Skip to main content

ဖိနှိပ်မှုကို အဆုံးသတ်ရန်နှင့် အလုပ်သမားများ၏ အရပ်သား လွတ်လပ်မှုများကို လေးစားရန် အချိန်တန်ပြီဖြစ်သည်

05 May 2021

မေဒေး ခေါ် အလုပ်သမားနေ့ဆိုသည်မှာ ကမ္ဘာပေါ်ရှိ အလုပ်သမားများက အလုပ်ရပ်ဆိုင်းပြီး ပြန်လည် သုံးသပ်သည့်အခါဖြစ်ပါသည်။ ကျွန်ုပ်တိို့သည် အများအပြားသော လူ့အခွင့်အရေး ဖောက်ဖျက်မှုများကို မြင်တွေ့နေကြပါသည် — အလုပ်သမားများမှာ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းရန် မိမိတို့၏ အခွင့်အရေး ငြင်းဆိုခံနေရသည်၊ လွတ်လပ်စွာ ပြောဆိုခွင့်များကို ဖိနှိပ်ချုပ်ခြယ်ခံနေရသည်။ ကျွန်ုပ်တို့၏ အခြေခံ လူ့အခွင့်အရေးများကို ကာကွယ်ရန်မှာ ကျွန်ုပ်တို့အားလုံး၏ တာဝန်ဖြစ်ပါသည်။

သပိတ်မှောက်ရန် အခွင့်အရေး။ ဆန္ဒပြရန် အခွင့်အရေး။ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် အခွင့်အရေး။ တစ်ကမ္ဘာလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂတို့၏ သွေးကြောထဲစီးဆင်းနေသည့် ဤ အရပ်သား လွတ်လပ်မှုများမှာ ခြိမ်းခြောက်ခံနေရသည်။ စုပေါင်းခြင်းအားဖြင့် ကျွန်ုပ်တို့သည် ပခုံးချင်းတွဲကာ ပြောရန်လိုအပ်သည်မှာ “ဖိနှိပ်မှု နောက်ထပ် မလုပ်ပါနှင့်။”

ယနေ့ မေဒေးခေါ် အလုပ်သမားနေ့တွင် ITF နှင့် ၎င်း၏ သန်း ၂၀ သော သယ်ယူပို့ဆောင်ရေး အလုပ်သမားများသည် မိမိတို့၏ အခွင့်အရေးများကို လေးစားပေးရန်၊ အလုပ်သမား သမဂ္ဂဝင်များကို နှိပ်စက်မှု အဆုံးသတ်ရန်၊ နှင့် မိမိတို့၏ လွတ်လပ်မှုများကို ကာကွယ်ပေးရန် အစိုးရများ၊ အလုပ်ရှင်များနှင့် အရပ်သား အဖွဲ့အစည်းများကို ဆော်သြတောင်းဆိုကြပါသည်။

လူ့အခွင့်အရေးများကို ထိန်းသိမ်းရန် – နှင့် ကမ္ဘာအနှံ့ရှိကြသည့် ကျွန်ုပ်တို့၏ ညီအစ်မများ၊ ညီအစ်ကိုများနှင့် မိတ်ဆွေများကို ကာကွယ်ပေးရန်အတွက် တိုက်ပွဲဝင်ရာ၌ စည်းလုံးညီညွတ်မှုသည် ကျွန်ုပ်တို့၏ အစွမ်းအထက်ဆုံး လက်နက်ဖြစ်ပါသည်။

၎င်းသည် ယိုးဒယား နိုင်ငံ မီးရထားဌာန၌ လှုပ်ရှားတက်ကြွသူ ၁၃ ဦးအတွက်လည်း အလွန် မှန်ကန်ပါသည်။ အဆိုပါ “SRUT 13” ဦးအား မီးရထား ကုမ္ပဏီမှ တရားစွဲဆိုခဲ့ပြီးနောက် လွန်ခဲ့သည့် အောက်တိုဘာလ၌ ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ပါသည်။ ၎င်းတို့၏ ရာဇဝတ်မှုမှာ အဘယ်နည်း။ ပိုမိုကောင်းမွန်သော ဘေးကင်းလုံခြုံရေးအတွက် လှုံ့ဆော်ခြင်းပင်ဖြစ်ပါသည်။

၎င်းတို့သည် ၂၀၀၉ ခုနှစ် မတော်တဆဖြစ်ရပ်အတွက် မြေဇာပင်ဖြစ်ခဲ့ကြသည်၊ ၎င်းမတော်တဆဖြစ်ရပ်မှာ အခြေခံအားဖြင့် ထိန်းသိမ်းမှု ညံ့ဖျင်းမှုကြောင့် ဖြစ်ပွားခဲ့သည်ဟု ယိုးဒယားနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် ပြည်တွင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ နှစ်ရပ်လုံးက ဆုံးဖြတ်ခဲ့ကြသည်။ ယိုးဒယားအာဏာပိုင်များသည် ၎င်းတို့၏ ကိုယ်ပိုင် ညံ့ဖျင်းမှုကို အာရုံပြောင်းစေရန် မှားယွင်းသော စွပ်စွဲချက်များကို အသုံးပြုခဲ့ကြသည်။

Leonardo Escala တွင် လူ့အခွင့်အရေး လုံးဝ မရှိတော့ပါ။ ဖေဖေါ်ဝါရီလ၌ မနီလာမြို့၊ တွန်ဒိုရှိ သူ့အိမ်အပြင်ဖက်တွင် သူ့အား အကြိမ်ကြိမ် သေနတ်ဖြင့် ပစ်၍ သတ်ခဲ့ပါသည်။ မနီလာရှိ ICTSI ဆိပ်ကမ်း၌ သင်္ဘောအလုပ်သမားများ သမဂ္ဂ ဥက္ကဌဖြစ်သူ Escala သည် သူ့အသက်ကို ခြိမ်းခြောက်ခြင်း ခံရသည့်တိုင် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် အခွင့်အရေးကို ဆက်လက် ကျင့်သုံးနေလျက်ရှိပါသည်။

မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုသည် အလုပ်သမားများအား ထောင်သွင်းအကျဥ်းချနေသည်၊ လမ်းများပေါ်၌ ဆန္ဒပြနေသူများအား သေနတ်ဖြင့် ပစ်သတ်နေကြသည်။ နိုင်ငံရေး သတ်ဖြတ်မှုကို အားပေးထောက်ခံသည့် သမ္မတ အသစ် ဘရာဇီးလ်နိုင်ငံတွင် ရှိသည်။ ဘဲလ်လားရပ်စ်တွင် အလုပ်သမား အခွင့်အရေးများမှာ ပုံမှန်အားဖြင့် နင်းခြေခံကြရသည်။

ITF မြင်တွေ့နေရသည့် လူ့အခွင့်အရေး ဖောက်ဖျက်မှုများနှင့် ဖိနှိပ်မှု စာရင်းမှာ တိုးမြှင့်၍သာ ဖြစ်ပေါ်နေကြပါသည်။ တစ်ချို့ကို ဒေသခံ အဆင့်၌ ကိုင်တွယ်ဖြေရှင်းနိုင်သည်။ သို့သော်လည်း များသောအားဖြင့် ကျွန်ုပ်တို့ တစ်ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှု လိုအပ်ပါသည်။

ဖိနှိပ်မှုမှ လွတ်မြောက်လာသည့် အလုပ်သမားများအနေဖြင့် မလွတ်မြောက်လာနိုင်သူများနှင့်အတူ ခိုင်ခိုင်မာမာ ရပ်တည်ပေးရမည်။ ၎င်းမှာ ထိုသို့ရပ်တည်ပေးရန်အတွက် အလုပ်သမားသမဂ္ဂဝင် တစ်ဦးစီ အယောက်တိုင်း၏ တာဝန်ဖြစ်ပါသည် – တရားမျှတမှု၊ တန်းတူရှိမှု၊ လွတ်လပ်မှုနှင့် သိက္ခာရှိမှုတို့အတွက် တိုက်ပွဲဝင်ရာ၌ ညီညွတ်ရေးသည် ကျွန်ုပ်တို့၏ အစွမ်းအထက်ဆုံး လက်နက် ဖြစ်ပါသည်။

ဖိနှိပ်ခြုတ်ခြယ်သော အုပ်စိုးသူများနှင့် စီးပွားလုပ်ကိုင်ခြင်းကို အဆုံးသတ်ပေးရန် အစုရှယ်ယာဝင်များအပေါ် တောင်းဆိုမှုများ ချမှတ်ရမည်။ တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားလုပ်ငန်းများ၏ အလုပ်အမှုဆောင်လူကြီးများ (CEOs) သည် ၎င်းတို့၏ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များ၌ လူ့အခွင့်အရေး ဖောက်ဖျက်မှုများအတွက် တာဝန်ခံစေရမည် ဖြစ်သည်။

ထို့ပြင် ကျွန်ုပ်တို့၏ နိုင်ငံရေးသမားများသည် လူ့အခွင့်အရေးများနှင့်ပတ်သည့် ဖြေရှင်းချက်များအပေါ် ခိုင်ခိုင်မာမာ ရပ်တည်ပေးရမည်ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ဖိနှိပ်မှုကို လက်မခံကြောင်း သူတို့နှင့်တကွ တစ်ကမ္ဘာလုံးအား လုံးဝ ရှင်းရှင်းလင်းလင်း အသိပေးသင့်ပါသည်။

အကယ်၍ ကျွန်ုပ်တို့အားလုံး လူ့အခွင့်အရေးများအတွက် အခိုင်အမာ ရပ်တည်ပေးလျှင် ဖိနှိပ်မှု ရှိတော့မည် မဟုတ်ပါ။ အခြားသူများ၏ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးခြင်းသည် ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ ကိုယ်ပိုင်လူနေမှုဘဝကို ကာကွယ်နေခြင်းဖြစ်ပါသည်။ အကယ်၍ လူသားများဖြစ်ကြသည့် ကျွန်ုပ်တို့သည် ၎င်းကို ရပ်တံ့စေရန် စုပေါင်း၍ ဆုံးဖြတ်လျှင် အဆိုပါ မိုက်မဲမှုသည် အဆုံးသတ်သွားနိုင်ပါသည်။

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.