Skip to main content

တရားရုံးသည် သင်္ဘောမာလိန်မှူးအား Suez တူးမြောင်း ဟိုတယ်တွင် ဆက်လက် ထိန်းသိမ်းထား

22 Mar 2021

 “ဤအမှာစာမှာ ကျွန်ုပ်ရေးသည့် နောက်ဆုံး အမှာစာ ဖြစ်ကောင်း ဖြစ်နိုင်သည်၊” ဟု MV Kenan Mete သင်္ဘောမှ သင်္ဘောမာလိန်မှူးက ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် သင်္ဘောပေါ်ရှိ အရေးပေါ် မီးစက် ပျက်သွားပြီးနောက် သင်္ဘော တစ်ခုလုံး အမှောင်ထုထဲရောက်နေစဉ် အီးမေးလ် ပို့ခဲ့သည်။

 “ကျွန်ုပ် ထပ်ပြောမည်။ သင်္ဘောပေါ် လျှပ်စစ်မီး၊ ရေ သို့မဟုတ် အစားအစာ မရှိပါ၊ဟု သူသည် သုံးရက် ကြာပြီးနောက် ရေးသားခဲ့သည်။

တူရကီနိုင်ငံသား သင်္ဘောမာလိန်မှူးဖြစ်သူ Vehbi Kara သည် အီဂျစ်နိုင်ငံ၊ Suez တူးမြောင်းတွင်းရှိ Adabiya ဆိပ်ကမ်း၌ အလေးချိန် စုစုပေါင်း တန်ချိန် 8,897 တန် ရှိသည့် စွန့်ပစ်ထားသော ထုထည်ကြီးတင် သင်္ဘောပေါ်တွင် နောက်ဆုံး ရပ်တည်နေလျက် ရှိနေခဲ့သည်။ သို့သော် သင်္ဘောမာလိန်မှုးသည် တစ်ဦးတည်း အထီးတည်းတော့ မဟုတ်ပါ။

 “သင်္ဘောပေါ်တွင် ကြွက် အမြောက်အမြား ရှိပါသည်၊ဟု သူက ရေးသားခဲ့သည်။ ကြွက်များ သောင်းကြမ်းသည့် အသံများကြောင့် ညအခါ ကျွန်ုပ် အိပ်၍ မရနိုင်ပါ။ ကျွန်ုပ် ၁၂ ရက်လုံးလုံး တစ်ဦးတည်း နေထိုင်ရန် ကြိုးစားနေရပါသည်။ ဤအခြေအနေ၌ ဤသင်္ဘောပေါ်တွင် လူတစ်ယောက် နေထိုင်ရန် မဖြစ်နိုင်ပါ။

ပနားမား အလံတင် သင်္ဘော MV Kenan Mete သည် ၂၀၂၀ ခုနှစ် ဇွန်လ ကုန်ဆုံးပိုင်းမှစတင်၍ သင်္ဘောပိုင်ရှင်ဖြစ်သူ Blodwen Marina က သင်္ဘောနှင့် ၎င်း၏ သင်္ဘောသားများအား စွန့်ပစ်လိုက်သည့်အခါ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည်။ သင်္ဘောပေါ်တွင် နိုင်ငံအနှံ့ဖြစ်သည့် ဂျော်ဂျီယာ၊ အိန္ဒိယ၊ ဆီးရီးယား၊ တူရကီနှင့် ယူကရိန်း နိုင်ငံတို့မှ သင်္ဘောသား စုစုပေါင်း ၂၅ ဦး ရှိသည်။

အစ်စတန်ဘူလ် နိုင်ငံ-အခြေခံ သင်္ဘောပိုင်ရှင်နှင့် Kenan Mete သင်္ဘောဝန်ထမ်းများသည် လုပ်ခများပေးရန် Blodwen Marina ၏ ပျက်ကွက်မှုနှင့်ပတ်သက်၍ အချင်းများငြင်းခုံခဲ့ကြသည်။ အငြင်းပွားမှုကြောင့် သင်္ဘောသားများအနေဖြင့် ရရန်ရှိသည့် လုပ်ခကြွေးကျန်များနှင့်အတူ ထွက်ခွာသွားခြင်းမှ မူလအားဖြင့် အဟန့်အတားဖြစ်ခဲ့ရပါသည်။

စက်တင်ဘာလ၌ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) ဦးဆောင်သည့် စွက်ဖက်မှုကြောင့် သင်္ဘောသား ၂၅ ဦးလုံးအား သင်္ဘော အာမခံ ကုမ္ပဏီဖြစ်သည့် P&I club က လေးလစာ လုပ်ခများကို ပေးခဲ့ပါသည်။ လုပ်ခ ပေးခြင်းများမှာ သင်္ဘောသားများအတွက် ကြိုဆိုရမည့် သက်သာရာရမှုတစ်ရပ် ဖြစ်ခဲ့သော်လည်း သင်္ဘောသား နှစ်ဦးမှာ လုပ်ခ နှစ်လစာ မရသေးပါ။ ITF စုံစမ်းစစ်ဆေးမှုများသည် အီဂျစ်နိုင်ငံသို့ သင်္ဘော မရောက်ရှိမီ ၁၂ လ အတွက် သင်္ဘောသား အများအပြား လုပ်ခများ မရရှိသေးသည်ကို ဖော်ထုတ်ခဲ့ပါသည်။ တစ်ချို့မှာ လုပ်ခ မရရှိသေးဘဲ ၁၈ လမျှပင် ကြာညောင်းနေပြီဖြစ်ပါသည်။

သင်္ဘောဝန်ထမ်းများ စွန့်ပစ်ခံရကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (International Labour Organization) သို့ အောက်တိုဘာလတွင် ITF က သတင်းပို့ခဲ့သည်။ သင်္ဘောစွန့်ပစ်သည့် ကိစ္စများ၌ မပေးရသေးသည့် လုပ်ခ အနည်းဆုံး နှစ်လ ရှိရမည့်အပြင် သင်္ဘောသားများ၏ အကျိုးကို တိုက်ပွဲဝင်ရာ၌ သင်္ဘောအကြောင်း သတင်းပို့ခြင်းသည် လုပ်ငန်းစဉ်၏ အရေးကြီးသော အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါသည်ဟု ILO ၏ သင်္ဘော စွန့်ပစ်ခြင်း အဓိပ္ပါယ်ဖော်ပြချက်တွင် ဖော်ပြထားသည်။

သင်္ဘောပိုင်ရှင်ထံမှ ပံ့ပိုးမှု မရှိသည့်ကိစ္စ၌ ITF သည် သင်္ဘောသားများအား သင်္ဘောမှ ဆင်းစေရန် စတင် ဖိအား ပေးခဲ့သည်။ သို့သော် သင်္ဘောသားများအား MV Kenan Mete သင်္ဘောမှ ဆင်းပေးခြင်းမှာ အခက်အခဲများ ရှိကြောင်း တွေ့ခဲ့ရသည်။ 

ITF အာရတ်ကမ္ဘာနှင့် အီရန် အဆက်အသွယ်ကွန်ခြာ ညှိနှိုင်းရေးမှူးဖြစ်သူ Mohamed Arrachedi သည် သင်္ဘောသားများ၏ အမှုကိစ္စနှင့်ပတ်သက်၍ အီဂျစ်နိုင်ငံအတွက် ITF အဆက်အသွယ်ဖြစ်သူ Alsayed Alchazli နှင့်အတူ လုပ်ကိုင်ခဲ့သည်။

Mr Alchazli သည် စိတ်သောကရောက်နေသည့် သင်္ဘောသားများအား ၎င်းတို့ကိုယ်စား အမျိုးမျိုးသော အီဂျစ် အာဏာပိုင်များ၊ စီမံရေးနှင့် ဥပဒေဆိုင်ရာ ဝန်ဆောင်ဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်းအားဖြင့် ဆောင်ရွက်ပေးရာ၌ အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်ခဲ့ပါသည်။ နှစ်လကျော် အချိန်နာရီပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီးနောက် သင်္ဘောသားများသည် သင်္ဘော ရောင်းရငွေမှ ရရန်ရှိသည့် လုပ်ခများကို တောင်းဆိုမှု လုပ်ရန်အတွက် သင်္ဘောရောင်းချမှုကို ကြီးကြပ်သည့် အီဂျစ်တရားရုံးများသို့ အမှုတင်သွင်းနိုင်ခဲ့သည်။

ရာပေါင်းများစွာသော သင်္ဘော စွန့်ပစ်ခံရသည့် ကိစ္စများကို သူ၏ အလုပ်ဘဝ တစ်လျှောက်လုံး ရင်ဆိုင်ကိုင်တွယ်ခဲ့သူ ဖြစ်သည့် Arrachedi ၏အဆိုအရ၊ သင်္ဘောသားများအတွက် ITF ၏ ဥပဒေဆိုင်ရာ အကူအညီ ရရှိခြင်းမှာ ခက်ခဲကြောင်း တွေ့ရှိခဲ့ရသည်။

ITF Arab World and Iran Network Coordinator - Mohamed Arrachedi
ITF ၏ အာရတ်ကမ္ဘာနှင့် အီရန် အဆက်အသွယ်ကွန်ခြာ ညှိနှိုင်းရေးအရာရှိဖြစ်သူ Mohamed Arrachedi | Credit: ITF

ဒီဇင်ဘာလတွင် ILO/IMO ‘Seafarer Crisis Action Team’ သည် အီဂျစ်နိုင်ငံ အာဏာပိုင်များထံ စာရေးသားခဲ့သည်၊ ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (Maritime Labor Convention) နှင့်အညီ သင်္ဘောဝန်ထမ်းများ အိမ်ပြန်ပို့ခံရရေး သေချာစေရန် ဆိပ်ကမ်းနိုင်ငံ၏ တာဝန်ကို အလေးပေးရေးသားခြင်းဖြစ်သည်။

အခြေအနေများ ပိုမိုဆိုးရွားစေရန် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် သင်္ဘောသားများအနက် တစ်ဉီးမှာ COVID-19 ရောဂါ ရှိကြောင်း စစ်ဆေးမှုအဖြေထွက်ခဲ့ပြီး သင်္ဘောနှင့် ၎င်း၏ သင်္ဘောသားများကို တင်းကျပ်သော ထိတွေ့မှုမရှိသည့် သီးခြားနေခြင်းဖြင့်နေစေခဲ့သည်။

Mr Arrachedi က ပြောကြားခဲ့သည်မှာ ၂၀၂၀ ခုနှစ်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း သင်္ဘောဝန်ထမ်း အားလုံးလိုလို သင်္ဘောမှ ထွက်ခွာပြီး ၎င်းတို့၏ မိသားစုများထံ ပြန်သွားသည်ကို မြင်တွေ့နိုင်ခဲ့သည်။ တစ်ဉီးမှ လွဲ၍ဖြစ်သည်။

 “ကျွန်ုပ်တို့ ခက်ခက်ခဲခဲ လုပ်ကိုင်ခဲ့သည်။ ၎င်းပြင် ခက်ခဲသည့် အလုပ်မှာ သင်္ဘောသား အားလုံး ထွက်ခွာသွားအောင် လုပ်ခဲ့ခြင်းဖြစ်သည်သို့သော် သင်္ဘောမာလိန်မှူးဖြစ်သူ Captain Kara ကို သူ၏ ဆန္ဒကို ကျော်လွန်၍ သင်္ဘောပေါ် ဆက်လက်ထားရှိခဲ့သည်၊ဟု Arrachedi က ပြောဆိုခဲ့သည်။

Arrachedi က ပြောကြားခဲ့သည်မှာ အီဂျစ်နိုင်ငံ အာဏာပိုင်များအနေဖြင့် ဤနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် သင်္ဘောအား ဖမ်းဆီးခဲ့သည့်အချိန်၌ သင်္ဘောသည် မြီရှင်များအပေါ် ကြွေးမြီ USD $528,467 ကျော် တင်ရှိနေခဲ့သည်။ ILO သင်္ဘော စွန့်ပစ်မှု မှတ်တမ်းများအရ, တရားရုံးသည် သင်္ဘောမာလိန်မှူး Captain Kara အား သင်္ဘောအား လေလံတင် ရောင်းချနိုင်သည့်အချိန်အထိ တရားရေးဆိုင်ရာ စောင့်ကြပ်သူအဖြစ် အဆိုပြုခဲ့သည်သင်္ဘော၏ ကြွေးမြီအချို့ သို့မဟုတ် အားလုံးကို ပြန်ဆပ်ပေးရန် ရောင်းရငွေအား အသုံးပြုနိုင်ရန်နှင့်တကွဖြစ်သည်။

အာဏာပိုင်များအား ပြန်လည်တင်ပြရာ၌ သင်္ဘောမာလိန်မှူး Captain Kara က တင်ပြခဲ့သည်မှာ သူ့အား မလုံခြုံသော သင်္ဘောပေါ်တွင် ထိန်းသိမ်းထားပြီး နှိပ်စက်ညှဥ်းပန်းနေသည်ဟုဆိုသည်။ သို့သော်လည်း သူ၏ ဆိပ်ကမ်း အာဏာပိုင်ထံ သတင်းပေးအမှာစာမှာ ပြန်ကြားမခံခဲ့ရပါ။ သူ့အား ဆိပ်ကမ်းဘောတံတားပေါ် လမ်းလျှောက်ရန်ကိုပင် ခွင့်မပြုခဲ့ပါ။

 “ကျွန်ုပ်အပေါ် ဆောင်ရွက်ခဲ့သည့် လုပ်ရပ်မှာ လူ့အခွင့်အရေးများကို ဆန့်ကျင်ပါသည်။ ကျွန်ုပ်သည် စိတ်အာရုံ ပြိုကျနေပြီဖြစ်သည်။ ကျွန်ုပ်တွင် နှလုံးရောဂါ ရှိသည်။ ကျွန်ုပ်၏ နာမကျန်းမှုကြောင့် နေ့စဉ် ကျွန်ုပ် သေဆုံးမှုသို့ နီးကပ်နေသည်။ ကျွန်ုပ်အား ဆေးရုံတင်ကုသရန် လိုအပ်ပါသည်။ ကျွန်ုပ် သေလုနီးပါးဖြစ်နေပြီး အကူအညီကို တောင်းခံနေပါသည်၊ဟု သူ၏ အီးမေးလ်တွင် မေတ္တာရပ်ခံထားပါသည်။

အီဂျစ်နိုင်ငံ အာဏာပိုင်များက ပြောကြားခဲ့သည်မှာ သင်္ဘောမာလိန်မှူးအနေဖြင့် သင်္ဘောကိုယ်စားလှယ်က မာလိန်မှူး နောက်ထပ်တစ်ယောက် တရားရုံးမှတစ်ဆင့် ခန့်အပ်သည့်အချိန်အထိ နေရမည်ဟု ပြောခဲ့သည်။ ယင်းနောက် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ ညနေခင်းတွင် သင်္ဘောမာလိန်မှူးကို သင်္ဘောပေါ်မှ ဆင်းရန် ခွင့်ပြုခဲ့သည်။ ဤကိစ္စမှာ IMO ၊ ကိုင်ရိုမြို့ရှိ တူရကီ သံရုံး၊ နှင့် သင်္ဘော၏ P&I club တို့၏ထောက်ခံမှုနှင့်အတူ ITF ၏ ဖိအားပေးခြင်းကြောင့်ဖြစ်ခဲ့ရ၍ ကျေးဇူးတင်ပါသည်။ သူ့အား နီးရာဟိုတယ်သို့ သွားခွင့်ပြုခဲ့သည်၊ သို့သော် စည်းကမ်းချက်များ ကင်းမဲ့စွာဖြင့်တော့ မဟုတ်ပါ။

Originally overjoyed to be moved from the squalid, unsafe conditions of the MV Kenan Mete, Captain Kara has now been trapped at the hotel for months
အောက်တန်းကျပြီး မလုံခြုံသည့် MV Kenan Mete သင်္ဘောပေါ်မှ ထွက်ခွာရသည်ကို မူလအားဖြင့် ပျော်ရွှင်စွာဖြင့် Captain Kara သည် ယခုအခါ လပေါင်းများစွာ ဟိုတယ်တွင်း၌ ချောင်ပိတ်မိခံနေရသည် | Credit: ITF

 “ကျွန်ုပ် ယခု Red Sea Hotel တွင် ရှိနေပါသည်၊” ဟု သင်္ဘောမာလိန်မှူးဖြစ်သူ Captain Kara က ဤနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ရေးသားခဲ့သည်။ ကျွန်ုပ် နေကောင်းသော်လည်း အလွန် ပင်ပန်းနေပါသည်။

သင်္ဘောမာလိန်မှူး Kara က သူ၏ ကျန်းမာရေးအကြောင်း ရေးသားခဲ့ပြီးကတည်းကစ၍ သူသည် အဆိုပါ ဟိုတယ်ခန်းအတွင်း၌ နောက်ထပ် ၂၃ ရက် နေခဲ့ပြီးဖြစ်သည်။

အီဂျစ်နိုင်ငံ အာဏာပိုင်များသည် သူ့အား တရားရုံးက သင်္ဘော၏ဥပဒေဆိုင်ရာ စောင့်ကြပ်သူအဖြစ် ခန့်အပ်ထားခြင်းကြောင့် ထွက်ခွာသွားခွင့်ပြုရန် ငြင်းပယ်နေသေးသည်။

Captain Kara was relieved to be off the MV Kenan Mete
သင်္ဘောမာလိန်မှူး Captain Kara ကို MV Kenan Mete သင်္ဘောမှ ဆင်းပေးခွင့်ပြုခဲ့သည် - ပင်လယ်ပြင်၌ လပေါင်းများစွာ နေခဲ့ပြီးနောက် ဟိုတယ်ရောက်ရှိချိန် ဓါတ်ပုံရိုက်ထားခြင်းဖြစ်သည် | Credit: ITF

 

ITF Arrachedi က ပြောကြားခဲ့သည်မှာ အဖွဲ့အစည်းသည် သင်္ဘောမာလိန်မှူးအား အိမ်ပြန်ပို့လိမ့်မည်ဖြစ်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်အချက်များကို ဆက်လက် ရှာဖွေနေဆဲဖြစ်ပါသည်။

 “၎င်းသည် ကြာရှည်ပြီး ခက်ခဲမည့် ကိစ္စတစ်ခု ဖြစ်နေလျက်ရှိသည်၊ သင်္ဘောသားများသည် အလွန် ခက်ခဲသည့် အချိန်အခါများကို ခံစားခဲ့ရသည်။ ဤသင်္ဘောသားများအနက် တစ်ယောက်မှာသင်္ဘောမာလိန်မှူး Captain Kara – ၏ ဒုက္ခမှာ ဆက်လက်တည်နေလျက်ရှိသည်။

 “အီဂျစ်နိုင်ငံ ပင်လယ်ရေကြောင်း၊ ဆိပ်ကမ်းနှင့် Suez တူးမြောင်း စီးပွားရေးဇုံ အာဏာပိုင်များအနေဖြင့် သင်္ဘောမာလိန်မှူးအား မှန်မှန်ကန်ကန် အိမ်ပြန်ပို့ပေးခွင့်ပြုစေမည်ဖြစ်သည့် လိုအပ်သော အဆင့်ဆင့် အချက်များကို လုပ်ရန် ကျွန်ုပ်တို့၏ အရေးပေါ် တောင်းဆိုချက်ကို ကျွန်ုပ်တို့ ပြန်လည်တင်ပြပါသည်။

Captain Kara with Al Alchazli and the captain's ITF-provided lawyer
ITF အီဂျစ်နိုင်ငံ အဆက်အသွယ်ဖြစ်သူ Al Alchazli နှင့် and the captain's ITF- ပံ့ပိုးပေးထားသည့် မာလိန်မှူး၏ ရှေ့နေတို့နှင့် အတူ မာလိန်မှူး Captain Kara
သူသည် ITF အား ဆက်လက် ထောက်ခံမှုအတွက် ကျေးဇူးတင်ခဲ့သည် | Credit: ITF

သင်္ဘောဝန်ထမ်း အားလုံးမှာ အိမ်ပြန်ရောက်နေပြီးဖြစ်သဖြင့် သင်္ဘောမာလိန်မှူးသည် အိမ်ပြန်ရောက်ရန် လိုအပ်ပါသည်။ အီဂျစ်နိုင်ငံရှိ ပင်လယ်ရေကြောင်း အာဏာပိုင်များက ပြောကြားနေသည်မှာ ၎င်းတို့အနေဖြင့် သင်္ဘောသားများ၏ အိမ်ပြန်ရေးကို မကန့်ကွက်ပါ၊ ဤကိစ္စမှာ တရားရုံး၏ လုပ်နေဆဲ ပြဿနာတစ်ခုဖြစ်သည် ဟုဆိုသည်။ သို့သော်လည်း အမှန်စင်စစ် ပင်လယ်ရေကြောင်း အာဏာပိုင်များသည် တရားရုံး၏ ခွင့်ပြုချက်ဖြင့် အစားထိုးပေးမည့်သူတစ်ဉီးကို စီစဉ်ပေးရန်အတွက် လုပ်ကိုင်လျက် ရှိနေပြီးဖြစ်သောကြောင့် လူတစ်ဉီး၏ ပခုံးပေါ် အလွန် လေးလံစွာ ဝန်ပိနေခြင်းဖြစ်သည့် သင်္ဘော၏ဥပဒေဆိုင်ရာ စောင့်ကြပ်သူအဖြစ်မှ ဝန်ပိမှုကို လျှော့်ကျပါမည်။ ၎င်းတို့အနေဖြင့် အရာတိုင်းကို ကြိုးစားလုပ်ကိုင်သင့်ပါသည်။

 “လက်ရှိ အခြေအနေအရ မာလိန်မှူး Captain Kara ကို အီဂျစ်နိုင်ငံတွင် ဝင်ငွေ မရှိ၊ လုပ်ခ မရဘဲ သင်္ဘောအား ရောင်းချသည့်အချိန်အထိ စောင့်ဆိုင်းရင်း ဆက်လက်နေစေရန် ဖိအားပေးကြသည်။ ၎င်းသည် သာနာမျှတမှု မရှိသည့်အပြင် သူ၏ အခြေခံအခွင့်အရေးနှင့် သင်္ဘောသား၏ အခြေခံ အခွင့်အရေးများအား ဖောက်ဖျက်ကြသည်။ ဤကိစ္စ ဖြေရှင်းခြင်းကို ဦးစားပေးကိစ္စ တစ်ခုအဖြစ် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ မျှော်လင့်ပါသည်၊ဟု Arrachedi က ပြောကြားခဲ့သည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.