Skip to main content

သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကို ဖြေရှင်းရန် တိုက်ပွဲဝင်ရာ၌ လုပ်နည်းလုပ်ဟန် အသစ် စတင်သုံးစွဲသဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်များအတွက် အကြောင်းပြချက်များ မလိုအပ်တော့ပါ

10 May 2021
Press Release

ကမ္ဘာ့အကြီးမားဆုံး အမှတ်တံဆိပ်များအနေဖြင့် ၎င်းတို့၏ ကုန်စည်ဖြန့်ချီ ကွင်းဆက်များကို စာရင်း မစစ်ဆေးရန်နှင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကိစ္စနှင့်ပတ်သက်၍ ပစ္စည်းတင်ပို့သူများအား ညွှန်ကြားချက်များ မထုတ်ပြန်ရန် ဖြစ်ကြောင်း ကမ္ဘာ့ သင်္ဘောသားများ သမဂ္ဂများက ပြောဆိုကြသည်၊ ယခုသော် လူ့အခွင့်အရေးများ လျော်ကန်သင့်မြတ်သော အားထုတ်မှု လုပ်နည်းလုပ်ဟန်ကိရိယာ အသစ် ကို ယနေ့ ထုတ်ပြန်လိုက်သည်။

အဆိုပါ လုပ်နည်းလုပ်ဟန်ကိရိယာအားဖြင့် ကုန်ပစ္စည်းပိုင်ရှင်များနှင့် သင်္ဘောစင်းလုံးငှါးသူများသည် ကုန်ပစ္စည်းတင်ပို့ ဖြန့်ချီသူများနှင့် စီးပွားလုပ်ငန်း ဖက်စပ်လုပ်ကိုင်သူများအား ၎င်းတို့၏ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များနှင့်ပတ်သက်၍ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး၊ လွတ်လပ်စွာ သွားလာခွင့်နှင့် အတင်းအကျပ် အလုပ်ခိုင်းစေမှုမှ ကင်းလွတ်ခွင့် အပါအဝင် သင်္ဘောသားများ၏ လူ့အခွင့်အရေးများနှင့် အလုပ်သမား အခွင့်အရေးများကို ထိန်းသိမ်းထားကြောင်း သေချာစေရန် သင့်တော်သော မေးခွန်းများကိုမေးရန် အထောက်အကူပြုစေသည်။

အဆိုပါ လုပ်နည်းလုပ်ဟန်ကိရိယာကို UN Global Compact ကဦးစီးသော UN အဖွဲ့အစည်းများ၊ ကမ္ဘာ့အကြီးမားဆုံး ကော်ပိုရေးရှင်း အချို့၊ နှင့် – အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) အပါအဝင် ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍ ဖက်စပ်လုပ်ကိုင်သူများက ထူထောင်ထားသည်။

“အချိန်အတော်ကြာမြင့်စဉ်ကတည်းက၊ သင်္ဘောလုပ်ငန်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်များအတွက် လူ့အခွင့်အရေး မျက်ကွယ်ပြုရာတစ်ရပ် ဖြစ်လျက်ရှိပါသည်။ ယနေ့ကမ္ဘာကြီးရှိ တာဝန်သိတတ်သော ကုမ္ပဏီများသည် ၎င်းတို့အနေဖြင့် သို့မဟုတ် ဖက်စပ်လုပ်ကိုင်သူများအနေဖြင့် ၎င်းတို့၏ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များတွင် လူ့အခွင့်အရေးများကို မည်ကဲ့သို့ ဖောက်ဖျက်နေနိုင်ကြောင်း နားလည်လိုကြသည်။ ဤအတွက်ကြောင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်း ဖြစ်ပွားနေစဉ်အတွင်း ဤလုပ်နည်းလုပ်ဟန်ကိရိယာမှာ ပိုမို၍ အချိန်မှီ မဖြစ်နိုင်ပါ၊” ဟု ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton က ပြောကြားခဲ့သည်။

ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များအတွင်း လူ့အခွင့်အရေးများကို ထိန်းသိမ်းခြင်းသည် ကုမ္ပဏီများ၏ လူမှုရေးဆိုင်ရာ တာဝန်ဖြစ်ပြီး ၎င်းတို့အတွက် ပိုမိုတိုးမြှင့်စွာဖြင့် ဥပဒေဆိုင်ရာ သတ်မှတ်ချက်ဖြစ်ခဲ့သည်ဟု Cotton က ပြောကြားခဲ့သည်။

“ရောဂါကပ်ဘေးကြီးတစ်လျှောက်လုံး ကမ္ဘာ့ သင်္ဘောသားများသည် ပင်လယ်တွင်း မျောနေခဲ့ရသည်၊ ထောင်ပေါင်း ရာနှင့်ချီ၍ ၎င်းတို့၏ ဆန္ဒကိုဆန့်ကျင်ပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရ၍ Covid-19 ပိတ်ပင်ကန့်သတ်ချက်များဖြင့် ချောင်ပိတ်မိခံခဲ့ရသည်။ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်ရှိ တာဝန်ရှိသည့် ပါဝင်ပတ်သက်သူများသည် အရေးယူ ဆောင်ရွက်ခဲ့သော်လည်း မိမိတို့၏ ကုန်စည်များ စီးဆင်းမှုကို ရပ်တံ့မခံခဲ့ရသည့် ကုမ္ပဏီအများအပြားတို့သည် ဤလူသားချင်းစာနာရမည့် အကျပ်အတည်းကို မသိရှိခဲ့ရ၍ဖြစ်စေ သို့မဟုတ် မသိကျိုးကျွန်ပြု၍ဖြစ်စေ ဖြစ်ခဲ့ကြသည်။

‘ကုန်စည် ပိုင်ရှင်များ’ ဟုလည်း လူသိများသည့် ကုမ္ပဏီများအနေဖြင့် ‘ကုန်စည်ဖြန့်ချီရေး ကွင်းဆက် ကြံ့ခိုင်ရေး စိစစ်မှု’ ကိုလုပ်ဆောင်ရန် ITF သို့မဟုတ် အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အသင်း (International Chamber of Shipping (ICS)) ရှိ ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍ တတ်ကျွမ်းသူများနှင့် အတူပူးပေါင်းလုပ်ကိုင်ရန် UN အဖွဲ့အစည်းများက တိုက်တွန်းနေလျက်ရှိသည်။ ဤကြံ့ခိုင်ရေး စိစစ်မှုများသည် ကုမ္ပဏီများအား ၎င်းတို့၏ လူ့အခွင့်အရေး လျော်ကန်သင့်မြတ်သော အားထုတ်မှု (HRDD) တာဝန်များကို နားလည်စေရန်နှင့် ၎င်းတို့၏ ကုန်စည်ဖြန်ချီရေး ကွင်းဆက်များ၌ ဖောက်ဖျက်မှုများကို ဖြေရှင်းပေးရန် အထောက်အကူပြုပါလိမ့်မည်။


အမှတ်တံဆိပ်များသည် ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များမှ “သင်္ဘောဝန်ထမ်း အပြောင်းအလဲ မလုပ်ရ” ဆိုသည့် စာပိုဒ်များကို ပိတ်ပင်နိုင်သည်

ITF သည် “သင်္ဘောဝန်ထမ်း အပြောင်းအလဲ မလုပ်ရ” ဆိုသည့် စာပိုဒ်များ အသုံးချခြင်းနှင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး ဆောင်ရွက်ခြင်းကို တားဆီးမည့် ပိုမိုရှုပ်ထွေးသည့် အခြား နည်းလမ်းများ အသုံးချခြင်းကို သင်္ဘောစင်းလုံးငှါးသူများနှင့် တစ်ဆင့်ခံ-စင်းလုံးငှါးသူများအား သတိပေးနေလျက်ရှိသည်ဟု ITF သင်္ဘောသားများ ဌာနခွဲ ဥက္ကဌဖြစ်သူ David Heindel က ပြောကြားခဲ့သည်။ ကုန်စည်ပိုင်ရှင်များအနေဖြင့် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး ဖြန့်ချီသူများအပေါ် မိမိတို့၏ မျှော်လင့်ချက်များကို သတ်မှတ်ရန် လိုအပ်ခဲ့သည်ဟု သူက ပြောကြားခဲ့သည်။

“ဝမ်းနည်းစွာဖြင့်၊ သင်္ဘောလုပ်ငန်းကိစ္စပေါ်လာသည့်အခါ လူသားလိုအပ်ချက်များ လမ်းကြောင်းပေါ်၌ ငွေကြေးမှာ ဟန့်တားနေလျက်ရှိနေသေးသည်။ သင်္ဘောပိုင်ရှင်များ၏ ဝင်ငွေများမှာ အချိန်တိုင်း မြင့်မားလျက်ရှိပြီး၊ ကုန်စည်-ပိုင်ရှင်များသည် ၎င်းတို့၏ ပုံမှန် စီးပွားလုပ်ငန်း၌ ပြောင်းလဲချက် တစ်စုံတစ်ရာကို သတိမပြုမိခဲ့သော်လည်း သင်္ဘောသား အယောက် နှစ်သိန်း (၂၀၀ ၀၀၀) တို့မှာ မျောနေသည့်အကျဥ်းထောင်များဟု တင်စားထားသည့် သင်္ဘောများပေါ် အလုပ်လုပ်ရင်း ချောင်ပိတ်မိခံနေသေးလျက်ရှိသည်။”

“ဖြစ်နိုင်သမျှ ကုမ္ပဏီ အမြောက်အမြားတို့က ခိုင်မာသော အရေးယူလုပ်ဆောင်မှု ဆောင်ရွက်ခြင်း၊ လျော်ကန်သင့်မြတ်သော အားထုတ်မှု လုပ်နည်းလုပ်ဟန်ကိရိယာကို သုံးစွဲရန် ကတိပြုခြင်းနှင့် ၎င်းတို့၏ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များနှင့် ကျယ်ပြန့်သော သင်္ဘောလုပ်ငန်း ကဏ္ဍရှိ လူ့အခွင့်အရေး မတော်မတရားပြုမှုများကို ခြေဖျက်ပစ်ရာ၌ ကူညီပေးခြင်းတို့ကို လုပ်ပေးရန် ကျွန်ုပ်တို့ မြင်တွေ့လိုပါသည်။ ထိုသို့လုပ်ရန်အတွက် ၎င်းတို့အား ကူညီပေးရန် ကျွန်ုပ်တို့ ရပ်တည်ပေးနေပါသည်၊” Heindel က ပြောကြားခဲ့သည်။

ITF သင်္ဘောသားများ ဌာနခွဲ ဥက္ကဌဖြစ်သူ David Heindel | (Credit: ITF)
​​​
​​​​​

အမှတ်တံဆိပ်များတွင် ၎င်းတို့၏ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များမှ “သင်္ဘောဝန်ထမ်း အပြောင်းအလဲ မလုပ်ရ” ဆိုသည့် စာပိုဒ်များကို ပိတ်ပင်ရန် လုပ်ပိုင်ခွင့်အာဏာ ရှိသည်ဟု Heindel က ပြောကြားခဲ့သည်။ သူသည် ကုမ္ပဏီများအား ၎င်းတို့၏ လူ့အခွင့်အရေး လျော်ကန်သင့်မြတ်သည့် အားထုတ်မှု လမ်းကြောင်းကို စတင်လုပ်ရန်အတွက် seafarershrdd@itf.org.uk သို့ အီးမေးလ်ပို့ရန် တိုက်တွန်းခဲ့သည်။

“ဤလုပ်နည်းလုပ်ဟန်ကိရိယာ အစပျိုးလိုက်ခြင်းကြောင့် ကုမ္ပဏီများအနေဖြင့် လိုက်မလုပ်ရန်အတွက် ယခုအခါ အကြောင်းပြချက် မပေးနိုင်တော့ပါ။ ဤကိရိယာတွင် ကုမ္ပဏီများအနေဖြင့် ကုန်စည်များကို သင်္ဘောတင်ပို့သူတို့အား မေးမြန်းရန်လိုအပ်သည့် မေးခွန်းများကို ဖော်ပြထားပါသည်။ ကုမ္ပဏီများအနေဖြင့် ကုန်စည်တင်ပို့သူများအား သင်္ဘောလမ်းကြောင်းပြောင်းမှုများကို ခွင့်ပြုနိုင်စေရန်၊ နှင့် ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များမှ “သင်္ဘောဝန်ထမ်း အပြောင်းအလဲ မလုပ်ရ” ဆိုသည့် စာပိုဒ်များကို ပယ်ဖျက်ထားကြောင်း သေချာစေရန်အတွက် ညွှန်ကြားချက်များက ရှင်းလင်းအောင်လုပ်ထားပါသည်။

ပြီးပြီး

ကုမ္ပဏီများအတွက် အမှာစာများ-

  • သင်္ဘောသားများ၏ လူ့အခွင့်အရေးများနှင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးအတွက် ITF ကုန်စည်ဖြန့်ချီရေး ကွင်းဆက် ကြံ့ခိုင်ရေး စိစစ်မှုများ (Supply Chain Health Checks) အကြောင်း  ဤနေရာ၌ ပိုမိုလေ့လာပါ။
  • ကုမ္ပဏီများအနေဖြင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးနှင့် ၎င်းတို့၏ လူ့အခွင့်အရေး လျော်ကန်သင့်မြတ်သည့် အားထုတ်မှု လမ်းကြောင်းကို စတင်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ HRDD ထိတွေ့မှုကို နားလည်ခြင်းအကြောင်း ITF နှင့် စကားပြောဆိုရန် seafarershrdd@itf.org.uk သို့အီးမေးလ် ပို့သင့်သည်။
  • ကိရိယာကို ဤနေရာ၌ ရှာပါ။

တည်းဖြတ်သူများသို့ အမှာစာများ-

  • TFG Brands London အပါအဝင်ဖြစ်သည့် အင်တာဗျူးလုပ်ရန် ရရှိနိုင်သည့် ဖက်စပ်လုပ်ကိုင်သူများ၊ ထောက်ခံပံ့ပိုးသည့် ကုမ္ပဏီများ၊ နှင့် ထောက်ခံပံ့ပိုးသည့် အဖွဲ့အစည်းများပါရှိသည့် မီဒီယာ အဆက်အသွယ် စာရင်းအပြည့်အစုံကို ဤနေရာ၌  တွေ့ရှိနိုင်သည်။
  • Stephen Cotton မျက်နှာ ဓါတ်ပုံကို ဤနေရာ၌ ရရှိနိုင်သည်။
  • David Heindel ၏ မျက်နှာ ဓါတ်ပုံကို ဤနေရာ၌ ရရှိနိုင်သည်။
  • UNGC, ITF, ICS, IMO,  Consumer Goods Forum တို့မှ ပူးတွဲ မီဒီယာ ထုတ်ပြန်ချက်

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သင်္ဘောသား တစ်သန်းကျော် အပါအဝင် ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်လုပ်ကိုင်သည့် အမျိုးသမီး အမျိုးသားပေါင်း သန်း 20 နီးပါးအတွက် ပြောဆိုသံဖြစ်ပါသည်။

မီဒီယာ အဆက်အသွယ်-    media@itf.org.uk    +44 20 7940 9282

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.