Skip to main content

အောက်စီဂျင် သိပ်သည်းစက်များကို သင်္ဘောသားများ၏ အသက်များအား ကယ်ဆယ်ရန် အိန္ဒိယနိုင်ငံသို့ ပို့ဆောင်ခဲ့

27 May 2021
Press Release
Credit: Jake Lester Bodegas
Credit: Jake Lester Bodegas

ရာနှင့်ချီသော လူ့အသက်များအား ကယ်ဆယ်ပေးမည်ဖြစ်သောကြောင့် ITF သင်္ဘောသားများ ငွေအုပ်ထိန်းအဖွဲ့၏ ငွေကြေးရန်ပုံငွေချပေးထားသည့် အရေးပေါ် စီမံကိန်း အသစ် နှစ်ခုနှင့်တကွ အိန္ဒိယနိုင်ငံ အခြေစိုက် သင်္ဘောသားများ သမဂ္ဂ နှစ်ခုမှတစ်ဆင့် စီမံကိန်းအကောင်အထည်ဖော်ခဲ့၍ ကျေးဇူးတင်ပါသည်။

ထိခိုက်ခံနေရသည့် သင်္ဘောသားများနှင့် ၎င်းတို့၏ မိသားစုများအတွက် အောက်စီဂျင် သိပ်သည်းစက်များနှင့် အရေးပေါ်ဖြန့်ချီပစ္စည်းများကို ကူညီပံ့ပိုးမှုသည် ITF သင်္ဘောသားများ ငွေအုပ်ထိန်းအဖွဲ့ထံမှ ရောက်ရှိလာသည်၊ တိုင်းပြည်၏ မကြုံစဖူး Covid-19 ကူးစက်ပျံ့နှံ့မှု ထကြွနေချိန်၌ အိန္ဒိယနိုင်ငံ ကျန်းမာရေးစနစ် ပြိုကျလုဆဲဆဲ ယိမ်းယိုင်နေစဉ် ရောက်ရှိလာခြင်းဖြစ်သည်။ ခွင့်ပြုရန်ပုံငွေ နှစ်ခုလုံး စုစုပေါင်း £215,000 GBP ($305,085 USD) ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံ နိုင်ငံလုံးဆိုင်ရာ သင်္ဘောသားများ သမဂ္ဂ (The National Union of Seafarers of India (NUSI)) သည် နိုင်ငံတစ်ဝန်းရှိ ၎င်း၏ အဆက်အသွယ်ကွန်ချာဌာနခွဲများကို သင်္ဘောသားများနှင့် ၎င်းတို့၏မိသားစုများသို့ အောက်စီဂျင် သိပ်သည်းစက်များ အခမဲ့ ပေးအပ်ရန် အသုံးပြုပါလိမ့်မည်။ အဆိုပါ ကနဦးလုပ်ဆောင်ချက်မှာ အစိုးရ ဆေးရုံများတွင် အသက်ရှူစက် တပ်ဆင်ထားသည့် ကုတင်အရေအတွက်ကို တိုးမြင့်ပေးစေရန် သမဂ္ဂ စီမံကိန်း ကျယ်ကျယ်ပြန့်ပြန့်၏ အစိတ်အပိုင်းဖြစ်ပါသည်။

ITF သင်္ဘောသားများ ငွေအုပ်ထိန်းအဖွဲ့ထံမှ ဒုတိယ ခွင့်ပြုရန်ပုံငွေကို ပိတ်ပင်မှုကာလအတွင်း သို့မဟုတ် သီးခြားနေရသည့် ကွာရင်တင်း ကာလများ၌ အခက်အခဲ ကြုံတွေ့နေရသည့် အိန္ဒိယ သင်္ဘောသားများနှင့် ၎င်းတို့၏ မိသားစုများအတွက် ဖြန့်ချီပစ္စည်းများအား ရန်ပုံငွေကုန်ကျခံပါမည်။ Tအိန္ဒိယနိုင်ငံ ရှေ့တမ်း သင်္ဘောသားများ သမဂ္ဂ (The Forward Seamen’s Union of India (FSUI)) သည် ပိတ်သိမ်းထားသည့် ဆိပ်ကမ်းများရှိ သင်္ဘောသားများထံသို့ သယ်ဆောင်ရေး ပံ့ပိုးမှုနှင့် မရှိမဖြစ် လိုအပ်သည့် အရာပစ္စည်းများ ရောက်ရှိစေရန် ညှိနှိုင်းဆောင်ရွက်ပေးလိမ့်မည့်အပြင် ဗိုင်းရပ်စ်ကြောင့် ချစ်ခင်ရသူများ အသက်ဆုံးရှုးခံရသည့် မိသားစုများကိုလည်း အကူအညီ ပေးသွားရန် ဆောင်ရွက်ပေးပါမည်။

“လွန်ခဲ့တဲ့နှစ်က အိန္ဒိယ သင်္ဘောသားများ သမဂ္ဂတွေဟာ အရေးပေါ် ပစ္စည်းတွေနဲ့ လက်ပိုးသတ်ဆေးရည်တွေကို ကပ်ရောဂါဘေး အစပိုင်းလောက်မှာ သင်္ဘောသားတွေဆီ ရောက်အောင် ရှေ့တန်းကနေပြီး လုပ်ပေးခဲ့ကြပါတယ်၊” ဟု ITF သင်္ဘောသားများ ငွေအုပ်ထိန်းအဖွဲ့ ဥက္ကဌဖြစ်သူ Katie Higginbottom ကပြောကြားခဲ့သည်။

“အခု ကျမတို့တတွေဟာ အိန္ဒိယနိုင်ငံမှာ ဒီသေလောက်တဲ့ ဒုတိယ လှိုင်းဒဏ်ကြောင့် လူသားတွေရဲ့ ကြေကွဲဖွယ် အတိဒုက္ခကို မြင်တွေ့နေကြရပြီးတော့ ITF သင်္ဘောသားများ ငွေအုပ်ထိန်းအဖွဲ့ဟာ ဆိုလိုရှိရင် သမဂ္ဂတွေအနေနဲ့ လူ့အသက် များနိုင်သမျှ များများ ကယ်ဆယ်ပေးဖို့ တိုးမြှင့်ဆောင်ရွက်ပေးရာမှာနဲ့တကွ အိန္ဒိယ သင်္ဘောသားများနှင့် သူတို့ရဲ့ မိသားစုတွေ ကြုံတွေ့နေရတဲ့ ဒုက္ခကို လျော့ချပေးရာမှာ ပံ့ပိုးကူညီပေးဖို့ လိုက်လျောဂုဏ်ယူမိပါတယ်။”

NUSI ၏အထွေထွေ အတွင်းရေးမှူးဖြစ်သူ Abdulgani Y. Serang က ပြောကြားခဲ့သည်မှာ အောက်စီဂျင် သိပ်သည်းစက်များအတွက် ခွင့်ပြုရန်ပုံငွေအားဖြင့် လူ့အသက်များကို ကယ်ဆယ်ပါလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် နိုင်ငံအတွင်းရှိ ရေရှည်ကြုံတွေ့နေရသည့် အသက်ရှူ-ပံ့ပိုးရေးသုံး ကိရိယာ နည်းပါးမှုကို ဖြေရှင်းပေးရာ ရောက်စေသောကြောင့်ဖြစ်ပါသည်။

“သင်္ဘောသားတွေ အပါအဝင် အိန္ဒိယ တစ်နိုင်ငံလုံးလူတွေဟာ သူတို့တွေကိုယ်တိုင်အတွက် ဒါမှမဟုတ် သူတို့ရဲ့ ချစ်ခင်ရသူတွေအတွက် အောက်စီဂျင်ဘူးတွေ ဒါမှမဟုတ် အောက်စီဂျင် သိပ်သည်းစက်တွေ ရရှိဖို့အတွက် ကြိုးစားနေကြပါတယ်၊ ဒါကြောင့် သူတို့အနေနဲ့ အိမ်မှာ ဒီဗိုင်းရပ်စ်ကို တွန်းလှန်နိုင်မှာ ဖြစ်ပါတယ်။ ဆေးရုံတွေကလည်း ထိုနည်း၎င်းပါဘဲ၊ ဒီစက်တွေကို ပိုပြီးလိုပါတယ်- လူများအတော်များများဟာ အောက်စီဂျင် တပ်ဆင်ထားတဲ့ ကုတင်တွေကို မရနိုင်ကြပါဘူး၊ လူ့အသက်တွေ ဆုံးရှုံးနေရပါတယ်၊” ဟု သူက ပြောကြားခဲ့သည်။ “ဒီခွင့်ပြုရန်ပုံငွေဟာ လူအသက် ရာနဲ့ချီပြီး ကယ်ဆည်ပေးမှာ ဖြစ်ပါတယ်၊” ဟု Serang က ပြောကြားခဲ့သည်။

FSUI ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ Manoj Yadav ကလည်း အဆိုပါခွင့်ပြုရန်ပုံငွေမှာ ပြောင်းလဲမှုတစ်ခုကို ဆောင်ရွက်ပေးလိမ့်မည်ဟု စိတ်ချပါသည်။

“သင်္ဘောသား အများအပြားမှာ ရောဂါရှိကြောင်း စစ်ဆေးမှုအဖြေရှိကြပြီး အများအပြား သေဆုံးခဲ့ကြပါတယ်။     အလွန် များပြားပါတယ်။ ကျနော်တို့အနေနဲ့ အလွန်ခက်ခဲတဲ့ အခြေအနေတွေမှာ သင်္ဘောသားတွေရဲ့ မိသားစုတွေကို လိုအပ်တဲ့ ပံ့ပိုးမှုတွေပေးဖို့ အကောင်းဆုံး လုပ်ပေးပါမယ်၊” ဟု Yadav က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ ကူးစက်ပျံ့နှံ့မှုသည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကိ ပိုမိုဆိုးဝါးစေရန် ခြိမ်းခြောက်လျက်ရှိ

အိန္ဒိယနိုင်ငံရှိ ကျန်းမာရေး အကျပ်အတည်းသည် အစိုးရများ၏ လာမည့်အပတ်များအတွင်း ကိုဗစ်-ဆက်နွှယ်သည့် နယ်စပ် နှင့် ခရီးသွား ပိတ်ပင်ကန့်သတ်ချက်များကြောင့် အိမ်ပြန်၍ မရနိုင်သည့် သင်္ဘောသား ဦးရေ နှစ်ဆ တိုးလာစေရန် ဦးတည်နိုင်ကြောင်း ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍ၌ စိုးရိမ်မှုများ မြှင့်တက်နေလျက်ရှိသည်။ သင်္ဘောသား အယောက်ရေ ခန့်မှန်းခြေ နှစ်သိန်း (200,000) မှာ ၎င်းတို့၏ ကနဦး အလုပ်ကန်ထရိုက် သက်တမ်း ကျော်လွန်ပြီး သင်္ဘောများပေါ်၌ အလုပ်လုပ်ကိုင်ရင်း ချောင်ပိတ်မိခံနေရပြီးဖြစ်ပါသည်။

“အိန္ဒိယနိုင်ငံ သင်္ဘောသားများအပေါ် ပစ်မှတ်ထားဦးတည်တဲ့ ပိတ်ပင်ကန့်သတ်ချက် အသစ်တွေကြောင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းမှာ ပိုမိုဆိုးဝါးလာမှာဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ အလွန်ကြာကြာ ရောက်ရှိနေတဲ့ သင်္ဘောဝန်ထမ်းတွေကို အလုပ်လွဲပြောင်းပေးဖို့ သင်္ဘောတွေပေါ် ကိုဗစ်-ရောဂါမရှိ၊ ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးဖြစ်တဲ့ သင်္ဘောသားတွေ တက်ရောက်စေနိုင်ဖို့ စနစ်တစ်ခု ကျနော်တို့ လိုအပ်ပါတယ်၊” ဟု chair အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (ITF) သင်္ဘောသားများ ဌာနခွဲ ဥက္ကဌဖြစ်သူ David Heindel က ပြောကြားခဲ့သည်။

အဓိက သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး နေရာကြီးများဖြစ်သည့် စင်ကာပူ၊ ဟောင်ကောင်နှင့် ပြည်ထောင်စု အာရတ် အီမရိတ်တို့သည် အိန္ဒိယနိုင်ငံသို့ မကြာသေးမီက ခရီးထွက်ခဲ့သည့်သူများကို ၎င်းတို့၏ ဆိပ်ကမ်းများနှင့် လေယာဥ်ကွင်းများမှတစ်ဆင့် ဝင်ရောက်ခြင်းမှ သို့မဟုတ် တစ်ဆင့်ခံခရီးသွားခြင်းမှ တားမြစ်ခဲ့သည်။ အိန္ဒိယနိုင်ငံ နိုင်ငံသားများသည် တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောလုပ်ငန်း လုပ်သားအင်အား၏ သင်္ဘောသား 8 ဦးလျှင် 1 ဦးအဖြစ် ကိုယ်စားပြုပါသည်။

“အိန္ဒိယနိုင်ငံမှာရှိတဲ့ ကျနော်တို့ရဲ့ ညီအစ်ကိုတွေနဲ့ ညီအစ်မတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ “အိန္ဒိယနိုင်ငံမှာရှိတဲ့ ကျနော်တို့ရဲ့ ညီအစ်ကိုတွေနဲ့ ညီအစ်မတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ပင်လယ်ထဲမှာ ရှိတဲ့ အိန္ဒိယ သင်္ဘောသားတွေအဖို့ သူတို့ရဲ့မိသားစုတွေ ခံစားနေရတာကို ကြည့်နေရတာဟာ နှစ်ဆတို အထိုး ခံရသလိုဖြစ်နေရပါတယ်၊ သူတို့တွေရဲ့ ချစ်ခင်ရသူတွေကို နှစ်သိမ့်ပေးဖို့အတွက် အိမ်မပြန်နိုင်ကြဘဲ သင်္ဘောတွေပေါ်မှာ အလုပ်လုပ်ရင်း လပေါင်းများစွာ ချောင်ပိတ်မိခံနေရမယ့် အလားအလာကိုလည်း ကြုံတွေ့နေရတဲ့အထဲဖြစ်ပါတယ်၊” ဟု  Heindel ကပြောကြားခဲ့သည်။

“ဒီ စေတနာထက်သန်တဲ့ ခွင့်ပြုရန်ပုံငွေဟာ အလုပ်သမား ကိုယ်စားလှယ်တွေအနေနဲ့ ဗိုင်းရပ်စ်ရဲ့ ထိခိုက်မှုကို လျော့ချပေးဖို့အတွက် ကျနော်တို့ လုပ်နိုင်တာ ဘာမဆိုကို လုပ်ဖို့ ပြင်ဆင်ထားတယ်လို့ ပြသနေပါတယ်။ သို့သော်လည်း ရေရှည်-ဖြေရှင်းချက်ဟာ အစိုးရ၊ သမဂ္ဂ၊ စီးပွားလုပ်ငန်းတွေဖြစ်တဲ့ လူတိုင်း မိမိတို့လုပ်ရမယ့် အပိုင်းကို တစ်ပြိုင်တည်း၊ တစ်ကမ္ဘာလုံး လုပ်ခြင်းဖြင့် သင်္ဘောသားအားလုံးအတွက် ကာကွယ်ဆေးတွေ ထိုးရဖို့လိုပါတယ်၊”

“အခု အိန္ဒိယနိုင်ငံမှာ မြင်တွေ့နေရတဲ့ အဲ့ဒါလို တစ်နိုင်ငံလုံးရဲ့ ကိုဗစ် ရောဂါပျံ့နှံ့မှုတွေဟာ တစ်ကမ္ဘာလုံးမှာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကို ပိုမို ဆိုးဝါးစေတဲ့၊ မရှိမဖြစ် လိုအပ်တဲ့ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်တွေကို အန္တရာယ်ဖြစ်စေတဲ့ ဒီဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်လိုက်တဲ့အချိန်အထိ ဆက်လက် ဖြစ်ပွားနေဦးမှာပါ။ အားလုံး လုံခြုံမှု မရှိမချင်း ဘယ်သူမှ လုံခြုံမှာ မဟုတ်ပါဘူး၊” ဟု Heindel က နိဂုံးချုပ် ပြောကြားခဲ့သည်။

ပြီးပြီး

မှတ်ချက်များ-

  • 2020 ခုနှစ်၌ Covid-19-ဆက်နွှယ်သည့် ကနဦးလုပ်ဆောင်ချက်များကို ပံ့ပိုးကူညီပေးနေသည့် ITF သင်္ဘောဝန်ထမ်းများ ငွေအုပ်ထိန်းအဖွဲ့၏ ဓါတ်ပုံများကို ဤနေရာတွင် ရရှိနိုင်ပါသည်  (Credit: ITF သင်္ဘောသားများ၏ ငွေအုပ်ထိန်းအဖွဲ့)

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်လုပ်ကိုင်သည့် အမျိုးသမီး အမျိုးသားပေါင်း သန်း 20 နီးပါးအတွက် ပြောဆိုသံဖြစ်ပါသည်။

ITF သင်္ဘောသားများ ငွေအုပ်ထိန်းအဖွဲ့ အကြောင်း- 1981 ခုနှစ်တွင် တည်ထောင်ခဲ့သည့် ယူနိုက်တစ် ကင်ဒန် ကုသိုလ်ဖြစ်အဖွဲ့ဖြစ်သည့် အိုင်တီဖက်ဖ် ငွေအုပ်ထိန်းအဖွဲ့  (ITF Seafarers Trust) သည် ပင်လယ်ရေကြောင်း အလုပ်သမားများ၊ သင်္ဘောသားများနှင့် ၎င်းတို့၏ မိသားစုများ၏ ကောင်းကျိုးချမ်းသာကို တိုးမြှင့်ပေးမည့်  အစီအစဉ်များကို ရန်ပုံငွေချပေးခဲ့သည်။ ကျွန်ုပ်တို့ကို ငွေအုပ်ထိန်းအဖွဲ့၏ ကိုယ်ပိုင် ငွေလုံးငွေရင်းမှ ရန်ပုံငွေချမှတ်ပေးထားပြီး အဖွဲ့ဝင် သန်း ၂၀ နီးပါး ကိုကိုယ်စားပြုလျက်ရှိသည့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ သမဂ္ဂများ၏ အဖွဲ့ချုပ်ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် တွင်ရှိသည့် လူမှုဖူလုံရေး ရန်ပုံငွေ၏ ရင်းနှီးမြှုပ်နှံမှု ဝင်ငွေမှ ရန်ပုံငွေချမှတ်ပေးထားပါသည်။

မီဒီယာ အဆက်အသွယ်များ-
ITF - media@itf.org.uk    
                            
ITF Seafarers’ Trust - media@itf.org.uk*
                        
*ITF သင်္ဘောသားများ၏ ငွေအုပ်ထိန်းအဖွဲ့ ကိုယ်စား စုံစမ်းမေးမြန်းမှုများကို လက်ခံသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.