရစေရန် သေချာအောင် တစ်နှစ်မျှ လှုံ့ဆော်ပေးခဲ့ပါသည်။
 

မီဒီယာ အဆက်အသွယ်-  
ITF: Rory McCourt, +44 (0) 7711 356 964 or media@itf.org.uk  
ICS:  Oliver Aplin, +44 (0) 7851 552441 or ICS@woodrowcommunications.com  
 
တည်းဖြတ်သူများသို့ အမှာစာ-

အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ကျွမ်းကျင်သူများ ကော်မတီ၏ ထုတ်ပြန်ချက် အပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုပါ။

ICS အကြောင်း
အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အဖွဲ့ (The International Chamber of Shipping (ICS)) သည် ကုန်ကူးသန်းသည့် သင်္ဘောပိုင်ရှင်များနှင့် လုပ်ငန်းလုပ်ကိုင်သူများအတွက် အဓိက အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး အသင်းအဖွဲ့ဖြစ်သည်၊ အားလုံးသော လုပ်ငန်းကဏ္ဍများနှင့် ကုန်သွယ်ရေးများနှင့်တကွ ကမ္ဘာ့ကုန်သွယ် သင်္ဘောများ၏ 80% ကျော်ကို ကိုယ်စားပြုလျက်ရှိပါသည်။

ITF အကြောင်း
အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ်သည် နိုင်ငံပေါင်း ၁၅၀ မှ အဖွဲ့ဝင် အလုပ်သမား သမဂ္ဂ ၇၀၀ နီးပါးကို ဆက်သွယ်ပေးသည်၊ ၎င်းတို့၏ အဖွဲ့ဝင်များအား အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိစေရန် ကူညီပေးလျက်ရှိသည်။ ITF သည် သင်္ဘောသား တစ်သန်းကျော် အပါအဝင် ကမ္ဘာအနှံ့ အလုပ်လုပ်ကိုင်လျက်ရှိသော အမျိုးသား အမျိုးသမီး သန်း ၂၀ ကျော်အတွက် ပြောဆိုသံ သဘောထားတစ်ရပ်ဖြစ်သည်။

ILO ကျွမ်းကျင်သူများ ကော်မတီ အကြောင်း

ကျွမ်းကျင်သူများ ကော်မတီကို ၁၉၂၆ ခုနှစ်တွင် အတည်ပြုပြီးဖြစ်သည့် စာချုပ်များနှင့်ပတ်သက်၍ အစိုးရ သတင်းပို့ချက်များ တိုးပွားလာမှုအပေါ် လေ့လာစုံစမ်းရန် တည်ထောင်ခဲ့သည်။ ယနေ့တွင် ၎င်းကို အုပ်ချုပ်ရေး အဖွဲ့မှ ခန့်အပ်ထားသည့် ထင်ပေါ်ကျော်ကြားသော ဥပဒေ ပညာရှင် အယောက် ၂၀ ဖြင့် သုံး-နှစ် သက်တမ်းကာလအတွက် ဖွဲ့စည်းထားသည်။ ကျွမ်းကျင်သူများမှာ အမျိုးမျိုးသော ပထဝီ နယ်မြေဒေသများ၊ ဥပဒေဆိုင်ရာ စနစ်များနှင့် ယဥ်ကျေးမှုများမှ ဖြစ်ကြပါသည်။  ကျွမ်းကျင်သူများ ကော်မတီ၏ အခန်းကဏ္ဍမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် အဖွဲ့ဝင် နိုင်ငံများတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမား စံနှုန်းများ အသုံးချမှုကို ဘက်လိုက်မှုကင်းပြီး နည်းပညာဆိုင်ရာအရ စိစစ်အကဲဖြတ်ပေးရန် ဖြစ်သည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.