Skip to main content

ကာကွယ်ဆေး သက်ညှာခွင့်ပေးခြင်းကို ကန့်ကွက်ခြင်းအားဖြင့် ယူကေ၊ ဂျာမနီ၊ ဆွစ္စလန်နှင့် အီးယူနိုင်ငံတို့ သင်္ဘောဝန်ထမ်းအပြောင်းအလဲလုပ်ရေးဒုက္ခကို အချိန်ကြာရှည်အောင် ဆွဲဆန့်နေ၊ တစ်ကမ္ဘာလုံးဆိုင်ရာ သယ်ယူပို့ဆောင်ရေး သမဂ္ဂများက အစိုးရများအား ပြောကြား

15 Oct 2021
Press Release
  • ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၁၁၈ နိုင်ငံမှ သယ်ယူပို့ဆောင်ရေးအလုပ်သမား သန်းပေါင်းဆယ့်နှစ်သန်း (၁၂ သန်း) ကျော်ကို ကိုယ်စားပြုသည့် အလုပ်သမားသမဂ္ဂ ၃၇၅ ခုကျော်တို့က အစိုးရအဖွဲ့အကြီးအကဲများထံသို့ စာတင်သွင်းပါသည်။
  • စာကို ဂျီနီဗာမြို့၌ကျင်းပသည့် WTO TRIPS ကောင်စီ အစည်းအဝေး ပထမနေ့တွင် တင်သွင်းခဲ့သည်
  • ITF အထွေထွေအတွင်းရေးမှူးဖြစ်သူ Steve Cotton က ဝေဖန်ခဲ့သည်မှာ၊ “ဒီနိုင်ငံရေးသမားတွေဟာ Pfizer, Moderna နှင့် BioNTech ဘီလီယံသူဋေးသူကြွယ်တွေရဲ့ အိတ်ထဲငွေကြေးပိုများလာအောင်အတွက် လူမှုဆိုင်ရာ-စီးပွား နှစ်နာမှုကို စောက်ချလုပ်နေပုံရပါတယ်။”

 

လန်ဒန်၊ ဘာလင်၊ ဘန်း၊ ဘရပ်ဆဲလ်- ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက်။ ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၁၁၈ ကျော်မှ သယ်ယူပို့ဆောင်ရေးအလုပ်သမားများကို ကိုယ်စားပြုသော ရာနှင့်ချီသော အလုပ်သမားသမဂ္ဂများသည် ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့်ပတ်သက်၍ IP ကန့်သတ်ချက်များကို ဖယ်ရှားပေးခြင်းအား ကန့်ကွက်ကြသည့် အစိုးရများထံသို့ သင်္ဘောဝန်ထမ်းအပြောင်းအလဲလုပ်ရေး အကျပ်အတည်းကို ပိုမိုကြီးထွားအောင်လုပ်နေခြင်းအပြင် “စီးပွားဆိုင်ရာ နှစ်နာမှု” ကို ဖန်တီးနေကြသည်ဟု စွပ်ဆွဲအပြစ်တင်ရင်း အိတ်ဖွင့်ပေးစာ တစ်စောင်ကို ရေးသားခဲ့ကြပါသည်။

Unite the Union, ver.di နှင့် kapers အပါအဝင် သမဂ္ဂ ၃၇၆ ခုတို့သည် ယူကေ၊ ဂျာမနီ၊ ဆွစ္စလန်၊ နှင့် အီးယူကော်မရှင်မှ အကြီးအကဲများထံသို့ စာရေးသားခဲ့ပြီး တောင်းဆိုနေသည်မှာ ‘TRIPS သက်ညှာခွင့်ပေးခြင်း’ အဖြစ် လူသိများသော WTO သို့အဆိုပြုထားသည့် ကိုဗစ်ကာကွယ်ဆေးများ၊ ကုသမှုများနှင့် ရောဂါဖော်ထုတ်မှုများနှင့်ပတ်သက်၍ ယာယီ ဉာဏ်ရည်မူပိုင် သက်ညှာခွင့်ပေးခြင်းအပေါ် ၎င်းတို့၏ ကန့်ကွက်ချက်အား အဆုံးသတ်ပေးရန်ဖြစ်ပါသည်။

 ဂျီနီဗာမြို့၌ကျင်းပသည့် WTO TRIPS ကောင်စီအစည်းအဝေး ဒုတိယနေ့မတိုင်မီ အကြီးအကဲများထံသို့ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည်အဆိုပါစာကို တင်သွင်းခဲ့သည်။

သက်ညှာခွင့်ပြုခြင်းစနစ်ကဆိုသည်မှာ တစ်ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထိုးခြင်းကို အရှိန်မြင့်ဆောင်ရွက်ရန်မှာ အခရာကျသည်၊ ထိုကဲ့သို့ မလုပ်ဆောင်ပါက IMF က သတိပေးခဲ့သည်မှာ လာမည့်ငါးနှစ်အတွင်း တစ်ကမ္ဘာလုံးရှိ GDP မှ ငွေထရီလီယံပေါင်း ငါးဒဿမသုံး ထရီလီယံ ($5.3 trillion) နောက်ထပ်ဆုံးရှုံးသွားနိုင်သည်ဟု သတိပေးခဲ့သည်။

 ယင်းနောက် IMF အကြီးအကဲဖြစ်သူ Kristaina Georgieva က ပြောဆိုသည်မှာ အပြည့်အဝ ပြန်လည်ကောင်းမွန်ရေးကို လတ်တလောအဖြစ်ဆုံး အတားအဆီးမှာ “ကာကွယ်ဆေးထိုးခြင်း၏ အလွန်ကြီးကျယ်သော ကွဲပြဲမှု” ဖြစ်ပါသည်၊ Oxford မှကာကွယ်ဆေး တီထွင်သူ Prof Sarah Gilbert က ဆင်းရဲသောနိုင်ငံများထံ ကာကွယ်ဆေးရရှိအောင် ပေးပို့ခြင်း ပျက်ကွက်မှုသည် မျိုးကွဲအသစ်များ၏ အန္တရာယ်ကို ကြီးထွားစေအောင် အရဲစွန့်ရာရောက်ပြီး “ဦးစားပေးရမည်မှာ လူများအား များနိုင်သမျှများများ အမြန်ဆုံး ကာကွယ်ဆေးထိုးရန်ဖြစ်သည်” ဟု သတိပေးလိုက်သည်။ ယနေ့အထိ ဝင်ငွေနည်းသော နိုင်ငံများ၌ သုံးရာခိုင်နှုန်းထက်နည်းသော လူများသာ ပထမအကြိမ်ကာကွယ်ဆေးထိုးပြီးဖြစ်သည်။

ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton က ဝေဖန်ပြောဆိုခဲ့သည်မှာ- “ဒီနိုင်ငံသုံးနိုင်ငံဟာ တစ်ချိန်တည်းမှာ ကုန်စည်ဖြန့်ချီရေးကွင်းဆက် အကျပ်အတည်းကို ဖြေရှင်းပေးနေတယ်လို့ပြောဆိုရင်း အများက ရနိုင်တဲ့ကာကွယ်ဆေးတွေနှင့် အသက်ကယ်နည်းပညာတွေကို ပိတ်ဆို့နေတာဟာ စိတ်ကနာမငြိမ်ရူးရာကျပါတယ်။”

“ဒီနိုင်ငံရေးသမားတွေဟာ Pfizer, Moderna နှင့် BioNTech ဘီလီယံသူကြွယ်တွေရဲ့ အိတ်ထဲငွေကြေးပိုများလာအောင် အတွက် လူမှုဆိုင်ရာ-စီးပွား နှစ်နာမှုကို စောက်ချလုပ်နေပုံရပါတယ်။” ဤကိစ္စမှာ လုံးဝ မိုက်မဲရာကျပါတယ်-ဒီအကြီးအကဲများဟာ ကမ္ဘာ့တစ်ရပ်လုံးရဲ့ ပြန်လည်ကောင်းမွန်ရေးကို ပြန်ပေးဆွဲသလို ကိုင်တွယ်နေကြတယ်။ ၎င်းတို့အနေနဲ့ မကြုံစဖူးတဲ့ ပတ်ဝန်းကျင်တွေကို အသိအမှတ်ပြုတဲ့၊ ဆေးကုမ္ပဏီကြီးတွေဘက်မှ ရပ်တည်ပေးတဲ့၊ သက်ညှာခွင့်ပေးခြင်းကို ထောက်ခံတဲ့ ယူအက်စ်အေက ပြသခဲ့တဲ့ ဦးဆောင်မှုကို လိုက်နာဖို့ လိုအပ်ပါတယ်။”

သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍက ကမ္ဘာ့ခေါင်းဆောင်ကြီးများအပေါ် အကြောင်းကြားစာ ပို့လိုက်သည်မှာ ‘ တစ်ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားရေးနှင့် ကုန်စည်ဖြန့်ချီရေးကွင်းဆက်အကျပ်အတည်း’ ကို အဆုံးသတ်ရန်အတွက် အစိုးရများက ပူးပေါင်းဆောင်ရွက်ခြင်း မရှိလျှင် တစ်ကမ္ဘာလုံးဆိုင်ရာ သယ်ယူပို့ဆောင်ရေး စနစ်သည် ပြိုလဲကျသွားမည့် လတ်တလော အန္တရာယ်ကို ကြုံတွေ့ရမည်ဖြစ်သည်။ IATA, ICS, IRU မှ သယ်ယူပို့ဆောင်ရေး အကြီးအကဲများနှင့် ITF သည် “ကျွန်ုပ်တို့၏ လုပ်ငန်းကဏ္ဍ အလျင်အမြန် ပြန်လည်ကောင်းမွန်လာရန်အတွက် ကျွန်ုပ်တို့လက်ထဲရှိသည့် နည်းလမ်းအားလုံးအရ တစ်ကမ္ဘာလုံးအတွက် ကာကွယ်ဆေးဖြန့်ချီမှုကို တိုးမြှင့်အောင်လုပ်ရန် အရေးပေါ် ဦးဆောင်မှု” အတွက် တောင်းဆိုလိုက်ပါသည်။

ယူကေနိုင်ငံသည် အိပ်ချ်ဂျီဗွီ ယာဥ်မောင်းသမားများ နည်းပါးမှုကြောင့်ဖြစ်သည့် နိုင်ငံလုံးဆိုင်ရာ လောင်စာ နည်းပါးမှု၏ သက်ရောက်မှုမှ ပြန်လည်နာလန်ထနေဆဲဖြစ်ပါသည်။ နှစ်နှစ်တာ တစ်သမတ်တည်း မဟုတ်သည့်အပြင် လူသားမဆန်သော ခရီးသွားပိတ်ပင်ကန့်သတ်ချက်များကြောင့် သင်္ဘောသားများအနေဖြင့် သင်္ဘောမှမဆင်းနိုင်၊ မတက်နိုင်ဖြစ်ခဲ့ကြသည်၊ ဤသို့ဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များအတွက် ရှိရင်းစွဲ ယိုယွင်းမှုအပေါ် ထပ်ဆင့်ပြီး ဆိုးဝါးစေခဲ့ပါသည်။ ထို့ပြင် ယူကေနိုင်ငံ၌ ဒဲလ်တာမျိုးကွဲဖြစ်ပေါ်ပြီးနောက် အပတ်အတွင်း ခရီးသွား ပိတ်ပင်ကန့်သတ်ချက် အသစ်တို့ကြောင့် လေကြောင်းလိုင်းများသည် ယူကေနိုင်ငံနှင့်ဂျာမဏီနိုင်ငံအကြား ၎င်းတို့၏ စိီစဉ်ထားသည့် ပြေးဆွဲမှုစွမ်းရည်၏ ၇၀ ရာခိုင်နှုန်းကို အတင်းအကျပ် ဖျက်သိမ်းခံခဲ့ရသည်။

Cotton က ဖြည့်စွက်ပြောကြားသည်မှာ- “ဒီရောဂါကပ်ဘေးကြီးတစ်လျှောက်လုံးမှာ သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေဟာ နိုင်ငံသားတွေကို ခေါ်ဆောင်လာခဲ့တယ်၊ အဓိကအလုပ်သမားတွေကို အလုပ်ခွင် ပို့ဆောင်ပေးခဲ့တယ်၊ ပြီးတော့ အရေးပါတဲ့ ကုန်စည်ဖြန့်ချီရေးကွင်းဆက်တွေကို စီးဆင်းနေအောင်လုပ်ခဲ့ပါတယ်။ သို့သော်လည်း တစ်ကမ္ဘာလုံးအနေနဲ့ ကာကွယ်ဆေးတွေနှင့်ကုသမှုတွေကို ရရှိရေးမှာ မညီမျှမှုတွေဟာ သယ်ယူပို့ဆောင်ရေးအလုပ်သမားတွေရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို လက်ရှိ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သော်လည်း ကုန်စည်ဖြန့်ချီရေးကွင်းဆက်များအတွက် ကြံ့ခိုင်မှုနှင့်တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နာလန်ထူမှုအတွက်လည်း ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပါတယ်။"

“နေ့စဉ်နဲ့အမျှ နှောင့်နှေးမှုဟာ သေဆုံးမှုတွေပိုများမယ်၊ အသက်တွေပိုဆုံးရှုံးမယ်၊ ပြီးတော့ ကျွန်ုပ်တို့ရဲ့ လုပ်ငန်းကဏ္ဍတွေနှင့်စီးပွားရေးတွေရဲ့ နာလန်ထကောင်းမွန်မှုကို ပိုပြီးနောက်ပြန်ဆွဲမှာဖြစ်ပါတယ်။ သင်တို့မှာ နောက်ထပ် ဆင်ခြေပေးစရာ မရှိတော့ပါဘူး။ သင်တို့ TRIPS သက်ညှာခွင့်ပေးခြင်းကို မနှောင့်နှေးစေဘဲ ခွင့်ပြုရမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ ဘဝတွေနဲ့ ကျွန်ုပ်တို့ရဲ့ သက်မွေးမှုတွေဟာ အဲဒီ့အပေါ်မှာ မူတည်နေပါတယ်။”

ပိုမိုသိလိုသော အချက်အလက်များအတွက် ကျေးဇူးပြု၍ ဆက်သွယ်ရန်-

Freddie da Costa – f.dacosta@woodrowcommunications.com / +44 7862 001771
Duncan Bray – d.bray@woodrowcommunications.com / +44 7972 224445


တည်းဖြတ်သူများသို့ အမှာစာ-

WTO TRIPS ကောင်စီသည် အောက်တိုဘာလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် စည်းဝေးသည်။

TRIPS ညှာတာခွင့်ပေးခြင်းအတွက် WTO အဖွဲ့ဝင်နိုင်ငံအားလုံးထံမှ တစ်ညီတစ်ညွတ်တည်း ထောက်ခံမှုလိုအပ်ပါမည်။ အဖွဲ့ဝင် ၁၆၄ နိုင်ငံအနက် ယူကေ၊ ဆွစ္စလန်၊ ဂျာမဏီနှင့် အီးယူနိုင်ငံများသည် သွက်သွက်လက်လက် ကန့်ကွက်ကြသည်။ ဥရောပနိုင်ငံများကော်မရှင်သည် မကြာသေးမီက TRIPS ညှာတာခွင့်ပေးခြင်းကို ကန့်ကွက်ရန် အီးယူပါလီမန်အား ပယ်ချခဲ့သည်။

သမဂ္ဂများက ယူကေ၊ ဆွစ္စလန်နှင့် ဂျာမဏီနိုင်ငံတို့၏ အစိုးရများအပြင် ဥရောပနိုင်ငံများ ကော်မရှင်အပါအဝင်တို့အား TRIPS ညှာတာခွင့်ပေးခြင်းအပေါ် ၎င်းတို့၏ ကန့်ကွက်ချက်ကို ပြန်လည်ရုပ်သိမ်းပေးရရန် လှုံ့ဆော်မှုစာတမ်း တင်သွင်းခြင်းကိုလည်း ကြေငြာခဲ့သည်။


ITF အကြောင်း-

 အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သင်္ဘောသား တစ်သန်းကျော် အပါအဝင် ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်လုပ်ကိုင်သည့် အမျိုးသမီး အမျိုးသားပေါင်း သန်း 20 နီးပါးအတွက် ပြောဆိုသံဖြစ်ပါသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.