Skip to main content

ဖီဂျီနိုင်ငံအစိုးရသည် ကူးတို့သင်္ဘောများ လိမ်ညာမှု၊ အခွင့်အရေးများ ချိုးဖောက်မှုကို ဝင်ရောက် ဖြေရှင်းရမည်

26 Feb 2021
Press Release

သင်္ဘောသားများသည် ဖီဂျီနိုင်ငံ၏ အဓိကကျသည့် ကူးတို့သင်္ဘော ကုမ္ပဏီက ၎င်းတို့အား လိမ်ညာခဲ့ပြီး လုပ်မပေးခဲ့သည့်အပြင် အလုပ်သမားများက သမဂ္ဂနှင့် စကားပြောဆိုခဲ့သည့်အခါ အလုပ်မှ ထုတ်ပစ်ခဲ့သည့်အခါ အိုးမဲ့အိမ်မဲ့အဖြစ် ရောက်ရှိခဲ့ပြီး ၎င်းတို့၏ ချစ်ခင်ရသူများမှ ကီလိုမီတာ ထောင်နှင့်ချီသော အဝေးတွင် ချောင်ပိတ်မိခံနေရသည်။

Gounder သင်္ဘောလုပ်ငန်း၏ သင်္ဘောသား လိမ်ညာမှု ပေါ်ထွက်ခဲ့

Goundar Shipping သည် ဖိလစ်ပိုင် သင်္ဘောသား ၂၀ ဉီးအား ဖီဂျီနိုင်ငံသို့ လေယာဥ်ဖြင့် ဝင်ရောက်လာစေပြီး သမာသမတ်ကျသော လုပ်ခများနှင့် အခြေအနေများ ပေးမည်ဟု ကတိပြု၍ ၎င်း၏ ခရီးသည်တင်သင်္ဘောနှင့် ကူးတို့သင်္ဘောများကို မောင်းနှင်ရန်နှင့် လုပ်ငန်းလည်ပတ်ပေးရန် လိမ်လည်လှည့်ဖြားခဲ့သည်။ ၎င်းတို့ ရောက်ရှိလာသောအခါ ကုမ္ပဏီသည် သင်္ဘောသားများအား သူတို့အနေဖြင့် ကတိပြုခံရသည်ထက် ၆၀-၇၀ ရာခိုင်နှုန်း ပိုနည်း၍ ပေးမည်ဟု အကြောင်းကြားခဲ့သည်။

သင်္ဘောသား အများအပြားမှာ အိမ်ပြန်ရန် လေယာဉ်လက်မှတ်ဖိုး မတတ်နိုင်သဖြင့် နောက်ထပ် တစ်နှစ် အလုပ်လုပ်ပြီးနောက် အိမ်ပြန်ပို့ပေးမည်ဆိုသည့် ကတိကဝတ် အသစ်ဖြင့် ကုမ္ပဏီတွင် လုပ်ကိုင်ရန် သဘောတူခဲ့သည်။ ကုမ္ပဏီသည် ယင်းနောက် လေယာဉ်လက်မှတ်များနှင့် သီးခြားခွဲနေခြင်း စရိတ်များမှာ Covid ကာလကြောင့် အလွန် စျေးကြီးသည်ဟု ပြောဆိုခဲ့ပြီး ပင်ပန်းနေသည့် သင်္ဘောသားများအား အိမ်ပြန်ပို့ပေးရန်အတွက် ၎င်းတို့၏ တာဝန်ကို ဆောင်ရွက်ရန် ငြင်းဆိုခဲ့သည်။

 “Goundar သင်္ဘောလုပ်ငန်းသည် ဤသင်္ဘောသားများအား George Goundar အတွက် ချမ်းသာကြွယ်ဝမှု အနည်းငယ် ကူညီလုပ်ပေးရန် ကီလိုမီတာ ထောင်ပေါင်းများစွာ ပစိဖိတ်ကို ကျော်ဖြတ်ပြီး လာရောက်စေခြင်းကို လိမ်ညာခဲ့သည်။ ဤအလုပ်သမားများအား ကတိပေးထားသည်ထက် ၇၀ ရာခိုင်နှုန်း လုပ်ခ နိမ့်ချပေးခြင်းကို မကျေနပ်သည့်အပြင် Goundar သင်္ဘောလုပ်ငန်းသည် သူတို့အား ကျေးကျွန်များကဲ့သို့ ထားသည်သာမက သဘောတူထားသည့်အတိုင်း အိမ်ပြန်ပို့ပေးရန် ငြင်းဆိုသည်၊ဟု သြစတြေးလျနိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF))စိစစ်ရေးမှူးဖြစ်သူ Sarah Maguire က ပြောကြားခဲ့သည်။

Maguire သည် ဤကိစ္စကို လွန်ခဲ့သည့် အပတ် အနည်းငယ်ကတည်းက လုပ်ကိုင်ပေးလျက်ရှိသည်။ သူမက ပြောကြားခဲ့သည်မှာ လုပ်ငန်းကဏ္ဍ၌ သူမ တွေ့ခဲ့ဘူးသမျှ Goundar သင်္ဘောလုပ်ငန်းသည် အဆိုးရွားဆုံးနှစ်ထပ်ကွမ်းသင်္ဘောသား လိမ်လည်မှုကြီးများကို ကျူးလွန်ခဲ့သည်။ လုပ်ခ နိမ့်ချပေးမှု၏ နောက်ဆက်တွဲသက်ရောက်မှုများသည် သက်ရောက်ခံရသော သင်္ဘောဝန်ထမ်းများအပေါ် သူတို့၏ မူလ အလုပ်ကန်ထရိုက်များကို ကျော်လွန်ပြီး လပေါင်းများစွာ၊ နှစ်များအထိပင် Goundar အတွက် အလုပ်လုပ်ကိုင်ပေးရသည်ဟု သူမက ပြောကြားခဲ့သည်။

 “ယခုသော် ဖီဂျီနိုင်ငံ ကူးတို့သင်္ဘောများကို ၎င်းပေါ်၌ အလုပ်မလုပ်ကိုင်လိုကြသော အလုပ်သမားများက မောင်းနှင်လည်ပတ်ပေးနေရသည်။ ၎င်းသူတို့သည် သင်္ဘောပေါ်၌ တစ်နှစ်ထက်ကျော်လွန်၍ မနေလိုကြသော်လည်း သူတို့အနေဖြင့် သူတို့အပေါ် လုပ်ခ နိမ့်ချပေးမှုများနှင့် အိမ်ပြန်ပို့ပေးရန် လိမ်လည်မှုများ ချမှတ်သည့် Goundar သင်္ဘောလုပ်ငန်း၏ ထောင်ချောက်မှ သူတို့ မဖောက်ထွက်နိုင်ကြပါ။ ဤအလုပ်သမားများသည် ၎င်းတို့၏ မိသားစုများကို ယခု မြင်တွေ့လိုကြသည်၊ဟု Maguire က ပြောကြားခဲ့သည်။

 

အခွင့်အရေးများ တောင်းဆိုမှုကြောင့် အလုပ်ထုတ်ခံရ

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင်၊ ဖိလစ်ပိုင် သင်္ဘောသား အများအပြားသည် ယခုသော် မိမိတို့၏ မူလ အလုပ်ကန်ထရိုက်များထက် ၁၈ လ ကျော်လွန်နေပြီဖြစ်ကာ အိမ်ပြန်ရန် အသည်းအသန် ဖြစ်နေကြသည်။ သင်္ဘောသား သုံးဉီးက ကုမ္ပဏီအား သူတို့အနေဖြင့် သူတို့၏ အခွင့်အရေးများအကြောင်းနှင့် အိမ်ပြန်မည့်အကြောင်း သမဂ္ဂ ကိုယ်စားလှယ်များနှင့် စကားပြောဆိုရန်အတွက် ခရီးထွက်ရန် အလုပ်မှနားခွင့် လိုလားခဲ့ကြောင်း ပြောဆိုခဲ့သည့်အခါ ကုမ္ပဏီက သူတို့အား အလုပ်မှ ထုတ်ပယ်ခဲ့သည်။

ဖီဂျီနိုင်ငံသို့ ခေါ်သွင်းလာသည့် အလုပ်ရှင်မှ အလုပ်ဖြုတ်ခံရခြင်းကြောင့် အဆိုပါ အလုပ်သမားများ မည်သည့် အထောက်အကူပြု အဆက်အသွယ်ကွန်ခြာမျှ မရှိဘဲ ချက်ချင်း လက်ငင်း အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ကြသည်။ သူတို့သည် ပထမ ည၌ ဝေးလံခေါင်းပါး ဆိပ်ကမ်းမြို့ တစ်မြို့ရှိ သင်္ဘော ဘောတံတား တစ်ခုပေါ် Suva သို့ ခရီး မထွက်ခွာမီ အိပ်ခဲ့ရသည်။ အဆိုပါ သင်္ဘောသားများသည် အိုးမဲ့အိမ်မဲ့ ဖြစ်နေသေးလျက်ရှိပြီး ဒေသခံ အလုပ်သမား သမဂ္ဂများနှင့် တစ်ဉီးချင်းပုဂ္ဂိုလ်များ၏ ပံ့ပိုးမှုကို မှီခိုနေကြလျက်ရှိသည်။

 “Goundar သင်္ဘောလုပ်ငန်းသည် ဤအလုပ်သမားများအား ‘ဤဒုက္ခ ဘယ်တော့မှ အဆုံးသတ်မည်လဲ။’ ဟု ၎င်းတို့ မေးရဲသည့် သတ္တိကြောင့် အလုပ်ဖြုတ်ခဲ့သည်။ ဤကုမ္ပဏီသည် ဤအလုပ်သမားများအား လိမ်လည်လှည့်စားခြင်းနှင့် တစ်နှစ်ကျော်ကျော် ၎င်းတို့၏ လုပ်ခများကို ခိုးယူခြင်းမှာ ယခုသော် ဗူးပေါ်သလို ပေါ်လာသည်။ ပိုင်ဆိုင်နေမည့်အစား လုပ်ခများကို ပြန်ပေးရခြင်း၊ နှင့် သင်္ဘောဝန်ထမ်းများအား အိမ်ပြန်ရန် ပထမဉီးဆုံး လေယာဉ်ပေါ်တင်ပေးခြင်းဖြင့် - Goundar သည် ယုတ်ညံ့သော၊ ဉပဒေချိုးဖောက်သော အလုပ်ရှင် အဖြစ် နှစ်ဆပြန် ယုတ်ညံ့ခဲ့ရသည်၊ဟု Maguire က ပြောကြားခဲ့သည်။

 

ဖီဂျီအစိုးရသည် ဝင်ရောက်ဖြေရှင်းရမည်

Maguire က ပြောကြားခဲ့သည်မှာ ITF အနေဖြင့် ယခုသော် ဖီဂျီနိုင်ငံ အစိုးရအား ဝင်ရောက်ဖြေရှင်းပေးရန် တောင်းဆိုနေလျက်ရှိသည် – Goundar ၏ ဆက်တိုက် သင်္ဘောသား လိမ်ညာမှု အဆုံးသတ်ပေးရန်နှင့် ကုမ္ပဏီက အလုပ်ဖြုတ်လိုက်ခြင်းကြောင့် ပိတ်မိခံနေရသော သင်္ဘောသား သုံးဉီး၏ အိမ်အပြန် လေယာဉ် ခရီးစဉ်များအတွက် ကုမ္ပဏီမှ ပေးချေရန်အတွက်ကိုလည်း ကုမ္ပဏီအား ဖိအားပေးရန် နှစ်မျိုးလုံးဖြစ်သည်။

 “ကျွန်ုပ်တို့အနေဖြင့် ဤသင်္ဘောသားများအပေါ် လိမ်လည်မှု၊ ၎င်းတို့၏ လုပ်ခများကို ခိုးယူမှုနှင့်တကွ ၎င်းတို့အား ကျေးကျွန်သဖွယ် ထိထိရောက်ရောက် ထားရှိခြင်းတို့အတွက် Goundar သင်္ဘောလုပ်ငန်း အပြစ်ပေးခံရသည်ကို မြင်တွေ့လိုသည်။ ကျွန်ုပ်တို့သည် ဖီဂျီနိုင်ငံအား ဝင်ရောက်ဖြေရှင်းပေးရန်နှင့် George Goundar ၏ ခေါင်းပုံဖြတ် အမြတ်ထုတ် အင်ပါယာကို နမူနာအဖြစ် တင်စားပေးရန် တောင်းဆိုပါသည်။”

 “Goundar သင်္ဘောလုပ်ငန်း လုပ်ငန်းလည်ပတ်သည့် လိုင်စင်ကို ၎င်း၏ အလုပ်သမားများအပေါ် ကျန်ရှိနေသေးသည့် တာဝန်ဝတ္တရားများ အားလုံး၊ အိမ်ပြန်ရန် လေယာဉ်ခရီးစဉ် အားလုံး အတွက် ပေးချေရန် ၎င်း၏တာဝန်အပါအဝင်တို့ကို ထမ်းဆောင်ပေးသည်အထိ ဆိုင်းငံ့ထားသင့်သည်။ အကယ်၍ အစိုးရက မလုပ်လျှင် ၎င်းတို့၏ လမ်းမများပေါ်၌ စောင့်ရှောက်ပေးရမည့် အိုးမဲ့အိမ်မဲ့ သင်္ဘောသားများ အရေအတွက် ကြီးထွားလာပါလိမ့်မည်။

Maguire က ပြောကြားခဲ့သည်မှာ ဖီဂျီနိုင်ငံ အစိုးရ၏ တုံ့ပြန်ပုံမှာ အဆိုပါ နိုင်ငံ၏ လူ့အခွင့်အရေးများအပေါ် နိုင်ငံအတွက် စိစစ်ချက် ဖြစ်ပါသည်။

 “အလုပ်သမား သမဂ္ဂဝင် ဖြစ်ရခြင်းသည် အခြေခံ လူ့အခွင့်အရေး တစ်ရပ်ဖြစ်ပါသည်။ အလုပ်သမား အားလုံးသည် အလုပ်သမား သမဂ္ဂများကို ပူးပေါင်းရန်၊ ဖွဲ့စည်းရန် နှင့် ပြောဆိုရန် လွတ်လပ်မှု ရှိသည်ဟု ယူဆသည်။ မည်သည့် အလုပ်ရှင်ကမျှ Goundar က လုပ်ခဲ့သလို အခွင့်အရေးများ အကြောင်း ပြောဆိုသည့် အလုပ်သမားများအပေါ် နိုင်ထက်စီးနှင်းမှုမှ လွတ်မြောက်ထွက်ပြေးနိုင်သင့်မည် မဟုတ်ပါ။  ဖီဂျီနိုင်ငံ အစိုးရအနေဖြင့် မှန်ကန်သည့် အရာကို လုပ်ပြီး Goundar သင်္ဘောလုပ်ငန်းအပေါ် ပြင်းပြင်းထန်ထန် အရေးယူပေးရန် ကျွန်ုပ်တို့ မျှော်လင့်ပါသည်၊” ဟု Maguire က ပြောကြားခဲ့သည်။

ဖီဂျီနိုင်ငံသည် လက်ရှိ၌ ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းနှင့် ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုး အဖွဲ့ဝင်ထားသည့် ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမား စာချုပ် (Maritime Labour Convention) ပြဌာန်းချက်များကို ဒေသ ဥပဒေတွင် မည်သို့ အကောင်းဆုံး ထည့်သွင်းပြဌာန်းမည်နှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်လျက်ရှိသည်။ အဆိုပါ စာချုပ်ကို ‘သင်္ဘောသားများ၏ အခြေခံအခွင့်အရေးများ’ ဟု အများအားဖြင့် ဖော်ညွှန်းထားသည်။

 

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သင်္ဘောသား တစ်သန်းကျော် အပါအဝင် ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်လုပ်ကိုင်သည့် အမျိုးသမီး အမျိုးသားပေါင်း သန်း 20 နီးပါးအတွက် ပြောဆိုသံဖြစ်ပါသည်။

 

မီဒီယာ အဆက်အသွယ်-  media@itf.org.uk        +44 20 7940 9282

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.