Skip to main content

သတင်းစဉ်- လူသားမဆန်သော ထောင်ချောက်ထဲ ပိတ်မိနေသော စွန့်ပစ်ခံ Palmali သင်္ဘောဝန်ထမ်းများကို တူရဂီနိုင်ငံ လွတ်မြောက်ပေးနိုင်

23 Feb 2021

လူသားဆန်သည့် အားထုတ်မှုဖြစ်သည့် အစာရေစာ ပံ့ပိုးပေးခြင်း၊ အိမ်ပြန်ပို့ခြင်းနှင့် သင်္ဘောသားများ၏ ရရန်ရှိသည့် လုပ်ခများအတွက် တိုက်ပွဲဝင်ပေးခြင်းတို့ကို အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) နှင့် ၎င်း၏ စိစစ်ရေးမှူးများက ဦးဆောင်၍ လုပ်ဆောင်ပေးခဲ့သည်။

ဤအပတ်၌ Mübariz Mansimov Gurbanoğlu’s Palmali သင်္ဘောလုပ်ငန်း ကုမ္ပဏီမှ ပိုင်ဆိုင်သည့် သင်္ဘောတစ်စီး Captain Nagdaliyev (IMO 9575307) ပေါ်မှ သင်္ဘောသား လေးဉီးသည် အိမ်ပြန်ရန်အတွက် အားထုတ်ရာ၌ အစာငတ်ခံ ဆန္ဒပြမှုကြောင့် လက်ဘနွမ် အာဏာပိုင်များက လွှတ်ပေးလိုက်ပါသည်။ အဆိုပါ ရေနံတင် သင်္ဘောကို ၂၀၂၀ ခုနှစ် မေလ ၁၂ ရက်နေ့တွင် ဘေးရုဒ် ဆိပ်ကမ်း၌ ဖမ်းဆီးခဲ့ပြီး ၎င်း၏ သင်္ဘောဝန်ထမ်းများကို အစာရေစာ၊ လောင်စာဆီနှင့် လုပ်ခများ မပေးဘဲ ၁၀ လကျော် စွန့်ပစ်ထားသည့်အခါ ဖမ်းဆီးခြင်းဖြစ်သည်။

ITF အာရတ်ကမ္ဘာနှင့် အီရန် ကွန်ခြာ ညှိနှိိုင်းရေးမှုးဖြစ်သူ Mohamed Arrachedi က ပြောကြားခဲ့သည်မှာ Palmali စွန့်ပစ်မှု ကိစ္စသည် သူ မြင်ဘူးသမျှ အဆိုးရွားဆုံးဖြစ်သည်ဟု ဆိုသည်။ မောလ်ဒိုက်နိုင်ငံ ITF စိစစ်ရေးမှူးဖြစ်သူ Paul Falzon နှင့် အီတလီ-အခြေစိုက် စိစစ်ရေးမှူးဖြစ်သူ Livia Martini တို့နှင့်အတူတွဲဖက် လုပ်ကိုင်ခြင်းဖြင့် ITF စိစစ်ရေးမှူးရုံးချုပ်သည် အသက်ကယ်ဆယ်ရေး ရိက္ခာများကို Palmali ၏ ယခင် သင်္ဘောများပေါ်ရှိ သင်္ဘောသားများ ဆက်လက် အသက်ရှင်နေစေရန် ပို့ပေးခဲ့ရပါသည်။

တူရဂီနိုင်ငံသည် လပေါင်းများစွာ လွတ်မြောက်ရေးကို ငြင်းဆိုခဲ့ကြသည်၊ သင်္ဘောသားများမှာ အမှောင်ထုထဲတွင် ငတ်ပြတ်နေခဲ့ရသည်
အီစတန်ဘူလ်မြို့၌ Palmali ပိုင်ဆိုင်သည့် သင်္ဘော ခြောက်စီးမှာ ဆိပ်ကမ်း၌ ကုမ္ပဏီ မွဲပြာကျသွားခြင်းကြောင့် စွန့်ပစ်ခံခဲ့ရသည်။ သင်္ဘောများပေါ်ရှိ သင်္ဘောသားများသည် တူရဂီ အာဏာပိုင်များက သင်္ဘောမှ ဆင်းခွင့်ပြုရန် ငြင်းဆိုခဲ့သဖြင့် ကိုးလကျော် ချောင်ပိတ်မိခံခဲ့ရသည်။

 “စက်ဆုတ်ဖွယ်ကောင်းသည်၊” သင်္ဘောသားများအား အိမ်ပြန်ပို့ရန် မနားမနေ လုပ်ကိုင်ပေးလျက်ရှိသည့် အဖွဲ့ ITF စိစစ်ရေးမှူးချုပ်ရုံး ညှိနှိုင်းရေးမှူးဖြစ်သူ Steve Trowsdale က ပြောကြားခဲ့သည်။ “ဤလူများမှာ လုံးဝ အသည်းအသန် ဖြစ်နေကြသည်။ သူတို့တွင် စာနပ်ရိက္ခာနှင့် သောက်သုံးရေ နည်းနေပြီဖြစ်သည်။ အချို့သင်္ဘောများတွင် လောင်စာဆီ အနည်းအကျဉ်းသာရှိပြီး သူတို့အနေဖြင့် လျှပ်စစ်မီး မရှိဘဲ မီးမှောင်ချ၍ နေရမည်ဖြစ်သည်။
သင်္ဘော Lerik (IMO 9575319) သည် ယမန်နှစ် မေလကစ၍ အီစတန်ဘူလ်မြို့၌ စွန့်ပစ်ခံရသော သင်္ဘောများအနက် တစ်စီး ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် သင်္ဘော၌ ဝင်ရောက်လုပ်ကိုင်ခဲ့သည့် တောင့်တင်းသည့် သင်္ဘောဝန်ထမ်း ၁၀ ဦးတို့မှာ နှစ်နှစ် နီးပါး လုပ်ခ မရရှိခဲ့ပါ။ သင်္ဘော Lerik ၏ သင်္ဘောဝန်ထမ်းများတွင် ၂၀၂၀ ခုနှစ် စောစောပိုင်းကာလ၌ အစာရေစာ ပြတ်လပ်ခဲ့ပြီး လျှပ်စစ်မီး မရှိ သို့မဟုတ် မီးထွန်းခြင်း မရှိ နေခဲ့ရသည်။

Gurbanoğlu အား ထောင်သွင်းအကျဉ်းချသည့်ကိစ္စမှာ ရှုပ်ထွေးခဲ့သည်၊ သင်္ဘောများနှင့် စပ်လျဉ်းသည့် P&I (အာမခံ) တာဝန်များတွင် ပုံမှန် ပြောင်းလဲချက်များလည်း ပြောင်းလဲခဲ့သည်။

ဘီလီယံနာသူဌေးကို တူရဂီ အာဏာပိုင်များက ၂၀၁၆ ခုနှစ် သမတ္တ Recep Tayyip Erdoğan ကို ဆန့်ကျင်၍ ရှုံးနိမ့်သွားသည့် အာဏာသိမ်းမှု ခေါင်းဆောင်များနှင့် ပူးပေါင်းသည်ဟု စွပ်စွဲခဲ့သည်။

 “သင်္ဘောဝန်ထမ်း ထောက်ပံ့ရေး ပြဿနာ ထင်ပေါ်လာရခြင်း၏ အကြောင်းအချက်မှာ ၂၀၂၀ ခုနှစ် အတွင်း P&I တာဝန်သည် သုံးကြိမ် ပြောင်းလဲခဲ့သည်၊ ပြောင်းလဲမှု တစ်ခုချင်းတွင် တာဝန်ကို တစ်ဉီးမှ တစ်ဉီး ပခုံးလွှဲပေးခြင်းဖြစ်ကာ ၎င်းကိစ္စ၌ P&I ဝင်ရောက်စွက်ဖက်ခဲ့ရသည်၊ ၎င်းတို့က သင်္ဘောဝန်ထမ်းများ ထောက်ပံ့ရေးကို လက်မခံရန် ဆုံးဖြတ်ခဲ့သည်၊” ဟု Trowsdale က ပြောကြားခဲ့သည်။

အာမခံကုမ္ပဏီများနှင့် အလံတင်နိုင်ငံများ၏ တာဝန်ယူမှု နည်းပါးသည့်ကိစ္စ၌ များသောအားဖြင့် ဆိပ်ကမ်း နိုင်ငံများ အပေါ် တာဝန်ကျရောက်ပါသည် - သင်္ဘော ဆိုက်ကပ်ထားရာနေရာ၌ အရေးယူ ဆောင်ရွက်ရန်ဖြစ်သည်။

 “ဟုတ်ပါသည်၊ ၎င်းကိစ္စတွင် ကြီးမားသည့် ကုန်ကျစရိတ်များ ပါဝင်ပါသည်၊” သင်္ဘောဝန်ထမ်းများအား လွတ်မြောက်ပေးရန်နှင့် အိမ်ပြန်ပို့ရန် တူရဂီနိုင်ငံ၏ တာဝန်နှင့်ပတ်သက်၍ Trowsdale က ပြောကြားခဲ့သည်။ “ဤဆိပ်ကမ်းများ၌ သင်္ဘောများအား လောင်စာဆီ ပြန်ဖြည့်ပေးပြီး ထောက်ပံ့ပေးရန် ဖြစ်ပါသည်။ စောင့်ကြည့်ရမည့်အဖွဲ့များကို ဖွဲ့စည်းရန် လိုအပ်ပါသည်။ တူရဂီ အာဏာပိုင်များသည် ‘သစ္စာဖေါက်’ ဟု သတ်မှတ်ခံရသည့် တစ်စုံတစ်ယောက် ပိုင်ဆိုင်သော သင်္ဘောများအတွက် အထောက်အပံ့ကို ပေးရန် ငြင်းဆိုကောင်း ငြင်းဆိုနိုင်ပါသည်- သို့သော် သင်္ဘောသားများ၏ သာယာကောင်းမွန်ရေးသည် နိုင်ငံရေး၏ အထက်တွင် ရှိရလိမ့်မည်။”

 “အစိုးရများသည် မိမိတို့၏လူများ ပိုင်ဆိုင်သော၊ မိမိတို့၏ မှတ်ပုံတင်တွင် အလံတင်မှတ်ပုံတင်ထားသော သို့မဟုတ် မိမိတို့၏ ဆိပ်ကမ်းများတွင် ဆိုက်ကပ်ထားသော သင်္ဘောများပေါ်ရှိသူများ၏ အသက်များနှင့် ကျန်းမာရေးကို ထိန်းသိမ်းပေးရန် ဥပဒေအရနှင့် ကျင့်ဝတ်အရ တာဝန်ရှိသည်။ အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း စနစ် တစ်ရပ်ထားရှိခြင်း၏ ပေးဆပ်မှု တစ်ခုဖြစ်သည်။ သူတို့သည် သင်္ဘောသားများ၏ အခွင့်အရေးများကို လေးစားရန် ကောက်ယူ ရွေးချယ်၍ မရနိုင်ပါ၊” သူ ပြောကြားခဲ့သည်။

အဆိုပါ ကိစ္စကို ဆောင်ရွက်ရင်း ITF စိစစ်ရေးမှူးဖြစ်သူ Paul Falzon က ပြောကြားခဲ့သည်မှာ သင်္ဘောများနှင့် ပတ်သက်ပြီး ကိုးလ ချောင်ထိုးခံရခြင်းမှာ သင်္ဘောသားများအပေါ် ထိခိုက်နေလျက်ရှိခဲ့ကြသည်။

 “၎င်းတို့သည် ဤသင်္ဘောများပေါ်၌ ချောင်ပိတ်မိခံနေရသည်။ ၎င်းတို့၏ ကျန်းမာရေးနှင့် သာယာကောင်းမွန်ရေးကို ထိခိုက်ခံနေရသည်။ ၎င်းတို့တွင် ၎င်းတို့၏ လွတ်မြောက်ရေးအတွက် အခွင့်အရေး ရှိသည်။ တူရဂီအာဏာပိုင်များသည် ၎င်းတို့အား ၎င်းတို့၏လွတ်မြောက်ရေးကို ငြင်းဆိုနေပါသည် – ဤကိစ္စမှာ ဆက်လက် ဖြစ်မနေနိုင်ပါ၊” ဟု Falzon က ပြောကြားခဲ့သည်။

အီတလီနိုင်ငံ၏ ပိုမို လူသားဆန်သော နည်းလမ်း
တူရဂီနိုင်ငံ အာဏာပိုင်များ၏ ငြင်းဆိုမှုများကို ဆန့်ကျင်၍ ၎င်းတို့၏ ဆိပ်ကမ်းများတွင် အစားအစာ၊ လောင်စာဆီနှင့် အိမ်ပြန်ပို့ရေး၌ ထောက်ပံ့ပေးရန်- အီတလီနိုင်ငံ ဆိပ်ကမ်းများ၌ ချောင်ပိတ်မိခံနေရသည့် Palmali သင်္ဘောများပေါ်တွင် သင်္ဘောသားများသည် ပိုမိုအများအပြား ကောင်းမွန်စွာ ဆက်ဆံခံရပါသည်။

ဥပမာအားဖြင့်၊ သင်္ဘော Gobustan (IMO 9575321) ကို Ravenna ၌ Palmali မွဲပြာကျသွားသည့်အခါ စွန့်ပစ်ခဲ့သည်။ ၂၀၂၀ ခုနှစ် ဇူလိုင်လမှစ၍ သင်္ဘောဝန်ထမ်းများသည် လေးလ ချောင်ပိတ်မိခံခဲ့ရသည်။

ITF သည် ဆိပ်ကမ်း၊ အာမခံ ကုမ္ပဏီများနှင့် အခြား ပတ်သက်သည့်ဘက်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်၊ သင်္ဘောဝန်ထမ်း ၁၃ ဉီးမှာ စက်တင်ဘာလ ကုန်ပိုင်းတွင် အိမ်ပြန််နိုင်ခဲ့သည်။ သင်္ဘော Gobustan ၏ သင်္ဘောဝန်ထမ်းများသည် သင်္ဘော ရောင်းရငွေမှ ရရန်ရှိသည့် လုပ်ခများအတွက် ပြန်လည်ရရှိရေးကို တိုက်ပွဲဝင်ပေးရန် ITF ရှေ့နေများသို့ ကိုယ်စားလှယ်လွှဲစာ ပေးခဲ့ပါသည်။ လုပ်ခများအတွက် တိုက်ပွဲဝင်မှု ဆက်လက် ဖြစ်ပွားနေစဉ် သင်္ဘောသားများအနေဖြင့် ၎င်းတို့ရရန်ရှိသည့် လုပ်ခများကို အချိန်တန်လျှင် အနည်းဆုံး ရထိုက်သည့်အစုကို လက်ခံရရှိရန် ITF အနေဖြင့် မျှော်လင့်ပါသည်၊ ဟု Trowsdale က ပြောကြားခဲ့သည်။

 “ယခုအချိန်၌ ၎င်းတို့သည် အိမ်ပြန်ရောက်နေပြီး ၎င်းတို့၏ နေ့စဉ် ဘဝအတိုင်း နေထိုင်နိုင်နေပြီဖြစ်ပါသည်။ အားလုံးသော သင်္ဘောသားများမှာ Palmali ၏ မွဲပြာကျသည့် ပထမနေ့ရက်မှစ၍ ထိခိုက်ခံခဲ့ရသည်။ ၎င်းသူတို့သည် ၎င်းတို့၏ လွတ်မြောက်မှုကို ရထိုက်ခွင့်ရှိသည်၊” ဟု သူက ပြောကြားခဲ့သည်။

သင်္ဘောသား ဆယ့်နှစ်ဉီး- Khosrov Bey သင်္ဘောပေါ်မှ ကိုးဉီးနှင့် General Shikhlinsky သင်္ဘောပေါ်မှ သုံးဉီး၊ မှာ Oristano ဆိပ်ကမ်း၌ စွန့်ပစ်ခံရသည့် သင်္ဘောများပေါ်တွင် ဆက်လက်ရှိနေသည်၊ ၎င်းသူတို့သည် ITF စိစစ်ရေးမှူးဖြစ်သူ Livia Martini ထံမှ ပံ့ပိုးမှု ဆက်လက် ရရှိနေသည်။

ဒေါ်လာ $3.2 သန်း Palmali အလုပ်သမားများသို့ ကြွေးတင်ရှိနေသည်
သင်္ဘောဝန်ထမ်းများသို့ ကြွေးတင်ရှိနေသည့် ဒေါ်လာငွေမှာ သုံးသန်းကျော် ရှိနေသေးသည်။ ၎င်းတွင် သင်္ဘောပေါ်ရှိ သင်္ဘောသားများနှင့် အိမ်မှ လုံခြုံစွာ ယခု ရှိနေသူများ ပါဝင်သည်။

အဆိုပါငွေမှာ သင်္ဘောသားများနှင့် ၎င်းတို့၏ မိသားစုများအတွက် Covid-ကာလ အတွင်း မရှိမဖြစ် လိုအပ်ပါသည်၊ စီးပွားရေးကျဆင်းမှုများမှာ မိခင်နိုင်ငံနှင့် မိသားစုများအပေါ် ၎င်းတို့၏ အဓိက ဝင်ငွေရှာသူ၏ ဝင်ငွေ မရှိသည့်အခါ များသောအားဖြင့် အကြွေးပိုမိုကြီးမားလာခဲ့သည်။

စုစုပေါင်းအားဖြင့် အမေရိကန်ဒေါ်လာငွေ USD $3.2 သန်းကျော်သည် Palmali ၏ သင်္ဘော ၁၂ စီးတွင် လုပ်ကိုင်လျက်ရှိသော သင်္ဘောသားများသို့ အကြွေးတင်လျက်ရှိသည်။

ITF နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းတို့မှ သတင်းအချက်အလက်များအပေါ် မူတည်၍ Bloomberg သည် ဤဇယားကို ထုတ်ပေးခဲ့သည်-

 

Palmali ၏ စွန့်ပစ်ထားသော သင်္ဘောများနှင့် သင်္ဘောဝန်ထမ်းများ
Palmali သင်္ဘော ၁၂ စီးပေါ်ရှိ သင်္ဘောသားများသည် လုပ်ခ ဒေါ်လာငွေ $ 3.2 သန်းကျော် ရရန်ရှိသည်
 
                               ဆိပ်ကမ်း        နိုင်ငံ         ရရန်ရှိသည့် လုပ်ခများ $    # သင်္ဘောသားများ၏

ရရာရင်းမြစ်-ITF, IMO နောက်ဆုံး အစီရင်ခံချက်များ
* Agdash ကို စွန့်ပစ်ထားပြီးနောက် နိုဝင်ဘာလတွင် ပိုင်ရှင်အသစ်သို့ ရောင်းချခဲ့ပြီး သင်္ဘောဝန်ထမ်းများ၏ လုပ်ခကို ယခုအခါ ပေးချေပြီးဖြစ်သည်။ * Captain Nagdaliyev သင်္ဘောဝန်ထမ်းများသည် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် လက်ဘနွမ်နိုင်ငံမှ ထွက်ခွာရန် မျှော်လင့်ထားသည်။

 

Beirut မှ Baku သို့- အစာငတ်ခံ ဆန္ဒပြပြီးနောက် Captain Nagdaliyev သင်္ဘော၏ သင်္ဘောဝန်ထမ်းများ အိမ်ပြန်
တူရဂီနိုင်ငံနှင့် အီတလီနိုင်ငံ၌ သင်္ဘောများပေါ်တွင် သင်္ဘောသားများ ဆက်လက် ချောင်ပိတ်မိခံနေရစဉ် Captain Nagdaliyev သင်္ဘောမှ သင်္ဘောဝန်ထမ်းများအား လက်ဘနွမ် အာဏာပိုင်များက ဤအပတ်၌ ၎င်းတို့၏ အကျဉ်းချထားရာမှ လွှတ်ပေးခဲ့သည်။

Palmali ၏ မွဲပြာကျမှုသည် ကုမ္ပဏီ၏ စွန့်ပစ်မှုခံရသည့် သင်္ဘောသားများအား မည်သို့ ထိခိုက်နေကြောင်း စုံစမ်းစစ်ဆေးခဲ့သည့်  Bloomberg နှင့် စကားပြောဆိုရာ၌ Mohamed Arrachedi က ပြောကြားခဲ့သည်မှာ Captain Nagdaliyev သင်္ဘော၏ သင်္ဘောဝန်ထမ်းများ၏ အတွေ့အကြုံဖြစ်သည့် “[သင်္ဘောသားများသည်] အစားအစာနှင့် ရေ သုံးကြိမ် ပြတ်လပ်ခဲ့ပြီး မည်သည့် နိုင်ငံမျှ သို့မဟုတ် မည်သည့် အာဏာပိုင်မျှ အလေးထားပုံ မရပါ၊” ဟုဖြစ်ပါသည်။

ပြဿနာများကို မိမိတို့ကိုယ်တိုင် ဖြေရှင်းသောအနေဖြင့်၊ ရေနံတင် သင်္ဘောပေါ်ရှိ သင်္ဘောသား လေးဉီးသည် အစာငတ်ခံ ဆန္ဒပြရန် ကြေညာခဲ့ပြီး အစိုးရအေဂျင်စီများထံ အီးမေးလ် ပေးပို့ကာ ITF သို့ မိတ္တူပေးပို့ခဲ့သည်-

ကျွန်တော်၏ မိသားစုမှာ အိမ်၌ ကြီးမားသော ပြဿနာများ ကြုံတွေ့ခဲ့သောကြောင့် ၎င်းအပြင် ကျွန်တော်၏ မိခင်မှာ ကင်ဆာရောဂါ ခံစားနေရသောကြောင့် ကျွန်တော်သည် ယနေ့မှစ၍ ဒေသခံ အာဏာပိုင်များက ကျွန်တော့အား အိမ်ပြန်ရန် ခွင့်မပြုသဖြင့် အစာငတ်ခံ ဆန္ဒပြမည်ဟု ကြေညာပါသည်။

ကျွန်တော်သည် ဤ လူမဆန်သော စရိုက်ကို သည်းမခံနိုင်တော့ပါ၊ ကျွန်တော့တွင် ကျွန်တော်၏ လုပ်ရပ်များအတွက် တာဝန်ရှိတော့မည် မဟုတ်ပါ၊ မည်သူတစ်ဉီးတစ်ယောက်ကမျှ ကျွန်တော်၏ အသည်းအသန် အခြေအနေနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေကို မကူညီနိုင်သည့်အတွက်ဖြစ်သည်။  လွန်ခဲ့သည့် ခြောက်လကတည်းက ကျွန်တော်၏ မေတ္တာရပ်ခံချက် အားလုံးမှာ အဖြေ မဖြေကြားသေးဘဲ ဒေသခံ အာဏာပိုင်များဘက်မှ ဖြေရှင်းချက် လုပ်ရပ်များ မလုပ်ပေးခဲ့ပါ။ ယနေ့ ကျွန်တော်သည် သင်္ဘောမှ ဆိပ်ခံဘောတံတားသို့ သွားမည်ဖြစ်ပြီး ကျွန်တော်၏ အိမ်ပြန်ရေး ပြဿနာကို ဖြေရှင်းပေးသည်အထိ အစာငတ်ခံပါမည်။”– Azerbaijan နိုင်ငံသား Captain Nagdaliyev သင်္ဘောမှ သင်္ဘော မာလိန်မှူးဖြစ်သူ Samig Nabiyev

အချို့သင်္ဘောဝန်ထမ်းများကို အိမ်ပြန်ပို့ပေးနေစဉ် လက်ဘနွမ် အာဏာပိုင်များသည် Captain Nabiyev သင်္ဘောကို တစ်စိုက်မတ်မတ် ပိတ်ဆို့ထားခဲ့ပြီး သင်္ဘောပေါ် နေထိုင်သည့် သင်္ဘောသား နောက်ထပ် သုံးယောက် ၎င်းတို့၏ အခွင့်အရေးကို ပိတ်ဆို့ခံခဲ့ရသည်။ ယခု အပတ်အထိ ဖြစ်ပါသည်။

Captain Nagdaliyev သင်္ဘောပေါ်၁၀ လ ချောင်ပိတ်မိခံရပြီးနောက် ဤအပတ်၌ သင်္ဘောဝန်ထမ်းများသည် နောက်ဆုံး၌ အိမ်ပြန်ခဲ့ကြသည်။

အင်္ဂါနေ့ ညနေခင်းတွင် Captain Nabiyev သင်္ဘောနှင့် အခြား သင်္ဘောသား  သုံးဉီးတို့ ၎င်းတို့၏ မျောနေသော အကျဉ်းထောင်မှ ဖောက်ထွက်ခဲ့ပြီး ဘေးရုဒ် လေယာဉ်ကွင်း၌ ၎င်းတိို့၏ လေယာဉ်ခရီးစဉ်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့ရသည်။

ITF သို့ပို့သည့် အီးမေးလ်စာတွင် Nabiyev သည် သူနှင့် သူ့သင်္ဘောဝန်ထမ်းများအား အိမ်ပြန်ပို့ရန် အဖွဲ့ချုပ်၏ အထောက်အပံ့ကို ကျေးဇူးတင် ပြောကြားခဲ့သည်-

ခင်မင်ရသော Mr. Mohamed Arrachedi နှင့် ITF အဖွဲ့အစည်း၏ အားလုံးသော ကိုယ်စားလှယ်များခင်ဗျား၊

ကျွန်တော်နှင့်တကွ ၂၀၂၀ ခုနှစ် မေလ ၁၂ ရက်တွင် ဘေးရုဒ် ဆိပ်ကမ်း၌ အဖမ်းခံခဲ့ရပြီး သင်္ဘောပိုင်ရှင်မှ စွန့်ပစ်ခံခဲ့ရသည့် ရေနံတင်သင်္ဘော“Captain Nagdaliyev" ၏ သင်္ဘောဝန်ထမ်းများအား ကျွန်တော်တို့၏ အိမ်ပြန်ရေးကို စီစဉ်ပေးရာ၌ သင်၏ မယုံကြည်နိုင်လောက်သော လုပ်ရပ်အတွက် ကျေးဇူးတင်စကားပြောခွင့်ပြုပါ။ ယနေ့ သင်တို့ကို ကျေးဇူးတင်ပါသည်၊ ကျွန်တော်တို့သည် နောက်ဆုံး၌ လက်ဘနွမ်နိုင်ငံမှ ထွက်ခွာနိုင်ပြီး မိသားစုများထံ ပြန်လာနိုင်ကြသည်။ ၁၀ လ ကြာကြာအထိ သင်တို့သည် ဘေးရုဒ် ဆိပ်ကမ်း၌ ကျွန်တော်တို့နှင့် ကျွန်တော်တို့၏ နေထိုင်ရေးအခြေအနေများကို ဂရုစိုက်ပေးခဲ့သည်။

ဤခက်ခဲသော အချိန်တစ်လျှောက်လုံး ကျွန်တော်တို့၏ သင်္ဘောအတွက် အစားအစာ၊ ရေသန့်နှင့် လောင်စာဆီ ဖြန့်ချီပေးရန် စီစဉ်ပြီး ပေးချေပေးသည့် အပြင် ကျွန်တော်တို့၏ လုပ်ခများကို ပြန်ရရန် လက်ရှိ၌ ကူညီပေးနေသော ကျွန်တော်တို့၏ ကိစ္စအတွက် ရှေ့နေတစ်ဉီးကို ရှာဖွေ ခန့်အပ်ပေးသည့်အတွက်လည်း သင်တို့၏ တန်ဖိုး မဖြတ်နိုင်သော အကူအညီ မရှိဘဲ ကျွန်တော်တို့ ဘယ်လို ကျော်လွှားခဲ့ရလိမ့်မည်ကို စဉ်းစားရန် ခက်ခဲပါသည်။ ကျွန်တော်တို့သည် ITF ထံမှ ယခင်က အကူအညီ မည်သည့်အခါမျှ မတောင်းခံခဲ့ပါ၊ သင်တို့အနေဖြင့် အပြင်ဖက်အပိုင်းမှနေ၍ ကမ္ဘာတစ်ဝန်း သင်္ဘောသားများအား၊ အင်တာနက်နှင့် မီဒီယာပေါ်၌ ထုတ်ပြန်ချက်များ ဖတ်ရှုပေးခြင်းဖြင့် ကူညီသည်ကိုသာ ကျွန်တော်တို့ သိရှိခဲ့ပါသည်။

ယနေ့ ကျွန်တော်တို့သည် သင် တစ်ချိန်လုံး ကျွန်တော်တို့အား ပေးဆပ်ခဲ့သည့် အကူအညီအတွက် မပြီးဆုံးနိုင်လောက်သော ကျေးဇူးတင်စကားနှင့် နက်ရှိုင်းလှသော ကျေးဇူးတင်စကားကို ပြောလိုပါသည်၊ ယခု ကျွန်တော်တို့ တိုက်ရိုက် ခံစားခဲ့ရသည်။ ခက်ခဲနေသည့် အချိန်အခါများမှာ ဘယ်တော့မှ စွန့်ခွာမသွားဘဲ သို့မဟုတ် ကျောခိုင်းမသွားဘဲ ဆုံးခန်းတိုင်အောင် သင်္ဘောသားတွေရဲ့ အခွင့်အရေးများကို ကာကွယ်ပေးနေတဲ့ သင်တို့လို လူများ ရှိနေကြသည်မှာ အလွန်ပင် ဝမ်းသာပီတိဖြစ်ရပါသည်။

အသည်းနှလုံးကြားထဲမှ ကျွန်တော်တို့ရဲ့ နက်ရှိုင်းလှသော ကျေးဇူးတင်စကားကို နောက်ထပ်တစ်ဖန် လက်ခံပါ။

သင်တို့၏ အဖွဲ့အစည်း တိုးတက်ကြွယ်ဝရေးအတွက် ကျွန်တော်တို့ ရိုးသားစွာ ဆုတောင်းလိုက်ပါသည်။ သင်္ဘောသားတွေ မျှော်လင့်ချက် ကုန်ခမ်းနေချိန်မှာ သင်တို့သာ ကယ်ဆည်ပေးဖို့ အမြဲတမ်း ရောက်လာကြပါသည်။ သင်တို့၏ တရားသော လုပ်ငန်း ကြီးကျယ်ခမ်းနားပြီး ဘုရားသခင် ကောင်းချီးပေးပါစေ။

“ကျွန်တော်တို့ သူ့အား အကောင်းဆုံး ဆုတောင်းပေးပါသည်၊” ဟု Arrachedi က ပြောကြားခဲ့သည်။

 “ဤသင်္ဘောသားများမှာ အတိဒုက္ခ ကြုံတွေ့ခဲ့ရသည်။ အစိုးရများနှင့် သင်္ဘောလုပ်ငန်း ကဏ္ဍတို့သည် စွန့်ပစ်ခံနေရသည့် လူသား မျက်နှာများရှိနေကြသည်ကို စတင် နားလည်ရန် ကျွန်တော်တို့ မြင်တွေ့လိုသည်။”

 “သူတို့အနေဖြင့် ဤကိစ္စများ ဖြစ်ပေါ်လာခြင်းမှ တားဆီးပေးရန် ပိုမို လုပ်ရမည်ဖြစ်သည်။ သူတို့အနေဖြင့် သင်္ဘောပိုင်ရှင်များအတွက် အာမခံ လုပ်ရန်သတ်မှတ်ချက်များကို ချမှတ်ပေးရန် လိုပါသည်။ သူတို့အနေဖြင့် သင်္ဘောသားများ သူတို့၏ ဆိပ်ကမ်းများ၌ စွန့်ပစ်ခံရသည့်အခါ အကျဉ်းချရန် မဟုတ်၊ အကာအကွယ်ပေးရမည်။”

 “စွန့်ပစ်ထားမှုမှာ များပြားနေပါသည်။ ပင်လယ်ပြင်တွင် ဒုက္ခခံစားနေရမှုမှာ အဆိုးရွားဆုံးဖြစ်သည်၊” ဟု Arrachedi က ပြောကြားခဲ့သည်။

သင်္ဘော Captain Nagdaliev မှ ကျန်ရှိနေသေးသည့် သင်္ဘောဝန်ထမ်း လေးဉီး အိမ်ပြန်သွားနေရစဉ် အီစတန်ဘူလ်ရှိ သင်္ဘောများပေါ်၌ သင်္ဘောသားများ ချောင်ပိတ်မိခံနေရလျက် ရှိသည်။ Arrachedi က မေးမြန်းသည်မှာ- “ဒါက လုပ်ရိုးအစဉ် အသစ်လား -- သင်္ဘောသားတွေ အိမ်ပြန်ရဖို့အတွက် အစာငတ်ခံ ဆန္ဒပြရပါသလား။”

အဘယ်ကြောင့် ဤသို့ ဖြစ်နေရပါသလဲ။ သင်္ဘောဝန်ထမ်းများအတွက် မည်သူမျှ တာဝန် မယူသည့် တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောလုပ်ငန်း၏ “လျှို့ဝှက် အွန်လိုင်းကွန်ရက်"
ITF ဥက္ကဌဖြစ်သူ Paddy Crumlin က တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောလုပ်ငန်းကဏ္ဍကို အင်တာနက်ပေါ်ရှိ အလားတူ “လျှို့ဝှက် အွန်လိုင်း ကွန်ရက်” အဖြစ် ဖော်ပြပါသည်။ ပါဝင်ဆောင်ရွက်နေသူများမှာ အမည်မဖော်သူများ ဖြစ်ကြသည်။ တာဝန်ခံမှုမှာ နည်းပါးသည်။ သင်္ဘောဝန်ထမ်းများအတွက် တာဝန်ခံမှုမှာ တမင်တကာ မထင်မရှား လုပ်သည် မဟုတ်သော်လည်း ပိုမို၍ မကြာခဏ တာဝန်ရှောင်ကြသည်။

ဤ “လျှို့ဝှက် အွန်လိုင်းကွန်ရက်” ၏ စိတ်ပျက်စရာ အမှန်တရားမှာ သင်္ဘော ကုမ္ပဏီများ မွဲပြာကျပြီး သင်္ဘောသားများအတွက် ဘာမျှ မကျန်ရစ်သည့်အခါ ဘူးပေါ်သလို ပေါ်လာသည်။

ပြဿနာ၏ အရင်းခံမှာ အလံ အငှါး စနစ်တစ်ရပ် ဖြစ်သည်။

ဥပမာ၊ Palmali ၏ သင်္ဘောများကို မောလ်တာနိုင်ငံတွင် မှတ်ပုံတင်ထားသော်လည်း ကုမ္ပဏီမှာ တူရဂီနိုင်ငံ၌ အဓိကအားဖြင့် အခြေစိုက်သည်။ ဆိုလိုသည်မှာ စည်းမျဉ်းများကို ချမှတ်ခြင်းများနှင့် စိစစ်မှုများကို မောလ်တာနိုင်ငံက ဆောင်ရွက်သော်လည်း သင်္ဘောအပေါ် အကန့်အသတ် လုပ်ပိုင်ခွင့် ရှိသည်။

ITF စိစစ်ရေးမှူးချုပ်ရုံး ညှိနှိုင်းရေး အရာရှိဖြစ်သူ Steve Trowsdale အဆိုအရ၊ မောလ်တာနိုင်ငံသည် တာဝန် ပိုမိုရှိသော အလံငှါးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။ သို့သော်လည်း ၎င်းတွင် မှတ်ပုံတင်ထားသည့် သင်္ဘော အရေအတွက်မှာ နိုင်ငံ၏ အရွယ်အစား ပမာဏနှင့် အချိုးမကျ မညီညွတ်ပါ။ ထို့ပြင် မောလ်တာနိုင်ငံ အရင်းအမြစ်များမှာ သင်္ဘောဝန်ထမ်း သာယာကောင်းမွန်ရေးကို စည်းမျဉ်းကြပ်မတ်ရေးအတွက် အကန့်အသတ်ရှိသည်။

ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (The Maritime Labour Convention) တွင် သင်္ဘော ကုမ္ပဏီ အနေဖြင့် ဒုက္ခဖြစ်နေသည့်တိုင် သင်္ဘောသားများအား လုပ်ခပေးရန်နှင့် အိမ်ပြန်ပို့ရန် သေချာစေရန်အတွက် စည်းမျဉ်းများကို ပြဌာန်းထားသည်။ (သို့သော်လည်း အဆိုပါ စာချုပ်တွင် တူရဂီနိုင်ငံ လက်မှတ် ရေးထိုးသည့် အဖွဲ့ဝင်နိုင်ငံ မဟုတ်ပါ)။ သို့သော်လည်း ဘဝ ဖြစ်ရပ်မှန်မှာ လွန်စွာ ရှုပ်ထွေးလှပြီး မသမာသော သင်္ဘောပိုင်ရှင်များအနေဖြင့် စနစ်ကို အသုံးချနိုင်ပါသည်။ တရားဝင် ပိုင်ရှင်များသည် တရားဝင် သက်သာခွင့်များ လျင်မြန်စွာ ရရှိရန် လူများအတွက် အလွန် ရှုပ်ထွေးသော နည်းလမ်းကိုပင် လုပ်ဆောင်ရပါသည်။

ဥပမာ- သင်္ဘော The Lerik (IMO 9575319) အကျိုးခံစားစွာဖြင့် တူရဂီနိုင်ငံ ကုမ္ပဏီက ပိုင်ဆိုင်ထားသော်လည်း ကုမ္ပဏီခွဲများမှ တစ်ဆင့် မောလ်တာနိုင်ငံတွင် မှတ်ပုံတင်ထားသည်။ သင်္ဘောကို ရုရှားနိုင်ငံတွင် အာမခံ လုပ်ထားသည်။ ကြွေးရှင်များအနေဖြင့် Palmali ထံမှ ငွေတောင်းခံရန် လန်ဒန်နှင့် မော်စကိုရှိ တရားရုံးသို့ သွားခဲ့ရသည်။ သင်္ဘောမှာ အီစတန်ဘူလ် ဆိပ်ကမ်း၌ ကျောက်ချထားသည်။ ပိုင်ရှင်သည် အကျဉ်းထောင်၌ အကျဉ်းကျနေသည်။

 “ဤအမျိုးမျိုးသော ဘက်ပေါင်းစုံမှလူများအတွက် တာဝန် ပခုံးပြောင်းလွဲချရန် အလွန် လွယ်ကူပြီး ဤရှုပ်ထွေးသည့် ကွင်းစက်ရှိ အခြားသူများက အရေးယူလုပ်ရမည့်သူများ ဖြစ်သင့်သည်ဟု စောဒကတက်ကြသည်၊” ဟု Trowsdale က ပြောကြားခဲ့သည်။

လက်တွေ့၌ ဤတာဝန် ပခုံးပြောင်းလွဲချခြင်းက ဆိုလိုသည်မှာ ဤအရှုပ်အထွေး ဖြစ်ပွားနေသမျှ သင်္ဘောဝန်ထမ်းများမှာ စွန့်ပစ်ခံထားရသည့် သင်္ဘောများပေါ် လပေါင်းများစွာ သို့မဟုတ် နှစ်များ ကြာမြင့်စွာပင် အကျဉ်းချခံနေရသည်ဟု အဓိပ္ပါယ်ရပါသည်။

Trowsdale ကပြောကြားခဲ့သည်မှာ အကယ်၍ ကျွန်တော်တို့အနေဖြင့် အလံ အငှါးစနစ်ကို ပယ်ဖျက်လိုက်ပါက — ITF က နှစ်ပေါင်းများစွာ အဆိုပြုနေခဲ့သည့် ကိစ္စ — ယင်းနောက် နိုင်ငံ၏ သင်္ဘောအုပ်စုသည် ၎င်း၏ ကူးသန်းမှု ပမာဏနှင့် လိုက်ဖက်ညီသွားလိမ့်မည်ဖြစ်ပြီး သို့မှသာ သင့်တော်သော စည်းမျဉ်းကို အနည်းဆုံး လုပ်နိုင်ပါမည်။ ဥပမာ- ပိုင်ရှင်များက ဝယ်ယူထားသည့် အာမခံ အရည်အသွေးအပေါ် စိစစ်နိုင်မည်ဖြစ်သည် ဟု သူက ပြောကြားခဲ့သည်။

 “ဆိုလိုသည်မှာ သင်္ဘောများကို စွန့်ပစ်လိုက်လျှင် အလျင်အမြန် ငွေပေးချေမှုမှုများ လုပ်နိုင်သည်ဟု ဆိုလိုသည်၊ သင်္ဘောသားများအနေဖြင့် လုပ်ခ ရရှိပြီး လျင်မြန်စွာ အိမ်ပြန်နိုင်မည်ဖြစ်သည်။ Palmali က ပြသခဲ့သည်မှာ သင်္ဘောသားများအတွက် ၎င်းတို့၏ လွတ်လပ်မှုနှင့် ၎င်းတို့၏ လုပ်ခများကို ချောင်ထိုးခံရရန်သာ ကျန်ရှိပါသည်။”

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.