Skip to main content

မိသားစုများ ငတ်မသွားစေရန် အစာငတ်ခံ ဆန္ဒပြလျက်ရှိသော သင်္ဘောသားများ ကူဝိတ်နိုင်ငံ၌ ဆေးရုံတင်ကုသခံရ- အခင်းဖြစ်ရပ် အပြည့်အစုံ

04 Feb 2021

ထုထည်ကြီး သယ်ဆောင်သင်္ဘော MV Ula ပေါ်ရှိ သင်္ဘောသား ၁၉ ဉီးသည် မိမိတို့၏ မိသားစုအတွက် လုပ်ခ ၁၁ လ မရရှိခဲ့ပြီးနောက် ကူဝိတ်နိုင်ငံ ရူယာဘာ ဆိပ်ကမ်း၌ အစာငတ်ခံ ဆန္ဒပြလျက်ရှိသည်။

အိန္ဒိယ၊ တူရဂီ၊ အဇာဘိုင်ဂျန် နှင့် ဘင်္ဂလာဒေ့ရှ် နိုင်ငံမျိုးစုံတို့မှ သင်္ဘောဝန်ထမ်းများသည် ချက်ချင်း အိမ်ပြန်ပို့ခံရရန်နှင့် ၎င်းတို့ရရန်ရှိသည့် လုပ်ခငွေ ဒေါ်လာ $410,415.65 ရရှိရန် တောင်းခံနေကြပါသည်။

သူတို့သည် ဇန်နဝါရီလ ၇ ရက်နေ့မှစတင်၍ အစားအစာ အားလုံးကို ငြင်းဆိုခဲ့ကြပြီး ၎င်းတို့အနေဖြင့် ၎င်းတို့၏မိသားစုများ ငတ်ပြတ်နေစဉ် အစာစား၍ မရနိုင်ဟု ပြောဆိုနေကြပါသည်။ ၎င်းတို့၏ အစာငတ်ခံ ဆန္ဒပြမှုမှာ ယခုအခါ ဖေဖေါ်ဝါရီလသို့ ဝင်ရောက်လာပြီဖြစ်ပါသည်။

  “ကျွန်ုပ်တို့ ဆက်လက်ရှင်သန်နေရန် ရေကိုသာ သောက်သုံးပါသည်၊” ဟု တစ်ယောက်က ပြောကြားခဲ့သည်။

 သင်္ဘောသားများအနက် ခြောက်ဉီးကို ၎င်းတို့၏ သွေးပေါင်ချိန်နှင့် သကြားဓါတ် အဆင့်များပုံမှန်ပြန်ဖြစ်ရန် ၎င်းတို့ သင်္ဘောသို့ မပြန်မီ ဆေးရုံတင်ကုသခဲ့ပြီးဖြစ်သည်။ အဆိုပါ သင်္ဘောသားများသည် အကယ်၍ ၎င်းတို့ အစားအစာနှင့်ရေကို သောက်သုံးရန်ဆက်လက် ငြင်းဆိုနေလျှင် သေဆုံးမည့် အသက်အန္တရာယ်ရှိနေပါသည်။

 “ကျွန်ုပ်တို့၏ မိဘများမှာ အစားအစာ၊ အခြေခံ လိုအပ်သည့်အရာများ၊ ဆေးကုသမှုတို့အတွက် ဝယ်ယူရန် ငွေ မရရှိကြပါ၊ဟု သင်္ဘောသား တစ်ဉီးက ပြောကြားခဲ့သည်။

 “အဆိုပါ သင်္ဘောဝန်ထမ်းများမှာ သင်္ဘောပေါ်၌ ၁၄ လ ရှိနေပြီဖြစ်သည် – တစ်ချို့မှာ ၁၉ လကျော်နေပြီဖြစ်သည်။ တစ်ဉီးမှာ သင်္ဘောပေါ်၌ ၂၆ လ ရှိပြီးဖြစ်ပါသည်။ သူတို့သည် ကူဝိတ်နိုင်ငံအား ဒေသခံ သင်္ဘောဝန်ထမ်းများဖြင့် အစားထိုးပေးရန် တောင်းဆိုနေကြသည်၊ သို့မှသာ သူတို့အနေဖြင့် သူတိို့၏ မိသားစုများဆီသို့ ပြန်နိုင်ကြမည်ဖြစ်သည်၊အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation) အတွက် အာရတ်ကမ္ဘာနှင့် အီရန် ဆက်သွယ်ကွန်ခြာ ညှိနှိုင်းရေးအရာရှိဖြစ်သူ Mohamed Arrachedi က ပြောကြားခဲ့သည်။ “သူတို့အား လုပ်ခ ၁၁ လ မပေးဘဲ နေခဲ့ပါသည်။ 

ITF အနေဖြင့် သင်္ဘောဝန်ထမ်းများအား ဥပဒေဆိုင်ရာ အကူအညီ ပေးအပ်ခဲ့သည်ဖြစ်ပါသည်ဟု  Arrachedi က ပြောကြားခဲ့သည်။ ပေးကမ်းသည်မှာ ITF ၏ အမှုအခင်း၌ ကာလရှည်ကြာ စိတ်ဝင်စားမှု၏ အစိတ်အပိုင်းဖြစ်ပြီး သင်္ဘောဝန်ထမ်းများအတွက် အကူအညီဖြစ်ပါသည်။

ITF သည် သင်္ဘောဝန်ထမ်းများအပေါ် ဝတ္တရားနှင့် တာဝန်ရှိသည့်သူများကို လွန်ခဲ့သည့် တစ်နှစ်ကျော်ကျော် - ၂၀၁၉ ခုနှစ် စက်တင်ဘာလ၌ ဆက်သွယ်ခဲ့သည်။ ၎င်းတွင် Qatar နိုင်ငံသား သင်္ဘောပိုင်ရှင်နှင့် ၎င်းတို့၏ အာမခံကုမ္ပဏီတို့ပါဝင်သည်။ ၎င်းအချိန်မှ စတင်၍ ITF သည် အစားအစာ၊ ရေနှင့် ၎င်းတို့ရရန်ရှိသည့် လုပ်ခများကို သင်္ဘောသားများ ရရှိစေရန် အကြိမ်ကြိမ် တိုက်ပွဲဝင်ပေးလျက်ရှိသည်။

ITF သည် သင်္ဘောသားများအား စွန့်ပစ်သည့်ကိစ္စကိုလည်း အပြည်ပြည်ဆိုင်ရာ အေဂျင်စီရုံးများဖြစ်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (International Labour Organization) နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့အစည်း (International Maritime Organization) သို့ အကြောင်းကြားပေးခဲ့သည်။

Arrachedi သည် သင်္ဘောဝန်ထမ်းများထံမှ ပထမ အကြိမ် အကူအညီတောင်းခံသည်ကို လက်ခံရရှိသည့်အခါ သင်္ဘော MV Ula မှာ အီရန် နိုင်ငံ၌ ရှိနေပြီး မီးမရှိ၊ လောင်စာ မရှိ၊ အစားအစာနှင့် ရေ အနည်းငယ်သာ ရှိသည်။

 “ထိုအချိန်၌ သင်္ဘောပေါ်ရှိ သင်္ဘောဝန်ထမ်း ၂၅ ဦးမှာ ဆေးဝါး၊ ရေသန့်သောက်သုံးရေ၊ နှင့် အစားအစာ နည်းပါးမှုကြောင့် နေထိုင်မကောင်း ဖြစ်နေပြီးဖြစ်ပါသည်၊” ဟု သင်္ဘောဝန်ထမ်း တစ်ဉီးက ပြောကြားခဲ့သည်။ “ထိုအချိန်၌ ကျွန်ုပ်တို့ အားလုံးတွင် တစ်နေ့ တစ်နပ်စာ အတွက်သာ စားနပ်ရိက္ခာ ရှိခဲ့ပါသည်။

သင်္ဘောဝန်ထမ်းများသည် ၎င်းတို့၏ ကိစ္စကို အာရုံစိုက်မှု ပိုမိုရရှိရန် နဖူးစည်းစာတန်းများ လုပ်ခဲ့ကြသည်။ ကျေးဇူးပြု၍ ကျွန်ုပ်တို့အား ကူညီပါ။ ITF ဝိဉာဉ်တော် ကယ်တင်ရေး အဖွဲ့၊ ပင်လယ်ပြင်ရှိ နတ်သမီး။ သင်္ဘောသားများအတွက် အတိဒုက္ခ ဟစ်ကြွေးသံ – ITF ဟု အင်္ဂလိပ်လိုအားဖြင့် (Please help us. ITF soul saving organisation, Angel at sea. Voice for grievance for seafarers – ITF,”) ဟု နဖူးစည်းစာတန်းက ဆိုပါသည်။

နိုင်ငံ၌ ဖမ်းဆီးခံရသည့် သင်္ဘော၊ Qatar နိုင်ငံ၌ ကုမ္ပဏီ အကြီးအကဲကို ဖမ်းဆီးရန် အလိုရှိသည်

ITF သည် ရရန်ရှိသည့် လုပ်ခများ အတွက် ဆက်လက်၍ တွန်းအားပေးခဲ့သည်၊ ပိုင်ရှင်ဖြစ်သူ ထွက်ပေါ်လာပြီး သင်္ဘောသား အချို့ ရရန်ရှိသည့် လုပ်ခ အချို့ကို ပေးခဲ့သည်။ 2020 ခုနှစ် ဧပြီလ၌ သင်္ဘောအား Kuwait နိုင်ငံ၊ Shuaiba သို့ ဝင်ခွင့်ပြုရန် ITF က တောင်းဆိုခဲ့သည်။ သို့သော်လည်း သင်္ဘောဝန်ထမ်းများကို ယခုအထိတိုင် ကမ်းပေါ်တက်ခွင့် မပြုသေးပါ။

လုပ်ခများ ပေးရန် တတိယ အကြိမ် ရပ်ဆိုင်းခံရသည့်အခါ သင်္ဘောပေါ်၌ တင်းမာမှုများ ကြီးထွားလာခဲ့ပြီး သင်္ဘောသား လေးဉီးအား ၎င်းတို့၏ အိပ်စင်ခန်းများ၌ ပိတ်ထားခံခဲ့ရသည်။ သင်္ဘောမာလိန်မှူးက သင်္ဘောပေါ်ရှိ ဖီဆန်ပုန်ကန်မှုကို Palau နှင့် Kuwaiti အာဏာပိုင်များထံ အကြောင်းကြားခဲ့သည်။

 “ကျွန်ုပ်တို့ နေရောင်ကို မမြင်ခဲ့ရပါ၊ ကျွန်ုပ်တို့ လရောင်ကို မမြင်ခဲ့ရပါ၊ ကျွန်ုပ်တို့ လေပြေလေညင်းကို မထိတွေ့ မခံစားခဲ့ရပါ လေးလနှင့် ၁၆ ရက်ရှိပြီးဖြစ်ပါသည်၊” ဟု MV Ula သင်္ဘောပေါ်မှ သင်္ဘောသားတစ်ဉီးက ပြန်လည်သတိရ ပြောကြားခဲ့သည်။ “၎င်းမှာ အကျဉ်းထောင်ထဲမှာကဲ့သို့ ဖြစ်ခဲ့ရပါသည်။

အထူးကော်မတီ တစ်ရပ်ကို ILO, IMO, ITF, Qatar နိုင်ငံမှ ပိုင်ရှင်များ၊ အိန္ဒိယနိုင်ငံ သံရုံး၊ နှင့် သင်္ဘော မှတ်ပုံတင်ထားသည့် Palau အလံတင် နိုင်ငံတို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ပါသည်။ သို့သော်လည်း မည်သည့် ဖြေရှင်းချက်မျှ မရရှိခဲ့ပါ။ 

မေလတွင် ကူဝိတ် ဆိပ်ကမ်း အာဏာပိုင် (Kuwait Port Authority) တို့က အရေးယူခဲ့ပြီး သင်္ဘောနှင့် ၎င်း၏ ဆောက်လုပ်ရေး ပစ္စည်း-ကျောက်မီးသွေး ကုန်စည်များနှင့်အတူကို ဖမ်းဆီးခဲ့သည်။ အာဏာပိုင်များက သင်္ဘောပိုင်ရှင်ဖြစ်သည့် Aswan Trading and Contracting of Qatar မှာ ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှစ၍ နာမည်ပျက်စာရင်းသွင်းခံထားရကြောင်း သိရှိခဲ့ရပြီး ကုမ္ပဏီ၏ အကြီးအကဲဖြစ်သူကို Qatar နိုင်ငံ ဉပဒေဆိုင်ရာ အာဏာပိုင်များက အလိုရှိနေကြောင်း သိရှိခဲ့ရသည်။

သင်္ဘောတစ်စီးကို စွန့်ပစ်သည့်အခါ သင်္ဘောသားများ၏ အသက်အန္တရာယ်ကို စောင့်ထိန်းရန်နှင့် ရရန်ရှိသည့် လုပ်ခများကို ရရှိစေရန် အလံတင်နိုင်ငံအနေဖြင့် သာမန်အားဖြင့် ဝင်ရောက်လုပ်ဆောင်ပေးရပါသည်။ 

 “Palau သည် ဤကိစ္စကိုလုပ်ရန် ပျက်ကွက်ခဲ့သည်၊” ဟု Arrachedi က ကန့်ကွက်ပြောဆိုသည်။ “ITF အနေဖြင့် ရိက္ခာဖြန့်ဖြူးမှုနှင့် လုပ်ခကြွေးကျန် တင်ရှိမှု အားနည်းချက်ကို အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း မည်သည့် လုပ်ဆောင်ချက်ကိုမျှ အရေးယူ မဆောင်ရွက်ခဲ့ပါ။

ITF, IMO နှင့် ကူဝိတ် အာဏာပိုင်များအကြား ဆွေးနွေးမှုများ လုပ်ခဲ့ပြီးနောက် Palau နိုင်ငံသည် ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် သင်္ဘော မှတ်ပုံတင်ကို ဖျက်သိမ်းခဲ့သည်၊ သင်္ဘောဝန်ထမ်းများ၏ တောင်းဆိုချက်များကို မဖြေရှင်းသေးဘဲ ဖြစ်သည်။ အဆိုပါကိစ္စကို ကူဝိတ်နိုင်ငံအနေဖြင့် ဖြေရှင်းပေးရန် အကောင်းဆုံးဖြစ်လိမ့်မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ဤကဲ့သို့သော အခြေအနေများ၌ ထိုက်သင့်သော အရေးယူမှုကိုလုပ်ဆောင်ရန် အလံတင်နိုင်ငံဘက်၌ လုပ်ပိုင်ခွင့်နှင့် လုပ်လိုသည့်ဆန္ဒ အားနည်းမှုရှိကြောင်း ပေါ်လွင်ပါသည်။

 “သင်္ဘောမှာ အလံတင်နိုင်ငံမဲ့ ဖြစ်ကတည်းကစ၍ ယခုသော် ဤအခြေအနေကို ဖြေရှင်းရန်မှာ ကူဝိတ်နိုင်ငံ ပင်လယ်ရေကြောင်း အာဏာပိုင်များအပေါ်သာ မူတည်နေပါသည်။ ကူဝိတ်နိုင်ငံအနေဖြင့် အချိန်ရှိနေသေးစဉ် ဤသင်္ဘောသားများအား ကယ်တင်ရန် ဥပဒေအရ တာဝန်နှင့် လူ့ကျင့်ဝတ်အရ တာဝန် ရှိပါသည်။ အမြဲလိုလိုအားဖြင့် ITF သည် မိမိတို့ တတ်နိုင်သမျှ တစ်နည်းနည်းဖြင့် ကူညီရန် အဆင်သင့်ရှိနေပါသည်၊ဟု Arrachedi က ပြောကြားခဲ့သည်။

 

Covid-ကြောင့် အနစ်နာခံနေရသည့် မိသားစုများသည် ရရန်ရှိသည့် လုပ်ခများ ထောင်နှင့်ချီ၍ ရရှိရန် လိုအပ်သည်

အိပ်စင်အခန်းအတွင်း ပိတ်လောင်ခံရသည့် သင်္ဘောသား သုံးဉီးအပါအဝင် သင်္ဘောဝန်ထမ်း ခြောက်ဉီးသည် စက်တင်ဘာလ၌ သင်္ဘောပေါ်မှ ဆင်းခဲ့ကြသည် - သို့သော်လည်း ၎င်းတို့ရရန်ရှိသည့် လုပ်ခ မရရှိခဲ့ပါ။ Covid-နှင့်ဆက်စပ်သည့် အလုပ်နှင့် လုပ်ခ ဆုံးရှုံးမှုများဖြင့် အိမ်ပြန်ခဲ့ရခြင်းအားဖြင့် သင်္ဘောသားများနှင့် ၎င်းတို့၏မိသားစုများအတွက် လုပ်ခ-မပေးခြင်းမှာ အလွန်ကြီးလေးသော ပြဿနာတစ်ရပ် ဖြစ်စေပါသည်။

 “ကျွန်ုပ်၏ မိခင်၊ ဖခင်၊ ညီအစ်မနှင့် ညီအစ်ကိုတို့သည် Covid-19 ရောဂါကပ်ကြီးကြောင့် ကျွန်ုပ် ဖခင် အလုပ်ပြုတ်ခဲ့ကတည်းကစ၍ သူတို့အား ထောက်ပံ့ရန် ကျွန်ုပ်အပေါ် မှီခိုကြပါသည်၊” ဟု သင်္ဘောသား တစ်ဉီးက ITF အား ပြောကြားခဲ့သည်။ “ထို့ကြောင့် အလုပ်ရှိသူမှာ ယခု ကျွန်ုပ် တစ်ဉီးတည်းသာ ဖြစ်ပါသည်။ သို့သော်လည်း ကျွန်ုပ် လုပ်ခ မရရှိသည်မှာ ၁၁ လရှိပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့ ငွေချေးထားခဲ့ရသည် သို့သော်လည်း ကျွန်ုပ်တို့ အကြွေးကို ပြန်မဆပ်နိုင်ပါ။

သာမန်အားဖြင့် စွန့်ပစ်သည့် ကိစ္စများတွင် သင်္ဘော၏ အာမခံကုမ္ပဏီ သို့မဟုတ် ပိုင်ရှင်သည် သင်္ဘောဝန်ထမ်းများအတွက် လုပ်ခ အချို့ကို အလျော်ပေးရပါလိမ့်မည်။ သို့သော်လည်း အာမခံကုမ္ပဏီသည် P&I Club အသင်း၏ အဖွဲ့ဝင် မဟုတ်သည့်အပြင် ကူဝိတ် ဆိပ်ကမ်း အာဏာပိုင်က သင်္ဘောဝန်ထမ်း အစားထိုး အပြောင်းအလဲလုပ်ပေးခဲ့သဖြင့် ပိုင်ရှင်သည် လုပ်ခပေးရန် ငြင်းဆိုသည်။ သင်္ဘောဝန်ထမ်းများသည် ယခုအခါ ကူဝိတ် အာဏာပိုင်များအား အရေးယူလုပ်ဆောင်ပေးရန် တောင်းဆိုနေလျက်ရှိသည်။

ကူဝိတ် ဆိပ်ကမ်း အာဏာပိုင်များက ခင်ဗျားတို့ရဲ့ လစာတွေ အမြန်ဆုံး ပြန်ရပြီး အိမ်ပြန်ရမှာပါဟု ဆက်လက်ပြောဆိုနေလျက်သာရှိကြောင်း သင်္ဘောဝန်ထမ်းမျာက စောဒကတက်ကြသည်။  

"သို့သော်လည်း ဤကဲ့သို့ ကျွန်ုပ်တို့အား ပြောဆိုနေသည်မှာ ငါးလ ရှိပြီးဖြစ်ပါသည်၊ဟု အဆိုပါ သင်္ဘောသားက ပြောကြားခဲ့သည်။ “ဒေါ်လာ တစ်ပြားတစ်ချပ်မျှ မရဘဲ ကျွန်ုပ်တို့ ၁၂ လ ရှိပြီးဖြစ်ပါတယ်။ နောက်ထပ် ဘယ်လောက်ကြာမယ်ဆိုတာ ကျွန်ုပ်တို့ မသိပါဘူး။ ကျွန်ုပ်တို့ စာဖြင့်ရေးသားထားတဲ့ အာမခံချက် လိုပါတယ်။

အရေးယူဆောင်ရွက်ရမှာဖြစ်တဲ့ အာဏာပိုင်တွေ အားလုံးက အရေးယူမလုပ်ဆောင်ကြပါဘူးဟု သင်္ဘော Ula ၏ သင်္ဘောသားများက ပြောကြသည်။  

"အလံတင်နိုင်ငံသည် ဘာမျှ လုံးဝ မလုပ်ခဲ့ပါ၊ဟု တစ်ဉီးက ပြောကြားခဲ့သည်။ ကူဝိတ် ဆိပ်ကမ်း အာဏာပိုင်သည် သင်္ဘောပေါ်တွင် အခြေခံလိုအပ်သည့်ပစ္စည်းများကို ဖြန့်ဖြူးပေးသော်လည်း ကျွန်ုပ်တို့ရဲ့ မိသားစုတွေ ဘာမျှ မရရှိကြပါ။ သူတို့လည်း စားဖို့လိုအပ်ပါတယ်၊ဟု သူက ပြောကြားခဲ့သည်။

ITF သည် မိမိ၏ တရားဝင် ကူညီမှုကို ကမ်းလှမ်းပေးရန် ထပ်မံပြောကြားခဲ့ပြီး ကူဝိတ် အာဏာပိုင်များအား အရေးပေါ် ဖြေရှင်းချက်လုပ်ပေးရန်အတွက် တောင်းဆိုပေးခဲ့သည်။ ITFMohamed Arrachedi သည် သင်္ဘောဝန်ထမ်းများ၏ ကောင်းမွန်သာယာရေးအတွက် အလွန် စိုးရိမ်လျက်ရှိသည်။

 “ဇန်နဝါရီလ ၇ ရက်နေ့ကတည်းက လုပ်နေတဲ့ အစာငတ်ခံ ဆန္ဒပြနေစေရန်မှာ အလွန် အလေးပါပြီး အရေးပေါ် အရေးယူလုပ်ဆောင်ရန် လိုအပ်ပါသည်၊” ဟု ပြောကြားခဲ့သည်။

 “လူ့အသက်များ အန္တရာယ်ရှိနေသည်။ သင်္ဘောသားများ လုပ်ခရရှိရန်နှင့် အိမ်ပြန်ရန် သေချာအောင် လိုအပ်သည့် အထူးလုပ်ဆောင်ချက်များ လုပ်ရန် လုံလောက်သည့် ယန္တရားများ ကူဝိတ် အာဏာပိုင်များတွင်ရှိကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ITF အနေဖြင့် ၎င်းတို့ တတ်နိုင်သည့် နည်းလမ်းဖြင့် ကူညီပေးရန် အဆင့်သင့်ရှိနေပါသည်။

သင်္ဘောဝန်ထမ်းများ၏ အစာငတ်ခံ ဆန္ဒပြမှုကို ဆက်လက် လုပ်နေဆဲဖြစ်သည်။ 

 

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.