Skip to main content

ကမ္ဘာလုံးဆိုင်ရာ သယ်ယူပို့ဆောင်ရေး အကြီးအကဲများက ကမ္ဘာ့ကုလသမဂ္ဂအား ကုန်စည်ဖြန့်ချီရေး ကွင်းဆက် အလုပ်သမားများအတွက် လူသားချင်းစာနာထောက်ထားသည့် အကျပ်အတည်းကို အဆုံးသတ်ပေးရန် တိုက်တွန်း

05 Oct 2021
Press Release
Credit: Capt. Angelo U Panganiban
Credit: Capt. Angelo U Panganiban

ဤအပတ် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ စုဝေးနေကြသော ကမ္ဘာ့ အစိုးရအကြီးအကဲများအား ‘ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားရေးနှင့် ကုန်စည်ဖြန့်ချီရေးကွင်းဆက် အကျပ်အတည်း’ ကို အဆုံးသတ်ပေးရန် ကမ္ဘာလုံးဆိုင်ရာ ကုန်းကြောင်း၊ လေကြောင်းနှင့်ပင်လယ်ရေကြောင်း အဖွဲ့အစည်းများနှင့်အလုပ်သမားသမဂ္ဂများက ယနေ့ တောင်းဆိုခဲ့ကြသည်။

နယူးယောက်မြို့၌ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အထွေထွေ ငြင်းခုံဆွေးနွေးပွဲ (UNGA’s General Debate) ကျင်းပသည့်နေ့ရက်တွင် ထုတ်ပြန်ခဲ့သည့် အိတ်ဖွင့်ပေးစာ တွင် အပြည်ပြည်ဆိုင်ရာ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး သမဂ္ဂ (IRU, the International Road Transport Union)၊ အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေး အသင်းအဖွဲ့ (IATA, the International Air Transport Association)၊ အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အသင်း (ICS, the International Chamber of Shipping)၊ နှင့် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (ITF, the International Transport Workers’ Federation) တို့သည် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အတွက် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ကို ပြန်လည်သွတ်သွင်းပေးရန် ကမ္ဘာ့အစိုးရအကြီးအကဲများသို့ အရေးပေါ် ပန်ကြားခဲ့သည်။

သယ်ယူပို့ဆောင်ရေး အလုပ်သမားအားလုံးတို့သည် ရောဂါကပ်ဘေးကြီးတစ်လျှောက်လုံး တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို စီးဆင်းနေအောင် ဆက်လက်ဆောင်ရွက်ခဲ့သော်လည်း လူ့အသက်ဆုံးရှုံးမှု ကြုံတွေ့ခဲ့ရသည်။ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးအကျပ်အတည်း အရှိန်မြင့်တက်နေချိန်၌ သင်္ဘောသား အယောက်လေးသိန်း (၄၀၀, ၀၀၀) ၎င်းတို့၏ သင်္ဘောများပေါ်မှ ဆင်း၍မရနိုင်ကြဘဲ အချို့မှာ ၎င်းတို့၏ မူလ အလုပ်ကန်ထရိုက်များကို ၁၈ လ ကျော်လွန်၍ အလုပ်လုပ်ခဲ့ကြရသည်။ လေယာဥ်ခရီးများမှာ ကန့်သတ်ခံရပြီး လေကြောင်းအလုပ်သမားများသည် တစ်ပြေးညီ မဟုတ်သည့် နယ်စပ်၊ ခရီးသွား၊ ကန့်သတ်ချက်များနှင့် ကာကွယ်ဆေး လိုအပ်ချက်များကို ကြုံတွေ့ခဲ့ကြရသည်။ ထို့ပြင် နယ်စပ်များရှိကုန်းလမ်း၌ စနစ်တကျနှင့် မျှော်လင့်၍မရနိုင်သည့် ထိန်းချုပ်မှုများမှာ ကုန်ကားမောင်းသူများအဖို့ အတင်းအကျပ် စောင့်ဆိုင်းစေခဲ့ရသည်၊ တစ်ခါတစ်ရံ၌ ၎င်းတို့ထောင်ပေါင်းများစွာတို့မှာ ၎င်းတို့၏ ခရီးစဉ်ကို အဆုံးသတ်၍အိမ်သို့မပြန်မီ အပတ်များကြာမြင့်စွာ သင့်တော်သော ရေအိမ်သာများ သုံးစွဲခွင့် မရရှိကြဘဲ ကြုံတွေ့ခဲ့ကြရသည်။

သယ်ယူပို့ဆောင်ရေး အလုပ်သမားများအပေါ် နှစ်နှစ်ကြာ အကျပ်အတည်းအဖြစ် ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန်ချီရေး ကွင်းဆက်များ၏ စတင်၍တုတ်နှောင်ခြင်းသည် ၎င်းတို့အား ဝန်ထုတ်ဝန်ပိုးဖြစ်စေသည်။ နိုင်ငံများမှာ နားထောင်ရန် သို့မဟုတ် တိကျပြတ်သားပြီး ပူးပေါင်းညှိနှိုင်းသော အရေးယူဆောင်ရွက်မှုကို ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြသည်ဟု သယ်ယူပို့ဆောင်ရေး အကြီးအကဲများက သတိပေးခဲ့ပြီး အစိုးရအကြီးအကဲများအနေဖြင့် အစိုးရအချင်းချင်း အပြစ်လွဲချနေမှုကို အဆုံးသတ်ပေးရန်နှင့် ကုန်စည်ဖြန့်ချီရေးကွင်းဆက်များအပေါ် ပို၍ဖိအားသက်ရောက်စေသော ကုန်ပို့ဆောင်ရေး တောင်းဆိုမှု နောက်ထပ်ပိုများလာမည့် ပိတ်ရက်ပွဲလမ်းသဘင် ရာသီအရှိန်အဟုန် မြင့်တက်မလာမီ ဤအကျပ်အတည်းကို ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။

အဆိုပါအဖွဲ့အစည်းများသည် နှစ်စဉ် ကမ္ဘာ့ကုန်သွယ်မှု ငွေပမာဏ ဒေါ်လာ ထရီလီယံ နှစ်ဆယ် ($20 trillion) ကျော်၊ နှင့် ကမ္ဘာ့ သယ်ယူပို့ဆောင်ရေး အလုပ်သမား ခြောက်ဆယ့်ငါးသန်း (65 million) နှင့် ကုန်းကြောင်းကုန်စည်နှင့် လေကြောင်းကုမ္ပဏီ ၃.၅ သန်း (3.5 million) ကျော် အပြင် ကမ္ဘာ့ကုန်သွယ်ရေး သင်္ဘောအုပ်စု ရှစ်ဆယ်ရာခိုင်နှုန်း (80%) ကျော်တို့ကို ကိုယ်စားပြုပါသည်။

အဆိုပါ အိတ်ဖွင့်စာက တောင်းဆိုသည်မှာ-

  • သယ်ယူပို့ဆောင်ရေး အလုပ်သမားများအား WHO အသိအမှတ်ပြုထားသည့် ကာကွယ်ဆေးများထိုးရန်အတွက် ဦးစားပေးရန်
  • ကျန်းမာရေး အရည်အချင်းပြည့်မီသူများ ဖော်ထုတ်ခြင်းအတွက် စံသတ်မှတ်ထားသည့် လုပ်ငန်းဖြစ်စဉ်တစ်ရပ်ကို ထူထောင်ပေးခြင်း
  • WHO နှင့် ILO အနေဖြင့် ဤပြဿနာကို ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်ပြဆွေးနွေးရန်နှင့် နိုင်ငံအစိုးရများထံ တင်ပြရန်ဖြစ်သည်။

သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍအားလုံးလိုလိုတွင် အလုပ်သမား ရှားပါးမှုကိိုလည်း ကြုံတွေ့နေကြရပြီး ရောဂါကပ်ဘေးကြီးအတွင်း သန်းပေါင်းများစွာတို့ ကြုံတွေ့ခဲ့ရသည့် ညံ့ဖျင်းသောဆက်ဆံမှုကြောင့် အလုပ်သမား ပိုမို၍များများ နုတ်ထွက်မည်ကို မျှော်လင့်ရသည်၊ ကုန်စည်ဖြန့်ချီရေးကွင်းဆက်အပေါ် ပိုမိုကြီးမားသော ခြိမ်းခြောက်မှု ကျရောက်စေမည်ဖြစ်သည်။

ရောဂါကပ်ဘေးကြီးတစ်လျှောက်လုံး သယ်ယူပို့ဆောင်ရး အလုပ်သမားများမှာ ခရီးသွားပိတ်ပင်ကန့်သတ်ချက်များကြောင့် ခံစားရသည့်ပုံစံကို တိုးမြှင့်အောင်လုပ်ရန်အတွက် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနများသည် ကျန်းမာရေးဝန်ကြီးဌာနများ နှင့်အတူလက်တွဲလုပ်ကိုင်၍ မရနိုင်ခဲ့ပါ။ အစိုးရအကြီးအကဲများက ပြောင်းလဲချက်ကို မပြဌာန်းသမျှ လူသားချင်း စာနာထောက်ထားခြင်းနှင့် ကုန်စည်ဖြန့်ချီရေးကွင်းဆက် အကျပ်အတည်းမှာ အဆုံးအစမရှိ ဆက်လက်တည်မြဲနေမည် ဖြစ်ပြီး အခက်အခဲ ပိုမိုဖြစ်စေမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Guy Ryder ကပြောကြားခဲ့သည်မှာ- “ဤပြဿနာကို ယမန်နှစ်က အထွေထွေအတွင်းရေးမှူးချုပ် General Antonio Guterresissue မှ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြခဲ့ပြီးပါပြီး၊ နယူးယောက်မြို့မှာ ဒီနှစ်စုဝေးကြတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့ရဲ့ တာဝန်တွေကိုသိရှိဖို့ မဖြစ်မနေလိုအပ်ပါမယ်။ ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေးအလုပ်သမား သန်းနဲ့ချီပြီး ကိုယ်စားပြုနေတဲ့ အဖွဲ့အစည်းတွေရဲ့အကြီးအကဲတွေဟာ အရေးယူဆောင်ရွက်ပေးဖို့နှင့် အလုပ်သမားတွေ၊ သူတို့ရဲ့ မိသားစုတွေနှင့် ကမ္ဘာ့ကုန်စည်ဖြန်ချီရေး ကွင်းဆက်တွေအပေါ်မှာ မယုံကြည်နိုင်လောက်အောင် ခုက္ခပေးနေတဲ့ ပိတ်ပင်ကန့်သတ်ချက်တွေကို အဆုံးသတ်ပေးဖို့ အစိုးရအကြီးအကဲတွေကို တောင်းဆိုခဲ့ကြပါတယ်။ ဒီတောင်းဆိုမှုကို လျစ်လျူရှုထားလို့ မရနိုင်ပါဘူး။”

အိုင်စီအက်စ် ICS အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Guy Platten ကပြောကြားခဲ့သည်မှာ-
“ဒီနှစ် အထွေထွေညီလာခံရဲ့ မဓာနကျတဲ့ ကိစ္စရပ်နှစ်ရပ်မှာ လူ့အခွင့်အရေးနှင့် ကြံ့ခိုင်နိုင်စွမ်းရှိမှုဖြစ်ပါတယ်။ အလွန့်အလွန်ကြီးမားတဲ့ အခက်အခဲကြုံတွေ့နေချိန်မှာ သယ်ယူပို့ဆောင်ရေးအလုပ်သမားတွေရဲ့ အင်မတန်မှဖော်ပြလို့ မရနိုင်လောက်အောင် အဆင့်မြင့်မားတဲ့ ကြံ့ခိုင်မှုနဲ့အတူ၊ ကျွန်တော်တို့တတွေဟာ ကုမသမဂ္ဂနှင့် နိုင်ငံ့အကြီးအကဲတွေကို ဒီပြဿနာဖြေရှင်းပေးမယ့် တိကျပြတ်သားပြီး ပူးပေါင်းဆောင်ရွက်မယ့် အရေးယူဆောင်ရွက်ချက်ကို နောက်ဆုံးအနေနဲ့ ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။”

ICTA ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Willie Walsh ကပြောကြားခဲ့သည်မှာ- “လွန်ခဲ့တဲ့ ၁၈ လအတွင်းမှာ လေကြောင်းအလုပ်သမားတွေဟာ ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွေ ပွင့်နေအောင် အံ့မခမ်းစွာနဲ့ဘဲ ကြံ့ကြံ့ခိုင် လျက်ရှိခဲ့ကြပါတယ်။ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုမရှိ၊ စုစည်းမှုမရှိတဲ့အခါမှာ မလိုအပ်တဲ့ အခက်အခဲစိန်ခေါ်မှုတွေ ဖြစ်ခဲ့ရပြီး တစ်ခါတစ်ရံမှာ အစိုးရတွေက ချမှတ်တဲ့ ရှုပ်ထွေးနေတဲ့ ကိုဗစ်-၁၉ အစီအမံတွေကြောင့်ဖြစ်ခဲ့ရပါတယ်။ အဲဒါတွေဟာ တည်တန့်မနေနိုင်ပါဘူး၊ အထူးသဖြင့် ပြန်လည်ကောင်းမွန်လာချိန်မှာ ဝယ်လိုအားတွေများလာတဲ့အလျှောက် ဖြစ်ပါတယ်။ WHO နှင့် ILO အဖို့ ထိရောက်တဲ့ ကမ္ဘာ့အဆက်အသွယ်အချိတ်အဆက် ပံ့ပိုးပေးမယ့် ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်းနေတဲ့ သင်္ဘောဝန်ထမ်း အစီအမံတွေကို သဘောတူပေးဖို့ နိုင်ငံ့အစိုးရတွေကို စုစည်းပေးဖို့ အချိန်ရောက်ပါပြီး။”

“သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေဟာ ကမ္ဘာ့ကုန်စည်ဖြန့်ချီရေး ကွင်းဆက်တွေနဲ့ လူတွေကို ကမ္ဘာ့ခေါင်းဆောင်တွေက လျစ်လျူရှုထားသော်လည်း ဆက်လက် စီးဆင်းနေအောင်လုပ်ပေးခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့တတွေ တော်လောက်ပါပြီး၊’ ဟု ITF အထွေထွေအတွင်းရေးမှူးဖြစ်သူ Stephen Cotton က ပြောကြားခဲ့သည် (Credit: ITF)

ITF အထွေထွေအတွင်းရေးမှူးဖြစ်သူ Stephen Cotton ကပြောကြားခဲ့သည်မှာ-
သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေဟာ ကမ္ဘာ့ကုန်စည်ဖြန့်ချီရေး ကွင်းဆက်တွေနဲ့ လူတွေကို ကမ္ဘာ့ခေါင်းဆောင်တွေက လျစ်လျူရှုထားသော်လည်း ဆက်လက် စီးဆင်းနေအောင်လုပ်ပေးခဲ့ပါတယ်။ သူတို့တတွေဟာ နယ်စပ်တွေပိတ်ထားတဲ့ကြားထဲက အိမ်မပြန်နိုင်ခဲ့ကြဘဲ၊ ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့အားနည်းတဲ့အထဲ၊ ကန့်သတ်ထားတဲ့ ကွာရင်တင်း သတ်မှတ်ချက်တွေနဲ့ လုံးဝ မသေချာမရေရာတဲ့ အစိုးရရဲ့ အသုံးမကျမှုတွေရှိလျက် လုပ်ပေးခဲ့ကြပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်၊ သူတို့တတွေ တော်လောက်ပါပြီး။ အစိုးရ ခေါင်းဆောင်တွေအနေနဲ့ ဒီအလုပ်သမားတွေရဲ့ လိုအပ်ချက်တွေကို လိုက်လျောပေးဖို့ အချိန်တန်ပါပြီ၊ ဒါမှမဟုတ်ရင် သူတိို့တတွေဟာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်တွေ ပြိုကွဲဖို့အတွက် တာဝန်ရှိလိမ့်မယ်၊ ပြီးတော့ ဒီအကျပ်အတည်းမှာ ပိတ်မိနေကြတဲ့ အလုပ်သမားတွေနဲ့နိုင်ငံသားတွေရဲ့ မလိုလားအပ်တဲ့ သေဆုံးမှုတွေနဲ့ ဒုက္ခခံစားရမှုတွေအတွက် တာဝန်ရှိလိမ့်မယ်။ အဲဒီ့သွေးနဲ့ အဲဒီ့ဖရိုဖရဲတွေဟာ သူတို့တတွေရဲ့လက်တွေပေါ်မှာဖြစ်မှာပါ။”

IRU အထွေထွေအတွင်းရေးမှူးဖြစ်သူ Umberto de Pretto ကပြောကြားသည်မှာ-
“ကုန်ကားမောင်းသူတွေဟာ ရောဂါကပ်ဘေးကြီးတစ်လျှောက်လုံး အများအားဖြင့်အဓိပ္ပါယ်မရှိပြီး ပူးပေါင်းညှိနှိုင်းမှု မရှိတဲ့အပြင် ယာဥ်မောင်းသူတွေရဲ့ ကျန်းမာရေးကိုတောင် အန္တရာယ်ရှိတဲ့ နယ်စပ် ပိတ်ပင်ကန့်သတ်ချက်တွေ ရှိနေတဲ့ကြားက ကုန်စည်တွေ ချောမောစွာ စီးဆင်းဖို့၊ မမောမပန်း လုပ်ကိုင်ပေးခဲ့ကြပါတယ်။ သူတို့တတွေဟာ ယာဥ်မောင်းသူ ရှားပါးမှု တာရှည်နေအောင် ပိုပြီးတော့ဆိုးဝါးအောင် လုပ်ခဲ့ကြပါတယ်။ ယာဥ်မောင်းသူတွေဟာ မရှိမဖြစ်လိုအပ်တဲ့ အလုပ်သမားတွေဖြစ်ကြပါတယ်- အစိုးရတွေအနေနဲ့ အရေးယူဆောင်ရွက်ပေးဖို့လိုအပ်ပြီး သူတို့တတွေကို သူတို့ရဲ့ အခရာကျတဲ့အလုပ်ကိုလုပ်ဖို့ ခွင့်ပြုပေးဖို့ လိုအပ်ပါတယ်။”

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.