Skip to main content

သင့် အခွင့်အရေးများ

သင်္ဘောသားတစ်ဦးအဖြစ် သင့်တွင် အခွင့်အရေးများရှိသည် - အလုပ်အကိုင် အခွင့်အရေးများ၊ ဥပဒေအရ အခွင့်အရေးများ၊ အလုပ်သမား သမဂ္ဂ အခွင့်အရေးများနှင့် လူ့အခွင့်အရေးများဖြစ်သည်။

အလုပ်ခွင်ရှိ သင့်အခွင့်အရေးများကို ကာကွယ်ပေးရန် သေချာစေမည့် အကောင်းဆုံးနည်းလမ်းမှာ သမဂ္ဂ အဖွဲ့ဝင်ရန်ဖြစ်သည်။ သမဂ္ဂအဖွဲ့ဝင်များသည် သာမန်အားဖြင့် သမဂ္ဂအဖွဲ့ဝင် မဟုတ်သူ အလုပ်သမားများထက် ပိုမိုမြင့်မားသော လုပ်ခများကို ရရှိကြသည်။ သမဂ္ဂအဖွဲ့ဝင်များသည် ပိုမိုကောင်းမွန်သော အလုပ်လုပ်ကိုင်ရာ အခြေအနေများ၊ ပိုမိုတိုတောင်းသော အလုပ်လုပ်ချိန်များနှင့် ပိုမိုကောင်းမွန်သော ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးတို့ကိုလည်း ရရှိကြသည်။ သမဂ္ဂအဖွဲ့ဝင်များကို အလုပ်ခွင်၌ မမျှမတ ဆက်ဆံမှုမှ ပိုမို ကာကွယ်ပေးသည်။

ITF တွင် အဖွဲ့ဝင် 650 ကျော် သမဂ္ဂများရှိပါသည်၊ ၎င်းထဲမှ သမဂ္ဂ 200 နီးပါးမှာ သင်္ဘောသားများကို ကိုယ်စားပြုသည်။ ကျွန်ုပ်တို့ သင်္ဘောသားများ၏ သမဂ္ဂများမှာ နိုင်ငံပေါင်း 100 နီးပါးတစ်ဝန်း ပြန့်နေပါသည်၊ အရာရှိများနှင့် အရာရှိမဟုတ်သူ သင်္ဘောသား အယောက် 650,000 ကျော်ကို အတူတကွစုစည်းထားပါသည်။

ဤနေရာ၌ သင်သည် သင်၏ အခွင့်အရေးများ၊ ၎င်းအခွင့်အရေးများကို မည်သို့ကာကွယ်မည်နှင့်တကွ ၎င်းအခွင့်အရေးများကို အကာအကွယ်ပေးရန်  ITF  က ဘာကိုဆောင်ရွက်နေကြောင်းတို့နှင့်ပတ်သက်သည့် အချက်အလက်များကို တွေ့ရှိပါမည်။