Skip to main content

ပြောင်းလဲရန်အချိန်တန်ပြီ- စိတ်ပိုင်းဆိုင်ရာကျန်းမာရေးမှာ စုပေါင်းလုပ်ရမည့် တာဝန်ဖြစ်သည်

13 Oct 2021
Credit: Jake Lester Bodegas
ဓါတ်ပုံ- Jake Lester Bodegas

ကမ္ဘာ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနေ့ (World Mental Health Day (တနင်္ဂနွေနေ့၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့)) တွင် ITF သည် သယ်ယူပို့ဆောင်ရေးကဏ္ဍတစ်ခုလုံးရှိ ပါဝင်ပတ်သက်သူများအား အလုပ်သမားအားလုံး၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဦးစားပေးလုပ်ဆောင်ရာ၌ အတူတကွလက်တွဲပြီး စုပေါင်းတာဝန်ယူကြရန် တိုက်တွန်းလျက်ရှိပါသည်။

အဖွဲ့အစည်းသည် ပူးပေါင်းဆောင်ရွက်သော နည်းလမ်းကို တောင်းဆိုနေပါသည်၊ ၎င်းမှာ အလုပ်သမားသမဂ္ဂများ၊ အလုပ်ရှင်များ၊ နှင့် သက်ဆိုင်ရာ ပါဝင်ပတ်သက်သူအားလုံးသည် လုပ်ငန်းကဏ္ဍတစ်ခုလုံးရှိ အစိုးရနှင့် အပြည်ပြည်ဆိုင်ရာအေဂျင်စီရုံးများအပါအဝင်တို့၏ လက်ရှိအားထုတ်မှုများကို ပိုမိုမြှင့်တင်ပေးလိမ့်မည်ဖြစ်ပါသည်၊ အချင်းချင်း နားလည်မှုတစ်ရပ်ရရှိစေရန်နှင့် စစ်မှန်ပြီးရေရှည်ခံမည့် ပြောင်းလဲချက်ကို ဆောင်ကျဥ်းပေးစေမည့် အရေးယူဆောင်ရွက်ရသည့် အစီအစဉ်တစ်ရပ်ကို ထူထောင်ရန်အတွက်ဖြစ်ပါသည်။

 

တာဝန်ကို အသိအမှတ်ပြုခြင်း

သယ်ယူပို့ဆောင်ရေးကဏ္ဍတစ်ခုလုံးတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြေရှင်းရန် စတင်ရုံသာရှိသေးသည့် စိတ်ပိိုင်းဆိုင်ရာ ကျန်းမာရေး အန္တရာယ်မြင့်မားသည့် သဘောသဘာဝဖြင့် ITF သည် အလုပ်ရှင်များအား ပြောင်းလဲချက်ကို လုပ်ရန်အတွက် မိမိတို၏ တာဝန်ကို အသိအမှတ်ပြုရန်၊ တိုးမြှင့်ဆောင်ရွက်ရန်၊ အတူတကွလက်တွဲပြီး အရေးယူဆောင်ရွက်ရန် တိုက်တွန်းနေပါသည်။

သယ်ယူပို့ဆောင်ရေးကဏ္ဍတစ်ခုလုံးရှိ အလုပ်သမားများတွင် ၎င်းတို့၏ သဘောသဘာဝနှင့်ပတ်ဝန်းကျင်အားဖြင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများအပေါ် ပိုမိုထိခိုက်လွယ်သည့် အလုပ်အကိုင်အခန်းကဏ္ဍ၌ နှိုင်းယှဥ်၍မရနိုင်သော စိတ်သောကနှင့် စိတ်ဖိစီးမှု အတိုင်းအဆအဆင့်များကို ကာလကြာရှည်စွာဖြင့် ကြုံတွေ့နေကြပါသည်။ သင်္ဘောသားများ၊ ခရီးရှည် မောင်းနှင်ရသည့် ကုန်ကားမောင်းသူများ၊ နှင့် အထူးသဖြင့် မီးရထားအလုပ်သမားအချို့တို့သည် ကာလကြာရှည်စွာဖြင့် အိမ်မှအဝေးသို့ ရောက်နေကြပါသည်၊ ဆိုလိုသည်မှာ ၎င်းတို့ကို ကမ်းလှမ်း၍ကူညီရန် ပိုမိုခက်ခဲသည့်အပြင် ၎င်းတို့က ၎င်းတို့ကိုယ်တိုင်ကို ကူညီရန်ပိုမိုခက်ခဲပါသည်။ ဝန်ဆောင်မှုများ၊ သတင်းအချက်အလက်များ၊ ဆက်သွယ်ရေး၊ မိသားစုနှင့်မိတ်ဆွေများအတွက် ရယူမှုအကန့်အသတ်ရှိခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ် ထိခိုက်လွယ်စေသည်။ ထို့ပြင် သယ်ယူပို့ဆောင်ရေးကဏ္ဍရှိ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ် အမည်းစက်ကြောင့် အလုပ်သမားများအဖို့ ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းရန်နှင့် အကူအညီရှာရန် များသောအားဖြင့် ပိုမိုခက်ခဲနိုင်သည်။

ဤမညှာမတာသော အခက်အခဲများကို ရောဂါကပ်ဘေးကြီးကြောင့် မသေချာမရေရာမှုက ပို၍ပင် ကြီးထွားစေခဲ့ပါသည်။ သယ်ယူပို့ဆောင်ရေးအလုပ်သမားများသည် လစာဖြတ်တောက်ခံရခြင်းများ၊ အလုပ်ဆုံးရှုံးမှု၊ နာမကျန်းမှု၊ နှင့် ကာလကြာရှည် အထီးကျန်နေရခြင်းတို့ကြောင့် အမှန်တကယ် စိတ်သောကရောက်ခြင်းများကို ကြုံတွေ့နေကြရပါသည်။ တိုးမြှင့်ဖြစ်ပေါ်လျက်ရှိသော စိတ်သောကအားဖြင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှု ပိုမိုတိုးမြှင့်ဖြစ်ပေါ်ပုံရပြီး ၎င်းကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်လာမည့်အန္တရာယ် ပိုမိုများပြားလာသည်။ ITF သည် ပိုမိုလုပ်ဆောင်ရန်အပြင် အလျင်အမြန် လုပ်ဆောင်ရန် တောင်းဆိုလျက်ရှိသည်။

ပါဝင်ပတ်သက်သူအားလုံးအဖို့ မိမိတို့၏ တစ်ဦးချင်း လေ့လာမှုများကို စုစည်းပေးရန်နှင့် တိုက်ရိုက် အရေးယူဆောင်ရွက်ပေးရန်အတွက် လိုအပ်ချက်မှာ ပိုမို၍ပင် ထင်ရှားလာနေပါသည်ဟု ITF က ယုံကြည်သည်။ ပင်လယ်ရေကြောင်းလုပ်ငန်းကဏ္ဍတစ်လျှောက်လုံးရှိ အများအပြားမှာ ၎င်းတို့၏ နေ့စဉ် လှုပ်ရှားဆောင်ရွက်မှုများနှင့် ရုန်းကန်နေရသည့် ကြမ်းတမ်းသောအဖြစ်မှန်ကို အစီရင်ခံစာများတွင် ရေးသားထားပါသည်။ ကိုဗစ်-၁၉ ကပ်ဘေးကြီး မစတင်မီ အလွန်စောစောပိုင်းဖြစ်သည့် ၂၀၁၉ ခုနှစ်တွင်၊ ITF သင်္ဘောသားများ ဌာနခွဲနှင့် ITF သင်္ဘောသားများ၏ ယုံမှတ်အပ်နှံငွေအုပ်ထိန်းမှုအဖွဲ့သည် ရေးလ်တက္ကသိုလ်အား သင်္ဘောသားများ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် အန္တရာယ်အကြောင်းခံများကို လေ့လာစာတမ်းပြုပေးရန် တာဝန်ပေးခဲ့ပါသည်။ အဆိုပါလေ့လာမှုအရ စစ်တမ်းကောက်ယူထားသည့် သင်္ဘောသားများတွင် စိတ်ကျရောဂါနှင့် စိတ်သောက အဖြစ်များမှုမှာ ၂၅ % နှင့် ၁၇ % အသီးသီးရှိသည်ဟုဆိုပါသည်။ လွန်ခဲ့သည့် ၁၈ လ ကာလအတွင်း ဤထိပ်လှန့်ဖွယ်ရာ စာရင်းဇယား တိုးမြှင့်လာလိမ့်မည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပါ။

ပင်လယ်ရေကြောင်းလုပ်ငန်းကဏ္ဍတစ်ခုလုံးရှိ အချို့အလုပ်ရှင်များအဖို့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခက်အခဲကို ရင်ဆိုင်နေရခြင်းမှာ ကြောက်စရာကောင်းသည့် အလုပ်တာဝန်ကဲ့သို့ဖြစ်ပုံရနိုင်စဉ် ITF အနေဖြင့် စုပေါင်း အရေးယူဆောင်ရွက်ရန် ယခု အချိန်ကျရောက်ပြီဟု အခိုင်အမာ ဆိုလာပါသည်။ သယ်ယူပို့ဆောင်ရေး အလုပ်သမားများသည် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ပံ့ပိုးမှုအား ပိုမိုကောင်းမွန်ပြီး ပိုမိုတစ်သမတ်တည်းဖြစ်မည့် နည်းလမ်းရရှိရန်အတွက် နောက်ထပ် မစောင့်ဆိုင်းနိုင်ကြပါ၊ အထူးသဖြင့် ကျွန်ုပ်တို့သည် ရောဂါကပ်ဘေးကြီး၏ နောက်ပိုင်းဖြစ်ပေါ်သည့်ဆိုးကျိိုးကို ကျွန်ုပ်တို့ ဆက်လက် ရင်ဆိုင်နေရသဖြင့်ဖြစ်ပါသည်။

ITF အထွေထွေအတွင်းရေးမှူးဖြစ်သူ Stephen Cotton က ဖြည့်စွက်ပြောကြားခဲ့သည်မှာ- “ကိုဗစ်-၁၉ ကပ်ဘေးကြီးဟာ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး အလုပ်သမားများနဲ့ ပိုမိုကျယ်ပြန့်တဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍမှသူတွေအပေါ် အကြီးအကျယ် သက်ရောက်မှုရှိခဲ့ပါတယ်၊ ကျန်းမာရေးနှင့်မိသားစု၊ လူချင်းသီးခြားခွဲနေရမှု၊ နှင့် စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်မှုတို့နဲ့ ပတ်သက်တဲ့ စိတ်သောကနှင့် စိတ်ဒုက္ခတွေအပါအဝင်ဖြစ်ပါတယ်။

အကူအညီဖုန်းလိုင်းနှင့် ဆက်သွယ်ရေးများကဲ့သို့ အကန့်အသတ်ရှိတဲ့ အစီအမံတွေကို ကပ်ဘေးကြီးအတွင်းမှာ အလုပ်ရှင်အချို့က ချမှတ်ခဲ့တဲ့တိုင် ဒီကမ္ဘာ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနေ့မှာ ကျွန်တော်တို့ လုပ်ငန်းကဏ္ဍကို စိတ်ပိုင်းဆိုင်ရာကျန်းမာရေး အဓိကထားပြီး လိုအပ်သည့် အာရုံစိုက်မှုရှိစေမဲ့ အများကကြီးကြပ်တဲ့ အရေးယူဆောင်ရွက်မှုကို ဖန်တီးပေးဖို့ အတူတကွ ပူးပေါင်းကြလို့ တိုက်တွန်းလျက်ရှိပါတယ်။ ကျွန်တော်တို့ကို ကိုယ်စားပြုတဲ့ လုပ်သားထုအင်အားစုဟာ မိမိတို့ရဲ့ကြိုးစားအားထုတ်မှုကို များသောအားဖြင့် အလေးထားမခံရတဲ့ အဓိက အလုပ်သမားများဖြစ်ကြပါတယ်၊ သူတို့တတွေဟာ ယခုအခါမှာ ယခင်ကထက်ပိုပြီး အကူအညီလိုအပ်ပြီး ပံ့ပိုးမှုလိုအပ်ကြပါတယ်။ သူတို့တတွေကို လျစ်လျူမရှုလိုက်ကြပါနဲ့။”

 

ဆက်လက်ဆောင်ရွက်ပေးနေသည့် ပံ့ပိုးမှု

ITF သည် သယ်ယူပို့ဆောင်ရေးကဏ္ဍတစ်လျှောက်ရှိ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအကျပ်အတည်းကို အသိအမှတ်ပြုပြီး ၎င်း၏ တစ်ကမ္ဘာလုံးဆိုင်ရာ ကောင်းမွန်ရေး အစီအစဥ် (Wellbeing Programme,) မှတစ်ဆင့် ကနဦးဆောင်ရွက်ချက်များကို တည်ဆောက်ပြီး ဆက်လက် အကောင်အထည်ဖော်ပေးသည်၊ အသိရှိမှုတိုးမြှင့်ပေးခြင်း၊ ပံ့ပိုးမှုပေးခြင်းနှင့် ပြောင်းလဲချက်ကို သွတ်သွင်းပေးခြင်းကို ရည်မှန်းထားလျက်ဖြစ်သည်။ ရောဂါကပ်ဘေးကြီး၏နောက်ကွယ်တွင် သင်္ဘောသားအသိုင်းအဝိုင်း၏ ဘဝမှာ အလွန့်အလွန် ခက်ခဲလျက်ရှိသည်၊ အစီအစဉ်၏ ဆက်လက်ဆောင်ရွက်ပေးနေသည့် ပံ့ပိုးမှုကို ပို၍ပင်အရေးကြီးရာရောက်စေပါသည်။

ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြီးကြောင့် ဖြစ်ပေါ်သော သီးခြားအခြေအနေများကို တုံ့ပြန်ရန် ITF သည် ၎င်း၏ ဆန်းသစ်သော ‘စဉ်းစား၊ သိမြင်၊ ကမ်းလှမ်းဆက်သွယ်ကူညီ’ ဆိုသည့် (‘Reflect, Recognise, and Reach out’) ဒီဂျစ်တဲလ် လှုံ့ဆော်မှုကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ လှုံ့ဆော်မှုသည် Facebook, Twitter နှင့် Instagram အပါအဝင် လူမှုကွန်ရက်များကို စိတ်သောက၊ စိတ်ကျရောဂါနှင့်အခြားသော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများကို စီမံခန့်ခွဲခြင်းနှင့်ပတ်သက်၍ သတင်းအချက်လက်၊ အကြံဉာဏ်နှင့် ပံ့ပိုးမှုကို ဝေမျှဖလှယ်ရန် အသုံးချပါသည်။

အစီအစဉ်က ချမှတ်ပေးသည့် အခြားသော ရေရှည်-ကနဦးလုပ်ဆောင်ချက်များတွင် မိမိ၏အသင်းဝင်များအား အရည်အသွေးမြင့်မားသည့် 24/7 တယ်လီ ဆွေးနွေးအကြံပေးခြင်း ရရှိစေနိုင်ရန် ITF အဖွဲ့ဝင်များကို သင်တန်းပို့ချပေးခြင်းနှင့် နည်းပညာ ပံ့ပိုးမှုတို့ပါဝင်ပါသည်။ ဤသို့ဖြင့် ITF သည် အကျိုးကျေးဇူး အမြင့်မားဆုံး ရရှိရန်အတွက် သင်္ဘောလုပ်ငန်း သမဂ္ဂများနှင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိပါသည်၊ အဆိုပါ သမဂ္ဂများမှာ အိန္ဒိယနိုင်ငံ သင်္ဘောသားများ နိုင်ငံလုံးဆိုင်ရာ သမဂ္ဂ (National Union of Seafarers India (NUSI) ၊ ဖိလစ်ပိုင်နိုင်ငံ ဖက်စပ်ထားသည့် ပင်လယ်ရေကြောင်းနှင့် သင်္ဘောသားများ သမဂ္ဂ (Associated Marine and Seafarers Union of Philippines (AMOSUP)) ၊ အိန္ဒိယနိုင်ငံ ရှေ့တန်း သင်္ဘောသားများ သမဂ္ဂ (Forward Seafarers Union of India (FSUI)) ၊ သိရိလင်္ဂါနိုင်ငံ သင်္ဘောသားများ၏ နိုင်ငံလုံးဆိုင်ရာ သမဂ္ဂ( National Union of Seafarers Sri Lanka (NUSS)) နှင့် တူရကီနိုင်ငံ သင်္ဘောသားများ သမဂ္ဂ (Seafarers’ Union of Turkey (TDS)) တို့ဖြစ်ကြသည်။

ထို့ပြင် အခြားသော သယ်ယူပို့ဆောင်ရေးကဏ္ဍမှ မိမိ၏အဖွဲ့ဝင်များနှင့်ပူးပေါင်းခြင်းအားဖြင့် ITF သည် အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများနှင့်ပတ်သက်၍ ပုံမှန် ဖေ့စ်ဘုတ်ဟောပြောပွဲများ ကို ကျင်းပပေးလျက်ရှိသည်၊ ၎င်းကို တောင်းဆိုမှုများပြားလာပြီးနောက် ဆက်လက်လုပ်ပေးရန် စီစဉ်ပါသည်။ ဟောပြောပွဲတစ်ခုစီကို ယခုအထိ အသံသွင်းထားသည်ကို ကြည့်ရှုသူ တစ်သိန်း (၁၀၀,၀၀၀) ကျော်အပြင် သယ်ယူပို့ဆောင်ရေးအလုပ်သမား ထောင်ပေါင်းများစွာ တက်ရောက်ကြပါသည်။ သင်္ဘောသားများနှင့် ၎င်းတို့၏မိသားစုများအတွက် ရရှိနိုင်သည့် အကြံပေးဆွေးနွေးရေး ဝန်ဆောင်မှုများကို အသိရှိမှုမြှင့်တင်ရန်နှင့် ရယူရန်အတွက် ITF သည် ITF Seafarers’ Wellbeing Directory ကိုဖန်တီးခဲ့ပါသည်။ အဆိုပါ လမ်းညွှန်စာအုပ်ဖြင့် ITF အဖွဲ့ဝင်များနှင့် အခြားအဖွဲ့အစည်းများအတွက် ရရှိနိုင်သော ရင်းမြစ်များကို စုစည်းထားပါသည်၊ ၎င်းတို့လုပ်ကိုင်သည့် ပတ်ဝန်းကျင်တွင် များသောအားဖြင့် လက်လှမ်းမမှီသည့် ဤအဖိုးတန်သော ဝန်ဆောင်မှုများကို ရယူရန် သင်္ဘောသားများအတွက် ဖြစ်နိုင်သမျှလွယ်ကူစွာ လုပ်ပေးရန်အတွက် ဖြစ်ပါသည်။

ကျန်းမာကောင်းမွန်ရေးပြဿနာအမျိုးမျိုးနှင့်ပတ်သက်၍ လက်တွေ့ကျကျ အကြံဉာဏ် ကမ်းလှမ်းပေးသည့်  အချက်အလက်စာစောင်များနှင့် လမ်းညွှန်စာစောင်များ စာကြည့်တိုက် ကိုလည်း အဆိုပါ အစီစဉ်က စုစည်းပေးထားပါသည်။ ပံ့ပိုးမှုလိုအပ်နေသည့် သင်္ဘောသားအားလုံးအတွက် အကြောင်းအရာအားလုံးကို ဖြစ်နိုင်သမျှရယူနိုင်ရန် ရိုးရိုးစင်းစင်းလုပ်ပေးထားပါသည်။

ITF သင်္ဘောသားများအက်ဖ်ကို သင်္ဘောသားများ၏ သီးခြားလိုအပ်ချက်များအပေါ် စဉ်းစားရင်း ထူထောင်ပေးထားသည် - အချိန်မရွေး၊ နေရာမရွေး အခမဲ့ရယူနိုင်ရန်အတွက် ဒေါင်းလုဒ်ဆွဲနိုင်ပါသည်။ ဆော့ဖ်ဝဲသည် လက်တွေ့ကျကျ သတင်းအချက်အလက်များ ပေးအပ်ထားပြီး  စိတ်သောကနှင့် စိတ်ကျရောဂါအပြင် နောက်ထပ်ပံ့ပိုးမှုအတွက် ITF အား အဖိုးတန်သည့် ဆက်သွယ်ရမည့်နေရာအဖြစ်ကဲ့သို့ အရေးကြီးသော ကျန်းမာကောင်းမွန်ရေးပြဿနာများနှင့်ပတ်သက်၍ မရှိမဖြစ် အကြံဉာဏ်ပေးအပ်ရန် မကြာသေးမီက မွှမ်းမံထားပါသည်။

သင်္ဘောသားများနှင့်ဆက်သွယ်ရာ၌ ဖေ့စ်ဘုတ်မှာ အထိရောက်ဆုံးနည်းလမ်းဖြစ်ကြောင်း ITF မှမကြာသေးမီက ပြုလုပ်သည့် စစ်တမ်းတွင် ရည်ညွှန်းထားသည်။ ထို့ကြောင့် ကျန်းမာကောင်းမွန်ရေးအစီအစဉ်သည် သင်္ဘောသားများနှင့်အခြားသော သယ်ယူပို့ဆောင်ရေးအလုပ်သမားများ၏ ကျန်းမာကောင်းမွန်ရေး ပြဿနာများနှင့် ပတ်သက်၍ နောက်ဆုံးရသတင်းကိုမှတ်တမ်းတင်ရန် ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ Facebook page ကိုအသုံးပြုသည်၊ အဖွဲ့ဝင်သူများက ၎င်းတို့၏သီးခြားလိုအပ်ချက်များနှင့်ပတ်သက်၍ ပံ့ပိုးမှုနှင့်လမ်းညွှန်မှုအတွက် ITF ကိုဆက်သွယ်ရန် ဖေ့စ်ဘုတ် မက်ဆင်ဂျာကို ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုအဖြစ် များသောအားဖြင့် အသုံးပြုပါသည်။

Jacqueline Smith, ITF ပင်လယ်ရေကြောင်း ညှိနှိုင်းအရာရှိ က ဝေဖန်ပြောဆိုသည်မှာ- “စိတ်ပိုင်းဆိုင်ရာ ကျန်းမာကောင်းမွန်ရေး ဆိုးဝါးနေခြင်းမှာ ပင်လယ်ရေကြောင်းလုပ်ငန်းကဏ္ဍအတွက် အလွန်ကြာကြာကြီးထွားနေတဲ့  ဖြစ်နေဆဲ ပြဿနာဖြစ်ပါတယ်။ သင်္ဘောသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေဟာ ညံ့ဖျင်းတဲ့ စည်းကမ်းချက်တွေနဲ့ များလွန်းတဲ့အလုပ်လုပ်အချိန်နာရီတွေကြောင့် များသောအားဖြင့် ဖြစ်ကြပါတယ်၊ ငွေကြေးစိုးရိမ်မှုတွေအပြင် မိသားစုနှင့်မိတ်ဆွေတွေနဲ့ ဝေးဝေး အချိန်ကြာကြာ ခွဲခွာနေရတဲ့ အထီးကျန်မှုတွေကြောင့် အတွက်လည်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပိုမိုကျယ်ပြန့်တဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍကို လက်ရှိမူဝါဒတွေမှာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့အကြောင်းခံတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့ တာရှည်ခံမယ့် လမ်းညွှန်မှုကို သင့်တော်သလို ချမှတ်ပေးဖို့ တောင်းဆိုဖို့အတွက် အလေးအနက် ထောက်ခံပါတယ်။”

ပညာပေးရေးသည် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် အခရာကျသည်။ ကြိုတင်ကာကွယ်ခြင်း၊ အသိစောခြင်း၊ နှင့် စောစောကုသပေးခြင်းသည် များသောအားဖြင့် ကောင်းသောရလဒ်ကို ရစေပါသည်။ ဤအတွက်ကြောင့် ITF သည် ပြဿနာအား မီးမောင်းထိုးပေးခြင်းနှင့် သတင်းအချက်အလက်များကို ဝေမျှဖလှယ်ခြင်းကို ဆက်လုပ်လုပ်ဆောင်ပြီး အလုပ်သင်နှင့် သင်တန်းသားအဆင့်၌ အကြံပေးပါသည်။ နှစ်များအတွင်း ITF သည် ကျန်းမာကောင်းမွန်ရေးနှင့်ပတ်သက်၍ သင်ရိုးညွှန်းတမ်းများကို စိတ်သောကကို စီမံခန့်ခွဲခြင်းကဲ့သို့ ဘာသာရပ်များကိုခြုံငုံ၍ ရေးဆွဲပေးရန်မိမိ၏ကျွမ်းကျင်မှုကို အထောက်အထားပြုခဲ့သည်၊ အဆိုပါ သင်ရိုးညွှန်းဘာသာရပ်များကို ကမ္ဘာတစ်ဝန်း ပင်လယ်ရေကြောင်းသိပ္ပံကျောင်းများတွင် သင်ကြားပေးပါသည်။ မိမိ၏ အဖွဲ့ဝင်နိုင်ငံများနှင့် ရွေးချယ်ထားသည့် ပင်လယ်ရေကြောင်းသိပ္ပံကျောင်းများနှင့်ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ITF သည် အိန္ဒိယ၊ ဖိလစ်ပိုင်၊ သိရိလင်္ကာ၊ ဘင်္ဂလာဒေ့ရှ်၊ မက်စီကို၊ ချီလီ၊ ပီရူး၊ ကမ္ဘောဒီးယား၊ ပနားမား၊ ထိုင်း၊ ယူရူဂွေး၊ နှင့် ယူကရိန်းအပါအဝင် နိုင်ငံများ၌ ဤသင်ရိုးညွှန်းဘာသာရပ်များကို သွတ်သွင်းခဲ့ပါသည်။ 

ထို့ပြင် ITF Wellbeing Programme သည် ရောဂါကပ်ဘေးကြီးကြောင့် စိတ်ဒုက္ခရောက်နေသူများအား တိုက်ရိုက် တုံ့ပြန်ပေးနေသည့် သမဂ္ဂ၏ လက်ဦးတုံ့ပြန်ပေးသူများ/အပေါင်းဖော်ပညာပေးသူများအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများနှင့်ပတ်သက်၍ အလုံးစုံသော သင်တန်းပို့ချမည့် သင်ရိုးညွှန်းကို လက်ရှိ၌ ရေးဆွဲနေလျက်ရှိသည်။ အဆိုပါ သင်ရိုးညွှန်းကို အိန္ဒိယနိုင်ငံ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနှင့် ပင်လယ်ရေကြောင်း သမဂ္ဂများတွင် ကွင်းဆင်းစမ်းသပ်ခဲ့ပြီးဖြစ်၍ လာမည့်အပတ်အနည်းငယ်ခန့်တွင် စတင်သင်ကြားပေးရန် မျှော်လင့်ထားသည်။ သယ်ယူပို့ဆောင်ရေးကဏ္ဍရှိ သမဂ္ဂ ပညာပို့ချသူများ၊ စည်းရုံးပေးသူများ၊ လူငယ်နှင့် အမျိုးသမီး ကော်မတီအဖွဲ့ဝင်များကို ဤတာဝန်အား ဖြည့်စည်းပေးရန်အတွက်နှင့် လက်ရှိစိတ်ဒုက္ခရောက်သူများမှ အရင်းခံဖြစ်ပေါ်နေသော ရေရှည် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်ပိုင်းလူမှုရေးဆိိုင်ရာ ပြဿနာများကို အနည်းဆုံးဖြစ်အောင်လုပ်ရာ၌ အခရာကျစေရန်အတွက် လေ့ကျင့်ပေးပါလိမ့်မည်။

 

ပိုမိုတောက်ပသော အနာဂတ်ဆီသို့ မျှော်မှန်းခြင်း

သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပံ့ပိုးမှုမှာ နှေးကွေးစွာဖြင့် တိုးတက်နေစဉ် လုပ်သားထုအပေါ် နောက်ထပ် ယိုယွင်းမှုကို ဟန့်တားပေးရန် အရှိန်အဟုတ်မြင့်မားသည့် ပြောင်းလဲမှု လိုအပ်သည်ဟု ITF က ယုံကြည်ပါသည်။

လက်ရှိ၌ ပါဝင်ပတ်သက်သူများသည် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတစ်ခုချင်း၏ ပြဿနာများကိုသာ စဉ်းစားနေကြသည်၊ ၎င်းကြောင့် ကြီးကျယ်သော အရေးယူဆောင်ရွက်မှုကို ဟန့်တားနေရာရောက်ပါသည်။ ရှေ့ရှောက် ပိုမိုကောင်းမွန်သည့်နည်းလမ်းကိုရှာဖွေရန် ITF သည် အဆင့်-သုံးဆင့်ပါ ကိုင်တွယ်ပုံနည်းလမ်းကို တောင်းဆိုပါသည်။ ပထမအားဖြင့်၊ သမဂ္ဂများ၊ အလုပ်ရှင်များနှင့် အစိုးရအေဂျင်စီရုံးများအပါအဝင် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူအားလုံးအနေဖြင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး၏ ပြဿနာများကို အများစုအားဖြင့် နားလည်ရမည်ဖြစ်ပါသည်။ ဒုတိယအားဖြင့်၊ ၎င်းတို့သည် ၎င်းတို့၏ ပူးတွဲထမ်းဆောင်ရမည့်တာဝန်ကို အသိအမှတ်ပြုပြီး ပါဝင်ပတ်သက်သူများ၏  ရှိရင်းစွဲ အားထုတ်မှုများအကြား စုပေါင်းဆောင်ရွက်ခြင်းအကျိုးရလဒ်ကို ဖန်တီးရန်ဖြစ်ပါသည်။ တတိယအားဖြင့်၊ ၎င်းတို့သည် ပူးပေါင်းလုပ်ဆောင်သည့်အားထုတ်ကြိုးပမ်းမှုတစ်ရပ်ကို စတင်ဆောင်ရွက်သည်၊ ၎င်းတွင် ပါဝင်ပတ်သက်သူအားလုံး အတူတကွလက်တွဲ၍ အစီအစဉ်များကို ချမှတ်ပေးပြီး အစစ်အမှန်နှင့်တာရှည်ခံမည့် ပြောင်းလဲချက်ကို ကနဦးဆောင်ရွက်ပါသည်။

ဤကိုင်တွယ်ပုံနည်းလမ်းသည် အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်လာမည်ဖြစ်ပြီ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အခြေခံအားဖြင့် ဖော်ထုတ်ပေးရာ၌ ပါဝင်ပတ်သက်နေသူအားလုံး၏ နောက်ခံမှ ဆွဲအားကိုတိုးမြှင့်ပေးပါလိမ့်မည်ဟု ITF က ယုံကြည်ပါသည်၊ အလုပ်ခွင် ပြဿနာမှာ အလုပ်တာဝန်အခန်းကဏ္ဍများ၏ သဘောသဘာဝနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍ၏ ပတ်ဝန်းကျင်အနေအထားအကြား ခိုင်မြဲစွာဖြင့် ရောယှက်နေခြင်းကြောင့် ဖြစ်ပါသည်။ 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.