Skip to main content

ITF သည် Ever Given ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်သည်

31 Mar 2021
Press Release

ကမ္ဘာ့ အထင်ရှားဆုံး သယ်ယူပို့ဆောင်ရေး အလုပ်သမား အဖွဲ့အစည်းသည် Suez တူးမြောင်းအား ပိတ်ဆို့နေလျက်ရှိသည့် ကုန်တင်သင်္ဘော MV Ever Given (IMO: 9811000) ၏ အကျပ်အတည်းကို အဆုံးသတ်မှုအား ကြိုဆိုလျက်ရှိပါသည်။

 “Ever Given သင်္ဘောမှာ သောင်တင်နေရာမှ လွတ်မြောက်လာပြီး Suez တူးမြောင်းမှာ မကြာမီ ပိတ်ဆို့မှု မရှိတော့မည်ဖြစ်သည့် သတင်းကို ကျွန်ုပ်တို့ ကြိုဆိုပါသည်။ ဤသင်္ဘောပေါ်ရှိ သင်္ဘောသားများ အားလုံး၏ ကံကြမ္မာနှင့် Suez တူးမြောင်းမှ ကူးဖြတ်သွားရန် စောင့်ဆိုင်းနေလျက်ရှိသည့် အခြားသူများ၏ ကံကြမ္မာအတွက် အလွန် ကောင်းမြတ်ပါသည်၊” ဟု အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton က ပြောကြားခဲ့သည်။

ITF သမဂ္ဂ အဖွဲ့ဝင်များသည် ကမ္ဘာအနှံ့ သင်္ဘောသားများနှင့် သင်္ဘောဆွဲဘုတ်ရေယာဥ် အလုပ်သမား တစ်သန်းကျော်ကို ကိုယ်စားပြုထားပါသည်။

 “သင်္ဘောဆွဲဘုတ်ရေယာဥ်နှင့် ဆွဲသင်္ဘောများပေါ်ရှိ အလုပ်သမားများ၏ မမောမပန်းနိုင်သည့် အားထုတ်မှုများနှင့် တကွ ဤအကျပ်အတည်းကို ဖြေရှင်းရာ၌ အရေးပါသည့် မရှိမဖြစ် အခြေခံအလုပ်ကို ဆောင်ရွက်ပေးသည့် သူများကို ကျွန်ုပ်တို့ အသိအမှတ်ပြုလိုပါသည်၊” ဟု Cotton က ပြောကြားခဲ့သည်။

 “ဤစီမံကိန်းသည် သင်္ဘောဆွဲဘုတ်ရေယာဥ်များ မည်မျှ အရေးပါကြောင်း ပြသခဲ့ပါသည်။ ကမ္ဘာအနှံ့ ဒါဇင်နှင့်ချီသည့် သင်္ဘောများမှာ ယခုအခါ ကမ်းတင်၊ ချောင်ပိတ်မိခံ သို့မဟုတ် အင်ဂျင်စက်အား မသုံးရဘဲ မျှောနေရသဖြင့် ၎င်းတို့ကို သင်္ဘောဆွဲဘုတ်ရေယာဥ်များနှင့် ဆွဲသင်္ဘော အလုပ်သမားများက အချိန်နာရီပြည့် လုပ်ကိုင်ပေးလျက်ရှိသည်။ ၎င်းတို့အနေဖြင့် ဤကမ္ဘာ့ အလုပ်အများဆုံး ရေကြောင်း၌ ဤအကျပ်အတည်းကို ၎င်းတို့၏ အတတ်ပညာက မည်သို့ ဖြေရှင်းပေးခဲ့ပုံကို ဂုဏ်ယူဝင်းကြွားသင့်ပါသည်။ အဆိုပါ အလုပ်သမားများသည် သူတို့ ရထိုက်သည့် အသိပြုခြင်းခံရမည်ဟု ကျွန်ုပ် မျှော်လင့်ပါသည်။"

 “Ever Given ပေါ်ရှိ သင်္ဘောသားများနှင့် အခြားတစ်ဖက်၌ တန်းစီနေလျက်ရှိသည့် ကုန်တင်သင်္ဘောများပေါ်ရှိ သင်္ဘောသား နှစ်မျိုးလုံးနှင့်အတူ စည်းလုံးညီညွတ်မှုကို ကျွန်ုပ်တို့ ပြသပါသည်။ ဤ ရောဂါကပ်ဘေးကြီးအတွင်း သင်္ဘောသားများသည် ကမ္ဘာကြီးအား လည်ပတ်ပေးစေရန် မျှော်လင့်ထားခဲ့သည်၊ ကျွန်ုပ်တို့ အားလုံးထံ အသုံးအဆောင်ပစ္စည်းများ၊ အစားအစာ၊ နှင့် ကျွန်ုပ်တို့လိုအပ်သည့် ဆေးဝါးများကို သယ်ဆောင်ပေးလာခြင်း အားဖြင့်ဖြစ်ပြီး ယခု သူတို့၏ စိတ်ပူပန်မှုများအပေါ် ဤအဓိကကျသည့် ပိတ်ဆို့မှုကြီးက အပိုဆောင်း ထည့်သွင်းပေးခဲ့သည်။

အကယ်၍ သင်္ဘောများအနေဖြင့် အာဖရိကတိုက်ကြီးကို ကွေ့ဝိုက်၍ Cape of Good Hope ကို ပတ်မောင်းနှင်ရန် လိုအပ်ပါက သာမန် ကုန်တင်သင်္ဘော၏ ခရီးစဉ်အတွက် လမ်းကြောင်းမှာ အနည်းဆုံး ၂၆ ရက် ပိုကြာရပါလိမ့်မည်၊ လောင်စာဆီဖိုး အမေရိကန်ဒေါ်လာငွေ $800,000 ကျော် ကုန်ကျမည်ဖြစ်ပါသည်။

 “သင်္ဘောသားများသည် ယမန်နှစ်၌ အလွန်များများ ရင်ဆိုင်ခဲ့ရပြီးဖြစ်သည်။ နယ်စပ်များ ပိတ်ထားမှုကြောင့် ကမ်းတက်ခွင့်နှင့် ဆေးဘက်ဆိုင်ရာ အကူအညီ ငြင်းဆိုခံရမှုမှ ဖြစ်ပွားဆဲ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းအထိဖြစ်သည်- ရောဂါကပ်ဘေးကြီးသည် သင်္ဘောသားများအား အကြင်နာတရား ကင်းမဲ့ခဲ့သည်။ သူတို့လိုအပ်ခဲ့သည့် နောက်ဆုံးအရာမှာ ၎င်းတို့၏ ခရီးစဉ်များတွင် ရက်အပတ်များ ထည့်သွင်းရန်နှင့် သင်္ဘောပေါ်ရှိ အချိန်ကို ထည့်သွင်းရန်ဖြစ်ခဲ့ပါသည်ဟု Cotton က ပြောကြားခဲ့သည်

 “Cape of Good Hope ပတ်မောင်းရခြင်းသည် သင်္ဘောလုပ်ငန်း ကုမ္ပဏီများနှင့် သင်္ဘောသားများအတွက် ပြဿနာကြီးတစ်ရပ် ဖြစ်ခဲ့ရပါလိမ့််မည်။ ယခုအတိုင်း သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး လုပ်ရန်မှာ အခက်အခဲ ဖြစ်နေပြီးဖြစ်သည့်အပြင် အများအပြားသော ကုမ္ပဏီများသည် ထိတွေ့မှုမရှိသည့် သီးခြားနေခြင်းဖြင့်နေသည့် ကုန်ကျစရိတ်များနှင့် လက်ရှိ လေယာဥ် စရိတ်ကြီးမားမှုတို့ကြောင့် ဆန့်ကျင်လျက်ရှိကြပါသည်။ Even Giver ၏ အတိဒုက္ခကြောင့် ဖြစ်ပွားခဲ့သည့် နှောင့်နှေးမှုသည် သင်္ဘောသားများ၏ ပခုံးပေါ်သို့ ဝန်ထုတ်ဝန်ပိုးဖြစ်လာမည်ဟု ကျွန်ုပ်မျှော်လင့်သည်၊ ဆုံးရှုံးသွားသည့် အချိန်ကို အစားထိုးယူရန်အပြင် အချို့ ကုမ္ပဏီများသည် နှောင့်နှေးမှုကြောင့် ကျခံခဲ့သည့် ကုန်ကျစရိတ်များကို သက်သာစေရန် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ရွှေ့ဆိုင်းရန် ကြိုးစားပါလိမ့်မည်။

ITF အနေဖြင့် ပနားမား အလံတင်ထားသည့် Ever Given သင်္ဘော၏ သင်္ဘောဝန်ထမ်းများမှာ အလုပ်ကန်ထရိုက် သက်တမ်း မကုန်ဆုံးသေးကြောင်းနှင့် ၎င်းတို့အားလုံးသည် ခြောက်လ မတိုင်မီီမှစ၍ သင်္ဘောပေါ် ရောက်ရှိခဲ့ကြောင်းဖြစ်သည်ကို အတည်ပြုနိုင်သည်ဟု Cotton က ပြောကြားခဲ့သည်

 

သင်္ဘော သောင်တင်ခဲ့ရသည့်ကိစ္စ၌ သင်္ဘောဝန်ထမ်းများ၏ ပင်ပန်းနွမ်းနယ်မှု သို့မဟုတ် အခြား ပြဿနာများမှာ အကြောင်းခံ ဖြစ်ခဲ့ခြင်း ရှိမရှိ အခြားသော ပင်လယ်ရေကြောင်း မတော်တဆဖြစ်ရပ်များ ရှိခဲ့သဖြင့် အပြည့်အဝ စုံးစမ်းစစ်ဆေးမှုလုပ်ရန် လိုအပ်ခဲ့ကြောင်း ITF ၏ သင်္ဘောသားများ ဌာနခွဲ ဥက္ကဌဖြစ်သူ David Heindel ကပြောကြားခဲ့သည်

 “အားလုံးသော အကြောင်းအချက်များကို စုံစမ်းပြီးသည့်တိုင် ဝေဖန်မှုကို လုပ်ရန် စိတ်မစောပါနှင့်။ ဤဖြစ်ရပ်နှင့်ဆက်နွယ်သည့် အခြေအနေများကို ပွင့်လင်းပြီး မြင်သာသည့် စုံစမ်းစစ်ဆေးမှုကို လုပ်သင့်သည်၊ သင်္ဘောဝန်ထမ်းများနှင့် ၎င်းတို့၏ သမဂ္ဂများထံမှ လိုအပ်သည့် အကြံဉာဏ်နှင့် တတ်ကျွမ်းမှုကို ရယူရင်းဖြင့်ဖြစ်ပါသည်။ ဟုတ်ပါသည်၊ လုပ်ငန်းကဏ္ဍအနေဖြင့် ဤမတော်တဆ ဖြစ်ရပ်မှ ပေါ်ထွက်လာသည့် မည်သည့် သင်ခန်းစာများကိုမဆို လေ့လာရန် လိုအပ်ပါသည်၊” သူက ပြောကြားခဲ့သည်။

 “မကြာခဏဆိုသလို သင်္ဘောသားများအား ပင်လယ်ပြင်၌ ဖြစ်ပွားသည့် မတော်တဆဖြစ်ရပ်များအတွက် မတော်မတရား အပြစ်တင်ကြပါသည်။ အသေအချာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သည့်အခါ ကျွန်ုပ်တို့အနေဖြင့် အဖြစ်မှန်အတိုင်း ရှုမြင်နိုင်မည်ဖြစ်ပြီး မကောင်းသော ရလဒ်ဖြစ်ပေါ်ခဲ့သည့် စနစ်တကျ အကြောင်းခံများကို မြင်တွေ့နိုင်မည်ဖြစ်ပါသည်၊” ဟု Heindel က ပြောကြားခဲ့သည်။

ဖယ်ထရေးရှင်း၏ ကနဦး ယုံကြည်ချက်မှာ သင်္ဘောသည် ပြင်းထန်သည့် လေတိုက်မှုကြောင့် သင်္ဘော သောင်တင်ခဲ့သည်၊ သို့သော် အင်ဂျင်စက် ပျက်ခဲ့နိုင်သည်ဟုလည်း ခန့်မှန်းချက် ရှိခဲ့ပါသည်ဟု Heindel က ပြောကြားခဲ့သည်။ အဆိုပါ သတင်းများကို အတည်ပြု၍ မရသေးပါ။

 “ကျွန်ုပ် မျှော်လင့်ထားသည်မှာ ကမ္ဘာ့အလုပ်အများဆုံး ရေကြောင်း၌ အကြီးအကျယ် ကျော်ကြားသည့် ဖြစ်ရပ်အားဖြင့် သင်္ဘောသားများအနေဖြင့် နေ့စဉ်နှင့်အမျှ မည်သို့သော ကြီးမားသည့် အနစ်နာခံမှုကို လုပ်ဆောင်နေရကြောင်း လူတိုင်း မြင်သာရန် အခွင့်အလမ်းတစ်ရပ်ကို ဆောင်ကျဉ်းပေးနိုင်ပါသည်။ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းမှာ ဖြစ်ပွားနေဆဲဖြစ်ပါသည်။

 “သင်္ဘောသားများသည် သူရဲကောင်းများဖြစ်ကြသည်၊ ၎င်းတို့သည် ကျွန်ုပ်တိို့၏ ပံ့ပိုးမှုကို လိုအပ်သည် – သူတိို့အနေဖြင့် Suez တူးမြောင်းတွင် ချောင်ပိတ်မိခံနေရသည်ဖြစ်စေ သို့မဟုတ် သူတို့အနေဖြင့် သင်္ဘောပေါ် အလုပ်ကန်ထရိုက် သက်တမ်းကျော်လွန်၍ သူတို့၏ ဒေသခံ ဆိပ်ကမ်းများတွင် ၉၀ ရာခိုင်နှုန်းသော အရာရာတိုင်းကို ပို့ဆောင်ပေးနေကြသည် ဖြစ်စေ- သူရဲကောင်းများဖြစ်ပါသည်။” ဟု Heindel က ပြောကြားခဲ့သည်။

ပြီးပြီး

  • မှတ်ချက်များ- Stephen Cotton ၏ မျက်နှာဓါတ်ပုံကို ဤနေရာ၌ရရှိနိုင်သည်
  • Stephen Cotton အား လူတွေ့မေးမြန်းရန်အတွက် media[at]itf.org.uk သို့ တောင်းဆိုလျှင် ရရှိနိုင်သည်။

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သင်္ဘောသား တစ်သန်းကျော် အပါအဝင် ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်လုပ်ကိုင်သည့် အမျိုးသမီး အမျိုးသားပေါင်း သန်း 20 နီးပါးအတွက် ပြောဆိုသံဖြစ်ပါသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.