Skip to main content

သင်္ဘောသားများ၊ လေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်သားများကို ကာကွယ်ဆေးထိုးရန်အတွက် ဦးစားပေးရမည်

31 Mar 2021
Press Release
Credit: D.Marmolejo
Credit: D.Marmolejo

အစိုးရများအနေဖြင့် ၎င်းတို့၏ Covid-19 ကာကွယ်ဆေးထိုး အစီအစဉ်များကို သင်္ဘောသားများနှင့် လေကြောင်း အလုပ်သမားများအား ဦးစားပေးရန်အတွက် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) သည် မိမိ၏ ပြင်းထန်သည့် တောင်းဆိုမှုကို ထပ်လောင်း ပြောကြားလိုက်သည်။ ITF သည် ဤကိစ္စကို ထောက်ခံပေးသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ယခင် အပတ် ထုတ်ပြန်ကြေညာချက် ကို ကြိုဆိုလိုက်ပါသည်။

Covid-19 နှင့် ၎င်း၏ သက်ရောက်မှုများကို သယ်ယူပို့ဆောင်ရေး အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုများတို့ထက် မည်သူကမျှ ပိုမိုပြင်းထန်စွာ ထိခိုက်မှု မခံစားခဲ့ရပါ။ ၎င်းတို့သည် ဤကဲ့သို့သော မကြုံစဘူး ရောဂါကပ်ကြီးအတွင်း လူများနှင့် ကုန်စည်များကို ရွှေ့ရှားပေးရာ၌ ရှေ့ဆုံးမှ ကျကျနန လုပ်ခဲ့ရသည်။ ၎င်းတို့သည် ကျန်းမာရေးအတွက် မရှိမဖြစ် အခရာကျသည့် ဖြန့်ချီပစ္စည်းများ၊ အစားအစာနှင့် ဆေးဝါးများနှင့် ဤဗိုင်းရပ်စ်အပေါ် စီးပွားရေး တုံ့ပြန်မှုများအား ဆက်လက်ရွှေ့လျားပေးရန် သေချာစေရန်အတွက် နေ့မအား ညမနား လုပ်ကိိုင်ခဲ့သည်။ ၎င်းတို့သည် အလွန့်အလွန် အနစ်နာခံ လုပ်ခဲ့သောကြောင့် ကျွန်ုပ်တို့ ရပ်တည်နိုင်ပြီး ကမ္ဘာကြီးအား လည်ပတ်ပေးစေသည်။

အဆိုပါ အနစ်နာခံမှုကို ကွန်ုပ်တို့အတွက် အသိအမှတ်ပြုရန် ယခု အချိန်ကျရောက်ပြီဖြစ်ပါသည်၊ ၎င်းမှာ သင်္ဘောသားများ နှင့်လေကြောင်း အလုပ်သမားများအား ကမ္ဘာတစ်ဝန်း နိုင်ငံတိုင်း၏ Covid-19 ကာကွယ်ဆေးထိုးကိစ္စတွင် ဦးစားပေးခြင်း ဖြင့်ဖြစ်ပါသည်။ ဤအလုပ်သမားများကို အဓိကကျသည့် ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေး အလုပ်သမားများနည်းတူ ဦးစားပေး အုပ်စုများ၌ ထည့်သွင်း၍ ကမ္ဘာ့ သက်ဆိုင်ရာ နိုင်ငံများ၏ အများပြည်သူလူထုအား မထိုးပေးမီ ကာကွယ်ဆေးထိုးပေးရမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ သင်္ဘောသားများကို ၎င်းတို့၏ မိခင် နိုင်ငံများနှင့်တကွ ၎င်းတို့လုပ်ကိုင်နေသည့် သင်္ဘောများ ဆိုက်ကပ်ထားရာ ဆိပ်ကမ်း နိုင်ငံများ၏ နှစ်ဖက်လုံးသော အစိုးရများက ဦးစားပေးအုပ်စုအဖြစ်သတ်မှတ်၍ ကာကွယ်ဆေး ထိုးပေးရမည်ဖြစ်သည်။ အကယ်၍ သင်္ဘောသားများ၏ မိခင် နိုင်ငံများနှင့် ၎င်းတို့ ဆိုက်ကပ်ထားရာ ဆိပ်ကမ်းနိုင်ငံများ နှစ်ဖက်လုံးသည် အပြည်ပြည်ဆိုင်ရာ သင်္ဘောသားများအား ကာကွယ်ဆေးထိုးပေးရန် ပူးပေါင်းကြိုးပမ်းလျှင် အများပြည်သူ လူထုသည် ပိုမို ဘေးကင်းပြီး ပိုမို ကျန်းမာမည်ဖြစ်ပါသည်။

အစိုးရများအနေဖြင့် ကာကွယ်ဆေးများကို မဖြစ်မနေ ထိုးရမည် ဟုတ်မဟုတ် သယ်ယူပို့ဆောင်ရေး အလုပ်သမားများအနေဖြင့် ကူးပြောင်းသွားလာရန် ၎င်းတို့၏ နယ်စပ်များကို ကုန်းကြောင်း၊ လေကြောင်း သို့မဟုတ် ရေကြောင်းဖြင့် သွားရမည် ဟုတ်မဟုတ် ဆုံးဖြတ်ချက်များ အမြဲတမ်း ချမှတ်မည်ဖြစ်သော်လည်း ကာကွယ်ဆေးထိုးခြင်းကို ကမ္ဘာ့သယ်ယူပို့ဆောင်ရေး အလုပ်သမားများအတွက် တူညီသော အခွင့်အလမ်းပေးမှုအပေါ် အခြေခံသင့်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။ မည်သည့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများကိုမျှ မိခင် နိုင်ငံ၏ အကန့်အသတ်ရှိသော ရင်းမြစ်များကြောင့် ခြန်လပ်မထားသင့်ပါ၊ ကာကွယ်ဆေး မရရှိနိုင်သောကြောင့် ၎င်းတို့ ချစ်မြတ်နိုးသည့် လုပ်ငန်းကဏ္ဍများရှိ သက်မွေးဝမ်းကြောင်းကို အတင်းစွန့်ပစ်မသွားသင့်ပါ။   ၎င်းမှာ တန်းတူရှိမှုနှင့် တရားမျှတမှု ပြဿနာတစ်ခုဖြစ်သည်။

ရောဂါကပ်ကြီးကြောင့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ အကြောင်းခံနှင့် လူမှုဖူလုံရေးကို ကမ္ဘာ့ကုလသမဂ္ဂနှင့် ၎င်း၏ အရင်းခံ အဖွဲ့အစည်းများမှ ထောက်ပံ့ပေးထားရသည်ကို အသိအမှတ်ပြုလိုပါသည်။ ITF အနေဖြင့် အပြည်ပြည်ဆိုင်ရာ လေကြောင်း အဖွဲ့အစည်း (International Civil Aviation Organization (ICAO))၊ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့အစည်း (International Maritime Organization (IMO)) နှင့် အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (International Labour Organization (ILO)) တို့အား ကျေးဇူးတင်ပါသည်။ ဤအဖွဲ့အစည်းများ၏ မမောမပန်း လုပ်ကိုင်ဆောင်ရွက်ပေးမှုနှင့် ညှိနှိုင်းလုပ်ဆောင်မှု မရှိဘဲ- လေကြောင်းနှင့် အထူးသဖြင့် ပင်လယ်ရေကြောင်း အလုပ်သမားများ- သည် ပိုမို၍ ဆိုးရွားနေမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် ကုလသမဂ္ဂ အကျပ်အတည်း စီမံရေး အဖွဲ့ (UN Crisis Management Team and that of the World Health Organization (WHO)) အားလည်း Covid-19 တွန်းလှန်ပေးသည့် ၎င်းတို့၏အလုပ်ကို အသိအမှတ်ပြုပါသည်။ ဤကုလသမဂ္ဂ အဖွဲ့အစည်း ငါးခု၏ အကြီးအကဲများသည် ယခင် အပတ်၌ ပူးတွဲထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

Covid-19 သည် ကမ္ဘာတစ်ဝန်း ဖြစ်ပွားလျက်ရှိသည့် ဗိုင်းရပ်စ်ပိုးဖြစ်သည်။ ၎င်းပိုးသည် ကမ္ဘာရှိ လူအားလုံးအား ဆိုးရွားသော ထိခိုက်မှုကို လုပ်နိုင်သည့် စွမ်းရည်ရှိသည့် ဗိုင်းရပ်စ်ပိုးဖြစ်ပါသည်။ ဤအချိန်သည် နယ်စပ်မဲ့ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးမည့် အချိန်အခါ ဖြစ်ပါသည် - ITF တစ်ခုတည်းသော အခြေခံအုပ်မြစ်ရှိ တန်ဖိုးထားရာဖြစ်ပါသည်။ နယ်ခြားမဲ့ စည်းလုံးညီညွတ်မှု မရှိဘဲ တစ်ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုရှိမည် မဟုတ်ပါ။

လေကြောင်းလုပ်ငန်း ကဏ္ဍ ခရီးသည် အမြောက်အမြား ဆုံးရှုံးမှုကြောင့် အကြီးအကျယ် အလုပ်အကိုင် ဆုံးရှုံးမှုနှင့် စီးပွားရေး ထိခိုက်မှုသည် သက်ဆိုင်ရာ အလုပ်သမားများနှင့် ၎င်းတို့၏ အသိုင်းအဝိုင်းများအတွက် အဓိက စီးပွားရေး နစ်နာမှုအဖြစ် ဆက်လက် တည်ရှိနေပါသည်။ ဤအကျပ်အတည်း အချိန်အခါအတွင်း အတားအဆီးများ မရှိဘဲ ကမ္ဘာမှ ကြုံတွေ့ရသည့် အခက်အခဲများကို သုံးသပ်ရန် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ၎င်း၏ စွမ်းရည်သည် လေကြောင်းနှင့် ပင်လယ်ရေကြောင်း လုပ်ငန်း ကဏ္ဍ အများအပြားကို ဆက်လက် လုပ်ငန်းလည်ပတ်နေစေရန် ကျွန်ုပ်တို့အား ကူညီပေးခဲ့ပါသည်။

လေကြောင်းနှင့် ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍများ နှစ်ခုလုံးတွင် ကြုံတွေ့နေကျ ပြဿနာများကို ဖြေရှင်းရန် ဤမကြုံစဘူး အချိန်အခါကို သမဂ္ဂများနှင့် အလုပ်သမားများ အကြား ခိုင်မာသည့် စည်းလုံးညီညွတ်မှု အဖြစ် မြင်တွေ့ခဲ့ရသည်။ ဤသို့သော စည်းလုံးညီညွတ်မှုရှိသည့်တိုင် အများအပြားသော နိုင်ငံ့ အစိုးရများသည် ကျွန်ုပ်တို့၏ လုပ်ငန်းအပိုင်းကဏ္ဍများနှင့် ၎င်းတို့၏ လုပ်သားအင်အားထုကြီး၏ လိုအပ်သည့် ပံ့ပိုးမှုကို နားမလည်သေးလျက်ရှိပါသည်။ များစွာသော ကမ္ဘာ့ နိုင်ငံရေးသမားများနှင့် နိုင်ငံ-အဆင့် ဗျူရိုကရက်များအဖို့ သယ်ယူပို့ဆောင်ရေး အလုပ်သမားများအား ‘အဓိက အလုပ်သမားများ’ အဖြစ် ရိုးရိုးလေး အသိအမှတ်ပြုပေးခြင်းကိုပင် အလွန် ခက်ခဲနေပုံရနေသေးသည်။

ကျွန်ုပ်တို့သည် ဤရောဂါကပ်ဘေးကြီးအတွင်း တစ်နှစ်လုံးလုံး ရှိခဲ့ပြီး သယ်ယူပို့ဆောင်ရေး အလုပ်သမားများအနေဖြင့် ပိုမိုကောင်းမွန်သည့် ပံ့ပိုးမှုနှင့် လွယ်ကူမှု ဆောင်ရွက်ပေးစေရန် အစိုးရများအား အလိုရှိနေသေးသည်။ ဤအလုပ်သမားများသည် ခရီးသွားရန်၊ ကူးပြောင်းရန်နှင့် နယ်စပ် ကင်းလွတ်ခွင့်များ လိုအပ်နေသေးသည်။ ၎င်းတို့သည် သင့်တော်သော ကုန်ကျစရိတ်ဖြင့် အလုပ်ဖြစ်မည့် သီးခြားနေခြင်းဖြင့်နေမည့် မူဝါဒများကို လိုအပ်နေသေးသည်။ ၎င်းတို့သည် ဗိုင်းရပ်စ်ပိုးမှ အကာအကွယ်နှင့် ၎င်းတို့၏ အလုပ်အကိုင်များနှင့် ဝင်ငွေများအပေါ် ခြိမ်းခြောက်သည့် အန္တရာယ်များမှ လုံခြုံမှုတို့ကို လိုအပ်နေသေးသည်။ အစိုးရများအနေဖြင့် ဤအဓိကကျသည့် အလုပ်သမားများ ၎င်းတို့၏အလုပ်ကို လုပ်စေရန်နှင့် ကမ္ဘာ့လူအားလုံး အားထားနေရသည့် အရေးပါသော ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များကို ထိန်းသိမ်းစေရန်အတွက် ဤလိုအပ်ချက်များကို တုံ့ပြန်ရမည်ဖြစ်သည်။

ITF ၏ တစ်ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂ မိသားစုရှိ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်လျက်ရှိသည့် အမျိုးသမီးများနှင့် အမျိုးသားများအနေဖြင့် ဤဖြစ်ပျက်နေဆဲ မသေချာ မရေရာမှုနှင့် အန္တရာယ်ကာလအတွင်း လုံခြုံမှု၊ ဘေးကင်းမှု၊ သိက္ခာရှိမှုနှင့် လေးစားမှု ရရှိအောင် သေချာစေရန် အားလုံးသော စီးပွားလုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် အစိုးရများ စုပေါင်း၍ အတူလုပ်ကိုင်ရန် ထပ်မံဆန်းသစ်ပြီး ကမ်းလှမ်းပါသည်။

ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ STEPHEN COTTON သို့ တင်ပြသည့် ဝေဖန်ချက်များ-

 “ဤရောဂါကပ်ဘေးကြီး တစ်နှစ်တာ ခရီးတွင် သင်္ဘောသားများနှင့် လေကြောင်း အလုပ်သမားများကို အစိုးရများအနေဖြင့် ၎င်းတို့၏ Covid-19 ကာကွယ်ဆေးထိုး အစီအစဉ်များ၌ ဦးစားပေးရန်ဖြစ်သည်။ အစိုးရများသည် ဤအဓိကကျသည့် အလုပ်သမားများကို ၎င်းတို့၏ အရေးပါသည့် အလုပ် ဆက်လက် လုပ်စေရန်နှင့် ကမ္ဘာ့လူအားလုံး အားထားနေရသည့် ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များ ဆက်လက်ထိန်းသိမ်းထားစေရန်အတွက် ဦးစားပေးရမည်ဖြစ်သည်။

 “သယ်ယူပို့ဆောင်ရေး အလုပ်သမားများအတွက် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ဆောင်ရွက်ပေးမှုနှင့် ပံ့ပိုးမှု အတွက်၊ ထို့ပြင် အထူးသဖြင့် IMO, ILO နှင့် ICAO တို့၏ ကြိုးပမ်းမှုများအတွက် ကျွန်ုပ်တို့ ကျေးဇူးတင်ပါသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ လုပ်သားအင်အားထုကြီးအား ထိခိုက်နေသည့် ရောဂါကပ်ဘေးကြီးကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုအခန်းကဏ္ဍ လိုအပ်ပါသည် - ကမ္ဘာကုလသမဂ္ဂ စနစ်သည် ၎င်းကို ဆောင်ကျဉ်းပေးခဲ့သည်။

 “ကမ္ဘာ့ကုလသမဂ္ဂ၊ လုပ်ငန်းကဏ္ဍနှင့် သမဂ္ဂများသည် ဤရောဂါကပ်ဘေးကြီးအတွင်း အစိုးရများ ပျက်ကွက်ခဲ့သည့်အပိုင်းများ၌ ဖြည့်တင်းဆောင်ရွက်ပေးခဲ့သည်။ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးမှသည် လေကြောင်း ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အပြင် ကာကွယ်ဆေးထိုးခြင်း အထိ - ကျွန်ုပ်တို့သည် အစိုးရများအနေဖြင့် အဆိုပါ အကျပ်အတည်းကို ဖြေရှင်းရန် နှေးကွေးမှုအပေါ် ကျွန်ုပ်တို့ မစောင့်ဆိုင်းနိုင်သည့် အပိုင်းများ၌ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ လိုအပ်သည့် ဖြေရှင်းချက်များကို ချမှတ်ပေးရန်အတွက် စုပေါင်းလုပ်ဆောင်ခဲ့ပါသည်။

မိမိတို့၏ ကျရာတာဝန်ကို ထမ်းဆောင်ရန် ငြင်းဆိုသည့် အဆိုပါ အစိုးရများနှင့် လုပ်ငန်းကဏ္ဍ ဦးဆောင်သူများ၊ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးမှာတစ်စုံတစ်ယောက်၏ ပြဿနာကဲ့သို့ ပြဿနာများဖြစ်သည်ဟု ထင်မြင်ယူဆနေသူများအပေါ် ကျွန်ုပ်တို့ ဆက်လက်၍ အော်ဟစ်နိုးဆော်မည်ဖြစ်ပါသည်။ 

ပြီးပြီး

မှတ်ချက်များ-

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.