Skip to main content

အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းစေ့စပ်ရေး ဟစ်တိုင်အဖွဲ့သည် သင်္ဘောသားများ၏ ကိုဗစ် အနစ်နာခံမှုကို အသိအမှတ်ပြုရင်း ညှိနှိုင်းမှုများကို အဆုံးသတ်လိုက်သည်

13 Sep 2021
Press Release

ITF နှင့် JNG တို့သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁-၃ ၇က်နေ့တို့တွင် လုပ်ခတိုးမြှင့်ရေးနှင့် အခြားသော ကုန်ကျစရိတ် ကိစ္စများနှင့်ပတ်သက်၍ အရေးကြီးသော ညှိနှိုင်းဆွေးနွေးမှုများ ဆွေးနွေးရန် တွေ့ဆုံခဲ့သည်။ ရောဂါကပ်ဘေးကြီးကြောင့် လူမှုရေး ဖက်စပ်မှုသည် ၂၀၂၀ ခုနှစ် မတ်လ၌ ကနဦးအားဖြင့် စီစဉ်ခဲ့သည့် ညှိနှိုင်းဆွေးနွေးပွဲများကို ၂၀၂၁-၂၀၂၂ ခုနှစ် ကာလသို့ ဆွေးနွေးပွဲများ စတင်ခြင်းကို ရွေ့ဆိုင်းရန် သဘောတူညီခဲ့ပါသည်။

ညှိနှိုင်းဆွေးနွေးပွဲများမှာ လုပ်ငန်းကဏ္ဍ၌ အမြတ်အစွန်း ကွဲပြားနေခြင်းများကြောင့် အထူးသဖြင့် အခက်အခဲ ရှိခဲ့သည်၊ ရောဂါကပ်ဘေးကြီးကြောင့် တိုးမြှင့်နေသည့် လုပ်ငန်းလည်ပတ်မှုစရိတ်များလည်းအပါအဝင်ဖြစ်သည်။  သို့သော်လည်း ရောဂါကပ်ဘေးကြီးအတွင်း အလုပ်ကန်ထရိုက်သက်တမ်းကုန်ဆုံးပြီးနောက် အိမ်ပြန်၍ မရနိုင်စဉ် ကမ္ဘာ့ကုန်သွယ်ရေး စီးဆင်းနေရန် ဆက်လက်လုပ်ဆောင်ပေးရင်း အပြင် ၂၀၂၁ ခုနှစ်၌ လုပ်ခတိုးမြှင့်မှုကို မရရှိဘဲ သင်္ဘောသားများ ခံစားခဲ့ရသည့် ကိုယ်ကျိုးစွန့်အနစ်နာခံမှုများကို အသိအမှတ်ပြုရန် လိုအပ်ချက်အား နှစ်ဖက်လုံးက အသိအမှတ်ပြုခဲ့သည်။

ညှိနှိုင်းဆွေးနွေးမှုများကို အောက်ပါ သဘောတူညီချက်ဖြင့် အောင်မြင်စွာ အဆုံးသတ်ခဲ့သည်-

  • ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ လုပ်ခများနှင့် လျော်ကြေးများကို 3% တိုးမြှင့်မှု
  • ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ လုပ်ခများနှင့် လျော်ကြေးများကို 1.5% တိုးမြှင့်မှု
  • ITF Welfare Fund မှ JNG အဖွဲ့ဝင်များ၏ ရီဘေ့ပြန်အမ်းငွေကို IBF Seafarers Support Fund သို့ ပေးရန်အတွက် 20% တိုးမြှင့်မှု

ညှိနှိုင်းဆွေးနွေးပွဲများ မတိုင်မီ လူမှုရေးဆိုင်ရာ ဖက်စပ်သူများသည် ထူးထူးခြားခြား နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့သည်၊ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြီးအတွင်း ကမ္ဘာ့အစိုးရများက သင်္ဘောသားများအပေါ် ဆက်ဆံပုံကို နှစ်ဖက်စလုံးမှ အလွန့်အလွန် စိတ်ပျက်ခဲ့ကြသည်။ အလုပ်ကန်ထရိုက်သက်တမ်းပြီးဆုံးချိန်၌ အိမ်ပြန်ရန်အတွက် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ပိတ်ဆို့ခံရခြင်းနှင့်တကွ နိုင်ငံ အများအပြား၏ ဆေးရုံများမှပင် ပိတ်ပင်ထားမှုကြောင့် အလုပ်သမားနှင့်အလုပ်ရှင်အဖွဲ့အစည်းများသည် အတူပူးတွဲအားထုတ်၍ သင်္ဘောသားများ၏ အခွင့်အရေးများကို ပြန်လည်ရရှိရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ITF သင်္ဘောသားများ ဌာနခွဲ အကြီးအကဲဖြစ်သူ Mr David Heindel က ITF ပြောရေးဆိုခွင့်ရှိသူ နှင့် ပြောဆိုပွဲကို ဦးစီးသည့် ဥက္ကဌဖြစ်သည်။

“သင်္ဘောသားများအပေါ် ကနဦးကတည်းက ခြိမ်းခြောက်တဲ့ အန္တရာယ်မှစပြီးတော့၊ တစ်ခါတစ်ရံမှာ အရေးပေါ်ဆေးဝါးကုသမှုကို ဆိပ်ကမ်းနိုင်ငံများက ငြင်းဆိုတဲ့ သင်္ဘောသားတွေရဲ့ ဆက်တိုက်ဖြစ်နေတဲ့ အခက်အခဲတွေ၊ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းဖြစ်တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အရှက်တကွဲဖြစ်ရပ်တွေအထိ၊ သင်္ဘောသားတွေဟာ ပြီးခဲ့တဲ့ ၁၈ လ လုံးလုံး ထူးထူးခြားခြား ပညာရှင်ဆန်မှုနှင့် တစ်ခဲနဲ့ရပ်တည်မှုကို ပြသခဲ့ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့တတွေဟာ သင်္ဘောသားတွေရဲ့ ဝင်ငွေကို ပိုးတိုးလာအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။  ကုန်စည်ဖြန်ချီရေးတွေ စီးဆင်းနေဖို့၊ အရေးပါတဲ့ ကုန်ပစ္စည်းတွေကို ဘီလီယံနဲ့ချီတဲ့ စားသုံးသူတွေနဲ့ စီးပွားလုပ်ငန်းတွေဆီ ပြန်လည်နာလန်ထအောင် ပို့ဆောင်ပေးဖို့အတွက် သူတို့တွေရဲ့ နေ့စဉ်နှင့်အမျှ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကို အသိအမှတ်ပြုခံရပါတယ်၊” ဟု Heindel က ပြောကြားခဲ့သည်။

ပင်လယ်ရေကြောင်း အလုပ်ရှင်များ ပူးတွဲ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ (Joint Negotiating Group of maritime employers (JNG)) ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သည့် Captain Belal Ahmed က လုပ်ငန်းကဏ္ဍသည် သင်္ဘောသားများအား အမှန်တကယ်အားဖြင့် ကျေးဇူးတင်ရှိခဲ့ရပါသည်ဟု Mr Heindel ၏ အမှာမိန့်ခွန်းကို သံကောင်းဟစ်ခဲ့ပါသည်။

“ပင်လယ်ရေကြောင်းလုပ်ငန်းကဏ္ဍမှာရှိတဲ့ အလုပ်ရှင်တွေ၊ သင်္ဘောပိုင်ရှင်တွေ၊ စီမံရေး အေးဂျင့်တွေရဲ့ ပြောကြားချက်မှာ၊ ဒီရောဂါကပ်ကြီးရဲ့ အခက်အခဲနှင့် မုန်တိုင်းထန်တဲ့ ရေတွေကြောင့် ကျွန်တော်တို့တတွေကို သင်္ဘောဝန်ထမ်းတွေနဲ့ ပိုမို ရင်းနှီးစေခဲ့ပါတယ်။ သူတို့တွေရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှုတွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရတယ်၊ ပြီးတော့ စီးပွားလုပ်ငန်းတွေအဖြစ် ကျွန်တော်တို့ရဲ့နည်းလမ်းတွေအတွင်းမှာ အနာဂတ်အတွက် ရပ်တည်ပေးဖို့ အဓိဌာန်ချခဲ့တယ်၊ ကျွန်တော်တို့တတွေဟာ သင်္ဘောသားတွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုဖို့ ကြိုးပမ်းခဲ့ကြပါတယ်။”

အလုပ်ရှင်များ ရှုထောင့်မှလည်း JNG နှင့် IMMAJ ၏ ဥက္ကဌဖြစ်သူ Mr Toshihito Inoue က ဖြည့်စွက် ပြောကြားခဲ့သည်မှာ - “လုပ်ခ သဘောတူညီချက်ဟာ ရှေ့လျှောက် သင်္ဘောသား လုပ်ခ စျေးကွက်မှာ တည်ငြိမ်ခိုင်မြဲနေမှာဖြစ်ပါတယ်၊ ၂၀၂၀ ခုနှစ်ကတည်းက သင်္ဘောလုပ်ငန်း စျေးကွက် အမျိုးမျိုးတွေမှာ ကြုံတွေ့ခဲ့ရတဲ့ တောင်းဆိုချက် မတည်ငြိမ်မှုတွေကို အလုပ်ရှင်တွေအနေနဲ့ ပိုမိုပြီးတော့ ကောင်းမွန်စွာ တည်ငြိမ်အောင်လုပ်စေပါတယ်။”

ITF’s Fair Practices Committee ၏ ပူးတွဲ ဥက္ကဌအဖြစ် ညှိနှိုင်းဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခဲ့သည့် ITF ဥက္ကဌ နှင့် ဆိပ်ကမ်းအလုပ်သမားများ ဌာနခွဲ အကြီးအကဲဖြစ်သူ Mr Paddy Crumlin ကလည်း အဆိုပါ လုပ်ဆောင်ချက်ကို ကြိုဆိုခဲ့သည်။

“အဲ့ဒါဟာ အရေးကြီးတဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်၊ သင်္ဘောသားတွေအတွက်သာမကဘဲ အားလုံးသော ပင်လယ်ရေကြောင်း အလုပ်သမားတွေအတွက်လည်း ဖြစ်ပါတယ်၊ တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ချီရေးကွင်းဆက်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဆက်တိုက်လုပ်နေရမယ့် တစ်ကမ္ဘာလုံးဆိုင်ရာ အလုပ်ရှင်လုပ်ခ စုပေါင်းသတ်မှတ်ရေးလုပ်ငန်းဖြစ်စဉ်အတွက် ကျော်ကြားတဲ့ အလုပ်ရှင်တွေထံက ကတိကဝတ်ကို ပြသနေတာကြောင့်ဖြစ်ပါတယ်။ တစ်ခြားကဏ္ဍတွေမှာရှိတဲ့ နိုင်ငံမျိုးစုံမှာ လုပ်ငန်းလည်ပတ်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်မှာရှိတဲ့ တိုက်ရိုက်နဲ့သွယ်ဝိုက်နေတဲ့ အလုပ်သမားတွေအတွက် ထိုက်သင့်တဲ့ အခြေခံကန့်သတ်ချက် သဘောတူညီမှုတွေကို သေချာစေဖို့ ကြိုးစားသင့်ပါတယ်၊” ဟု Crumlin က ပြောကြားခဲ့သည်။

ITF နှင့် ပူးတွဲညှိနှိုင်းရေး အဖွဲ့ (Joint Negotiating Group (JNG)) အကြားရှိ အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ဟစ်တိုင် (The International Bargaining Forum (IBF)) အခြေခံကန့်သတ်ချက် သဘောတူညီမှုတွင် ITF က အလံငှါးနိုင်ငံအဖြစ် သတ်မှတ်ထားသည့် အလွယ်မှတ်ပုံတင်၍ရသည့်အလံလွှင့်ထူထားသော သင်္ဘောများပေါ် အလုပ် လုပ်ကိုင်လျက်ရှိသည့် ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ သင်္ဘောသားများ အတွက် သတ်မှတ်ချက်များ၊ စည်းကမ်းချက်များနှင့် လုပ်ခတို့ကို သတ်မှတ်ပေးပါသည်။

 

ပြီးပြီး

 

မှတ်ချက်များ-

IBF အကြောင်း-

 

  • IBF ကို ပင်လယ်ရေကြောင်း အလုပ်ရှင်များနှင့် သမဂ္ဂများအကြား အလုပ်ရှင်အလုပ်သမား စုပေါင်းညှိနှိုင်းရေး အတွက် ယန္တရားတစ်ခုအဖြစ် ၂၀၀၃ ခုနှစ်တွင် တည်ထောင်ခဲ့သည်၊ ITF က အလံငှါးနိုင်ငံအဖြစ် သတ်မှတ်ထားသည့် အလွယ်မှတ်ပုံတင်၍ရသည့်အလံလွှင့်ထူထားသော သင်္ဘောများပေါ် အလုပ် လုပ်ကိုင်လျက်ရှိသည့် သင်္ဘောသားများ၏ စည်းကမ်းချက်များနှင့် လုပ်ခတို့ကို သဘောတူရန်အတွက်ဖြစ်သည်။ ဤရက်သတ္တပတ်တွင် သင်္ဘော အစီး ကိုးထောင်နှင့်နှစ်ရာ (9,200) ကျော် ဤသဘောတူချက်နှင့် အကျုံးဝင်ရန် မျှော်လင့်ရသည် ဖြစ်သောကြောင့် ITF-JNG IBF သည် ကမ္ဘာပေါ်၌ အကြီးမားဆုံးသော ပုဂ္ဂလိက ကဏ္ဍ စုပေါင်းလုပ်ဆောင်သည့် လုပ်ခ သဘောတူညီချက် ဖြစ်ပါသည်။
  • IBF ဆွေးနွေးညှိနှိုင်းမှုများတွင် အဓိက စည်းမျဥ်းများ၏ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စေသည့် ဗဟို ညှိနှိုင်းဆွေးနွေးမှုများနှင့် ဒေသခံ ညှိနှိုင်းဆွေးနွေးမှုများ နှစ်မျိုးလုံး ပါဝင်ပါသည်၊ ၎င်းမှတစ်ဖန် သီးခြား ဒေသခံ အစီအမံများကို ထည့်သွင်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။ လုပ်ခ ညှိနှိုင်းမှုများအတွက် ဤတစ်မူထူးခြားသည့် နည်းလမ်းသည် အပြည်ပြည်ဆိုင်ရာ အလုပ်ရှင်လုပ်ခ စုပေါင်းညှိနှိုင်းရေး၏ နမူနာသာဖြစ်ပါသည်။
  • IBF သင်္ဘောသားများ ထောက်ပံ့ရေး ရန်ပုံငွေ (The IBF Seafarers’ Support Fund) ကို IBF သဘောတူညီချက်စာချုပ်များနှင့် အကျုံးဝင်သည့် သင်္ဘောများပေါ်ရှိ သင်္ဘောသားများကို သီးသန့် ပံ့ပိုးပေးရန် ဖန်တီးခဲ့သည်။

 

ITF အကြောင်း- 

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်လုပ်ကိုင်သည့် အမျိုးသမီး အမျိုးသားပေါင်း သန်း 20 နီးပါးအတွက် ပြောဆိုသံဖြစ်ပါသည်။

 

JNG အကြောင်း

ပူးတွဲ ညှိနှိုင်းရေးအဖွဲ့ (The Joint Negotiating Group (JNG)) သည် ကမ္ဘာတစ်ဝန်းရှိ ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍမှ အလုပ်ရှင်များ၏ အမြင်များကို ရှုမြင်သုံးသပ်ညှိနှိုင်းပေးသည်။ ယနေ့ JNG တွင် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အလုပ်ရှင်များ ကောင်စီ (International Maritime Employers' Council (IMEC))၊ ဂျပန်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ အဏ္ဏဝါ စီမံခန့်ခွဲရေး အသင်း (International Mariners Management Association of Japan (IMMAJ))၊ ကိုးရီးယားနိုင်ငံ သင်္ဘောပိုင်ရှင်များ အသင်း (Korean Shipowners Association (KSA)) နှင့် ထိုင်ဝမ်နိုင်ငံ-အခြေစိုက် ကုမ္ပဏီဖြစ်သည့် (Evergreen) တို့ ပါဝင်သည်။

 

မီဒီယာ အဆက်အသွယ်-

ITF       media[at]itf.org.uk     +44 20 7940 9282

JNG       info[at]imec.org.uk      +44 20 7702 9138

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.