Skip to main content

နယူးဇီလန် သမဂ္ဂများသည် စွပ်စွဲခံရသည့် ဖီဂျီနိုင်ငံ လူကုန်ကူးခြင်း လှည့်စားမှုနှင့်ပတ်သက်၍ အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆို

19 Mar 2021
Press Release

နယူးဇီလန်နိုင်ငံ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ သမဂ္ဂများသည် ၎င်းတို့၏အစိုးရအပေါ် ဖီဂျီနိုင်ငံအား သတိပြုပေးရန် နိုင်ငံ၏ သင်္ဘောလုပ်ငန်းကဏ္ဍတွင်းသို့ ဖိလစ်ပိုင် သင်္ဘောသား ဒါဇင်နှင့်ချီ၍ လူကုန်ကူးခြင်း အလားအလာကို ရဲအဖွဲ့က စုံးစမ်းစစ်ဆေးမှု လုပ်ပြီးနောက် တောင်းဆိုနေလျက်ရှိသည်။

  • ဖိလစ်ပိုင် သင်္ဘောသား ၂၀ ယောက်ကို ဖီဂျီနိုင်ငံရှိ ၎င်းတို့၏ ကူးတို့သယ်ယူပို့ဆောင်ရေးများတွင် လုပ်ငန်းလည်ပတ်ပေးရန် Goundar Shipping ကုမ္ပဏီက ခေါ်သွင်းလာခဲ့သည်
  • Goundar ကုမ္ပဏီက သင်္ဘောသားများအား လုပ်ခ တစ်လ US$1000 ပေးမည်ဟု ကတိပြုခဲ့သော်လည်း ရောက်ရှိချိန်၌ သူတိို့အား ပိုမိုနည်း၍ ပေးခဲ့သည်
  • ကုမ္ပဏီသည် သင်္ဘောသားများအား မပေးရသေးသည့် လုပ်ခများဖြစ်သည့် AU$250,000 ကျော်ကို ပေးရန် ငြင်းဆိုသည်။
  • သင်္ဘောသားများအနက် ခုနှစ်ဦးမှာ Suva ၌ ပံ့ပိုးမှုအဆက်အသွယ်များ၊ အမြဲနေထိုင်ရာ နေရာထိုင်ခင်း (သို့) ဝင်ငွေ မရှိဘဲ စွန့်ပစ်ခံနေရသည်။

 “သမဂ္ဂ၏ စုံးစမ်းစစ်ဆေးမှုများကြောင့် ကျယ်ကျယ်ပြန့်ပြန့် နှိပ်စက်မှု၊ လုပ်ခလျော့ပေးမှု၊ အန္တရာယ်မကင်းသည့် အခြေအနေများ၊ နှင့် နယူးဇီလန်နိုင်ငံ၏ ကိုယ်ပိုင် နောက်ဖေးပိုင်း၌ လူကုန်ကူးမှုနှင့် လူကျွန်ပြုမှုတို့ကိုပင် စွပ်စွဲချက်များအဖြစ် ဖော်ထုတ်တွေ့ရှိခဲ့ပါသည်၊ဟု ITF နယူးဇီလန်နိုင်ငံ အမျိုးသား ညှိနှိုင်းရေး ကော်မတီ ဥက္ကဌဖြစ်သူ Paul Tolich က ပြောကြားခဲ့သည်။

ITF New Zealand NCC Chair Paul Tolich
Paul Tolich က ပြောကြားခဲ့သည်မှာ နှိပ်စက်မှုနှင့် လုပ်ခလျော့ပေးမှုဆိုင်ရာ စွပ်စွဲချက်များကို ဖီဂျီအာဏာပိုင်များက အပြည့်အစုံ စုံစမ်းစစ်ဆေးမှုလုပ်ရန် လိုအပ်ပြီး နောက်ထပ် နှိပ်စက်မှုကို ဟန့်တားရန် ပြောင်းလဲချက်များကို လုပ်ရန်လိုအပ်သည်Credit: ITF

 “ဒါဇင်နှင့်ချီသော ဖိလစ်ပိုင် သင်္ဘောသားများသည် ဖီဂျီနိုင်ငံ၏ အကြီးဆုံး ကူးတို့သယ်ယူပို့ဆောင်ရေးတွင် လုပ်ခနှင့် အခြေအနေ ကောင်းကောင်းဖြင့် အလုပ်လုပ်ရန် ကတိကဝတ််ကို မျှော်ကိုးပြီး ကျွန်တော်တို့၏ ဒေသသို့ လာရောက်ရန် အယုံသွင်းခံခဲ့ကြသည်။ သို့သော်လည်း ဤသင်္ဘောသားများ၏ အလုပ်အကိုင် ကန်ထရိုက် စာချုပ်များကို အတည်ပြုရန်နှင့် ၎င်းတို့၏ အခြေခံ အလုပ်သမားများ အခွင့်အရေးနှင့် လူ့အခွင့်အရေးကို အာမခံရန် ဖီဂျီနိုင်ငံ အစိုးရ၏ ပျက်ကွက်မှုကြောင့် ဤသင်္ဘောသားများသည် ဖီဂျီနိုင်ငံတွင် နှစ်ပေါင်းများစွာ မိမိတို့၏ ဆန္ဒကို ကျော်လွန်၍ အလုပ်လုပ်ရင်း ချောင်ပိတ်မိခံခဲ့ရသည်၊ဟု သူက ပြောကြားခဲ့သည်။

ဖီဂျီနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ဥပဒေ အာဏာတည်စေရေးဆိုင်ရာ အာဏာပိုင်များသည် သင်္ဘောသားများ၏ Goundar Shipping ကုမ္ပဏီအပေါ် တိုင်တန်းချက်များအား သုံးလကျော် တုံ့ပြန်မှု မရှိခဲ့ပါ၊ ဖေဖေါ်ဝါရီလ တွင် အဆိုပါ ၎င်းတို့၏ အမှုကို ITF ၏ သတင်းပေးမှုကြောင့် သတင်းမီဒီယာများက ဖော်ထုတ်သည့်အခါကြမှသာလျှင် တုံ့ပြန်ကြပါသည်။

Crew found squalid working and living conditions onboard when they arrived in Fiji
သင်္ဘောဝန်ထမ်းများသည် သူတို့ ဖီဂျီနိုင်ငံသို့ ရောက်လာသည့်အခါ သင်္ဘောပေါ်၌ အောက်တန်းကျသည့် အလုပ်လုပ်ကိုင်ရာနှင့် နေထိုင်ရေး အခြေအနေများကို တွေ့ရှိခဲ့သည် | Credit: ITF

Mr Tolich ကပြောကြားခဲ့သည်မှာ ရဲအဖွဲ့ စုံစမ်းစစ်ဆေးမှု နောက်ဆုံး၌ စုံစမ်းခဲ့သည့်သတင်းကို နယူးဇီလန်နိုင်ငံ သမဂ္ဂများအနေဖြင့် ကြိုဆိုခဲ့သော်လည်း သင်္ဘောသားများ ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာသည်နှင့်တစ်ပြိုင်နက် သတင်း ဖုံးကွယ်မှု အလားအလာ တည်ရှိနေမည့် စိုးရိမ်မှုများ ရှိနေပါသည်။

 “ကျွန်တော်တို့၏ အဖွဲ့ဝင်များ ကိုယ်စား ကျွန်တော် နယူးဇီလန်နိုင်ငံ နိုင်ငံခြားရေးနှင့် အလုပ်ခွင် ဆက်ဆံရေး ဝန်ကြီးများထံ သင်္ဘောသားများ၏ အမှုကိစ္စကို Suva ရှိ တစ်ဖက်ဝန်ကြီးများအား ချက်ချင်း တင်ပြပေးရန် တောင်းဆိုလျက်ရှိကြောင်း စာတစ်စောင်ကို ရေးသားနေပါသည်။ နယူးဇီလန်နိုင်ငံသားအဖြစ် ကျွန်တော်တို့သည် ဤအလုပ်သမားများ ခံစားခဲ့ရသည့် နှိပ်စက်မှုကို အပြည့်အစုံ စုံစမ်းစစ်ဆေးပေးရန်နှင့်တကွ ပြစ်မှုကျူးလွန်သည့် အလုပ်ရှင်များအား အပြည့်အစုံ တရားစွဲစိုပေးရန် မျှော်လင့်ပါသည်။

NZ Minister of Foreign Affairs - Nanaia Mahuta
နယူးဇီလန်နိုင်ငံ နိုင်ငံခြားရေးရာ ဝန်ကြီး - Nanaia Mahuta | Credit: Stuff.co.nz

 “ကျွန်တော်တို့သည် ဖီဂျီနိင်ငံမှ ဥပဒေ ပြောင်းလဲချက်နှင့် ထိုက်သင့်သော အာဏာအတည်ပြုရေးတို့အပါအဝင် ပြောင်းလဲချက်များလုပ်ပေးရန် ကတိကဝတ်ကို လိုလားသည်၊ သို့မှသာ ဤကိစ္စ အခြား အလုပ်သမားများအပေါ် ထပ်မံဖြစ်မည် မဟုတ်ပါ။ နယူးဇီလန်နိုင်ငံ အစိုးရသည် ၎င်းကိစ္စနှင့်ပတ်သက်ပြီး အကူအညီပေးသင့်သည်၊ အကယ်၍ ၎င်းကို လိုအပ်လျှင်ဖြစ်သည်။ ကျွန်တော်တို့၏ ဒေသအတွင်းတွင် ရွှေ့ပြောင်းအလုပ်သမားများမှာ ခေါင်းပုံဖြတ်ခံရပြီး လူကုန်ကူးခံရသည်ကို မလုပ်နိုင်ပါ၊ဟု သူက ပြောဆိုခဲ့သည်။

New Zealand Minister of Workplace Relations - Michael Wood
နယူးဇီလန်နိုင်ငံ အလုပ်ခွင် ဆက်ဆံရေး ဝန်ကြီး - Michael Wood | Credit: labour.org.nz

Tolich က ပြောကြားခဲ့သည်မှာ ဖီဂျီနိုင်ငံ လက်ရှိ ဥပဒေများအရ ရွှေ့ပြောင်းအလုပ်သမားများသည် ဖီဂျီနိုင်ငံသားများ ရရှိသည့် ဥပဒေအကာအကွယ် အတူတူကို မရရှိကြပါ၊ နှိပ်စက်မှု ဖြစ်ပွားသည့်အခါ ထုတ်ဖော်ပြောဆိုရန် ၎င်းတို့အတွက် ခက်ခဲစေပါသည်။

Goundar Shipping ကုမ္ပဏီသည် ဒီဇင်ဘာလ၌ သင်္ဘောသားများအနက် သုံးဦးအား ၎င်းတို့၏ အခွင့်အရေးများနှင့် ပတ်သက်၍ ဒေသခံ ကိုယ်စားလှယ်များကို ဖွင့်ဟပြောဆိုသည်ကို ကုမ္ပဏီက တွေ့ရှိသည့်အခါ အလုပ်မှ ထုတ်ပစ်ခဲ့သည်။ သင်္ဘောသားများကို ဝေးလံခေါင်းပါးသည့် ဆိပ်ကမ်းတစ်ခုတွင် စွန့်ပစ်ခဲ့ပြီး ၎င်းတို့ Suva သို့ ပြန်ခရီးမထွက်မီ ဆိပ်ကမ်းဘောတံတားပေါ်၌ တစ်ည အိပ်ခဲ့ရသည်။ နိုင်ငံ၏ လက်ရှိ ဥပဒေများအရ အလုပ်မှ ထုတ်ပယ်ခြင်းမှာ ဥပဒေနှင့်ညီညွတ်ဖွယ်ရာရှိခဲ့သည်။

 “ဖီဂျီနိုင်ငံ အစိုးရအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခြင်းအတွက် ဖီဂျီနိုင်ငံ သမဂ္ဂများ၏ တောင်းဆိုမှုများကို ကျွန်တော်တို့ ထောက်ခံပါသည်၊ သို့မှသာ သူတို့အနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒေသခံ အလုပ်သမားများအတွက် ပိုမိုကောင်းမွန်စွာ ရပ်တည်ပေးနိုင်မည်ဖြစ်သည်။ လုပ်ခလျော့ပေးမှုများနှင့် နှိပ်စက်မှုတို့၏ ပြဿနာများ ပေါ်ပေါက်လာသည့်အခါ ပိုမိုခိုင်မာသည့် သမဂ္ဂများမှာ အလုပ်သမားများအနေဖြင့် ကြောက်ရွံ့မှုမရှိဘဲ ဖွင့်ဟပြောဆိုရန်အတွက် ထောက်ခံရန် အကောင်းဆုံး နည်းလမ်းဖြစ်ပါသည်။ သမဂ္ဂများနှင့် ပူးပေါင်းခြင်းနှင့် သမဂ္ဂများ ဖွဲ့စည်းခြင်းသည် အခြေခံ လူ့အခွင့်အရေး ဖြစ်ပါသည်၊ဟု Tolich က ပြောကြားခဲ့သည်။

ဖီဂျီနိုင်ငံသည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (United Nations Human Rights Council) ဥက္ကဌ ရာထူးနေရာ၌ လူ့အခွင့်အရေးအတွက် ရပ်တည်ပေးရန် ကတိပေး၍ မကြာသေးမီက အရွေးခံခဲ့ရသည်ဟု Tolich က တင်ပြခဲ့သည်။
မိခင်နိုင်ငံ၌ ဦးဆောင်မှုကို ပြသရန် ယခု အချိန်ကျရောက်ပြီဖြစ်ပါသည်၊ဟု သူက ပြောကြားခဲ့သည်။

မှတ်ချက်များ-

  • ဖီဂျီနိုင်ငံ အကြီးဆုံး ကူးတို့သယ်ယူပို့ဆောင်ရေးကို လုပ်ငန်းလည်ပတ်ရန် ဖိလစ်ပိုင်နိုင်ငံမှ သင်္ဘောသား အယောက် ၂၀ ကျော်ကို Goundar Shipping Limited ကုမ္ပဏီမှ ခေါ်သွင်းခဲ့သည်
  • အလုပ်သမားများသည် Goundar Shipping ကုမ္ပဏီမှ ၎င်းတို့အား တစ်လလျှင် US$1000 ပေးမည်ဟု ကတိပြုခဲ့သည့် ဖော်ပြထားသော စာချုပ်များကို လက်မှတ်ရေးထိုးခဲ့သော်လည်း ၎င်းတို့ ဖီဂျီနိုင်ငံသို့ ရောက်ရှိခဲ့သည့်အခါ ကုမ္ပဏီသည် ပိုမိုနိမ့်ကျသော လုပ်ခများ ပေးခဲ့သည်
  • ကုမ္ပဏီသည် သင်္ဘောသားများအား ပြန်ပို့ရန် ၎င်းတို့၏ ကန်ထရိုက်နှင့် ဥပဒေပါ တာဝန်ဝတ္တရားကို ချက်ချင်း ရုပ်သိမ်းခဲ့သည် - အလုပ်သမားများအနေဖြင့် တစ်နှစ် အလုပ်လုပ်ရန် စာချုပ်များကို လက်မှတ်ထိုးပြီးမှသာ အိမ်ပြန်ရန် လေယာဥ်များ စီစဉ်ပေးမည်ဖြစ်သည်။
  • သံချေးများတက်နေသည့် သင်္ဘောများပေါ်တွင် သင်္ဘောသားများအနေဖြင့် မိမိတို့၏ ကိုယ်ရေး အကာအကွယ်ပေး ဝတ်စုံများ (PPE) မိမိတိို့ကိုယ်တိုင် ဝယ်ယူခဲ့ရပြီး သန့်စင်ရေးသုံး အရာများကဲ့သို့ အခြေခံ အသုံးအဆောင်ပစ္စည်းများအတွက် ၎င်းတို့၏ လစာငွေကို သုံးစွဲခဲ့ရသည်ဟု သင်္ဘောသားများက တင်ပြကြသည်။
  • ကုမ္ပဏီသည် အလုပ်သမားများ၏ လုပ်ခ နောက်ထပ် 50% ကို ၎င်းတို့၏ ဝင်ငွေများမှာ Covid လျှော့ကျခဲ့သည်ဟု တင်ပြခဲ့ပြီး ဖြတ်တောက်ခဲ့ပြန်သည်။
  • အလုပ်သမားများ၏ အလုပ်လုပ်သည့်အချိန်နာရီများကို ကုမ္ပဏီက လျှော့ချ ရေတွက်ခဲ့သည် - အများအပြားသော ကိစ္စများ၌ သင်္ဘောသားများ တစ်ပတ်လျှင် အမှန်တကယ် လုပ်ခဲ့ရသည့် အချိန်နာရီ ၉၀ နာရီကျော်၏ ၇ နာရီအတွက်သာ ပေးချေပါသည်။
  • ITF ၏ ကနဦး တွက်ချက်မှုများအရ ခန့်မှန်းသည်မှာ Goundar Shipping ကုမ္ပဏီသည် သင်္ဘောသားများအတွက် စုစုပေါင်း AU$250,000 ကျော် မပေးရသေးသည့် လုပ်ခများ တင်ရှိနေသည်ဟုဆိုသည်။
  • အမှာသတင်းများက ပြသသည်မှာ နိုင်ငံကူးလက်မှတ်များကို လွဲအပ်ရန် (သို့) သူတိို့ လုပ်ခရမည် မဟုတ်ကြောင်း Goundar ဝန်ထမ်းများက အလုပ်သမားများအား ပြောခဲ့သည်။
  • ITF ၏ စုံစမ်းစစ်ဆေးမှုကို အများပြည်သူသို့ ထုတ်ပြန်ပြီးသည့်အခါကျမှသာ သင်္ဘောသား အယောက် ၂၀ အနက် ၉ ဦးကို အိမ်ပြန်ပို့ရန် ကုမ္ပဏီက လေယာဥ်လက်မှတ်များ ဝယ်ပေးခဲ့သည်။
    • ၎င်းကြောင့် အလုပ်သမားများအနေဖြင့် ၎င်းတို့၏ နှိပ်စက်မှုကို သက်သေထွက်ဆိုပေးခြင်းမှ ဟန့်တားခဲ့နိုင်ကြောင်း သမဂ္ဂများက စိုးရိမ်ပူပန်ခဲ့ကြသည်။
    • သို့သော်လည်း ဖီဂျီနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဌာနသည် လျင်မြန်စွာ လူတွေ့မေးမြန်းမှုများကို စီစဉ်ခဲ့ပါသည်။ ဌာနသည် သင်္ဘောသားများကို နစ်နာခံရသူ အဆင့်အတန်းဖြင့် အသိအမှတ်ပြုခဲ့ပြီး ၎င်းတို့အား Goundar ကုမ္ပဏီ ကိုယ်စားလှယ်များအနေဖြင့် အနာဂတ်၌ ဆက်သွယ်လာခြင်းမှ တားမြစ်ပိတ်ပင်ထားသည်။
    • ဖိလစ်ပိုင် အစိုးရသည် သင်္ဘောသားများ၏ ထိတွေ့မှုမရှိသည့် သီးခြားနေခြင်းဆိုင်ရာ ကုန်ကျစရိတ်များကို ကျခံခဲ့ပြီး ကုသိုလ်ဖြစ်အဖွဲ့အစည်းက ၎င်းတို့၏ Covid-19 PCR စစ်ဆေးမှုခံယူခြင်းများအတွက် ကုန်ကျစရိတ်ပေးချေခဲ့သည် (အဆိုပါ ကုန်ကျစရိတ် နှစ်မျိုးလုံးမှာ Goundar ၏ တာဝန်ဖြစ်သည်)
    • သင်္ဘောသား ၉ ဦးသည် မနီလာမြို့သို့ ဤအပတ်၌ ရောက်ရှိလာခဲ့သည်။
  • သင်္ဘောသား ခုနှစ်ဦးမှာမူ ဖီဂျီနိုင်ငံ၊ Suva ၌ ပံ့ပိုးမှုအဆက်အသွယ်များ၊ အမြဲနေထိုင်ရာ နေရာထိုင်ခင်း (သို့) ဝင်ငွေ မရှိဘဲ စွန့်ပစ်ခံနေရသည်။
    • ဤသင်္ဘောသားများအတက် 4 ဦးသည် Goundar ကုမ္ပဏီ ဝန်ထမ်းများက ၎င်းတို့ထံမှ နိုင်ငံကူးလက်မှတ်များ တောင်းခံခဲ့ပြီးနောက် အလုပ်ထွက်ခဲ့ကြပြီးဖြစ်သည်။
    • သင်္ဘောသားများအနက် 3 ဦးမှာ ၎င်းတို့ သမဂ္ဂများနှင့် စကားပြောဆိုခဲ့ပြီးနောက် Goundar မှ အလုပ်ထုတ်ပယ်ခြင်းကို ခံခဲ့ရသည်။
  • တစ်ပတ်တာကုန်ဆုံးရက်၌ CNN မှ သတင်းထုတ်ပြန်ခဲ့သည် မှာ ဖိလစ်ပိုင် နိုင်ငံခြားရေးရာ ဌာနသည် သင်္ဘောသားများအတွက် လူမှုဖူလုံရေး အထောက်အပံ့ကို ၎င်းတို့၏ Suva ကောင်စစ်ဝန်ရုံးမှ အလုပ်သမား ကောင်စစ်ဝန်ရှိသည့် နယူးဇီလန်နိုင်ငံ ဝဲလင်တန်မြို့ရှိ ၎င်း၏ သံရုံးသို့ လွှဲပြောင်းပေးခဲ့သည်။

     

    မီဒီယာ အဆက်အသွယ်-

    နောက်ခံသမိုင်းနှင့် သတင်းအချက်အလက် တောင်းဆိုမှုများ

    media@itf.org.uk

     

    လူတွေ့မေးမြန်းမှုများ

    Paul Tolich        paul.tolich@etu.nz       +64 27 593 5595

    Paul သည် နယူးဇီလန်နိုင်ငံရှိ ITF ၏ အမျိုးသား ညှိနှိုင်းရေး ကော်မတီ ဥက္ကဌ ဖြစ်သည်။ သူသည် ITF-အဖွဲ့ဝင် သမဂ္ဂဖြစ်သည့် E Tū အတွက် အကြီးတမ်း အမျိုးသား လုပ်ငန်းကဏ္ဍ အရာရှိလည်း ဖြစ်ပါသည်။

     

    ထိခိုက်ခံရသည့် သင်္ဘောသားများ

    ဤအမှုကိစ္စကြောင့် ထိခိုက်ခံရသည့် သင်္ဘောသားများကို လူတွေ့မေးမြန်းမှုများအတွက် ရရှိနိုင်ပါသည်၊ ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုများအား အကာအကွယ်ပေးရန် ၎င်းတို့၏ မည်သူဖြစ်ကြောင်းကို အမည်မဖော်ထုတ်ရန် မီဒီယာများအနေဖြင့် သဘောတူသည့်အပေါ် သတ်မှတ်ပေးခြင်းဖြင့်ဖြစ်သည်။ လူတွေ့မေးမြန်းမှုများကို ဝက်ဘ်ဆိုက်မှတစ်ဆင့် တောင်းဆိုရန်ဖြစ်သည်- media@itf.org.uk

    ITF အကြောင်း-

    အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ITF သည် နယူးဇီလန်နိုင်ငံ၏ ထောင်ပေါင်း ဆယ်စုပေါင်းများစွာနှင့်ချီသည့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများအပါအဝင် ကမ္ဘာတစ်ဝန်းရှိ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍများရှိ အလုပ်လုပ်ကိုင်လျက်ရှိသော အမျိုးသမီးများနှင့် အမျိုးသားများအတွက် ပြောဆိုသံဖြစ်ပါသည်။

    နယူးဇီလန်နိုင်ငံရှိ ITF-အဖွဲ့ဝင် သမဂ္ဂများမှာ-

    • လေကြောင်းနှင့် ပင်လယ်ရေကြောင်း အင်ဂျင်နီယာများ အသင်း (AMEA)
    • E Tū
    • FIRST သမဂ္ဂ
    • နယူးဇီလန်နိုင်ငံ၏ ပင်လယ်ရေကြောင်း သမဂ္ဂ (MUNZ)
    • အလုပ်သမားများ၏ ကုန်သွယ် ဝန်ဆောင် လက်မှုအတတ် လုပ်ငန်းကဏ္ဍ (MSG)
    • မီးရထားနှင့် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး သမဂ္ဂ (RMTU)
    ITF New Zealand affiliates

     

    မှတ်ချက်အသစ်များတင်ခြင်း

    Restricted HTML

    • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
    • Lines and paragraphs break automatically.
    • Web page addresses and email addresses turn into links automatically.