Skip to main content

နာမည်ပျက်စာရင်းဝင် Aswan သင်္ဘောအုပ်စု ထက်ဝက်မှာ သြစတြေးလျနိုင်ငံမှ သင်္ဘောနှစ်စီးအား ထိန်းသိမ်းလိုက်စဉ် ခက်ခဲသော အခြေအနေတွင် ရှိနေ

29 Mar 2021
Press Release

သြစတြေးလျနိုင်ငံ ပင်လယ်ရေကြောင်း အာဏာပိုင်များသည် အငြင်းပွားဖွယ်ရှိသည့် Qatari သင်္ဘောလုပ်ငန်း ကုမ္ပဏီပိုင် သင်္ဘော နှစ်စီးအား ကြီးလေးသော အလုပ်သမား အခွင့်အရေးများ ဖောက်ဖျက်မှုကြောင့် ဖမ်းဆီးခဲ့သည်၊ အဆိုပါဖမ်းဆီးမှုမှာ Aswan Trading and Contracting ၏ နောက်ထပ် သင်္ဘော တစ်စီးပေါ်ရှိ သင်္ဘောဝန်ထမ်းများ ကူဝိတ်နိုင်ငံ ကမ်းလွန်၌ အစာငတ်ခံ ဆန္ဒပြခဲ့ပြီး အပတ်အနည်းငယ်သာအကြာ၌ ဖြစ်ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခြင်းများကြောင့် ကုမ္ပဏီ၏ သင်္ဘောအုပ်စု ခြောက်စင်းမှ ထက်ဝက်မှာ ယခုအခါ လုပ်ငန်းလည်ပတ်မှု မရှိဘဲဖြစ်နေသည်ဟု ဆိုလိုသည်။ Aswan ကို ၂၀၁၇ ခုနှစ်တွင် သင်္ဘောလုပ်ငန်း စည်းမျဥ်းစည်းကြပ်သူများက နာမည်ပျက် စာရင်းသွင်းခဲ့ပြီး ၎င်း၏ ဥက္ကဌကို Qatari ဥပဒေ အာဏာပိုင်များက အလိုရှိ နေလျက်ရှိသည်

 

Aswan သည် Maryam သင်္ဘောဝန်ထမ်းများအား Kembla ဆိပ်ကမ်း၌ လျှပ်စစ်မီး၊ လောင်စာဆီ မရှိဘဲ ပစ်ထားသည်

နယူးဆောက်ဝေးလ်၊ Kembla ဆိပ်ကမ်း၌ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် သြစတြေးလျနိုင်ငံ ပင်လယ်ရေကြောင်း လုံခြုံရေး အာဏာပိုင် (Australian Maritime Safety Authority (AMSA)) က ဘေးကင်းလုံခြုံရေးနှင့် သင်္ဘောဝန်ထမ်း ဖူလုံရေးဆိုင်ရာ ပျက်ကွက်မှုပေါင်း ၃၆ ခု အတွက် MV Maryam (IMO: 9272864) ကို ပထမဦးစွာ ဖမ်းဆီးခဲ့သည်။ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers Federation (ITF)) မှ စိစစ်ရေးမှူးများက ကျောက်မီးသွေးတင် သင်္ဘောပေါ် မတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် တက်ရောက်ပြီးချင်းချင်း သင်္ဘောအနေဖြင့် သြစတြေးလျနိုင်ငံ ရေပိုင်နက်မှ ထွက်ခွာခြင်းကို တားမြစ်ရန် လိုအပ်သည့် အကြောင်းရင်း အများအပြားကို တွေ့ရှိခဲ့သည်။

သင်္ဘော မာလိန်မှူးနှင့်တကွ သင်္ဘောဝန်ထမ်းများနှင့် စကားပြောဆိုပြီးနောက် သင်္ဘောပိုင်ရှင်ဖြစ်သူ Aswan Trading and Contracting ကုမ္ပဏီသည် ကုန်ဖြန့်ချီသူများအား အဓိကကျသည့် ကန်ထရိုက်များကို ပေးချေရန် လတ်တလော အကြိမ်များစွာ ပျက်ကွက်ခဲ့ကြောင်း၊ အင်ဂျင်စက်အတွက် လောင်စာဆီ၊ စွမ်းအင်နှင့် လျှပ်စစ်မီး မရှိဘဲ သင်္ဘောအား ပစ်ထားခြင်းတို့ကို စိစစ်ရေးမှူးများက တွေ့ရှိခဲ့သည်။ ဤ ၃-၄ ရက် ကာလအတွင်း ရေခဲသေတ္တာများအတွက် လျှပ်စစ်ဓါတ်အား မရှိတော့ကာ အစားအစာများကို လွှင့်ပစ်ခဲ့ရသည်။ လျှပ်စစ်မီး၊ လေအေးစက်များ (သို့) မိုဘိုင်းဖုန်းများနှင့် ဆက်သွယ်ရေး ကိရိယာများအား ဓါတ်အားသွင်းခြင်း မရှိတော့သဖြင့် လောင်စာဆီနှင့် လျှပ်စစ်ဓါတ်အား နည်းပါးမှုကြောင့် သင်္ဘောဝန်ထမ်းများ၏ ဖူလုံရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာ အကြီးအကျယ် ပျက်သုဥ်းလာခဲ့သည်။ သင်္ဘောသား ၂၃ ဦးသည် ရေပင် မချိုးနိုင်ကြပါ သို့မဟုတ် ရေအိမ်သာများအား ရေဆွဲမချနိုင်တော့ပါ – ပင်လယ်ထဲမှ ရေကို ပုံးများဖြင့် ရေဆွဲ၍ အိမ်သာဆေးနေကြရပါသည်။

AMSA သည် 2004-ထုထည်ကြီးတင် သင်္ဘော၏ အဓိက မီးစက်တွင် ပြဿနာအမျိုးမျိုး တွေ့ရှိခဲ့၍ သင်္ဘော၏ အရေးပေါ် မီးစက်ကို သင်္ဘောဝန်ထမ်းများ မရမက အသုံးပြုနေကြရသည် – ၎င်းမီးစက်တွင်လည်း လောင်စာဆီနှင့် ဇကာစစ်ကိရိယာ ပြဿနာများ ရှိခဲ့ပါသည်။ ကမ်းခြေရှိ မီးစက် တစ်လုံးကို ရှာဖွေတွေ့ရှိပြီး သင်္ဘောအား ဓါတ်အားပေးရန် ကုန်းဘတ်ပေါ်တင်ခဲ့ရသည်။

သင်္ဘောအား ပိုမို ဆိုးရွားစေရန် စိစစ်ရေးမှူးများ သိရှိခဲ့ရသည်မှာ Maryam သည် ၎င်း၏ လောင်စာဆီ နောက်ထပ်တစ်ခါ ကုန်ခန်းတော့မည်ဖြစ်သည် – အဆိုပါ ည– ၉ နာရီတွင်ဖြစ်သည်။ အရေးပေါ် အကူအညီ လိုအပ်ခဲ့သည်။

ITF သည် သင်္ဘော၏ သင်္ဘောဝန်ထမ်းများ၏ ကြုံတွေ့နေရသည့် ယုတ်ညံ့လှသော အခြေအနေကို အာဏာပိုင်များထံ တင်ပြပေးရန် AMSA နှင့် နယူးစောက်ဝေးလ် Kembla ဆိပ်ကမ်း၏ ဆိပ်ကမ်း အာဏာပိုင် လုပ်ငန်း ဥက္ကဌသို့ ဆက်သွယ်ခဲ့ပါသည်။ ITF က ဖိအားပေးပြီးနောက် လောင်စာဆီ တိုင်ကီအလွတ်တစ်လုံး နေ့လည် ၂ နာရီတွင် ရောက်ရှိလာခဲ့သည်။ ITF ထံမှ ဖုန်းခေါ်မှု တစ်ချို့ကြောင့် ဆိပ်ကမ်းအာဏာပိုင်များက လောင်စာဆီ အပြည့်ပါရှိသည့် တိုင်ကီ တစ်လုံး ည ၇.၃၀ နာရီတွင် ရောက်ရှိလာခဲ့သည်။ လောင်စာဆီ အပြည့်ပါသည့် ဒုတိယ တိုင်ကီမှာ စိတ်ဓါတ်ကျနေပြီဖြစ်သည့် သင်္ဘောဝန်ထမ်းများက အာဏာပိုင်များမှာ ၎င်းတို့အတွက် ဆောင်ရွက်ပေးလိမ့်မည် မဟုတ်ကြောင်း ယုံကြည်နေရင်း မီးစက်ကို ပိတ်လုနီးနီးဖြစ်မည့် အချိန်၌ ရောက်ရှိလာခဲ့သည်။ နောက်ထပ် တိုက်ကီတစ်လုံးမှာ မတ်လ ၆ ရက်နေ့ နံနက် ၄ နာရီတွင် ရောက်ရှိလာခဲ့သည်။

သင်္ဘောဝန်ထမ်းများ၏ လောင်စာဆီ အကျပ်အတည်း လျော့ပါးသွားစဉ် ထုထည်ကြီးတင် သင်္ဘောပေါ် အခြား ပြဿနာ အမြောက်အမြားမှာ ITF နှင့် သင်္ဘောဝန်ထမ်းများ၏ စိုးရိမ်ပူပန်သည့် စိတ်များ၌ ဖြစ်ပေါ်နေလျက်ရှိသည်။

မတ်လ ၆ ရက်နေ့တွင် တန်ဖိုး AU $3,000 ရှိသော အစားအစာများကို ITF ၏ တောင်းဆိုချက်ကြောင့် နယူးစောက်ဝေးလ် ကမ်ဗလာ ဆိပ်ကမ်း အာဏာပိုင် (Port Authority of New South Wales Port Kembla) က ရေသန့်ဘူး 1,000 လီတာ အပါအဝင်ကို သင်္ဘောဝန်ထမ်းများအနေဖြင့် အစားအစာ သိုလှောင်ခန်း၌ ရိက္ခာ ရက်အနည်းငယ်စာသာ ရှိတော့သည့်အချိန်၌ ဖြန့်ဖြူးပေးခဲ့ပါသည်။ သင်္ဘောဝန်ထမ်းများအနေဖြင့် အပတ်ပေါင်း များစွာ အာဟာရ ချို့တဲ့ခြင်းမှ ပြန်လည်ကောင်းမွန်လာစေရန် အစားအစာများ ရက်ပေါင်းများစွာအတွက် ရရှိခဲ့ပါသည်။

မယုံကြည်နိုင်လောက်အောင်ပင် သင်္ဘောဝန်ထမ်းများသည် သြစတြေးလျနိုင်ငံ ဆိပ်ကမ်း၌ ဤသို့သော ငရဲဆန်သည့် အတိဒုက္ခရောက်ရှိသည့်အချိန်အထိ သင်္ဘောဝန်ထမ်းများအား တိတိကျကျ လုပ်ခ မပေးခဲ့ကြပါ။ Aswan သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (International Labour Organisation (ILO)) ၏ အနည်းဆုံး လုပ်ခထက် အလွန်နိမ့်ချ၍ များစွာသော သင်္ဘောသားများအား ပေးနေကြသည်၊ သင်္ဘောဝန်ထမ်း ၂၃ ဦး လုံးသည် သူတို့ရရန် အချိန်ကျရောက်နေပြီဖြစ်သည့် အပိုဆုကြေးများကို မရရှိသေးပါ။ ITF ၏ ပဏာမ တွက်ချက်မှုအားဖြင့် ကြွေးကျန်ရှိနေသည့် အပိုဆုကြေးများနှင့် ILO အနည်းဆုံး လုပ်ခထက် နိမ့်ကျသည့် သင်္ဘော ဝန်ထမ်းများ၏ လုပ်ခများ အရေအတွက်မှာ US $27,978.50 ရှိပါသည်။

သာမန်အားဖြင့် သင်္ဘောဝန်ထမ်း အချို့သည် သင်္ဘောပေါ်တွင် ၎င်းတို့၏ လုပ်ခမှ ငွေသား အနည်းငယ်ကို သင်္ဘောသားများအတွက် မစ်ရှင်ကဲ့သို့ ကိုယ်စားလှယ်များထံမှ (သို့) ၎င်းတို့ကိုယ်တိုင်ထံမှ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာသုံး အရာပစ္စည်းများကို ဝယ်ယူရန် ၎င်းတိို့ကမ်းပေါ်တက်ခွင့်ရသည့်အခါ ထုတ်ယူကြပါသည်။ သင်္ဘောဝန်ထမ်းတို့သည် Kembla ၌ ကျောက်မချမီ ၁၄ ရက်လုံးလုံး ပင်လယ်ထဲ ရှိနေခဲ့ကြပြီး ၎င်းတို့အား လက်ရှိ ကိုဗစ် လုပ်ထုံးလုပ်နည်းများနှင့်အညီ ကမ်းပေါ်တက်ခွင့်ပြုကြပါသည်။ ITF ၏ ဖိအားပေးမှုကြောင့် သင်္ဘော မာလိန်မှူးသို့ မတ်လ ၁၇ ရက်နေ့တွင် US $5,000 ခန့်ပေးခဲ့သည်။ သူသည် ငွေများကို သင်္ဘောဝန်ထမ်းများအား ခွဲဝေပေးခဲ့ပြီး သင်္ဘောဝန်ထမ်းများသည် ၎င်းတို့အတွက် ကိုယ်ရေးအသုံးအဆောင် ပစ္စည်းငယ်အချို့ ဝယ်ယူရန် စီစဉ်နိုင်ခဲ့ကြသည်။

သင်္ဘောပေါ် အလုပ်လုပ်ကိုင်လျက်ရှိသည့် သင်္ဘောသား ၂၃ ဦးအနက် ကိုးဦး၏ အလုပ်ကန်ထရိုက်များမှာ မတ်လ ၁၁ ၇က်နေ့တွင် သက်တမ်းကုန်ဆုံးနေပြီးဖြစ်ကြောင်း ITF စုံစမ်းစစ်ဆေးမှုများက တွေ့ရှိခဲ့သည်။ သင်္ဘောသား အချို့မှာ သင်္ဘောပေါ် ခြောက်လ မတိုင်မီကတည်းက သက်တမ်းကုန်ဆုံးခဲ့ကြပြီး ယခု အချို့မှာ သုံးလ မတိုင်မီ ကတည်းက သက်တမ်းကုန်ဆုံးခဲ့ကြသည်။ ၎င်းသည် သင်္ဘောပိုင်ရှင်အဖို့ အလုပ်ကန်ထရိုက် သက်တမ်း ကုန်ဆုံးနေသည့် သင်္ဘောသားများအား ၎င်းတိို့၏ သင်္ဘောကို မောင်းနှင်လည်ပတ်စေသည်မှာ ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (Maritime Labour Convention (MLC)) ကို ဖောက်ဖျက်ခြင်းဖြစ်ပါသည်။

သင်္ဘော Maryam အား Kembla ဆိပ်ကမ်းမှ ထွက်ခွာခွင့် (နှင့် နာမည်ပျက် စာရင်းသွင်းခံရသည့် ပိုင်ရှင် အတွက် နောက်ထပ် စတင်၍ ငွေရှာခြင်း) မလုပ်မီ AMSA သည် Aswan အနေဖြင့် ပြုပြင်ရန် လိုအပ်သည့် ‘ပျက်ကွက်မှုများ’ အများအပြားကို ချမှတ်ပေးခဲ့သည်။ ဤပြင်ဆင်ရမည့်ကိစ္စများအနက် ထိပ်ဆုံးတွင် ပါဝင်သည်မှာ ကန်ထရိုက် သက်တမ်း ကျော်လွန်နေပြီး တူရကီနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဂျော်ဂျီယာနိုင်ငံသို့ အိမ်ပြန်ချင်နေသည့် သင်္ဘောဝန်ထမ်း ကိုးဦးကို အိမ်ပြန်ပို့ခြင်း ပါဝင်သည်။ အလုပ်ရှင်များသည် MLC အရ အိမ်ပြန်ရန် လေယာဥ် စရိတ်များပေးရန်အတွက် စီစဉ်ရန်ဖြစ်ပြီး သင်္ဘောသားများ ကြုံတွေ့မည့် အခြား အိမ်ပြန်စရိတ်များ ပေးချေရန် လိုအပ်ပါသည်။ Covid-19 ရောဂါကပ်ဘေးကြီးအတောအတွင်း ၎င်းကုန်ကျစရိတ်များတွင် ထိတွေ့မှုမရှိသည့် သီးခြားနေခြင်းဖြင့်နေရန်စရိတ်အပြင် ကိုဗစ် စစ်ဆေးခြင်း စရိတ်များကိုလည်း ပါဝင်ပါသည်။

လွန်ခဲ့သည့် အပတ် ကုန်ဆုံးပိုင်း၌ Aswan သည် မီးစက်များကို ပြုပြင်ပေးရန် အပိုပစ္စည်းများကို စီစဉ်ပေးခဲ့သည်ဟု ITF က နားလည်ပါသည်။ အတန်းအစား စိစစ်ပိုင်းခြားရေး အဖွဲ့မှ စစ်ဆေးရေးအရာရှိများသည် ဗုဒ္ဓဟူးနေ့၌ သင်္ဘောအား စစ်ဆေးခဲ့ပြီး ၎င်းတို့၏ ဝန်ဆောင်မှုအတွက် စစ်ဆေးရေးး ဝန်ဆောင်ခများ Awan မှ ပေးရန် ကျန်ရှိနေသေးကြောင်း သတင်းရရှိသည်။

 

Aswan ၏ ဒုတိယ သင်္ဘောတစ်စီး Queensland ရပ်ဝေးတစ်နေရာ၌ ဖမ်းဆီးခံရ

သင်္ဘော Maryam သည် လွန်ခဲ့သည့် လ၌ AMSA က ဖမ်းဆီးလိုက်သည့် Aswan ၏ ဒုတိယ သင်္ဘောဖြစ်သည်။ ပနားမားနိုင်ငံ အလံတင်-ထုထည်ကြီးတင် သင်္ဘော MV Movers 3 (IMO: 9250244) ကို လွန်ခဲ့သည့် သုံးပတ်၌ Weipa တွင် ဖမ်းဆီးခဲ့သည်။

Weipa သည် Queensland ပြည်နယ်၏ Cape York ကျွန်းဆွယ် အနောက်ဘက်အခြမ်းရှိ အကြီးဆုံး မြို့တစ်မြို့ဖြစ်ပြီး သြစတြေးလျနိုင်ငံရှိ Rio Tinto ၏ အကြီမားဆုံး bauxite သတ္တုတွင်းအတွက် ဆိပ်ကမ်းအဖြစ် တည်ရှိသည်၊ ပြည်နယ်၏ မြို့တော် Brisbane မှ ကီလိုမီတာ 2,800 အကွာအဝေးတွင် တည်ရှိပါသည်။

သြစတြေးလျနိုင်ငံ အာဏာပိုင်များမှ အတည်ပြုထားသည့် သတင်းများအရ Movers 3 သင်္ဘောကို ဖမ်းဆီးခဲ့ပြီး ပြန်လွတ်ပေးပြီးနောက် လွန်ခဲ့သော အပတ် အနည်းငယ်ခန့်၌သာ ပြန်လည် ဖမ်းဆီးခဲ့ပါသည်။

သင်္ဘော၏ အင်ဂျင်စက်မှာ ကြီးလေးသော ပြဿနာများရှိပြီး အာဏာပိုင်များအနေဖြင့် သင်္ဘောအား Weipa ဆိပ်ကမ်းတွင်းသို့ ဝင်ရောက်လာခြင်းမှ ပိတ်ပင်ထားလျက်ရှိသည်။ ၎င်းကို Weipa ဆိပ်ကမ်း အပြင်ဘက် အခြမ်းတွင် ကျောက်ချထားစေသည်။

အင်ဂျင်စက် ပျက်သုဥ်းမှု ဆိုလိုသည်မှာ သင်္ဘောကို မောင်းနှင်ခြင်း မလုပ်နိုင်ပါ၊ သင်္ဘောပေါ်၌ ရေချိုးခြင်း၊ အိမ်သာတက်ခြင်းနှင့် ဆေးကြောခြင်းတို့အတွက် လိုအပ်သည့် သောက်သုံးနိုင်သော ရေကို ထုတ်ပေးရန် ၎င်းကို လိုအပ်သည်။ Movers 3 ကဲ့သို့ သင်္ဘောများမှာ ၎င်းတို့၏ ပူနေပြီး အားကောင်းသည့် အင်ဂျင်စက်ကြီးများမှ တစ်ဆင့် အနီးပတ်ဝန်ကျင်ရှိ ဆားငံရေကို ရေသန့်ရေငွေ့များ သမားရိုးကျ ထုတ်လုပ်ပေးခြင်းဖြင့် ဤသို့ လုပ်ရပါသည်။ သင်္ဘောပေါ်ရှိ သောက်သုံးရေမှာ ဤအပတ်၌ ကုန်သွားရန် အချိန်ကျရောက်ပြီး တတိယ ပုဂ္ဂိုလ် အနေဖြင့် သင်္ဘောပေါ် ရေတင်ပေးရန် ဒေသခံ အာဏာပိုင်များက စီစဉ်နေကြပါသည်။

အင်ဂျင်စက် ပြဿနာများသည် အခရာကျသည့် ထိန်းသိမ်းရေး ပျက်သုဥ်းမှု၏ သင်္ကေတတစ်ခုဖြစ်ပြီး ပိုမိုဆိုးရွားသည့် ပြဿနာသို့ ဦးတည်နိုင်ကြောင်းဖြစ်သည်ဟု ဤကိစ္စကို ကိုင်တွယ်နေရသည့် ဒေသခံ စိစစ်ရေးမှူးများက ပြောဆိုကြသည်။ အတန်းအစား စိစစ်ပိုင်းခြားရေး အဖွဲ့မှ စစ်ဆေးရေး အရာရှိများသည် ဤပြဿနာများကို စုံစမ်းရန် တနင်္လာနေ့၌ သင်္ဘောပေါ် တက်ရောက်ကြည့်ရှုသည်။

သင်္ဘောသားများ၏ ကျန်းမာကောင်းမွန်ရေးကို ထိခိုက်နေသည့် ဖြစ်နေဆဲ ပြဿနာသည် သင်္ဘော၏ ရေကိုခဲပေးသည့် ရေခဲသေတ္တာမှာ ပျက်စီးနေပြီး အသားများနှင့် အခြားသော အစားအစာကို သင်္ဘောဝန်ထမ်းများ အနေဖြင့် မဖြစ်မနေ လွှင့်ပစ်နေလျက်ရှိသည်။ နောက်ဆုံးအနေဖြင့် မကြာသေးမီ ရက်များအတွင်း ဖြေရှင်းပြီး ဖြစ်သော်လည်း ရေခဲသေတ္တာ အခြေအနေသည် သင်္ဘော၏ စားဖိုမှူးအပေါ် အတော်အတန် ဖိအား ပေးခဲ့သောကြောင့် အလုပ်မှ နုတ်ထွက်ပြီး တူရကီနိုင်ငံသို့ အိမ်ပြန်ပို့ပေးရန် တောင်းဆိုခဲ့သည်။ သူသည် ယမန်နေ့၌ သင်္ဘောပေါ်မှ ဆင်းခဲ့ပြီး လေယာဥ်စီးသွားခဲ့သည်။ စားဖိုမှူးသည် သူ့အား အိမ်ပြန်ရန် ခွင့်မပြုမီ Cairns မြို့ရှိ အစိုးရ၏ ထိတွေ့မှုမရှိသည့်နေခြင်းဖြင့် ၁၄ ရက်နေရပါမည်။

တူရကီနှင့် ဂျော်ဒန် နိုင်ငံသားများဖြစ်ကြသည့် ကျန်ရှိနေသေးသော သင်္ဘောဝန်ထမ်းများသည် တစ်ဦးချင်းမှာ သုံးလနှင့် ခြောက်လ အကြား သင်္ဘောပေါ် ရောက်ရှိနေခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့ စိုးရိမ်ပူပန်နေသည်မှာ ကူဝိတ်နိုင်ငံရှိ Ula သင်္ဘောပေါ်ရှိ ၎င်း၏ သင်္ဘောဝန်ထမ်းများအား ဆက်လက် လစ်လျူရှုနေသည့်အပြင် Kembla ဆိပ်ကမ်း၌ အခြေခံ ဒီဇယ်လောင်စာအတွက် ကုန်ကျငွေ ပေးရန်ပျက်ကွက်နေသဖြင့် ကတိပြုထားသည့် ၎င်းတို့၏ အပိုဆုကြေးများကို Aswan သည် ထိန်ခြန်ထားနိုင်သည်ဖြစ်သည်။ ITF သည် Aswan အနေဖြင့် Movers 3 သင်္ဘောပေါ်ရှိ သင်္ဘောဝန်ထမ်းများအပေါ် အလုပ်သမား ချိုးဖောက်မှု အလားအလာများ အတိုင်းအတာကို ဆက်လက်၍ ဖော်ထုတ်နေဆဲဖြစ်သည်။

သင်္ဘောဝန်ထမ်းများအတွက် ချက်ချင်းလက်ငင်း အစိုးရိမ်အရဆုံးမှာ သောက်ရေသန့်နှင့် အစားအစာ နည်းပါးမှု ဖြစ်ပါသည်။ သတင်းများအရ၊ Rio Tinto ကုမ္ပဏီသည် ဒေါ်လာ AU $3,000 ဖိုးခန့် တန်ဖိုးရှိသည့် ကုန်တင်ကားငယ် နှစ်စီးစာ ရိက္ခာများကို ကုန်ကျခံပြီး ပို့ပေးခဲ့သည်ဖြစ်သည်။ အရေးပေါ် ရိက္ခာများ လိုအပ်ချက် အတွက် ဓါတ်သတ္တု လုပ်ငန်းရှင်အကြီးစားမှ လက်ဦး အကုန်အကျခံခြင်းမှာ Aswan ကုမ္ပဏီအနေဖြင့် ငွေသား စီးဆင်းမှု အဓိက ပြဿနာ ကြုံတွေ့နေရသည်ဟု ITF စိစစ်ရေးမှူးများက နားလည်ကြသည်။

Rio Tinto ကုမ္ပဏီသည် bauxite သတ္တုတွင်းကို Weipa အနီးတစ်ဝိုက်တွင် လုပ်ကိုင်ပြီး Weipa ဆိပ်ကမ်းကို အကြီးမားဆုံး သုံးစွဲသူဖြစ်ပါသည်။ Comalco ကုမ္ပဏီသည် ၁၉၆၀ နှစ်များအတွင်း ဒေသခံ တိုင်းရင်း ပိုင်ဆိုင်မှုနှင့် သီးသန့်ထားရှိရာ အဆင့်အတန်းကို ဖျက်သိမ်း၍ အလူမီနီယံသတ္တု ထုတ်လုပ်ခြင်း၏ အဓိက အစိတ်အပိုင်းဖြစ်သည့် bauxite လုပ်ငန်းကဏ္ဍအသစ်အား ထူထောင်ရန် အောင်မြင်စွာ လှုံ့ဆော်ခဲ့ပြီးနောက် သတ္တုတွင်း တူးဖော်ရေး မြို့ကို တည်ဆောက်ခဲ့သည်။ နောက်ဆုံး၌ Comalco ကုမ္ပဏီသည် Rio Tinto Aluminium ဖြစ်လာခဲ့သည်။

2002-ခုနှစ် ဆောက်လုပ်ခဲ့သည့် Movers 3 သည် China တရုတ်နိုင်ငံ Shanghai ရှိုင်ဂိုင်းမြို့ အနီးရှိ Liuheng ဆိပ်ကမ်းမှ Weipa သို့ ရောက်ရှိလာခဲ့သည်။ သြစတြေးလျ ကုန်စည်တင်ထားသည့် သင်္ဘော ဒါဇင်နှင့်ချီသော သင်္ဘောများအား တရုတ်အာဏာပိုင်များက ၎င်းတို့နိုင်ငံ ဆိပ်ကမ်းများ၌ ကုန်ချခြင်းကို ပိတ်ပင်ခံနေရဆဲ ထိခိုက်နေရသည့် ဖြစ်ပွားဆဲ ကုန်သွယ်မှု ဝိရောဓိတွင် Aswan ကုမ္ပဏီ၏ သင်္ဘောများ ပါဝင်ပတ်သက်နေသည် ဟုတ်မဟုတ် မရှင်းလင်းပါ။

 

နာမည်ပျက်စာရင်းသွင်းခံထားရသည့် Aswan ၏ လုပ်ခ မရ၊ စွန့်ပစ်ခံရသော သင်္ဘောဝန်ထမ်းများ ကူဝိတ်နိုင်ငံတွင် အစာငတ်ခံ ဆန္ဒပြ

Aswan Trading and Contracting ကမ္ပဏီနာမည်မှာ ITF နှင့် ၎င်း၏ စိစစ်ရေးမှူးများအတွက် နာမည်ကျော်ကြားပါသည်။

အဆိုပါ သင်္ဘောလုပ်ငန်းကုမ္ပဏီကို ဤနှစ် ဇန်နဝါရီလတွင် ၎င်း၏ထုထည်ကြီးတင် သင်္ဘော MV Ulna သင်္ဘောပေါ်ရှိ အလုပ်လုပ်ကိုင်လျက်ရှိသော သင်္ဘောသား ၁၉ ဦးသည် ကူဝိတ်နိုင်ငံ Shuaiba ဆိပ်ကမ်း၌ အရေးပေါ် အစာငတ်ခံ ဆန္ဒပြသည့်အခါ သတင်းခေါင်းကြီးပိုင်းအဖြစ် ဖော်ပြခံခဲ့ရသည် ထိုအချိန်က သင်္ဘောသားများသည် ကုမ္ပဏီမှ စွန့်ပစ်ထားခြင်းကို ၁၄ လ ခံခဲ့ကြရသည်၊ ယခုသော် ၁၇ လ နီးပါးရှိပြီဖြစ်ပါသည်။ Aswan သည် MV Ula သင်္ဘောပေါ်ရှိ သင်္ဘောသားများအပေါ် အမေရိကန်ဒေါ်လာ US $410,000 ကျော် မပေးရသေးသည့် လုပ်ခများ ကြွေးကျန်တင်ရှိနေပြီး အိမ်အပြန် လေယာဥ်စရိတ်များလည်း ကြွေးကျန်တင်ရှိနေပါသည်။

ITF သည် သင်္ဘောဝန်ထမ်းများအား ဥပဒေဆိုင်ရာ အကူအညီ ပံ့ပိုးပေးထားပြီး ၎င်းတို့အား ကူညီပေးရန် ရှေ့နေတစ်ဦးအား ခန့်ထားပေးပြီးဖြစ်ပါသည်။ ITF သည် ကူဝိတ်နိုင်ငံအနေဖြင့် ၎င်းတို့ကိုယ်စား ကြားဝင် ဖျန်ဖျဥ်ပေးစေရန်အတွက် နားချပေးရန် လုပ်ကိုင်ပေးလျက်ရှိသည်ဟု ITF ၏ အာရတ်ကမ္ဘာနှင့် အီရန် အဆက်အသွယ်ကွန်ခြာ ညှိနှိုင်းရေးမှူးဖြစ်သူ Mohamed Arrachedi က ပြောကြားခဲ့သည်။

 “သို့သော်လည်း နောက်ဆုံးတွင် MV Ula ၏ သင်္ဘောသားများသည် ဤသင်္ဘောပေါ်၌ ၎င်းတို့၏ လုပ်ခများ မရရှိဘဲ ချောင်ပိတ်မိခံနေသေးရပြီး စွန့်ပစ်ခံနေရသည်၊ Aswan Trading and Contracting ကုမ္ပဏီက ၎င်းတို့၏ တာဝန်ဝတ္တရားများကို လျစ်လျူရှုခဲ့သောကြောင့်ဖြစ်ပါသည်။

 “သူတို့သည် Ula သင်္ဘောဝန်ထမ်းများကို ဖိနှိပ်ခဲ့ပြီး ဖိနှိပ်ခြင်းကို ဖော်ထုတ်ခံရသည့်တိုင် Maryam နှင့် Movers 3 ကိစ္စများမှ မြင်သာသည်မှာ သူတို့သည် အခြား သင်္ဘောများပေါ်ရှိ သင်္ဘောသားများအပေါ် ဆက်လက်၍ ဖိနှိပ်ခဲ့ကြသည်။ ကျွန်ုပ်၏ အမြင်တွင် သြစတြေးလျနိုင်ငံ အာဏာပိုင်များအနေဖြင့် ဤသင်္ဘောများကို မိမိတို့၏ လက်ဖျားမှတစ်ဆင့် မလွတ်မြောက်သွားစေရန် သတိထားသင့်ပါသည်၊ Aswan အနေဖြင့် သင်္ဘောများအပေါ် ၎င်းတို့တင်ရှိသည့် တာဝန်အားလုံးကို ထမ်းဆောင်နိုင်ပြီး ထမ်းဆောင်မည်ဖြစ်သည့်တိုင် သေချာစေရန် လုပ်ရမည်ဖြစ်သည်၊ဟု Arrachedi က ပြောကြားခဲ့သည်။

 

AMSA သည် Aswan ကို ပိတ်ပင်သင့်သည်– ITF

သြစတြေးလျနိုင်ငံ အာဏာပိုင်များသည် စီရင်ပိုင်ခွင့်နယ်မြေ တိုးမြှင့်စွာဖြင့် ချိုးဖောက်မှုများ တိုးပွားလုပ်ဆောင်နေသည့် Qatari သင်္ဘောလုပ်ငန်း ကုမ္ပဏီဖြစ်သည့် Aswan အပေါ် ဖိအား အသေအချာ တိုးမြှင့်ပေးရန် လိုအပ်ပါသည်ဟု ITF က ထောက်ပြပြောဆိုသည်။

 “ဤကုမ္ပဏီသည် စည်းမျဉ်း၊ တာဝန်နှင့် MLC သတ်မှတ်ချက်ကို ဆိုးသွမ်းစွာ ဖောက်ဖျက်သူဖြစ်ပါသည်။ ၎င်းတို့၏ သင်္ဘော နှစ်စီးသည် သြစတြေးလျနိုင်ငံ၌ AMSA မှ လက်ရှိ ဖမ်းဆီးခံခဲ့ပြီး ၎င်းတို့သည် နောက်ထပ် သင်္ဘော တစ်စီးအား သင်္ဘောဝန်ထမ်းများနှင့်အတူ ကူဝိတ်နိုင်ငံတွင် စွန့်ပစ်ထားသည်၊” ဟု သြစတြေးလျနိုင်ငံအတွက် ITF ၏ ညှိနှိုင်းရေးမှူးဖြစ်သူ Ian Bray က ပြောကြားခဲ့သည်။

ဖယ်ထရေးရှင်းသည် ကုမ္ပဏီအနေဖြင့် ပေးရန်ရှိသည့် လုပ်ခများနှင့် အပိုဆုကြေးများကို ပေးစေလိုပြီး သင်္ဘောဝန်ထမ်း နှစ်ဦး၏ အလုပ်ကန်ထရိုက်ဆိုင်ရာ တာဝန်များကို ဖြည့်ဆည်းပေးစေလိုသည် – အလုပ်ကန်ထရိုက် သက်တမ်းကျော်လွန်နေပြီဖြစ်သည့် သင်္ဘောပေါ်ရှိသူများ၏ အိမ်ပြန်ရေးအပါအဝင်ဖြစ်သည်ဟု Bray က ပြောကြားခဲ့သည်။

 “AMSA အနေဖြင့် သြစတြေးလျနိုင်ငံ တရားဥပဒေများနှင့် သြစတြေးလျနိုင်ငံမှ အတည်ပြုလက်မှတ် ထိုးထားခဲ့သည့် ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (Maritime Labour Convention) တို့အား လေးစားလိုက်နာရန်အတွက် အာဏာအတည်ပြုပေးစေရန် ကျွန်ုပ်တို့ လိုလားပါသည်။ Aswan ကဲ့သို့သော ကုမ္ပဏီများမှာ ကျွန်ုပ်တို့၏ ဥပဒများကို ဖောက်ဖျက်ခြင်းနှင့် သင်္ဘောသားများ၏ အခွင့်အရေးကို ဖောက်ဖျက်ခြင်းတို့၏ နောက်ဆက်တွဲ အပြစ်ပေးခံရခြင်းများကို ကြောက်ရွံ့သင့်ပါသည်။

 “Aswan သည် ယခုသော် ကမ္ဘာတစ်ဝန်း၌ သင်္ဘောသားများအား နှိပ်စက်ခြင်း၊ ခေါင်းပုံဖြတ်ခြင်း သို့မဟုတ် စွန့်ပစ်ခြင်းတို့ကို လုပ်ခဲ့ကြသည်။ ၎င်းကို နိုင်ငံရပ်ခြား အာဏာပိုင်များက နာမည်ပျက်စာရင်း သွင်းထားခဲ့ပြီး ၎င်း၏ ဦးဆောင်သူများအနက် တစ်ဦးမှာ Qatari ရဲများထံမှ တိမ်းရှောင်နေသည်- အကယ်၍ ဤအချက်များမှာ ၎င်းတို့အား ပိတ်ပင်ခြင်းအတွက် အကြောင်းရင်းများ မဟုတ်လျှင် မည်သည့်အရာမှာ အကြောင်းရင်းဖြစ်ကြောင်း ကျွန်ုပ် မသိတော့ပါ၊” ဟု Bray က ပြောပါသည်။

 

ပြီးပြီး

 

မှတ်ချက်များ-

  • Ian Bray ကို လူတွေ့အင်တာဗျူးအတွက် တောင်းဆိုလျှင် ရရှိနိုင်ပါသည်။

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သင်္ဘောသား တစ်သန်းကျော် အပါအဝင် ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်လုပ်ကိုင်သည့် အမျိုးသမီး အမျိုးသားပေါင်း သန်း 20 နီးပါးအတွက် ပြောဆိုသံဖြစ်ပါသည်။

 

မီဒီယာ အဆက်အသွယ်-          media@itf.org.uk        +44 20 7940 9282

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.