Skip to main content

abandonment

Press Release

ကမ္ဘာ့ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍ၌ စွန်းထင်းနေသည့် အမည်းစက် - အရှေ့အလယ်ပိုင်း ပင်လယ်ရေကြောင်း ကုမ္ပဏီ (Middle East Marine) သင်္ဘောများပေါ် ဆိုးဝါးသည့် အခြေအနေကြုံနေရသော သင်္ဘောသားများ

တွေ့ခဲ့ဖူးသမျှ အစဥ်လိုက်ဖြစ်ပေါ်နေသော စွန့်ပစ်မှု အဆိုးဝါးဆုံးတွင် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) သည် အရှေ့အလယ်ပိုင်း ပင်လယ်ရေကြောင်း အယ်လ်အယ်လ်စီ (Middle East Marine LLC) ကုမ္ပဏီအား သင်္ဘောသား အယောက် ၁၀၀ ကျော်အပေါ် ၎င်း၏ စနစ်တကျ ဖိနှိပ်မှုနှင့် လျစ်လျူရှုမှုကြောင့် အပြင်းအထန် ရှုတ်ချလိုက်ပါသည်။  

Press Release

သြစတြေးလျနိုင်ငံ ကမ်းလွန်တွင် စွန့်ပစ်ခံရသည့် Yangtze Fortune သင်္ဘောပေါ်မှ သင်္ဘောဝန်ထမ်းများအတွက် ITF တရားမျှတမှု ဆောင်ကျဥ်းပေး – သင်္ဘောသားများ မရသေးသည့်လုပ်ခများ ပြန်ရ၊ အိမ်ပြန်ပို့ပေးခံရ

သြစတြေးလျနိုင်ငံ ကမ်းလွန်၌ စွန့်ပစ်ခံရသော သားတိရိစ္တာန်တင် သင်္ဘောပေါ် ပိတ်မိနေသော သင်္ဘောသားများကို နောက်ဆုံး၌ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF) ၏ ပံ့ပိုးမှုဖြင့် ၎င်းတို့၏ မရသေးသည့် လုပ်ခများ ပြန်ရရှိခဲ့ပြီး အိမ်သို့ပြန်ပို့ပေးခံခဲ့ရသည်။

Press Release

သင်္ဘောသား Mohammad Aisha အိမ်ပြန်နေပြီဖြစ်၍ ITF အား ကျေးဇူးတင်ရှိသည်၊ စွန့်ပစ်ခံရသော သင်္ဘောပေါ် လေးနှစ်တာ ပြီးဆုံးနေပြီးဖြစ်သည်

သင်္ဘောသား Mohammad Aisha သည် ဤည၌ ၎င်း၏ မိခင်နိုင်ငံ ဆီးရီးယားနိုင်ငံသို့ ပြန်ရန် လေယာဥ်ပေါ် တက်ရောက်နေလျက်ရှိသည်၊ Suez တူးမြောင်းအတွင်းရှိ စွန့်ပစ်ခံထားရသော သင်္ဘောတစ်စီးပေါ်တွင် သင်္ဘောအား ရောင်းချရန် စောင့်ဆိုင်းနေစဉ် သူ့အား အတင်းအကျပ်နေခိုင်းသည့် လေးနှစ်တာ တိုက်ပွဲမှာ ပြီးဆုံးပြီးဖြစ်ပါသည်။

Mr Aisha သည် လွတ်မြောက်ပြီဖြစ်သည် အဘယ်ကြောင့်ဆိုသော် ITF အနေဖြင့် အီဂျစ်နိုင်ငံရှိ မိမိ၏ သမဂ္ဂ ကိုယ်စားလှယ်တစ်ဦးဖြစ်သူအား Mr Aisha ၏နေရာကို လဲလှယ်ယူ၍ သင်္ဘော၏ တရားဝင် အုပ်ထိန်းသူ ဖြစ်လာစေရန် ဆောင်ရွက်ပေးခဲ့ခြင်းကြောင့်ဖြစ်ပါသည်။

Press Release

နာမည်ပျက်စာရင်းဝင် Aswan သင်္ဘောအုပ်စု ထက်ဝက်မှာ သြစတြေးလျနိုင်ငံမှ သင်္ဘောနှစ်စီးအား ထိန်းသိမ်းလိုက်စဉ် ခက်ခဲသော အခြေအနေတွင် ရှိနေ

သြစတြေးလျနိုင်ငံ ပင်လယ်ရေကြောင်း အာဏာပိုင်များသည် အငြင်းပွားဖွယ်ရှိသည့် Qatari သင်္ဘောလုပ်ငန်း ကုမ္ပဏီပိုင် သင်္ဘော နှစ်စီးအား ကြီးလေးသော အလုပ်သမား အခွင့်အရေးများ ဖောက်ဖျက်မှုကြောင့် ဖမ်းဆီးခဲ့သည်၊ အဆိုပါဖမ်းဆီးမှုမှာ Aswan Trading and Contracting ၏ နောက်ထပ် သင်္ဘော တစ်စီးပေါ်ရှိ သင်္ဘောဝန်ထမ်းများ ကူဝိတ်နိုင်ငံ ကမ်းလွန်၌ အစာငတ်ခံ ဆန္ဒပြခဲ့

တရားရုံးသည် သင်္ဘောမာလိန်မှူးအား Suez တူးမြောင်း ဟိုတယ်တွင် ဆက်လက် ထိန်းသိမ်းထား

 “ဤအမှာစာမှာ ကျွန်ုပ်ရေးသည့် နောက်ဆုံး အမှာစာ ဖြစ်ကောင်း ဖြစ်နိုင်သည်၊” ဟု MV Kenan Mete သင်္ဘောမှ သင်္ဘောမာလိန်မှူးက ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် သင်္ဘောပေါ်ရှိ အရေးပေါ် မီးစက် ပျက်သွားပြီးနောက် သင်္ဘော တစ်ခုလုံး အမှောင်ထုထဲရောက်နေစဉ် အီးမေးလ် ပို့ခဲ့သည်။

Press Release

နယူးဇီလန် သမဂ္ဂများသည် စွပ်စွဲခံရသည့် ဖီဂျီနိုင်ငံ လူကုန်ကူးခြင်း လှည့်စားမှုနှင့်ပတ်သက်၍ အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆို

သင်္ဘော MV Onda ပေါ်ရှိ လုပ်ခ ခိုးမှု၊ အတုလုပ်မှုနှင့် သင်္ဘောဝန်ထမ်းများအား မတရား နှိပ်စက်မှု - Amin Shipping ၏ နောက်ထပ်တစ်ဖန် လုပ်ရပ်

Luis Alberto Veloso သည် Togo-အလံတင် သင်္ဘော MV Onda ပေါ်ရှိ စွန့်ပစ်ခံထားရသည့် သင်္ဘောသားများ အနက် တစ်ဉီးဖြစ်သည်၊ လုပ်ခ မရရှိသည်မှာ တစ်နှစ် ရှိပြီးဖြစ်သည်။ သင်္ဘောသားများအား လုပ်ခ မပေးသည့် သမိုင်းကြောင်းရှိသည့် ကုမ္ပဏီဖြစ်သော Amin Shipping သည် Cameroon နိုင်ငံ၊ Douala ဆိပ်ကမ်း၌ သင်္ဘောနှင့် ၎င်း၏ သင်္ဘောဝန်ထမ်းများကို စွန့်ပစ်ထားခဲ့သည်။

Subscribe to abandonment