Skip to main content

Hope Hicks အမှုကိစ္စမှာ သီးသန့်တစ်ခါတည်းဖြစ်ပျက်သည့် ဖြစ်ရပ်တစ်ခု မဟုတ်ပါ၊ သင်္ဘောလုပ်ငန်းကဏ္ဍ၌ လက်တွေ့ကျကျ ပြောင်းလဲမှုများ လိုအပ်ကြောင်း ပြသနေ

27 Jun 2022
Press Release

Hope Hicks အနေဖြင့် ဧရာမ သင်္ဘောလုပ်ငန်းကြီးဖြစ်သည့် Maersk ကုမ္ပဏီအပေါ် တရားစွဲဆိုလိုက်သည့် သတင်းကို တုံ့ပြန်ရာတွင် အလုပ်ရှင်များအနေဖြင့် ၎င်းတို့၏ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး မူဝါဒများကို လိုက်နာနေကြောင်း လုပ်သားလျှော့ပါးရေးများကြုံတွေ့ရလောက်အောင် ပိုမိုများပြားသော သင်္ဘောသားများက လုပ်ငန်းကဏ္ဍမှ မထွက်ခွာသွားမီ သေချာအောင်လုပ်ရန် သင်္ဘောသားများ သမဂ္ဂများက တောင်းဆိုနေကြသည်။

Hicks သည် Maersk သင်္ဘောပေါ်၌ အလုပ်သင်အရာရှိအဖြစ် သင်တန်းတက်နေစဉ် အကြီးတမ်း အရာရှိတစ်ဦး၏ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသည်။ သင်္ဘောသားသည် သူမ၏ အမှုကိစ္စအပေါ် ကုမ္ပဏီ၏ တုံ့ပြန်ချက်အား ကလောင်အမည်ဝှက် ‘Midshipman X’ ကိုသုံး၍ ရေးသားဝေဖန်ခဲ့သည်၊ အမျိုးသမီးများအပေါ် ဆက်ဆံမှုနှင့် လုပ်ငန်းခွင် လိင်ပိုင်းအနှောင့်အယှက်ပေးမှုနှင့် လက်ရောက်မှု ပြုကျင့်ခံရသူများ စပ်လျဥ်း၍ ပင်လယ်ရေကြောင်း ကဏ္ဍတစ်လျှောက် ဝေဖန်ဆွေးနွေးမှု ဂယက်ရိုက်ခတ်နေလျက်ရှိသည်။

တစ်ခြား လုပ်ငန်းကဏ္ဍ အတော်များများတွေလိုဘဲ အမျိုးသမီးတွေအပေါ် ဆက်ဆံတဲ့ ပြဿနာ Maersk Line မှာ ရှိနေတယ်ဆိုတာ သူတို့ သိကြပါတယ်၊ဟု David Heindel ITF သင်္ဘောသားများ ဌာနခွဲ အကြီးအကဲနှင့် အပြည်ပြည်ဆိုင်ရာ သင်္ဘောသားများ သမဂ္ဂ ဘဏ္ဍရေး-အတွင်းရေးမှူးဖြစ်သူက ပြောကြားခဲ့သည်။

Maersk Line အနေနဲ့ သူတို့ရဲ့ သင်္ဘောတွေ၊ ကျနော်တို့ အဖွဲ့ဝင်တွေရဲ့ လုပ်ငန်းခွင်နေရာတွေမှာ အမျိုးသမီးတွေကို ပစ်မှတ်ထားတဲ့ လက်မခံနိုင်လောက်တဲ့ လိင်-အခြေခံ အနှောင့်အယှက်ပေးမှုနဲ့တကွ အကြမ်းဖက်မှု ကင်းရှင်းနေဖို့ လိုအပ်တဲ့ လက်တွေ့ကျကျ အဆင့်ဆင့်လုပ်ရမယ့်အချက်တွေကို စတင်လုပ်ခဲ့တာဟာ အားရစရာရှိပါတယ်။ ဟု သူကပြောကြားခဲ့သည်။

ဒီလုပ်ငန်းမှာရှိတဲ့ အလုပ်ရှင် အများစုမှာ သင်္ဘောဝန်ထမ်းတွေကို လုံလုံလောက်လောက် ကာကွယ်ပေးဖို့ မူဝါဒတွေနဲ့ လမ်းညွှန်ချက်တွေ ရှိနေပြီးသားပါဘဲ၊ဟု သူကပြောကြားခဲ့သည်။ ပြဿနာက ဒီမူဝါဒတွေ အမှန်တကယ် ဒီလောကမှာ အကောင်အထည်ဖော်လုပ်ဆောင်တာ အမြဲ မရှိပါဘူး။ လုပ်ငန်းကဏ္ဍနဲ့ ပင်လယ်ရေကြောင်းသမားတွေအတွက် ပြောသလိုလုပ်ဖို့နဲ့ နေ့စဉ်နေ့တိုင်းမှာဘဲ ဒီမူဝါဒတွေကို အကောင်အထည်ဖော်ပေးဖို့ အချိန်ကျပါပြီး။ အဲ့ဒါတွေကို အကောင်အထည်ဖော်ပေးဖို့ ကိုယ့်နဲ့မဆိုင် ဘေးထိုင် နေပုံသာပေါက်နေပါတယ်။

ဒီအမျိုးသမီး ပထမဦးဆုံး တရားစွဲဖို့ပေါ်လာတဲ့အချိန်ကစပြီး ITF နဲ့တကွ AFL-CIO Maritime Trades Department တွေနဲ့ အဖွဲ့ဝင်ဖြစ်နေကြတဲ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ သင်္ဘောသား သမဂ္ဂတွေဟာ ယဥ်ကျေးမှုနဲ့ ဥပဒေဆိုင်ရာ ပြောင်းလဲချက်တွေ ချက်ချင်း ပြောင်းလဲဖို့ အတူတကွ လုပ်ကိုင်နေကြပါတယ်။ဟု သူက ပြောကြားခဲ့သည်။ ဤလစောစောပိုင်းမှာ လုပ်ငန်းကဏ္ဍမှာ ပိုမိုဘေးကင်းလုံခြုံစေဖို့ AFL-CIO ဟာ ပိုမိုအရေးယူလုပ်ဆောင်ပေးရန်အတွက် အဆိုတင်သွင်းခဲ့သည် 

ITF သင်္ဘောသားများ ဌာနခွဲ အမျိုးသမီး ကိုယ်စားလှယ်ဖြစ်သူ Lena Dyring က ပြောကြားခဲ့သည်မှာ လုပ်ငန်းဌာန၏ အမျိုးသမီးများနှင့်ပတ်သက်သည့် ပြဿနာများသည် Maersk ကိစ္စထက် ပိုမိုကြီးမားကျယ်ပြန့်လျက်ရှိသည်-

ကျမတို့ ယခင်က ပြောဆိုခဲ့သကဲ့သို့ ဒီကိစ္စဟာ သီးခြားတစ်ခါတည်းဖြစ်ပျက်နေတဲ့ကိစ္စ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီကိစ္စမှာ သင်္ဘောသား အတော်များများတွေအတွက် တကယ့်ဖြစ်ရပ်မှန်ဖြစ်ပါတယ်၊ အမျိုးသားအတွက်ရော အမျိုးသမီးအတွက်ပါ အလံတင်နိုင်ငံ ဒါမှမဟုတ် ကုမ္ပဏီတို့နဲ့ မသက်ဆိုင်စေဘဲ ဖြစ်ပါတယ်။ သင်္ဘောလုပ်ငန်းမှာ ယိုယွင်းနေတဲ့ ယဥ်ကျေးမှု ရှိပါတယ်၊ အဲ့ဒါကို ဖြေရှင်းပေးဖို့ လုပ်ငန်းကဏ္ဍ အစိတ်အပိုင်းအားလုံးမှာ တာဝန်တွေရှိကြပါတယ်၊” ဟု သူမက ပြောကြားခဲ့သည်။

ဒီလုပ်ငန်းကဏ္ဍဟာ အခရာကျတဲ့ လုပ်သားအင်အားထု လျှော့ပါးမှုတွေနဲ့ လုပ်ငန်းကဏ္ဍဖြစ်ပါတယ်။ ဒီပြဿနာတွေကို လေးလေးနက်နက်နဲ့ ထိုက်ထိုက်တန်တန် ဖြေရှင်းမပေးဘူးဆိုရင် သင်္ဘောလုပ်ငန်းဟာ အမျိုးသမီးတွေကို အလုပ်မက်လုံးတွေပေးဖို့နဲ့ အလုပ်တည်မြဲနေအောင်လုပ်ဖို့ လုပ်နိုင်မှာ မဟုတ်ပါဘူး။

တာဝန်ရှိတဲ့ အလုပ်သမားတွေနဲ့ သမဂ္ဂတွေက သူတို့ချည်း အခြေအနေကို ပြောင်းလဲပေးနိုင်မှာ မဟုတ်ပါဘူး။ လုပ်ငန်းခွင် ဘေးကင်းလုံခြုံဖို့ သင်္ဘောသားတွေရဲ့ အခွင့်အရေးတွေကို ထိရောက်ပေးဖို့ ဥပဒေဆိုင်ရာနဲ့ စည်းမျဥ်းဆိုင်ရာ နည်းလမ်းတွေ အစိုးရတွေမှာ ရှင်းရှင်းလင်းလင်း တာဝန်ခံရမယ့် အခန်းကဏ္ဍ ရှိပါတယ်။ ဟု Dyring ကပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုက Safer Seas Act အက်ဥပဒေကို ပြဌာန်းပေးတဲ့အပြင် အေဂျင်စီရုံး အချင်းချင်း Every Mariner Builds a Respectful Culture’ အစီအစဉ် ဖွင့်လှစ်ပေးလိုက်တဲ့အတွက် တိုးတက်မှုရှိခဲ့တဲ့အခါမှာ ပိုပြီးတော့ အရေးယူလုပ်ဆောင်ဖို့ လုပ်အပ်ပါတယ်၊ ဟု Dyring က ပြောကြားခဲ့သည်။

ကွန်ကရက်လွှတ်တော် အနေနဲ့ ဒါကြောင့် ILO Convention 190ကို အတည်ပြုပေးဖို့ ချက်ချင်း အဆင့်ဆင့်လုပ်ဆောင်ချက်တွေ လုပ်သင့်ပါတယ်။”

မှတ်ချက်များ-

  • Safer Seas Act အက်ဥပဒေသည် သင်္ဘောပေါ်၌ သင်္ဘောဝန်ထမ်းများအတွက် လိင်ပိုင်းအနှောင့်အယှက်ပေးမှုမှ ဥပဒေအရ ကာကွယ်မှုအသစ်များကို အထူးသဖြင့် တောင်းဆိုသည်။
  • ၂၀၂၀ ခုနှစ်တွင် အမျိုးသမီးများသည် တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောသား အလုပ်သမားအင်အားထု တစ်ခုလုံး၏ 1.28% ရှိပြီး အရာရှိ 0.73% သာရှိသည်။ ရရာဇာစ်မြစ်- ICS and BIMCO (2021) Seafarer Workforce Report, 2021 Edition. https://www.ics-shipping.org/publication/seafarer-workforce-report-2021-edition/

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သင်္ဘောသား တစ်သန်းကျော် အပါအဝင် ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်လုပ်ကိုင်သည့် အမျိုးသမီး အမျိုးသားပေါင်း သန်း 20 နီးပါးအတွက် ပြောဆိုသံဖြစ်ပါသည်။

မီဒီယာ အဆက်အသွယ်- media@itf.org.uk   

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.