Skip to main content

အသိရှိမှုသည် အင်အားဖြစ်ပြီး ITF ဝက်ဘ်ဆိုက် ကိရိယာအသစ်သည် သင်္ဘောသားများအား အဆိုပါ အင်အားကို ပေးအပ်ရန် ရည်မှန်း

05 Aug 2021
Press Release

ဝက်ဘ်ဆိုက် ကိရိယာအသစ်သည် သင်္ဘောသားများအား အလုပ်များကို ရှာဖွေရန် အထောက်အကူပြုပါမည်၊ ဝေ့လည်ကြောင်ပတ် စီမံရေးအေးဂျင့်များနှင့် ယုတ်မာသည့် လိမ်ဇာတ်လုပ်သူများ၏ လှည့်ကွက်မှ ရှောင်ရှားရင်း အထောက်အကူပြုပါမည်။

ITFShipBeSure.org ဟူသော ဝက်ဘ်ဆိုက်ကို ယနေ့ ထုတ်လွှင့်လိုက်သည်၊ ကုန်တင်သင်္ဘော သို့မဟုတ် အပျော်စီးသင်္ဘောများပေါ် အလုပ်လုပ်ရန် အလုပ်ရှာဖွေနေသည့်သူများအား ၎င်းတို့အနေဖြင့် မှန်ကန်သော အလုပ်ကန်ထရိုက်များ ညှိနှိုင်းလုပ်ကိုင်ရန်နှင့် စိတ်မချရသည့် စီမံရေး အေးဂျင့်များ၏ ဒုက္ခပေးမှုမှ ရှောင်ရှားရန် ၎င်းတို့လိုအပ်သည့် အသိရှိမှုမျိုးကို ဤဝက်ဘ်ဆိုက်က ပေးအပ်ပါသည်။

၎င်းတွင် စီမံရေး အေးဂျင့်များ လမ်းညွှန်စာအုပ် တစ်အုပ်ပါရှိသည်၊ ၎င်းတို့ကို အစိမ်းရောင် (ဆက်လုပ်) ဖြစ်စေ သို့မဟုတ် အနီရောင် (ရှောင်လျှင်အကောင်းဆုံး) ဖြစ်စေ အားဖြင့် အတန်းအစား ခွဲခြားပေးထားသည်။ ဝက်ဘ်ဆိုက်သည် ကနဦးအားဖြင့် နိုင်ငံ လေးနိုင်ငံအား အကျုံးဝင်ထားသည်၊ ၎င်းတို့မှာ သင်္ဘောသား အဓိက ဖြန့်ဖြူးပေးသည့်နိုင်ငံများဖြစ်ကြသော်လည်း ဆက်လက်တိုးချဲ့၍ထည့်သွင်းပေးမည်ဖြစ်ပြီး နောက်ဆုံး၌ တစ်ကမ္ဘာလုံးကို ခြုံငုံဖော်ပြပါလိမ့်မည်။ အဆိုပါ နိုင်ငံများမှာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံများ ဖြစ်ကြသည်။

“နှစ်စဉ်နှစ်တိုင်း သင်္ဘောသား ရာနှင့်ချီပြီး စီမံရေး အေးဂျင့်များရဲ့ လိမ်လုပ်ဇာတ်ကို အလုပ်ခံရတယ် ဒါမှမဟုတ် လူလိမ်ခံရတယ်၊” ဟု ITF စိစစ်ရေးမှူးချုပ်ရုံး ညှိနှိုင်းရေးအရာရှိဖြစ်သူ Steve Trowsdale က ပြောကြားခဲ့သည်။ “ကျွန်ပ်တို့ရဲ့ စိစစ်ရေးမှူးတွေမှာ မယုံကြည်ရသော အေးဂျင့်တွေရဲ့ တရားမဝင် လုပ်ပုံကိုင်ပုံတွေကို ဖော်ထုတ်ပေးတဲ့ ကာလကြာရှည် အတွေ့အကြုံရှိကြပါတယ်။ ကျွန်ုပ်တို့အနေနဲ့ အဆိုပါ အသိရှိမှုကို လက်ဆင့်ကမ်းပေးချင်ခဲ့ပါတယ်၊ ဒါကြောင့် သင်္ဘောသားတွေအနေနဲ့ ကောင်းမွန်ပြီး စိတ်ချရတဲ့ အလုပ်ကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။”

အဆိုပါ ဝက်ဘ်ဆိုက် ကိရိယာမှာ အတုအယောင်၊ အရိုင်းအစိုင်းဖြစ်ပြီး စည်းကမ်းမလိုက်နာသည့် အေးဂျင့်များကို လုံးဝ ဖယ်ရှားသွားလိမ့်မည်ဟု Trowsdale က မျှော်လင့်ပါသည်။

ဝက်ဘ်ဆိုက်အားဖြင့် သင်္ဘောသားများအား ကောင်းမွန်သော စီမံရေး အေးဂျင့်များမှာ ၎င်းတို့အတွက် မည်သည့်အရာ လုပ်ပေးနိုင်ကြောင်း နားလည်စေရန် အထောက်အကူပြုပါသည်။ ထို့ပြင် မကောင်းသော ဆိုးသွမ်းသည့် အေးဂျင့်များက မည်သည့်အရာ လုပ်နိုင်ကြောင်း ဖြစ်သည်။ ၎င်းဝက်ဘ်ဆိုက်တွင် အလုပ်ကန်ထရိုက်တစ်ခု၌ မည်သည့်အရာကို ၎င်းတို့ မျှော်လင့်သင့်သည်နှင့် ၎င်းတို့ မျှတသော အလုပ်အကိုင်ကို ရရှိနေကြောင်း သေချာစေရန် မည်ကဲ့သို့ လုပ်နိုင်ကြောင်း အသေးစိတ်ဖော်ပြထားပါသည်။ ၎င်းတွင် အပျော်စီး သင်္ဘောလုပ်ကိုင်သူများ၏ အလုပ်အကိုင် စာမျက်နှာများသို့ အချိတ်အဆက်လင့်ဂ်များလည်း ပါရှိပါသည်။

အလုပ်ရှာဖွေနေသော သင်္ဘောသားများသည် ITFShipBeSure’s လမ်းညွှန်စာအုပ်ဖြင့် စိတ်ချရသော စီမံရေး အေးဂျင့်များကို ရှာဖွေနိုင်သည်။

“သင်္ဘောသားတွေရဲ့ ငွေကြေးကို လှည့်ဖြားဖို့ ဒါမှမဟုတ် သူတို့ရဲ့ စာရွက်စာတမ်းတွေကို ခိုးယူဖို့ လိမ်ဇာတ်လုပ်သူတွေဟာ ပိုမိုများပြားနေလျက်ရှိပါတယ်၊” ဟု Trowsdale က ပြောကြားခဲ့သည်။ “ITFShipBeSure မှာ ဒီလိမ်လုပ်ဇာတ်တွေကို ထောက်ပြဖို့ လမ်းညွှန်လည်း ပါရှိပြီးတော့ ကျွန်ုပ်တို့ သိရှိတဲ့ လိမ်လုပ်ဇာတ်တွေကို မီးမောင်းထိုးပြတဲ့ ပုံမှန် နောက်ဆုံးသတင်း အခန်းလည်း ပါရှိပါတယ်။ အခြေခံစည်းမျဥ်းမှာ- တကယ်လို့ အလုပ်ဟာ မယုံကြည်နိုင်လောက်အောင် ကောင်းလွန်းနေရင် သံသယဖြစ်ဖို့ အသေချာဆုံးဖြစ်ပါတယ်။”

လိမ်လုပ်ဇာတ်အချို့သည် အလွန် ပညာရှင်ဆန်ပုံရပြီး ၎င်းတို့၏ ထောင်ချောက်ထဲ ဝင်တိုးမိရန် အလွန် လွယ်ကူပါသည်။ သို့သော် ShipBeSure တွင် ရှာကြည့်ရန်အခန်း (Look Up) ပါရှိပြီး ၎င်းတွင် သင်္ဘောသားများနေဖြင့် သင်္ဘောကို ရှာကြည့်နိုင်သည် သို့မဟုတ် ၎င်းတို့၏ အနီးဆုံး သမဂ္ဂ ကိုယ်စားလှယ် သို့မဟုတ် ITF စိစစ်ရေးမှူး၏ ဆက်သွယ်ရမည့် အသေးစိတ်အချက်များကို ရှာဖွေနိုင်သည်။

“ဖြစ်နိုင်သမျှ များများ သိရှိထားခြင်းဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ် -သင့်ကိုယ်တိုင်ကို ကာကွယ်ဖို့၊ သင် အလုပ်လုပ်ဖို့ စီစဉ်ထားတဲ့ သင်္ဘောအကြောင်း၊ အလုပ်သမားစုဆောင်းရေးလုပ်ငန်းစဉ်အကြောင်း၊ နှင့် သတ်မှတ်ချက်များနှင့် စည်းကမ်းချက်တွေကို သိရှိထားဖို့ဖြစ်ပါတယ်၊” ဟု Trowsdale က ပြောကြားခဲ့သည်။ “အဆိုပါ အသိရှိမှုကို ShipBeSure ဖြင့် ကျွန်ုပ်တို့ ပေးအပ်ဖို့ ရည်ရွယ်ပါတယ်။”

 

ပြီးပြီး

 

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သင်္ဘောသား တစ်သန်းကျော် အပါအဝင် ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်လုပ်ကိုင်သည့် အမျိုးသမီး အမျိုးသားပေါင်း သန်း 20 နီးပါးအတွက် ပြောဆိုသံဖြစ်ပါသည်။

 

မီဒီယာ အဆက်အသွယ်-  media@itf.org.uk        +44 20 7940 9282

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.