Skip to main content

လုပ်ငန်းကဏ္ဍ နှင့် သမဂ္ဂများသည် သင်္ဘောသားများအား COVID-19 ပိတ်ပင်မှုမှ လွတ်ပေးရန် အစိုးရများအတွက် အချက် ၁၂ ချက်ပါ ဖြေရှင်းချက်ကို ချမှတ်ပေး

07 May 2020
Press Release
  • UN အေဂျင်စီရုံးများ ပူးပေါင်းမှုဖြင့် လုပ်ငန်းကဏ္ဍနှင့် သမဂ္ဂများမှ ဦးစီးထားသည့် ကုန်စည်ဖြန့်ချီရေး ကွင်းဆက် ညွှန့်ပေါင်းအဖွဲ့က ထူထောင်ထားသည့် ပြည့်စုံသော အစီအစဥ်လမ်းကြောင်း
  • အစိုးရများအတွက် ကမ္ဘာ့အနှံ့ရောဂါကပ်ကြီး အတောအတွင်း သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို မည်သို့ပံ့ပိုးပေးရန်အတွက် လမ်းကြောင်း တစ်ရပ်ကို ပေးအပ်သည့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့အစည်းမှ ထုတ်ပြန်လိုက်သော အချက် ၁၂ ချက်ပါ အစီအစဥ်
  • သင်္ဘောဝန်ထမ်းများအား လွတ်ပေးရန် ပျက်ကွက်မှုသည် သင်္ဘောသားများ၏ ကျန်းမာကောင်းမွန်ရေး၊ ပင်လယ်ရေကြောင်း ဘေးကင်းရေး နှင့် ကမ္ဘာကြီးက အားထားနေရသည့် ကုန်စည် ဖြန့်ချီရေး ကွင်းဆက်များ အပေါ် အန္တရာယ်ဖြစ်စေသည်။

သင်္ဘောသားများ၏ ဘေးကင်းလုံခြုံသော လှုပ်ရှားသွားလာမှုကို ပံ့ပိုးပေးရန် ညှိနှိုင်းထားသည့် လုပ်ထုံးလုပ်နည်းများကို အစိုးရများ ချမှတ်ရန်အတွက် ကူညီရန် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့ချုပ် (International Maritime Organization (IMO)) သည် အဖွဲ့ဝင် နိုင်ငံ 174 နိုင်ငံသို့  ယနေ့  အချက် 12-ချက်ပါ အစီအစဥ်ကို ထုတ်ပြန်ခဲ့သည်  Covid-19 ပိတ်ပင်မှုမှ သင်္ဘောသားများအား လွတ်ပေးရန် နှင့် သင်္ဘောများသို့ တက်ရောက်ရန် နှင့် သင်္ဘောများမှ ထွက်ခွာရန် သူတို့အား သင့်တော်သော ကင်းလွတ်ချက်များ ခွင့်ပြုရန် အစီအစဥ်လမ်းကြောင်း တစ်ရပ်ဖြင့် ပံ့ပိုးပေးထားပါသည်။

55-စာမျက်နှာပါ အစီအစဥ်လမ်းကြောင်း ကို ကျယ်ကျယ်ပြန့်ပြန့် ညွှန့်ပေါင်းထားသည့် သင်္ဘောသားများ သမဂ္ဂများ၊ နှင့် အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အသင်းအဖွဲ့များတို့မှ ဆန်းသစ်၍ချမှတ်ပေးထားသည်၊ လေကြောင်းလိုင်း လုပ်ငန်းကဏ္ဍ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ နှင့် အာမခံ လုပ်ငန်းကဏ္ဍတို့မှ အကြံဉာဏ်တို့နှင့်တကွ ဖြစ်ပြီး အစိုးရများအနေဖြင့် မည်ကဲ့သို့ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ပံ့ပိုးပေးနိုင်ရန် နှင့် ဖြစ်စဥ် တစ်ခုလုံး တစ်လျှောက် ဘေးကင်းလုံခြုံရေး စိုးရိမ်ပူပန်မှုများကို မည်သို့ ဖြေရှင်းပေးမည့် အပြည့်အစုံ အသေးစိတ်စီမံချက်ကို ပေးအပ်ရန်ဖြစ်သည်။

နှစ်ပတ်အတွင်း ကုန်သွယ် သင်္ဘောသား အယောက် ခန့်မှန်းခြေ 150,000 တို့သည် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း စည်းမျဥ်းများနှင့် ကိုက်ညီစေရန်အတွက် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရန် လိုအပ်ပါမည်၊ လက်ရှိ၌ ထောင်ပေါင်း များစွာတို့မှာ ခရီးသွား တားဆီးပိတ်ပင်မှုများ ဆက်လက် ချထားခြင်းကြောင့် ကမ္ဘာတစ်ဝန်း သင်္ဘောများပေါ်၌ ချောင်ပိတ်မိခံနေကြရသည်။ ထိုသို့လုပ်ပေးရန် ပျက်ကွက်မှုသည် သင်္ဘောသားများ၏ ကျန်းမာကောင်းမွန်ရေး၊ ပင်လယ်ရေကြောင်း ဘေးကင်းရေး နှင့် ကမ္ဘာကြီး အားထားနေရသည့် ကုန်စည် ဖြန့်ချီရေး ကွင်းဆက်များ အပေါ် အန္တရာယ်ဖြစ်စေသည်။  

လွန်ခဲ့သည့် သောကြာနေ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့တွင် #HeroesAtSeaShoutout ကနဦးလုပ်ရပ် တစ်စိတ်တစ်ပိုင်းအဖြစ် ကမ္ဘာတစ်ဝန်းရှိ သင်္ဘောများ မိမိတို့၏ အသံပေးဟွန်းများကို တီးပေးခဲ့ကြသည်၊  COVID-19 ရောဂါကပ်ဘေးကြီး အတောအတွင်း ကမ္ဘာကြီးအား ကုန်စည် ဆက်လက်ဖြန့်ပေးနေသည့် ကမ္ဘာ့ ၁.၂ သန်း သင်္ဘောသားများ၏ အကျဥ်းအကျပ်နှင့် စွန့်လွတ်မှုကို အစိုးရများအား သတိပေးရန် ရည်ရွယ်၍ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အဖွဲ့ အတွင်းရေးမှူးချုပ်ဖြစ်သူ Guy Platten ကပြောကြားခဲ့သည်မှာ-

"ကျနော်တို့ ပင်လယ်ပြင်မှ နှုတ်ခွန်းဆက်သနေတဲ့ သူရဲကောင်းတွေကို မြင်တွေ့ခဲ့ရတာဟာဆိုရင် သင်္ဘောသားတွေဟာ ကုန်သွယ်ရေးကို ဆက်လက် စီးဆင်းနေဖို့ သူတို့ အပိုင်းကို သူတို့လုပ်နေကြပါတယ်။ ကျနော်တို့ ကျနော်တို့ရဲ့ သင်္ဘောသားတွေကို ပံ့ပိုးဖို့ အဆင်သင့် ရပ်တည်ပေးပါတယ်၊ ကျနော်တို့ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ လုပ်ကိုင်ပေးနေပါတယ်၊ သို့မှသာ သူတို့အနေနဲ့ အလိုက်သင့် သွားလာနိုင်ပြီး သင်္ဘောဝန်ထမ်း အပြောင်းအလဲကို ဘေးကင်းကင်းနဲ့လုပ်ဖို့ ခွင့်ပြုမှာဖြစ်ပါတယ်။"

"ပြဿနာက ရိုးရိုးလေးပါ၊ သို့သော်လည်း ဖြေရှင်းဖိုကတော့ ရှုပ်ထွေးပါတယ်။ ဒါကြောင့် ကျနော်တို့ တစ်ဆင့်တက်ပြီး အိမ်စာအလုပ်ကို ပြီးအောင်လုပ်၊ လုပ်နည်းလုပ်ဟန်တွေကို ပြီးအောင် လုပ်ခဲ့ရပါတယ်။ အခု ကျနော်တို့ ဒီ အစီအစဥ်လမ်းကြောင်းကို အကောင်အထည်ဖော်ဖို့ အစိုးရတွေနဲ့ လုပ်ကိုင်နေပါတယ်။"

"သင်္ဘောသားတွေဟာ အမှန်တကယ် အလုပ်ကို ကြိုးကြိုးစားစား ဆက်လုပ်တယ်- တစ်နေ့ပြီး တစ်နေ့ ချစ်ခင်ရသူတွေနဲ့ ဝေးဝေးနေပြီး လုပ်ရပါတယ်၊ သို့သော်လည်း တကယ်လို့ ကျနော်တို့ ကျနော်တို့ရဲ့ သင်္ဘောသားတွေကို COVID-19 ပိတ်ပင်မှုက လွတ်အောင် မလုပ်နိုင်ဘူးဆိုရင် ကျနော်တို့ ကုန်သွယ်ရေး အဆက်ပြတ်မှုတွေ စတွေ့ရနိုင်တယ်၊ ပိုပြီးအရေးကြီးတာက မတော်တဆ ဖြစ်ရပ်နှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ဖို့ အန္တရာယ်ကို ကျနော်တို့ ပိုတိုးအောင်လုပ်သလိုဖြစ်ပါမယ်။ ဒီကိစ္စကို သည်းခံနေတာဟာ နည်းလမ်း မကျတော့ပါဘူး။"

လုပ်ထုံးလုပ်နည်းများသည် အစိုးရများ၊ သင်္ဘောပိုင်ရှင်များ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များ နှင့် သင်္ဘောသားများ၏ တာဝန်ကို ရှင်းရှင်းလင်းလင်း ချမှတ်ထားပါသည်။  လုပ်ထုံးလုပ်နည်းများအားဖြင့် ကုန်သွယ်ရေးကို ဆက်လက် စီးဆင်းစေနိုင်ပြီး သင်္ဘောသားများအား လွတ်ပေးနိုင်ရန် သေချာစေရန် ကမ္ဘာတစ်ဝန်း အသုံးချနိုင်သော တောင့်တင်းသည့် လုပ်နည်းကိုင်နည်းများကို ထူထောင်ပေးရန်အတွက်လည်း အခြေခံလုပ်ကိုင်ပုံကို ပေးအပ်ရာရောက်ပါသည်။ 

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation) အထွေထွေ အတွင်းရေးမှူးဖြစ်သူ  Stephen Cotton က ပြောကြားခဲ့သည်မှာ-

"ယနေ့ သင်္ဘောသားများ သမဂ္ဂများ၊ လုပ်ငန်းကဏ္ဍ နှင့်တကွ ILO နှင့် IMO တို့ဟာ ပူးတွဲပြီးတော့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အစိုးရတွေကို တောင်းဆိုနေကြပါတယ်၊ လက်ရှိကာလမှာ ချောင်ပိတ်မိခံနေရတဲ့ သင်္ဘောသား အယောက် 150,000 ကြုံတွေ့နေတဲ့ ဒုက္ခတွေကို အဆုံးသတ်ပေးဖို့၊ သူတို့တတွေ အိမ်ပြန်နိုင်ဖို့အတွက် လမ်းခင်းပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။"

"ဒီကိစ္စဟာ ကမ္ဘာတစ်ဝန်း ကုန်စည် ဖြန့်ချီရေး ကွင်းဆက်တွေမှာ သင်္ဘောသားတွေ လုပ်ပေးရတဲ့ အခရာကျတဲ့ အခန်းကဏ္ဍကို အစိုးရတွေက အသိအမှတ်ပြုပေးရမဲ့ အကြောင်းဖြစ်ပါတယ်၊ သူတို့အတွေကို အဓိက အလုပ်သမားတွေ အဖြစ် အသိအမှတ်ပြုပေးဖို့၊ ဒါ့အပြင် သင်္ဘောဝန်ထမ်း အပြောင်းအလဲ လုပ်စေဖို့အတွက် COVID-19 ပိတ်ပင်ကန့်သတ်မှုတွေကနေ ချက်ချင်း တစ်သမတ်တည်း ခြွင်းချက်တွေ လုပ်ပေးဖို့ ဖြစ်ပါတယ်။"

"အပြည်ပြည်ဆိုင်ရာ သင်္ဘောသားတွေဟာ လက်ဦး-ဝန်ထုတ်ဝန်ပိုးကြီးတွေကို အစိုးရတွေက 'မေ့မေ့ ပျောက်ပျောက်' မျက်မှောင်ချထားနေစဥ်မှာ ခါးစည်းခံနေကြရပါတယ်။” ITF, ICS နှင့် IMO တွေမှာ ရှင်းရှင်းလင်းလင်း မှာကြားချက်တစ်ခု ရှိပါတယ်၊ အစိုးရတွေ ဆက်လက်ပြီးတော့ မျက်စိမှောက်နေလို့ မရနိုင်ပါဘူး၊ စိတ်ထဲ မသွင်းဘဲ မလုပ်နိုင်ပါဘူး၊ ကျနော်တို့အနေနဲ့ အစိုးရတွေကို အပြင်းအထန် တိုက်တွန်းပါတယ်၊ ဒီ အစီအစဥ်လမ်းကြောင်းကို သုံးပြီး ကျနော်တို့ နောက်ထပ် ကြီးကြီးကျယ်ကျယ် ဒုက္ခ မခံစားရခင် အခု လုပ်ပါ။"

ဤပြင်းထန်သည့် ပြဿနာသည် ပင်လယ်ပြင်၌ လပေါင်းများစွာ နေခဲ့ပြီးဖြစ်သည့် အဆိုပါ သင်္ဘောဝန်ထမ်းများအတွက် လူသားချင်းဆိုင်ရာကိစ္စအပေါ် ပိုဆိုးနေလျက်ရှိပြီး သူတို့မှာ သူတို့၏ မိခင် နိုင်ငံများသို့ ပြန်ပို့ပေးရန် လူစားလဲလှယ်ပေးရန် အရေးပေါ် လိုအပ်ပါသည်။   သင်္ဘောလုပ်ငန်း ကုမ္ပဏီများအတွက် အပြည်ပြည်ဆိုင်ရာ စည်းမျဥ်းများနှင့် ပဋိဥာည် တာဝန်များနှင့် ကိုက်ညီရန် လိုအပ်ချက်ရှိသည့်အပြင် သင်္ဘောဝန်ထမ်းများ၏ ကျန်းမာရေးနှင့် သာယာဝပြောရေးအတွက် ၎င်းက ထိခိုက်စေသော အန္တရာယ်ကြောင့် အရေးအကြီးဆုံးအားဖြင့် ဘေးကင်းသော သင်္ဘောမောင်းနှင်မှု အန္တရာယ်ကြောင့် သင်္ဘောပေါ် တာဝန်ထမ်းဆောင်သည့် ကာလကို အကန့်အသတ်မရှိ သက်တမ်းတိုး၍ မရနိုင်ပါ။

အဆိုပါ အချက် 12 -ချက်ပါ ဖြေရှင်းချက် သည် ရရှိနိုင်သောလေယာဥ် ခရီးစဥ် နည်းပါးမှုအပါအဝင် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို  ပံ့ပိုးပေးရန် တစ်ကမ္ဘာလုံးဆိုင်ရာ အခြေခံလုပ်ကိုင်ပုံဖြင့်  အစိုးရများအား ပံ့ပိုးပေးပါသည်။ ဤအကျပ်အတည်းဖြစ်နေသည့် အချိန်အခါ၌ ကမ္ဘာ့စီးပွားရေး ကြံ့ခိုင်နေစေရန်အတွက် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး၏ အရေးကြီးပုံနှင့်တကွ ဤပြဿနာကို ဖြေရှင်းရန် လိုအပ်သည့် အရေးပေါ် လုပ်ရပ်ကို လုပ်နိုင်စေရန် အစိုးရများအနေဖြင့် အချိန်ကျရောက်နေပြီဖြစ်ကြောင်း အကြံပြုပါသည်။

ဆက်သွယ်ရန်-
ITF: Luke Menzies, +61 (0) 433 889 844 or media@itf.org.uk
ICS:
Duncan Bray, +44 (0) 208 638 8753 or ICS@woodrowcommunications.com

တည်းဖြတ်သူများသို့ အမှာစာ-
 IMO မှ ထုတ်ပြန်သည့် အချက် 12-ချက်ပါ အစီအစဥ်ကို "Recommended Framework of Protocols for Ensuring Safe Ship Crew Changes and Travel during the Coronavirus disease (COVID-19) pandemic" ခေါင်းစဥ်အဖြစ် ဤနေရာ တွင်တွေ့နိုင်သည်။

လုပ်ထုံးလုပ်နည်းများကို ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍကို ကိုယ်စားပြုသည့် အောက်ပါ တစ်ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများက ပူးတွဲ ထူထောင်ထားသည်- ICS, ITF, BIMCO, CLIA, FONASBA, IAPH, IFSMA, IMCA, IMEC, INTERCARGO, INTERFERRY, InterManager, INTERTANKO, IPTA, IG P&I Clubs နှင့်  WSC, အပြည်ပြည်ဆိုင်ရာ လေကြောင်း သယ်ယူပို့ဆောင်ရေး အသင်းအဖွဲ့ (International Air Transport Association (IATA)) မှ အကြံပြုချက်နှင့်အတူ။ ILO နှင့် WHO တို့သည်လည်း ICS နိုင်ငံ့ သင်္ဘောပိုင်ရှင် အသင်းအဖွဲ့များ နှင့် ITF အဖွဲ့ဝင် သင်္ဘောသားများ သမဂ္ဂများနှင့်အတူတကွ စာရွက်စာတမ်းတွင် ချက်ချာသော အကြံဉာဏ်ကို ပေးထားသည်။

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.